တူနီးရှားနိုင်ငံ သူရဲကောင်းနဲ ့ ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို ့ကြောင့် ပြည်သူ ့တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

ၾကယ္ေလးJanuary 30, 20111min1386

The Power of People မှ ကူးယူဖော်ပြသည်

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ ့ ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို ့ကြောင့် ပြည်သူ ့တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

ဒီဇင်ဘာလ (၁၇) ရက်နေ ့က တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ်ခရိုင်ကောင်စီရုံးရှေ ့မှာ မိမိကိုယ်ကို မီးရှို ့သတ်သေရာမှ စပြီး တူနီးရှားနိုင်ငံတင်သာမက အာရပ်နိုင်ငံများဖြစ်ကြတဲ့ အီဂျစ်နိုင်ငံတို ့အထိပါ လူထုတော်လှန်မှုကြီးတွေ ကူစက်ပြန် ့ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေးကြရတဲ့ အဖြစ်တွေ ရှေ ့ဆင့်နောက်ဆင့် ဆက်တိုက်ပေါ်ပေါက်လာပါတော့တယ်။

အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်းပညာရေးသင်ကြားနေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရးအဆင်မပြေဖြစ်နေတဲ့ သူ ့ရဲ ့ မိသားစုဝင် (၈) ဦးအား စောင့်ရှောက်ကျွေးမွေးနိုင်ရန်အတွက် သစ်သီဝလံတွေ လှည့်လည်ရောင်းချခြင်းဖြင့် ဘဝကို ရုန်းကန်လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူဖြစ်ပါတယ်။ သူရဲ ့ ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေးတစ်ကွက်ကို ဝယ်ယူခဲ့ပြီး သစ်သီးဝလံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုးရရှိလာတဲ့ သစ်သီးဝလံများကို လမ်းတွေမှာ လှည့်လည်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘဝဟာ အသက်ရှင်ရပ်တည်နိုင်ရေး စားဝတ်နေရေးအခက်အခဲတွေ အဆင်ပြေသက်သာစေဖို ့အတွက် နေ ့စဉ်နဲ ့ အမျှ ရုန်းကန်လှုပ်ရှားနေကြရသလို မိုဟာမက်တို ့လို လမ်းမများပေါ်မှာ လှည့်လည်ဈေးရောင်းချကြသူများကိုလည်း မကြာခဏဆိုသလို ဖမ်းဆီးကာ မတရားအနိုင်ကျင့်ကြလေ့ရှိပါတယ်။

မိသားစုကြီးတစ်စုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို ့ ရိုးသားစွာ ကြိုးစားဆောင်ရွက်နေတဲ့ မိုဟာမက်အနေနဲ ့ ဒီလို သစ်သီးဝလံလှည့်လည်ရောင်းချရတဲ့အလုပ်မှအပ အခြားရွေးချယ်စရာလမ်းမရှိတဲ့ သူ ့ဘဝမှာ ဒီအလုပ်လေးကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ ့ မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုဘဲ သစ်သီးဝလံတွေရောင်းချဖို ့အတွက် တွန်းလှည်းလေးတွန်းကာ လမ်းမပေါ်ထွက်ကာ လှည့်လည်ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင်လက်အောက်မှာ ဗိုလ်ကျစိုးမိုးနေတဲ့ ရဲတပ်ဖွဲ ့ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ ့ကို ဖမ်းဆီးပါတော့တယ်။ သူရဲ ့ သစ်သီဝလံတွေတင်ထားတဲ့ တွန်းလှည်းလေးကို သိမ်းပိုက်လိုက်ရုံမက မိုဟာမက်မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ ့ မခံမရပ်နိုင်ဖြစ်ပြီး ခရိုင်ကောင်စီရုံးကို ချက်ချင်းသွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ ့ပတ်သက်ပြီး တိုင်ကြားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင်ကြီးစိုးနေပြီး ဥပဒေထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက်လို သာမန်ဆင်းရဲနွမ်းပါးလှသူတစ်ဦးရဲ ့ တိုင်ကြားမှုကို မည်သူတစ်ဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူပေးတာ မရှိပါဖူး။ ဒီထက်ပိုဆိုးတာကတော့ ရဲက မတရားပါးရိုက်အနိုင်ကျင့်ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်းကနေ အတင်းမောင်းထုတ်ခြင်းကို ထပ်မံခံရပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ ့ရတဲ့အခါမှာတော့ မိုဟာမက်ရဲ ့ မခံမရပ်စိတ်ဟာ အမြင့်မားဆုံးရောက်ရှိပြီး သူ ့မှာပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ်ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင်ကောင်စီရုံးရှေ ့မှာဘဲ ကိုယ့်ကိုကိုယ် မီးရှို ့ဆန္ဒပြပါတော့တယ်။ ခန္ဓကိုယ်မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင်ဒဏ်ရာနဲ ့ ဆေးရုံပေါ်မှာ ဇန်နဝါရီလ (၄) ရက်နေ ့မှာ ကွယ်လွန်သွားပါတော့တယ်။

