ငါဟဲ့ကြောင်ကြီး BigCat

militia cat

ကြောင်စစ်သွေးကြွ

ကျွန်နော်လည်း မနောလိုပဲ ရွာထဲ ကြော်ငြာဝင်ပါရစေ။

ကြောင်ကြီးကွ
ဖောင်မစီးဘူး
တောင်ကြီးထိ
သွားမယ်ခြေလျင်။

ကြောင်မပျို
တွေ့ပါစေ
လမ်းခရီးမှာလ…
ခရာသံ တစီစီနဲ့
ညောင်လိုက်မယ်
ခရီးဆုံးတိုင်ပ။

ရှောင်မရ
ကြောင်ကျ ကျမှ
လွတ်စေ့မယ်…
ပျိုမေကြောင်
အကောင်တသိန်း
ဝိုင်းဖွဲ့ခိုင်းလိုက်မယ်
ခေမီကို အက။

ကြာပလေ့စေ
မဆုံးခရီးကိုစ…
အီဖေကို
ကြောင်သခင်ကြီးမယ်
ပျော်လိုက်မယ့်ဖြစ်ခြင်း။

54 comments

  • nanmyat

    January 30, 2011 at 3:25 am

    ဦးကြောင်ကြီး ယူနီဖောင်းတွေနဲ့ တယ်လှနေတယ်ပေ့ါ့…………ဟုတ်စ

  • ကြယ်လေး

    January 30, 2011 at 3:39 am

    ခိ ခိ
    နန်း ဆိုတာမြင်တာ နဲ့ တောင်ကြီးကို ဖောင်မစီးပဲသွားမယ်တဲ့ 😛

    စကား မစပ် နန်းမြတ်က ကိုပေါက်တို့ အပိုင်းသားတဲ့ ဟုတ်လား?

  • nanmyat

    January 30, 2011 at 5:44 am

    ကိုပေါက်ဆိုတာ ဘယ်သူလဲ ကိုကြယ်လေး….ခင်ဘို ့ကောင်းလားသူ ကရော

    • etone

      January 31, 2011 at 8:33 am

      နန်းမြတ်ရေ မအူမလည်နဲ့ ရွာထဲမှာ လူပေါင်းမှားမယ်နော် ။
      ကြယ်လေးကိုများ ယုံကြည်ကိုးစားလို့က … အဟဲ … ။

    • water-melon

      June 6, 2012 at 9:03 pm

      နန်းမြတ်ရေ
      တိုပေါက်ထက်ချောတဲ့ မန်းလေးသားတစ်ယောက်ရှိတယ်
      မန်းလေးမှာရှိတဲ့ ရွာသားတွေထဲမှာ သူအချောဆုံးဘဲ
      နာမည်က ဖရဲသီးဆိုလားဘဲ
      အဟီ

  • manawphyulay

    January 30, 2011 at 8:07 am

    မနှေးအမြန်
    ကြောင်ကြီးဆီ အရောက်လှမ်းမည့်
    ခေမီကို့အကဖြင့်
    ပွင့် တစ်ယောက် အရောက်လာမည်ဖြစ်ကြောင်း
    သတင်းကောင်းပါးလိုက်ပါသည်…။

  • monmon

    January 30, 2011 at 8:13 am

    အကျင့်လေးတွေက တန်းပေါ်တာပဲ… သိသွားပြီ…

  • shweminthar

    January 30, 2011 at 9:02 am

    ကိုပေါက်ဆို တာ ခပ်ချောချော ခပ်ဖြောင့်ဖြောင့် အကိုကြီးတစ်ယောက်ပါ။

  • naywoonni

    January 30, 2011 at 10:56 am

    ကိုပေါက်ဆိုတာ ခပ်ချောချော ခပ်ဖြောင့်ဖြောင့် ကိုရီးယန်းမင်းသား×××××× နဲ့ခပ်ဆင်ဆင် အကြောင်းမသိရင် သူ့အသက်က အစိတ်ဝန်းကျင်လောက်လို့ ထင်ရတဲ့ အိုက်တင်ကောင်းကောင်းနဲ့ ဒိုင်ဗင်လည်းကောင်းတဲ့ ရွာထဲက မင်းသားချောတစ်ယောက်ပါ …. ကဲကိုပေါက်ရေ ကျွန်တော်ကျော်အောင်ညာပေးလိုက်ပြီ ကြော်ညာခ ပေးတော့

