လွှတ်တော်ခန်းမအတွင်း လိမ်လည် မပြောဆိုရပါတဲ့ဗျား။

ၾကယ္ေလးJanuary 30, 20111min1609

နအဖရဲ ့ လွှတ်တော်တက်မည့်သူများ လွှတ်တော်ဝင်းအတွင်းမှာ ခွင့်ပြုချက် မရှိဘဲ ညမအိပ်ရပါတဲ့၊ လွှတ်တော်ခန်းမအတွင်းကို တက်ရောက်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်မှအပ ဘယ်သူမှ ခွင့်ပြုချက်မရဘဲ မဝင်ရဖူးတဲ့၊ ဒီထက် ပိုဆိုးတဲ့ တားမြစ်ချက်ကတော့ လွှတ်တော်ခန်းမအတွင်း လိမ်လည်မပြောဆိုရပါတဲ့ဗျား။ နအဖရဲ ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနဲ ့ နည်းဥပဒေများအခန်း (၁၃) မှာ ဖေါ်ပြထားပါတယ်။ လိမ်လည်ပြောဆိုရင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ (၁) သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရပါမည်တဲ့။

တစ်ချိန်တုန်းက သန်းရွှေတို ့ရဲ ့ နဝတ ဝါဒဖြန် ့ သတင်းစာထဲမှာ ဘယ်သူဘယ်ဝါက ပညာပေးလိုက်တယ် မသိဖူး၊ သန်းရွှေတို ့ဗိုလ်ချူပ်ကြီးတွေရဲ ့ သတင်းဓါတ်ပုံပေါ်မှာ ရေစာ စာတန်းနဲ ့ “ကမ္ဘာကျော် လူလိမ်ကြီးများ” ပေါ်တင်ကြီး ဖေါ်ပြခံလိုက်ရတာ အမှတ်ရမိပါသေးတယ်။ တိုင်းပြည်နဲ ့လူမျိုးတင်မက တစ်ကမ္ဘာလုံးကို လိမ်ညာနေကြတဲ့ သန်းရွှေတို ့က ပြောရတယ် ရှိသေး၊ ဘာတဲ့ .. လွှတ်တော်ခန်းမအတွင်း လိမ်လည်မပြောဆိုရဖူး လိမ်ညာပြောရင် ဒဏ်ငွေတပ်မယ် ထောင်ချမယ်ဆိုပါလား။

လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ သန်းရွှေတို ့ ပြောသမျှ လက်ညှိုးထောင် ခေါင်းငြိမ့်နဲ ့ ပြောခိုင်းတဲ့အတိုင်း ပြောရပါတော့မယ်။ အမှန်စကား တစ်လုံးလောက် ပြောမိရင်တောင် လိမ်ညာပြောတယ်ဆိုတဲ့ ပုဒ်မကြီးနဲ ့ လွှတ်တော်ခန်းမထဲကနေ တစ်ခါထဲ ထောင်ခန်းထဲ မြန်းရဖို ့ ရှိနေပါတယ်။

နအဖတို ့ရဲ ့ လွှတ်တော်ကြီးနဲ ့ လွှတ်တော်ကိုယ်စားလှယ်တွေဘဝကတော့ ဘယ်ညာယိမ်းလို ့ ပြည်သူပြည်သားတွေဘဝ တိမ်းစောင်းသထက် တိမ်းစောင်းအောင် ထပ်မံ ဒုက္ခပေးပါတော့မယ်။

9 comments

  • moethidasoe

    January 30, 2011 at 2:50 am

    ခေါင်းပေါင်းစရဲ့ သဘောအရတောင်မှ ညာချထားတာလေ .. လိမ်စရာ မလိုဘူး ညာချတာလို့ မှတ်ရမယ် .. အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဘယ်လို ညာချကြမလဲ ဆိုတာ မှန်းကြည့်လို့ မရသေးဘူး .. ပဝါ နှစ်စကိုတော့ အသာချထားမှာ ဘယ်ဖက်က ရှည်ရမှာလား ညာဖက်က ရှည်ရမှာလား နှစ်ဖက် ညီရမှာလား