မိုဟာမက်ရဲ ့ မတရားမှုကို ခေါင်းငုံ ့မခံ တွန်းလှန်ဆန္ဒပြမှုအဖြစ်အပျက်ကို မျက်မြင်တွေ ့ရှိကြသူများ အထူးသဖြင့် လူငယ်များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယိုမှာတမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ ့ ရိုက်ကူးပြီး တူနီးရှားတစ်နိုင်ငံလုံးသာမက အခြားသော အာရပ်နိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး သိရှိမြင်တွေ ့ကြစေဖို ့ အင်တာနက်စာမျက်နှာများပေါ်ကနေတစ်ဆင့် ဖြန် ့ခဲ့ကြပါတယ်။

အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ ့ တကယ်တော်ဆန္ဒပြမှုကို လေးစားဂုဏ်ပြုကြတဲ့အနေနဲ ့ မိုဟာမက်အတွက် အောင်းမေ့လွမ်းဆွတ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရင်းနဲ ့ အဲ့ဒီနေ ့ညက စလို ့ ပြည်သူလူထုတော်လှန်အုံကြွမှုကြီးကို စတင်ပါတော့တယ်။

မိုဟာမက်ရဲ ့ ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တစ်ကိုယ်တော်ဆန္ဒပြမှုနဲ ့ အာဏာရှင်တွေ မတရားကြီးစိုးအုပ်ချူပ်မှုရဲ ့အောက်မှာ ပြည်သူပြည်သားတွေ ခံစားနေကြရတဲ့ ခါးသီးလှတဲ့ဘဝတွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွပေါက်ကွဲကြပြီး တစ်နိုင်ငံလုံး လူထုဆန္ဒပြမှုများ အရှိန်အဟုန်အပြည့်နဲ ့ ပေါ်ပေါက်လာပါတော့တယ်။

တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ ့ လူထုဆန္ဒပြပွဲနွေကို လက်နက်အားကိုးနဲ ့ နှိမ်နင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုဟာမက်ရဲ ့ မီးရှိုးဆန္ဒပြမှုဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ်အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း (၂၃) နှစ်ကျော်ကြာ ဖိနှိပ်အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီးဖြစ်သူ တူနီးရှားနိုင်ငံ သမတဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို ့ကို ထွက်ပြေးသွားရပါတော့တယ်။

တူနီးရှားနိုင်ငံက မိုဟာမက်ရဲ ့ ရဲဝန် ့သော ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံပြည်သူပြည်သားတွေရဲ ့ပြောင်မြောက်သော လူထုတော်လှန်ရေးဆင်နွဲမှုတို ့ကို စံနမူနာပြုကြတဲ့ အာဏာရှင်ဆန် ့ကျင်တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေမှာပါ ပြန် ့နှံ ့သွားပါတော့တယ်။

တူနီးရှားနိုင်ငံရဲ ့ ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်ရုံသာမက ပြည်သူတွေရဲ ့ သစ္စာကိ စောင့်သိထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ဆန္ဒကို အပြည့်အဝလိုလားတဲ့ ပြည့်သူ ့အကျိုးကို ရှေ ့ထားတဲ့ တူနီးရှားနိုင်ငံရဲ ့ စစ်တပ်တပ်မတော်ကြီးက တူနီးရှားပြည်သူတွေရှေ ့ကနေ မားမားမတ်မတ် ရပ်တည်ပြသ ပါဝင်လိုက်တာမို ့ တူနီးရှားနိုင်ငံ အာဏာရှင်သမတ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးထွက်သွားရပြီး ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ ့ အောင်ပွဲဘဲ ဖြစ်ပါတယ်။

နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျသွားရခြင်းရဲ ့ အဓိကအချက်တွေကို ကြည့်ရင်တော့ –

(၁) သာမန်ပြည်သူတစ်ယောက်ဖြစ်သူ မိုဟာမက်ရဲ ့ မတရားမှုကို မဟုတ်မခံ ခေါင်းငုံ ့မခံဘဲ ရသည့်နည်းလမ်းဖြင့် ဆန် ့ကျင်တော်လှန်ဆန္ဒပြခြင်း၊

(၂) မိုဟာမက်တို ့လို တစ်ဦးတစ်ယောက်အနေနှင့်ပင် ဖြစ်စေ ရဲရဲဝန် ့ဝန် ့နဲ ့ မတရားမှုကို တော်လှန်ခြင်းအား အပြည့်အဝ အားပေးထောက်ခံပြရုံသာမက၊ အာဏာရှင်တွေရဲ ့ ထင်ရာစိုင်း ရိုင်းပြစော်ကားမှုတွေကို ပြည်သူပြည်သားတစ်ဦးအနေနဲ ့ မိမိတို ့မှာလည်း ဆန် ့ကျင်တော်လှန်ရမယ့် တာဝန်ဝတ္တရားရှိတယ်လို ့ ခံယူပြီး ပြည်သူပြည်သားတစ်ဦးချင်းစီက အသီးသီး စုပေါင်းလက်တွဲကြပြီး လူထုတော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊

(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ ့တန်းထားတဲ့ ပြည်သူတပ်မတော်အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ ့အတူ လက်တွဲကာ ပြည်သူလူထုတော်လှန်မှုကြီးတွင် ပြည်သူရှေ ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင်ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ်တပ်မတော်ကြီးရဲ ့ လေးစားထိုက်ဖွယ်လုပ်ရပ်များကြောင့် – တူနီးရှားနိုင်ငံတစ်နိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။
ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ ့ရှူကာ ပြည်သူတွေရှေ ့က မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့ တူနီးရှားနိုင်ငံ ပြည်သူတပ်မတော်ပီသခဲ့တဲ့ စစ်ဦးစီချူပ် ဗိုလ်ချူပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန် ့ခွန်းကတော့ –

“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။

“ပြည်သူလူထုရဲ ့ အာဏာရှင်တော်လှန်ရေးဟာ ငါတို ့ တပ်မတော်ရဲ ့ တော်လှန်ရေးဘဲ ဖြစ်တယ်၊ ငါတို ့တပ်မတော်ဟာ အာဏာရှင်ကို ဆန် ့ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးကြမယ်” ဖြစ်ပါကြောင်း။

6 comments

  • timothy

    January 30, 2011 at 10:26 am

    ရှက်လိုက်တာဗျာ။ရှက်ဖို့ကောင်းလိုက်တာဗျာ။
    ဗိုလ်သန်းရွှေလုပ်လို့၊မရဏသွားဗိုလ်နေဝင်းလုပ်လို့၊ဒီဗမာစစ်တပ်ဟာ
    ဖက်ဆစ်သတ်မတော်လို့လူတွေတံတွေးခွက်မှာနစ်သေနေတာကြာပါပြီဗျာ။
    တပ်မှူးများသေသေချာချာကိုယ့်အမေရဲ့မျက်လုံးထဲကိုကြည့်ပြီးငါဟာပြည်သူ့တပ်မတော်သားလား၊
    ပြည်သူ့အကျိုးစီးပွါကိုကာကွယ်ပေးနေလား၊ပြည်သူနဲ့အတူမားမားမတ်မတ်ရပ်တည်နေလား။
    ဒါမှမဟုတ်အာဏာရှင်ဗိုလ်သန်းရွှေနဲ့သူ့မိသားစု၊သူ့လူတစုတို့ကိုကာကွယ်ပေးပြီး၊
    လူထုကိုဖိနှိပ်သတ်ဖြတ်နေတဲ့သတ်မတော်ဘဲလား။
    အမေ့မျက်လုံးထဲကိုရဲရဲကြီးကြည့်ပြီးဒီမေးထားတဲ့ပြည်သူရဲ့မေးခွန်းကိုဖြေပါ။

