ဟောင်ကောင်မှ avenue street

ဆူးJanuary 30, 20112min1099



ဟောင်ကောင် မှာတော့ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ လက်ဝါးရာများ ထားတဲ့ လမ်းကို ခရီးသွားမှာ အထူးတလည် သွားကြည့်ကြပါတယ်။ သွားကြည့်ရင်တော့ ကိုယ် သိတဲ့ သရုပ်ဆောင် တွေရဲ့ လက်ဝါးများ တွေ့မလားလို့ မျက်စိက လိုက်ရှာတာဘဲ။

လက်ဝါးရာများ ထားတဲ့ အချိန်မှာ သက်ရှိထင်ရှား မရှိတော့ရင်တော့ အဲဒီလို ပုံလေး လုပ်ထားပါတယ်။





ခရီးသွား ဧည့်သည်တွေ အမြင် ဆန်းစေရန် ထိုကဲ့သို လှေများ ခဏခဏ ဖြတ်မောင်းတာ တွေ့ပါတယ်။ ထိုကဲ့သို့ ဖြတ်မောင်းရင်တော့ ဓါတ်ပုံဝိုင်းရိုက်ရတာ အမောပါဘဲ။

ည အချိန် ဟောင်ကောင် ကျွန်းကတော့ မီးအရောင်လေးတွေနဲ့ တော်တော် လှပါတယ်။ လှလည်း လှသလို ခရီးသွား ဧည့်သည်တွေ သဘောကျအောင် ထိုလမ်းမပေါ်ကနေ ကြည့်ပြီး မြင်သာအောင် မီးရောင်များ က တယ်လို့ ပြောရမလား။ ဆလိုင်တွေ ထိုးပြီး လှအောင် ဟိုထိုးဒီထိုးပါဘဲ။ ည ၈နာရီမှာ ပြပါတယ်။

ဓါတ်ပုံထဲမှာ သိပ်မလှပေမဲ့ အပြင်မှာ အမြင်ကတော့ တော်တော် လှပါတယ်။ တီးလုံးသံတွေပါ ဖွင့်ပါတယ်။

9 comments

  • weiwei

    January 30, 2011 at 6:31 pm

    ပြီးခဲ့တဲ့ အပတ်က ဟောင်ကောင်နားကို ရောက်ခဲ့တယ် .. ဟောင်ကောင်ကို အဝေးကနေပဲ တွေ့ခဲ့ပြီး မဝင်ခဲ့ရဘူး …
    ပုံတွေကြည့်ရတာ ရှန့်ဟိုင်နဲ့ တူသလိုလိုပဲ …
    နောက်တစ်ခေါက်သွားရင်တော့ ရောက်ဖြစ်အောင် သွားကြည့်လိုက်အုန်းမယ် …

  • kai

    January 30, 2011 at 10:53 pm

    ဟောလိဝုဒ်ကို ကော်ပီယူထားတာထင်ပါတယ်….။
    Hollywood Walk of Fame ကိုပေါ့.
    မြန်မာပြည်မှာ.. မင်းသားမင်းသမီးတွေကို ..ငွေသွားကောက်ပြီး .. လမ်းတလမ်းလမ်းမှာ ..လုပ်ပေးထားဖို့ကောင်းတယ်..။

    ကျုပ်သာ. .ငွေကြေးအဆင်ပြေရင်….. လူမစည်တဲ့.. ဒလဖက်မှာ .. စကျင်ကျောက်ခင်း.. လမ်းတလမ်းဖေါ်… မြန်မာစတားလမ်း … လုပ်ပေးမှာပဲ..။
    အဲဒီမြို ့နယ်ပါ.. လူစည်သွားမှာပေါ့..။ အလုပ်အကိုင်တွေထွက်လာမှာပဲ..။

    • bigcat

      January 31, 2011 at 12:28 am

      ဆြာခိုင်က ဒလဖက်မှာ မြန်မာစတားလမ်းဖွင့်ရင် ကျနော်က မြူနီစပယ်နဲ့ပေါင်းပြီး သုံးရေသောက်ရေ ဈေးကွက်ကို လက်ဝါးကြီးအုပ်မယ်။ အဲဒီဖက်မှာ ရေချိုတူးမရဘူးပြောလို့။

    • etone

      February 1, 2011 at 10:10 am

      သူကြီးက မြန်မာစတားကိုလုပ်ရင် သန့်ရှင်းရေးတွေ၊ security တွေ အလုံလောက်ခေါ်ထားရမယ်နော် ။ ရုပ်ထုကို နားရင်းလာအုပ်တာတို့ ၊ ကွမ်းတံတွေးထွေးတာတို့ များလာမယ် ။ 😀

  • ဆူး

    January 31, 2011 at 2:15 pm

    ဒလ မှာ ရေချို မရပေမဲ့ အခု တွံတေးက ပိုက်လုံး အကြီး ကြီးနဲ့ ပေးနေတယ်။
    သဂျီး စီမံကိန်း အတွက် မြေကွက် သွားကြည့်ပြီး ကမ်းလှမ်းထားလိုက်ရတော့မလား။

  • weiwei

    January 31, 2011 at 2:47 pm

    ဒလမှာ မလုပ်ပဲ သန်လျင်မှာ လုပ်ပါလား?

  • ဆူး

    January 31, 2011 at 2:53 pm

    သန်လျင်က ပင်လယ် ထွက်ပေါက် ရှိတဲ့ အတွက် ရန်ကုန် မြို့နဲ့ နီးသလို တိုးတက်ဖို့ အလား အများကြီး ရှိတယ်။
    ဒလ သည် ရေငံ သော်လည်း သူက ထွက်ပေါက် မရှိဘူး ရှိတဲ့ ထွက်ပေါက်ကလည်း ခေါင်တဲ့ ဘက်တွေ ဖြစ်သွားပြီ။ ဒလ ဘက်ကို စည်အောင် အရင် လုပ်သင့်တယ်။

  • char too lan

    February 1, 2011 at 6:36 am

    အကြံအစည်တွေအရမ်းကောင်းတယ်
    စုပေါင်းအကောင်အထည်ဖော်ကြရအောင် !! 😀

Leave a Reply