ငါဟဲ့ကြောင်ကြီး BigCat

militia cat

ကြောင်စစ်သွေးကြွ

ကျွန်နော်လည်း မနောလိုပဲ ရွာထဲ ကြော်ငြာဝင်ပါရစေ။

ကြောင်ကြီးကွ
ဖောင်မစီးဘူး
တောင်ကြီးထိ
သွားမယ်ခြေလျင်။

ကြောင်မပျို
တွေ့ပါစေ
လမ်းခရီးမှာလ…
ခရာသံ တစီစီနဲ့
ညောင်လိုက်မယ်
ခရီးဆုံးတိုင်ပ။

ရှောင်မရ
ကြောင်ကျ ကျမှ
လွတ်စေ့မယ်…
ပျိုမေကြောင်
အကောင်တသိန်း
ဝိုင်းဖွဲ့ခိုင်းလိုက်မယ်
ခေမီကို အက။

ကြာပလေ့စေ
မဆုံးခရီးကိုစ…
အီဖေကို
ကြောင်သခင်ကြီးမယ်
ပျော်လိုက်မယ့်ဖြစ်ခြင်း။

54 comments

  • မင်းပြည့်ရှိန်

    November 7, 2011 at 12:00 pm

    ကြောင်တွေ စစ်သွေးကြွနေတာ ပြဿနာ မဟုတ်လောက်ပါဘူး…
    အဲ.. ချစ်သွေးကြွနေရင်သာ ဒုက္ခ…

    ကြောင်ကြီးပါ
    ဗြောင်ကြီးသာ ပြောရရင်
    တောင်ကြီးမှာ
    ထောင်ကြီးထဲ နေတုန်းက
    ကြောင်မမ မေပျိုတစ်သိုက်နဲ့
    ကြောင်မိုက် မိုက်နေတုန်း
    ဟိုအကောင် လိုက်ကိုက်လို့
    မှောင်မိုက်မှာ တညောင်ညောင်နဲ့
    ကြောင်ကြီးရယ် မအော်နိုင်လို့
    ရှောင်ပြေးတယ်.. ဟိုးအဝေးကို..

    ရှောင်မရ
    ကြောင်ကျ ကျမှ
    လွတ်စေ့မယ်…
    ဗြောင်ထချမှ လွတ်ပေ့မယ် ဆိုပီး..
    ကြာပလေ့စေ
    မဆုံးခရီးကိုစ…
    အီဖေကို
    ကြောင်သခင်ကြီးမယ်
    လက်နက်ကိုင် တွေနဲ့ ပေါင်းပြီးသကာလ…
    ကြောင်ချစ်သွေးကြွ… အဲလေ. ကြောင်စစ်သွေးကြွ ဖြစ်ရတယ်……

  • aungnng87

    November 7, 2011 at 2:57 pm

    ကြောင်စစ်သွေးကြွတော့ဟုတ်ပါပီ။ဒါပေမဲ့ခွေးကိုအလေးပြုနေတာလား။

  • မောင်ပေ

    June 6, 2012 at 8:58 pm

    ကြောင်ကြီး
    ဖောင်မစီး
    ဗြောင်ဖြီး
    အကောင်ကြီး
    လောင်မီး

Leave a Reply