    ဒီမှာ ကိုကြယ်လေးရေးထားတဲ့ဆောင်းပါးနဲ့အတူ၊ကျနော်ခုရေးထားတဲ့
    တပ်မတော်သားစစ်စစ်များသို့ပြန်ကြားလွှာကို၊
    တာဝန်သိပြည်သူလူထုတိုင်းက၊
    စစ်တိုင်းမှူးများ၊ Commanders, စစ်သားများအားလုံးကိုအသိပေးဖြန့်ဝေပေးကြပါ။

  • kai

    January 30, 2011 at 10:52 am

    အခု အီဂျစ်မှာဖြစ်နေတာ ..မြန်မာတွေရဲ့ .. ၈၈ အုံကြွမှုသတိရမိတယ်..။
    ဒီနေ့ည စီအန်အန်သတင်းပုံထဲမှာ .. ကိုင်ရိုကအရပ်သားတွေ..တုတ်တွေဓါးတွေနဲ့ ကင်းစောင့်နေကြလေရဲ့..။
    လုယက်တာတွေ နေရာအနှံ ့ဖြစ်နေကြသတဲ့လေ..။

    ခေါင်းဖြတ်တာတွေမတွေ့ရသေးဘူး.။
    ဘယ်တွေ့ရမလည်း.. အီဂျစ်တပ်မတော်က ..တင့်ကားတွေ .. လူတွေအုံလိုက်ကြီးတက်စီးနေကြတာကိုး..။
    ဆိုလိုတာက .. စစ်သားတွေက .. လူထုနဲ့တူတူ ..လျှောက်သွားနေတာပြောတာပါ..။

    အံ့ဖွယ်သုတ..။
    စစ်သားတွေက ..လူထုကို သေနတ်ကြီးတွေနဲ့… မပစ်ကြဘူးနော.။ 🙂

  • timothy

    January 30, 2011 at 12:31 pm

    အီဂျစ်ကသီတင်းတွေကိုဆက်ပြီးတော့လေ့လာစောင့်ကြည့်ကြပါ။
    တခုကွာတာက၊အီဂျစ်စစ်တပ်ကအမေရိကားနိုင်ငံကထောက်ပံ့ပြုစုထားတာဆိုတော့
    စစ်တပ်ကြင့်ဝတ်တို့၊Professionalism တို့ရှိနေတာပေါ့လေ။
    လူထုကိုချစ်ဘို့သာအဓိကပါဗျာ။
    အီဂျစ်ကဂုတ်သွေးစုပ်သူထေးတစုနဲ့သမ္မတရဲ့မိသားစုတို့တော့Private Jets တွေနဲ့ထွက်ပြေးကုန်ပြီ။

  • zaw min

    January 30, 2011 at 6:40 pm

    ွှအီဂျစ်မှာ မာရှယ်လော ကိုရုတ်သိမ်းပေးလိုက်ပြီလို့သိရပါတယ်။အရှေ့အာရှတိုင်းပြည်တွေတောင် ဒီမိုကရေစီ အတွက်တိုက်ပွဲတွေ ဝင်နေပါပြီ။
    နည်းပညာတွေ၊မီဒီရာတွေ ရဲ့ စွမ်းဆောင်မူတွေပဲ။
    အမှန်တရားကို မြတ်နိုးကြသူတိုင်း၊အမှန်တရားအတွက် အဆင်သင့်ရှိကြပါစေ။

  • good

    January 31, 2011 at 9:14 am

    ” The army will protect the revolution ”
    ဒါက တူနီးရှားနိုင်ငံ ပြည်သူတပ်မတော်ပီသခဲ့တဲ့ စစ်ဦးစီချူပ် ဗိုလ်ချူပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ပြောတာ။

    ငါ တို့ ချုပ်ကြီး ကတော့ ” The army will press the revolution ” တဲ့

Leave a Reply