  • bigcat

    January 30, 2011 at 2:59 am

    သိုးသိုးသန့်သန့် ကြားတာတော့ လွှတ်တော်အမတ်မင်းများ အစည်းအဝေးကျင်းပစဉ် အပြင်ခဏထွက် ရှုးရှုးပေါက်ချင်ရင် လက်ညိုးလေးကို နှုတ်ခမ်းမှာ ဒေါင်လိုက်ထောင်ပြီး ပလိစ်မေအိုင်ဂိုးအောက်လို့ သဘာပတိထံ အော်ပြောရမယ်တဲ့။ လူကြီးမင်းက ယူမေလို့ပြောမှ ထွက်ခွင့်ရမယ်။ အဝင်အထွက်ကိုလည်း ငါးမိနစ်ထက် မပိုရအောင် အချိန်မှတ်ထားပြီး လက်မှတ်ထိုး ထွက်ရမယ်။ ခွင့်ပြုချက်မရပဲ ထွက်ရင်၊ ပိုကြာရင် စင်ပေါ်ခေါ်ပြီး ကြိမ်လုံးနဲ့ ရိုက်မယ်တဲ့။ အတိုက်အခံအမတ်ဆိုသူများ လွှတ်တော်ထဲက တိုက်ပွဲမဝင်ခင် ကြိမ်လုံးစာမမိဖို့ အရေးကြီးလှပါကြောင်း။

  • winkyawaung

    January 30, 2011 at 3:04 am

    အမျိုးသမီးလွတ်တော်ကိုယ်စားလည်တွေက ပဝါကိုညာဘက်ကရှည်ပြီးချထားမယ်.။

  • phantom

    January 30, 2011 at 3:05 am

    လွှတ်တော်ထဲမှာ လိမ်မပြောရဘူးဆိုတာ သူတို့လိမ်တာနဲ့တင် လုံလောက်နေလို့ အားလုံး အလိမ် အညာတွေချည်းပဲ ဆိုတာကို ကြိုတင် ကာကွယ်ထားတာထင်တယ် အားလုံး မလိမ်ကြ ပါဘူး တစ်ချို့တစ်ဝက်တော့ လိမ်ကြသည် ကျန်သည့်သူများ လက်ညှိုးထောင် ခေါင်း ညိမ့်ကြသည် ပေါ့။ ပြီးတော့ ဟိုသီချင်းထဲကလို ဝေလေလေ ဝေလေလေ ပေါ့ 😛

  • winkyawaung

    January 30, 2011 at 3:06 am

    ကိုယ်စားလှယ် မဟုတ်ပါ။ ပါတီနဲ့ ပြည်သူတွေရဲ့ ကိုယ်စား (စားလည်ပြီး ပြန်လာကြမည် ထင်ပါ၏။)

  • zippo

    January 30, 2011 at 3:19 am

    ယုံတမ်းစကားတွေမို့ ယုံရန်ခက်လှပါဘိတောင်း
    အဟောင်းတွေက အဟောင်းပေဘဲမို့
    အကြောင်းစုံရယ်က…………………..ဆက်ရန်….

  • koyinmaung

    January 30, 2011 at 4:09 am

    လိမ်ညာပြီးရေးဆွဲထားတဲ့ဥပဒေတွေကိုအမှန်လို့သတ်မှတ်ထားတဲ့နေရာမှာ အမှန်ဆိုတာလိမ်ညာမှု့ဖြစ်ရတာသဘာဝပါဘဲ..ဒါတွေသိလို့NLD က ရွေးကောက်ပွဲမဝင်တာနေမှာပါ……

  • zaw min

    January 30, 2011 at 9:00 am

    လွတ်တော်တွင်းပြောဆိုရန်အတွက် အမတ်မင်းများကို အထူးအမြန်သင်တန်းတက်ခိုင်းနေပါသည်ဟု မြန်မာပြည်မှလာသော သတင်းစာ၌ ဖတ်ရူလိုက်ရပါသည်။
    ထိုသင်တန်း၏အဓိက အရေးအကြီးဆုံးက အမတ်မင်းများအပြောအဆို၊သတိအလွန်ရှိရမည်ဟု သိရပါသည်။ထိုကြောင့်……
    လွတ်တော်တွင်း၌ သဘာပတိကြီးမှ “‘ဒို့ လူလေးများ ..ဆိုသလေး….”‘ဟုဆိုလျှင်
    မတ်မင်းများက “‘ဝေလေလေ…ဝေလေလေ…”‘ ဟု သာအော်ရမည်ကို (၂)ပတ်အတွင်း အပြီးတတ်မြောက်အောင်သင်ကြားပေးနေပါသည်ဟုသိရပါသည်။

  • timothy

    January 30, 2011 at 3:03 pm

    NDF က ထောင်တမ်းကျနေကြပါသောနိုင်ငံ့ခေါင်းဆောင်၂၀၀ဝ ကျော်လွတ်မြောက်ရေးအရေးဆိုမယ်လို့ပြောတာမှတ်မိကြရဲ့မဟုတ်လား။
    NDF ရေ၊ စောင့်ကြည့်နေတယ်နော်။
    အခုမလိမ်ရဘူး။ထောင်ချမယ်တဲ့။

Leave a Reply