ဇနီးဖြစ်သူအား ၁၆နှစ်ကြာမြေအောက်ခန်းတွင်ပိတ်လှောင်ထားသူအား ဖမ်းဆီး

bigbirdJanuary 30, 20111min714

ဘရာဇီးနိုင်ငံတွင် January 29 ရက်နေ ့က အသက်၆၄နှစ်အရွယ်ရှိ စေဘက်တီယနာ ဆိုသူ အမျိုးသမီးကြီး တစ်ဦးအား ၁၂စတုရန်းမီတာသာရှိသော၊ မစင်များ၊ပိုးဟပ်များဖြင့်ပြည့်နှပ်နေ နေသော မြေအောက်အခန်းကျင်းလေးထဲတွင် တွေ ့ရှိကယ်ဆယ်ခဲ့ကြောင်း ဘရာဇီးရဲအရာရှိမှ ရိုက်တာသတင်းဌာနအားပြောကြားသွားပါသည်။ အဝတ်အစားမရှိပဲ စောင်တစ်ထည်သာ ရှိသည်ဟုရဲကပြောပါသည်။ ထို ့နောက်ထိုအိမ်တွင်နေထိုင်သော ခင်ပွန်းဖြစ်သူ ကျောပါတီစတာ နှင့်အတူနေအမျိုးသမီးတစ်ဦးတို ့အားရဲမှဖမ်းဆီးတရားစွဲဆိုခဲ့ပါသည်။ ထိုသူကဇနီးဖြစ်သူအား မြေအောက်ခန်းတွင်း၁၆နှစ်ကြာ လှောင်ပိတ်ထားသည်ကို ဝန်ခံခဲ့ပြီး စိတ္တဇရောဂါဖြင့် သောင်းကျန်း သောကြောင့် ထိုသို ့ပြုလုပ်ရခြင်းဖြစ်ကြောင်းဆိုပါသည်။ ဘရာဇီးရဲမှပြောကြားရာတွင် ထိုအမျိုးသမီးမှာစိတ္တဇရောဂါရှိကြောင်း၊သို ့သော်ထိုစိတ္တဇမှာ ၁၆နှစ်ကြာပိတ်လှောင်ထားခြင်းခံရသော ကြောင့်ကြောက်ရွှံ ့နေသောစိတ္တဇသာဖြစ်ကြောင်း၊ သောင်းကျန်းသောအမူအရာမတွေ ့ရကြောင်း၊ တရားရုံးကအပြစ်ရှိသည်ဟု ယူဆပါက ထောင်ဒဏ် ၈နှစ်ကျခံရမှာဖြစ်ကြောင်းပါရှိပါသည်။

4 comments

  • bigbird

    January 30, 2011 at 9:30 am

    ပုံတွင်ပါရှိသူမှာ ရက်စက်လူမဆန်သူ ခင်ပွန်း၏ပုံဖြစ်ပါသည်။

  • monmon

    January 30, 2011 at 10:10 am

    အဲဒီမိန်းမ မသေတာပဲ ကံကောင်းတယ်ပြောရမယ်… ဘယ်လိုလူတွေလည်းမသိဘူး…

  • ဆူး

    January 30, 2011 at 12:03 pm

    သနားပါတယ်။ ဒီအမျိုးသမီးကို အစိုးရက တာဝန်ယူပေးမလားဟင်.. သူဘယ်လို ဆက်ပြီး ရှင်သန်နေထိုင်မလဲ

    • bigbird

      January 30, 2011 at 12:37 pm

      သတင်းမှာတော့အဲ့ဒီလောက် အသေးစိတ်ရေးမထားပါဘူး ဒေါ်ကြီးဆူးရေ..
      ဒါပေမယ့် ဘရာဇီးမှာတော့ တရားဥပဒေအရ အကာအကွယ်ပေးပြီး စစ်မှန်တဲ့
      စောင့်ရှောက်ကူညီမှ ုတွေ အပြည့်အဝရှိလိမ့်မယ်လို ့ထင်ပါတယ်။

Leave a Reply