  • nyimalay

    January 30, 2011 at 11:09 am

    ဟုတ်ပါတယ်ဆို ကိုကြယ်လေးကလည်း ပိစိကွေးကိုမယုံမကြည်နဲ့သူ့ကိုသွားမေးနေပြန်ပြီ…. နန်းမြတ်ကိုမေးကြည့် မန္တလေးသူလားလို့……… ကိုပေါက်တို့အပိုင်းကလို့သွားမမေးနဲ့….. သူကခုမှ ပိစိကွေးကြော်ငြာထားလို့ MG ကိုစသုံးခါစ မန်ဘာအသစ်လေး…… သူ့နာမည်အရင်ထဲမှာလည်း နန်းပါတယ်

    • char too lan

      January 31, 2011 at 8:43 am

      ့ကွေးကွေး!! နန်း.. ဘယ်သူဆိုတိတိကျကျလေးပြောပါဟာ ……… မိန်းကလေးဆိုမှတော့ နန်းက အရေးမကြီးဘူး နောက်ကဘာလဲပိုအရေးကြီးတယ်လေဟာ……………….
      တိုးတိုးလေးပြောပြ ရေခဲမုန့်ကျွေးမယ် 🙂

  • kopauk mandalay

    January 30, 2011 at 11:28 am

    တညောင်ညောင်အော်
    ကြောင်သူတော်
    တောင်ကြီး ကိုမတက်ခင်
    အရင်ဝင် မန္တလေး
    ကြောင်ပျိုမ အထွေးလေးကို
    ချန်ထားပေးမယ်။
    ဝင်ဘို့မမေ့နဲ့နော်။

  • ဆူး

    January 30, 2011 at 11:55 am

    အမောင် ကြောင် တညောင်ညောင်
    ဂျောင်တွေမှာ ယောင်ယောင်အော်

    ဖောင်မစီးတဲ့ ကြောင်ကြီး
    လောင်မိတဲ့ အပူမီး
    အချောင်ရှိလို့ ဝင်တီး
    အာရွီးလို့ လေဖြီး
    ပူညောင် ပူညောင် အော်လို့ ငြီး (ကြောင်သားပေါက်)

    ကြောင်ကြီးပေးတဲ့ ဒုက္ခ
    ဖောင်စီးရတဲ့ ကြောင်မ
    လောင်မီးက ရင်တမမ

    အဟွတ်… ဆက်မရေးတတ်တော့ဘူး

  • monmon

    January 30, 2011 at 12:52 pm

    မဆူး…
    ဆက်ရေးလေ…
    ကောင်းနေတာကို…

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 30, 2011 at 2:24 pm

    ကြောင်ဆိုလို ့ပြောရဦးမယ်
    သူ ့ကိုယ်သူတောင်သူသိလားတိဝူး
    ကြောင်တွေဟာလေ
    အပေါက်တိုးတဲ့အခါကြရင်
    ကြောင်တိုးပေါက်ပေါ့ကွယ်
    သူ ့မှာ နှုတ်ခမ်းမွေးဆိုတာရှိတယ်နော်
    အဲ့သည်အမွေ းနဲ ့
    သူ ့နှုတ်ခမ်းမွေးနဲ ့
    သူတိုး မဲ့အပေါက်ကို မဲရှားရင်း တိုင်းကြည့်တယ်
    သူတိုင်းကြည့်ပြီးလို ့
    ချောင်ချောင်ချိချိဖြစ်ပြီဆိုတာနဲ ့
    အဲ့သည်အပေါက်ကို တိုးတော့တာဘဲ
    ဒါကြောင့်
    ကြောင်ရဲ ့ နှုတ်ခမ်းမွေးတွေကို သွားပြီး မကလိကောင်းဘူးနော်
    တော်နေကြာ
    အပေါက်တိုးလို ့မမှန်မကန်ဖြစ်နေရင်
    အပေါက်တိုးမှားကုန်လိမ့်မယ်

  • ဆူး

    January 30, 2011 at 2:33 pm

    ကြောင်ကို နုတ်ခမ်းမွေး သွားညှပ်ပေးကြည့်ရင် ဘယ်လိုနေမလဲဟင်.. ဘကြီးပု.. အပေါက်သေးသေးလေးတွေ အဟုတ်မှတ်ပြီး တိုးနေမလား။

