ပျော်ရွှင်နိုင်တဲ့သူဖြစ်ဖို့ လွယ်ကူတဲ့ အချက်(10)ချက်

mickylayApril 20, 20101min974

1-ရယ်မောပါ

သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့
ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။
ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင်
သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့
ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊
အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။

2-အနားယူချိန် သတ်မှတ်ပါ..

တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။
ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို
ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ်
လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို
တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။

3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ

ပိုကောင်းတဲ့အရာကို ရှာဖို့အတွက် သင့်မှာရှိနေတာတစ်ခုကို လက်လွှတ်ဖို့
ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတယ်ဆိုရင် ဒါဟာသင့်ကိုယ်သင် စိတ်ပျက်မှု့
တွေဆီကို ခေါ်ဆောင်သွားတာပါပဲ ။ ဒါကြောင့်ဆုံးဖြတ်ချက်ကို
ခိုင်မြဲစွာချပြီး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးခွန်းမထုတ်မိအောင် ကြိုးစားပါ။

4-ရှုပ်ပွမှု့တွေကို ရှင်းလင်းပါ

သင့်ဘဝဟာ ရှုပ်ထွေးနေတာပဲလို့ ခံစားနေရပါသလား။ ဒါဟာ သင့်အခန်း ၊
စားပွဲပေါ်နဲ့ မြင်နိုင်သမျှ နေရာအားလုံး မှာ သင့်အတွက် မလိုအပ်တာတွေ
ပြည့်နှက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ မနေ့က အမှိုက်သရိုက်ကို
ဒီနေ့မှာရှင်းပစ်နိုင်ဖို့ နည်းနည်းဒုက္ခခံကြိုးစားကြည့်ပါ

လား။ ဒါပြင်
အခန်းသန့်ရှင်းရေးလုပ် ခြင်းကြောင့် ဒီအခန်းထဲမှာ ဘာတွေကတော့
သင့်အတွက်လိုအပ်နေတယ် ။ ဘာတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ စာရင်းကိုပါ
ပြုစုပြီးသားဖြစ်နေ ပါလိမ့်မယ်။

5-ဝါသနာကို ဖော်ထုတ်ပါ

အတွေ့အကြုံသစ်တွေဟာ သင့်ကိုအသိအမြင် တိုးစေတဲ့အပြင်
လိုက်လျှောညီထွေသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဟင်းချက်တာနဲ့ အက
လေ့ကျင့်ခန်း လုပ်တာမျိုးတွေဟာ ရိုးရှင်းပေမယ့် ဝါသနာပါသူတစ်ယောက်ကို
စိတ်ကျေနပ် နှစ်သိမ့်မှု့ ပေးစွမ်းနိုင်ပါတယ်။ ဒါပြင်
အသစ်အသစ်သောဝါသနာတွေကိုပါ အပြောင်းအလဲ လုပ်ကြည့်နိုင်ပါတယ်။

6-အရေးကြီးတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံပါ

ကျွန်မတို့ဟာ ရိုးသားမှု့ ၊ သစ္စာရှိမှု့ စတဲ့ မိမိတန်ဖိုးထားတဲ့အရာတွေကို
ဆုပ်ကိုင်ထားပြီး ရှင်သန်နေကြတာပါ။
ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ၎င်းအရာ တွေကို ပျိုးထောင်ပါ။ ကိုယ့်ကို
ပြုမူဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း အခြားသူ တွေကို ဆက်ဆံပြုမူပါ။
သင်ပေးအပ်တာနဲ့ ညီမျှတဲ့ တန်ပြန်သက်ရောက် မှု့မျိုး ရရှိလာပါလိမ့်မယ်။

7-ငြင်းဆန်ဖို့ ကြိုးစားပါ

သင်မုန်းတီးနေတဲ့အရာတွေကို မလုပ်နိုင်တဲ့အပေါ် ကိုယ့်ကိုယ်ကို
အပြစ်မြင်ဖို့ မလိုပါဘူး။ တကယ်လို့ သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတွေက
သင့်ကို အပြစ်တင်မယ်ဆိုရင် သူတို့ကို ဘာလို့ငြင်းဆန်ရတယ်ဆိုတာ ပြောပြပါ။
ဒါဆိုရင် သင့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့လဲ နားလည်နိုင်ပါလိမ့်မယ်။