  • unclegyi1974

    January 30, 2011 at 3:41 pm

    ကိုကြောင်ကြီး တူရကီသွားပြီးကတည်းက
    ဘယ်မှထွက်တာမတွေ့တော့ပါကြောင်း

  • zippo

    January 30, 2011 at 6:04 pm

    ငိုက်နေတာ…ငြမ်းညတ်လို့ ကြားလိုက်မိတယ်..။
    ပါတွားပြီရား ဟင်…အောင်မရေး . ဘဒူနဲ့ ရဲ……။။။

    • char too lan

      January 31, 2011 at 8:53 am

      အနော်နဲ့ ………………… 🙂
      ဟုတ်ဝူးနော်……………… 😛

  • weiwei

    January 30, 2011 at 6:17 pm

    ဒီရွာတော့ ဘယ်လိုဖြစ်နေသလဲ မသိဘူး …
    စည်းကမ်းထိန်းသိမ်းရေးအရာရှိ ခရီးထွက်နေတာနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြပုံပေါ်တယ် … 😛

    • kai

      January 30, 2011 at 8:33 pm

      ဝဲလ်ကမ်းဘက်ခ် .. ဝေမမ..။
      အဲဒါ.. ထကြွသောင်းကျန်းနေတဲ့ .. သောင်းကျန်းသူတွေကို … နည်းနည်းခေါင်းခေါက်လိုက်ပါဦး..။

    • char too lan

      January 31, 2011 at 9:11 am

      ဟုတ်မယ်အရာရှိကြီးရေ……..
      ကြောင်ကိုအဲ့ဒီလိုလစေ့ (လည်စေ့) ကညှစ်ထားတာတောင်မှ အပိုးမကျိုးဘူး ချစ်သွေး (ဆောတီး) စစ်သွေးကကြွချင်သေးတာ……ကြည့်ကျက်ချုံးမပါအုံးဂျာ 😉

  • meelay

    January 31, 2011 at 3:40 am

    ဟုတ်တယ် မဝေရေ … နဲနဲလောက် ဆုံးမပေးပါအုံး … ကြောင်မရှိတော့ ကြွက်ထလို ဖြစ်နေပြီ …. 😀 😀

    • king

      November 7, 2011 at 8:54 pm

      စကားပုံပြောင်းသွားပီ
      ကြောင်မရှိကြွက်ထ မဟုတ်တော့ဘူး
      ကြွက်မရှိ ကြောင်ထ
      😀

  • ဆူး

    January 31, 2011 at 1:35 pm

    စည်းကမ်း ထိန်းသိမ်းရေး လာမှဘဲ တိုင်စာတွေ အများကြီး ရမှာ သေချာတယ်။

    • weiwei

      January 31, 2011 at 3:20 pm

      စည်းကမ်းတွေ အသစ်ထပ်ထုတ်အုန်းမှပဲ … 😛
      တရုတ်နှစ်သစ်ကူးအမှီ .. 🙂

  • shwe

    January 31, 2011 at 2:20 pm

    ရွာသူရွာသား တွေကြည့်ရတာ (အပြင်မှာလဲ သိနေတ)ဲ့ အစထဲကခင်နေတဲ့ ငယ်သူငယ်ချင်းတွေလိုပဲနော် ။ စကားပြောနေတာကြည့်ရတာ ကြည်နူးစရာပဲ . တိုင်းပြည်မှာလည်း အဲလိုလေးဆိုသိတ်ကောင်းမှာ

  • manawphyulay

    January 31, 2011 at 2:59 pm

    ဟဟ မထင်နဲ့ ရွှေနီရေ……….. ရွာထဲမှာပဲ တွေ့ကြတာပါ။ အပြင်မှာ တွေ့တဲ့သူက ခပ်နည်းနည်း…… ဘယ်နေရာမဆို နားလည်မှုနဲ့ခင်မင်ရင် ပျော်ရွှင်စရာကောင်းပါတယ်…………….

  • kopauk mandalay

    January 31, 2011 at 3:34 pm

    နန်းမြတ်ရေ
    ကိုပေါက်ကတော့ မန်းလေးသား
    နန်းမြတ်ကကော
    ကျနော်ကျနော်လို့ပြောတတ်တဲ့ မန်းလေးသူလား ?
    ကြောင်ကြီး ပူသလို တောင်ကြီးသူလား ?
    ဒါမှမဟုတ် အနေမတူတဲ့ တပြည်သူများလား ?
    သူများတွေမကြားအောင် တိုးတိုးလေးပြောနော်။

  • zippo

    January 31, 2011 at 4:28 pm

    အကျင်မှာ ဘဒူဒေ တွေ့ကြ တာရဲ ဂျ…
    တားတားရဲ တွေ့ဂျင်ဒယ်…

  • kopauk mandalay

    January 31, 2011 at 4:31 pm

    နန်းမြတ်လို့ခေါ်ရတာ ထောင့်တောင့်တောင့်ကြီးရယ်။
    နန်းမမ လို့ခေါ်ရင်ကောင်းမလား?
    မြတ်မမ လို့ခေါ်ရင်ကောင်းမလား?
    ကိုကိုကြောင်ရေ အကြံလေးပေးပါအုံးကွာ။

    • windtalker

      November 7, 2011 at 11:10 am

      အလဲ့
      နန်းမမ ဆိုပါကလား
      ဒီလူကြီး ရိုးကောရိုးရဲ ့လား ဟရို

  • Gipsy

    January 31, 2011 at 4:32 pm

    ဒီလောက်တောင်ဖြစ်တာ…လာ လာ ငါနဲ့တွေ့မယ်…..ခုလာ..ချက်ခြင်းလာ..

  • ဆူး

    January 31, 2011 at 4:34 pm

    နန်းမြတ် ကို အကြမ်းဖတ် ဖို့တော့ မတွေးနဲ့နော်.. ရွာထဲက စွမ်းအားရှင်တွေ နဲ့ တိုင်ပြောလိုက်မယ်။

    အမြင်မတော် ဝင်ပါချင်သူ
    ဆူး
    🙂 😀 😉 😉

  • zippo

    January 31, 2011 at 4:40 pm

    မမချုးရေ ကယ်ပါဂျ..ခုယာတဲ့ ။ တားတားကြောက်တယ်…
    အချွန် ၂ ဖက်နဲ့ ဟာဂျီးယား မတိ…
    ဂျဂါး ကြောတာ ဂျစ်ကန်ကန်နဲ့..

  • nanmyat

    February 1, 2011 at 12:52 am

    နန်းမြတ်ကပြင်ဦးလွင်ကပါ။
    နန်းမြတ်ကိုအားလုံးကခင်နိုင်ပါတယ်။
    နန်းမြတ်လည်းအားလုံးကိုခင်ပါတယ်။
    မမဆူးညီမလေးကိုကယ်ပါအုံး။
    ညီမလေးကြားညှပ်နေပြီ။
    သူတို့နှစ်ယောက်ကြားကို။
    မြန်မြန်ကယ်ပေးပါမမဆူး

    • water-melon

      June 6, 2012 at 9:06 pm

      ဟဲ့ နန်းမြတ်လေးကို တိုတိုဖရဲကယ်မယ်
      မဆူးကို အားမကိုးနဲ့
      သူက ဝနေလို့ မလှုပ်နိုင်ဘူး
      လူစွမ်းကောင်းဖရဲလာပြီ

  • char too lan

    February 1, 2011 at 7:43 am

    နန်းမြတ်က ကယ်ပါတဲ့ ဆြာဆူးရေ……………… 😉
    ဆြာဆူးနောက်ကျနေလို့ ကျနော်အရင် မ သွားတယ်ဗျို ့……….

  • လာပြီ လာပြီ ကယ်တင်ရှင်ပေါ်လာပြီ။ ဟဲဟဲ နောက်တာနော်
    ဒါနဲ့ စကားမစပ် ပေးထားတဲ့ နာမည်က နေသစ်
    အခု ဒီနာမည်ကြီးဖြစ်နေတယ်
    သိတဲ့သူ ရှိရင် ကယ်ကြပါဦးဗျ
    ပြောင်းတာလည်း မရဘူးဖြစ်နေတယ်

  • အာဖျံ ကွီး

    February 1, 2011 at 8:51 am

    ရင်ထဲက အလုံးကြီးသိပ်မကျနဲ.အုံး နေသစ်ရဲ. …
    သယ်ရင်းနာမယ်က အခုထိ “ရွာထဲကို ဝင်ကြည့်ဖြစ်နေတာတော့ ကြာပါပြီ”
    ဖြစ်နေတုန်းပဲ။ စိတ်လေတရ်။ ဟတ်…

  • manawphyulay

    February 1, 2011 at 11:49 am

    ကြောင်နဲ့ ကြွက်ကားတွေ အကြည့်များပြီး ဦးကြောင်ကြီးကို မခန့်လေးစားလုပ်နေကြတာလား…………