8-အကောင်းမြင်ပါ

ကျွန်မတို့ အမြဲလိုလို မျက်စိလျှမ်းနေတက်တာက ကျွန်မတို့ရဲ့
ကံကြမ္မာကိုကျေးဇူးတင်ဖို့ပါ။ လေ့လာချက်များအရ ကိုယ်တန်ဖိုးထားတဲ့အရာ(
ဥပမာ – မိသားစုနဲ့ အတူနေရခြင်း ) ကိုရရှိတဲ့သူတွေဟာ တစ်ခုခုကို
တန်ဖိုးမထားတက် တဲ့လူတွေ ( ဥပမာ – ငွေကိုသာရှာဖွေနေခြင်း) ထက်
ပိုပြီးပျော်ရွှင် ကြပါတယ်တဲ့ ။ ငွေကြေးနဲ့ အောင်မြင်မှု့တွေဟာ
ပျော်ရွှင်မှု့ကို မဝယ်ယူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့အရာတွေကို
မြတ်နိုးတန်ဖိုးထားတက်တဲ့ သူတစ်ယောက် ဖြစ်အောင်
ကြိုးစားနေထိုင်မယ်ဆိုရင် ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါပြီ။

9-သင့်ရဲ့ စွမ်းဆောင်နိုင်မှု့ကို အသုံးပြုပါ

စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်များအရ သင့်စွမ်းရည်ကို ယုံကြည်စိတ်ချပြီး
ပုံမှန်အသုံးပြုပေးမယ်ဆိုရင် သင့်ကိုပိုမို ပျော်ရွှင်စေနိုင်တယ်လို့
ဆိုပါတယ်။တကယ်လို့ သင်ကပုံဆွဲတော်သူ တစ်ယောက်ဆိုရင် သင့်သူငယ်ချင်းရဲ့
မင်္ဂလာ ဖိတ်စာအတွက် ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါဟာလည်း
သင့်စွမ်းအားတွေကို အသုံးချခြင်းတစ်မျိုးပါပဲ။ ဒါမှမဟုတ်
ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးရတာ ဝါသနာထုံတယ်ဆိုရင်လဲ အသစ်အသစ်တွေကို
ဖန်တီးနိုင်ပါတယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ဆောင်မှု့ စွမ်းရည်နဲ့
ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းကို မြင့်တင်စေနိုင်ပါတယ်။

10-စိတ်စေတနာကောင်းထားပါ။

ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် သင်ဟာဒီထက်ပိုမို
ကျေနပ်ပျော်ရွှင်ပြီး နှိုင်းယှဉ်မရတဲ့ ပီတိကို ခံစားရပါလိမ့် မယ်။
အများအကျိုးအတွက် မိမိရဲ့ကိုယ်ပိုင်ငွေကို လှူဒါန်းနိုင်သူတွေဟာ
ကိုယ်ကျိုးအတွက် သုံးစွဲသူတွေထက် ပိုမို
ပျော်ရွှင်မှု့ရတက်ကြပါတယ်။အလှူဒါနပြုသူတွေဟာ ဝင်ငွေကောင်း သည်ဖြစ်စေ ၊
မကောင်းသည်ဖြစ်စေ စေတနာ ဖြူစင်တဲ့အတွက် စိတ်ချမ်းသာမှု့ ရကြပါတယ်။
ဒါကြောင့် သူတစ်ပါးအပေါ် စိတ်စေတနာကောင်းထားပြီးကူညီပေး ကြရအောင်ပါ။

4 comments

  • susunosuki

    April 20, 2010 at 2:16 pm

    ကျေးဇူးတင်ပါတယ်ဗျာ
    ကျွန်တော် အလုပ်က ဖိအားများလို့ ထွက်ပြေးချင်နေတာ
    ဒီ အချက်လေးတွေ ကို လုပ်ကြည့်ဦးမယ်

  • moethiha

    May 22, 2010 at 8:53 am

    မိုက်တယ်ဗျာ။ကျွန်တော်လဲဒီလိုလုပ်ဆောင်ဖို့ကိုဆုံဖြတ်လိုက်ပါပြီ။

  • Gong Zhu

    September 14, 2010 at 9:52 pm

    အဲလို အူလှိုက်သည်းလှိုက် ရယ်မောရင် လူကို ပိန်စေတယ်တဲ့ . . . ပိန်ချင်တယ်ဆိုရင် တစ်နေ့လုံးထိုင်ရယ်နေနော် 😛

  • cum min

    June 22, 2012 at 9:58 am

    ကောင်းတယ်ဗျာ…ရယ်သော်သူသည်အသက်ရှည်သည်တဲ့..ဟီး…ဟား..ဟဲ

Leave a Reply