  • kopauk mandalay

    February 1, 2011 at 4:37 pm

    နန်းမမရေ
    မန်းလေးနဲမေမြို့(အခုအခေါ်ပြင်ဦးလွင်)က တနယ်ထဲသွားတွေပါ။
    ပြင်ဦးလွင် ကို
    ကိုပေါက်တစ်ယောက်ဆိုင်ကယ်နဲ့အမြဲရောက်ပါတယ်။
    ဒီတစ်ခေါက်လာခါနီးရင်ကြိုပြောမယ်နော်။
    ရှောင်နေရအောင်ပါ။

  • ဆူး

    February 1, 2011 at 5:05 pm

    ညီမလေး နန်းမြတ်ရေ.. ဘယ်လို ကူညီရမလဲ ရွာထဲက စွမ်းအားရှင်တွေ လွတ်ပြီး ဗလ ပြခိုင်းရမလား။ ကြံခိုင်တဲ့ အကိုတော်တွေကို ရွာကို ပတ်ပြေးခိုင်းပြီး နန်းမြတ် ကို ကာကွယ် ခိုင်းရမလား။ လိုအပ်သလိုသာ ကြည့်ပြောပါ။ ဆူး က နေ့ဘက် ဆို အလုပ်မှာ အွန်လိုင်း သိပ်မရတော့ ညဘက်ဘဲ ဝင်တာဆိုတော့ အချိန်တိုင်း မရှိဘူးကွဲ့

  • nanmyat

    February 2, 2011 at 12:46 am

    မမဆူးအဆင်ပြေသလိုလုပ်ပေးပါနော်။
    မမဆုူးဘယ်လိုလုပ်လုပ်ညီမလေးကတော့မမဆူးသဘောအတိုင်းပါပဲ။
    ကိုပေါက်ပြင်ဦးလွင်ကိုရောက်တယ်ဆိုတော့နန်းမြတ်ဆီကိုလာလည်ပေါ့။
    နန်းမြတ်ကပြင်ဦးလွင်အိမ်မှာတနင်္ဂနွေနေ့ပဲရှိတာလေ။
    နန်းမြတ်ကအခုမန်းလေးမှာအလုပ်လုပ်နေတာလေ
    ကိုပေါက်ကမန်းလေးဘယ်နားမှာနေတာလဲ။ပြောပြပေါ့။

    • water-melon

      June 6, 2012 at 9:05 pm

      နန်းမြတ် မန်းလေးမှာလား
      ဟယ် တိုတိုဖရဲတွေ့ချင်တယ်
      လာခဲ့မယ်နော်
      အဟီ

  • Yin Nyine Nway

    February 2, 2011 at 7:42 am

    တော်တော်ကြောင်တဲ့ ကိုကိုကြောင်ရယ်

  • ဆူး

    February 2, 2011 at 1:31 pm

    ဦးကြောင်ကြီးတို့ စွံချက်ကတော့ ရှယ်ဘဲ လန်ထွက်နေတာ.. ပိုစ်မှာ တရုန်းရုန်း ဝိုင်းရေးပေးနေကြတယ်။

  • naywoonni

    February 2, 2011 at 4:02 pm

    ဒီရာသီကလည်း ကြောင်တွေ မာန်ထတဲ့ ရာသီလေ ဆူးရဲ့ ။ အိမ်နားမှာလည်း ညတိုင်းဆူလို့ ခဲနဲ့ ထွက်ထွက်ပြီး ထုရတယ် ။ ရွာထဲကော တစ်လုံးလောက် ထုပေးရမလား ။

  • ဆူး

    February 2, 2011 at 4:11 pm

    ကြောင် ဆူ ချက်တော့ ပြောမနေနဲ့ ငယ်ငယ်က ဆိုရင် ညည အိပ်နေတဲ့ အချိန် ကြောင်တွေ အီးအီးအားအား အော်ကြတယ် ကလေး ငိုသံလိုလို ဘာလိုလိုနဲ့ ကြောက်မှာ စိုးလို့ အမေက ဖက်ပြီး ထားတယ်။ ကြောက်တော့ မကြောက်ဘူး အမေ ဖက်ထားတာ သဘောကျလို့ ငြိမ်နေလိုက်တယ်။ အဲဒီ အချိန်တုန်းက ၂နှစ် ၃နှစ်လောက်ဘဲ ရှိအုန်းမယ် ထင်တယ်။

Leave a Reply