ချစ်သူများနေ့ အကြို လက်ဆောင်

ချစ်သူသဘောထား

  • အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင်ဝါဒီများအားဆန့်ကျင်ကြ။
  • ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာတိုးတက်ရေးကို နှေင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအား ဆန့်ကျင်ကြ။
  • တူနှစ်ကိုယ် အတွင်းရေးကို ဝင်ရောက်စွတ်ဖက်သော မိဘဆွေမျိုးများအား ဆန့်ကျင်ကြ။
  • ဆိုင်တွင်းဆိုင်ပြင် အရက်သမားများအား ဘုံရန်သူအဖြစ်သတ်မှတ် ရှောင်ရှားကြ။

နှလုံးသားရေး ဦးတည်ချက်(၄)ရပ်

  • ရင်ခွင်တော် တည်ငြိမ်ရေး၊ရင်ခုန်သံအေးချမ်းသာရာရေးနှင့် အနမ်းဥပဒေစိုးမိုးရေး။
  • နှစ်ဦးသား ပြေလည် စည်းလုံးညီညွတ်ရေး။
  • ခိုင်မာသည့်အသည်းပုံ အကြင်နာ အမြူတေသစ်ဖြစ်ပေါ်လာရေး။
  • ဖြစ်ပေါ်လာသည့် အသည်းပုံအကြင် အမြူတေအသစ်နှင့်အညီ ခေတ်မီတိုးတက်လှပသော တူနှစ်ကိုယ်တိုင်းပြည်တစ်ခု တည်ဆောက်ရေး။

13 comments

  • zippo

    January 30, 2011 at 6:13 pm

    လုပ်ချလိုက်ပြန်ပဟ..။
    ရေရေလည်လည် မိုက်တယ်ဗျာ..။
    အံ့မခန်း တိုက်ကွက် ပါဘဲ…….။။။

  • bigcat

    January 31, 2011 at 1:00 am

    စုံတွဲများအား ကင်မရာတလုံးနှင့် မှတ်တမ်းတင်မည့်သူများ၊ တည်းခိုးခန်းခ ဈေးတက်မည့်သူများ အားချေမှုန်းကြ။ 😉

  • nanmyat

    January 31, 2011 at 2:16 am

    စာသားတွေကတော့အရမ်းလန်းနေတယ်။နန်းမြတ်လည်းpostတင်ချင်လို့ပါ။
    ဘယ်လိုတင်ရလဲပြောပြကြပါနော်။

  • zaw min

    January 31, 2011 at 4:00 am

    ဟုတ်ကဲ့နန်းမြတ်၊စာလည်းလန်းသလို လူလည်းလန်းပါတယ်။
    နံနက် အိပ်ယာထ တာနဲ့ရေချိုးပြီး၊မျက်နှာပွင့် ဂါထာကို ရွတ်ထားလို့ပါ။
    ပို့စ် တင်ချင်ရင် Dashboard ထဲကို အရင်ဝင်လိုက်ပါ။ပြီးရင် New Post ကို ကလစ် ပေးလိုက်ရင် ပို့စ်တင် ရန်အဆင်သင့်တွေရပါလိမ့်မယ်။

  • nanmyat

    January 31, 2011 at 4:07 am

    ကိုဇော်မင်းကလူလည်းလန်းတယ်ဆိုတော့အသက်ကဘယ်လောက်ရှိပြီလဲ။
    နန်းမြတ်ကရွာထဲကလူတွေအားလုံးကိုခင်ပါတယ်။
    အကိုကဘယ်ကလဲ။နန်းမြတ်တို့လိုမန်းလေးကပဲလား။
    နန်းမြတ်ကိုpostဘယ်လိုတင်ရလဲလို့ပြောပေးလို့ကျေးဇူးတင်ပါတယ်နော်။

  • zaw min

    January 31, 2011 at 4:39 am

    ငယ်ပါသေးတယ်ကွယ်။အခုမှ ၃၀++လေးပဲရှိပါသေးတယ်။ကိုခိုင်တို့လို အမေရိကားမှာဆိုရင် ဘဝ တောင်မစသေးဘူးတဲ့ ။ဟုတ်တယ်မဟုတ်လားကိုခိုင်…(စစ်ကူတောင်းခံခြင်း)
    ကျွန်တော် နံမယ် ဇော်မင်းပါ၊ မလေးရှားမှာနေပါတယ်…
    ကျွန်တော့် အဖေ ဟာ အညာသားပါ မန္တလေးမှာနေပါတယ်…

  • juttue.gyi

    January 31, 2011 at 10:53 am

    မိုက်တယ်ဗျာ……….. ဘယ်လိုများ တွေးမိပါလိမ့်

  • zaw min

    September 7, 2011 at 9:44 pm

    အလင်းဆက်အတွက် ပြန်လည်ပေးပို့ခြင်းပါ။သို့မဟုတ် ပြန်လည်ဆန်းသစ်ခြင်း။။။။

  • ပေါက်ဖော်

    September 7, 2011 at 10:07 pm

    အလို..ကိုဇော်မင်း..
    ရေလည်လန်းတဲ့ Idea ပဲ..ဗျာ
    ဆက်..ကြိတ်ထား…..

  • alinsett

    September 9, 2011 at 6:19 pm

    အစ်ကို ဇော်မင်းရေ…။
    ကိုယ် ့ ဆီ ကို ဒီ စာသားလေးတွေ ရောယက်လာတာ ကြာ
    ပါပြီ။ ဖော်ဝက်မေးလ် ဆိုတော့ ဘယ်က ဘယ်လို သူ့…..ရလာလဲ..လည်းမသ်ိတော့ပါဘူး။
    ကိုယ် က အခုမှ ပြန်ရေးတင်လိုက်တာ။ အစ်က်ို တင်ထားပြီးသာ မှန်လည်းမသိ ခဲ ့ပါဘူး။
    ဒီ စာတွေက အစ်ကို ့ရဲ ့ ကြိုယ် ပို့င် စာသားလေးတွေ ဆိုရင် တောင်းပန်ပါတယ် နော် ။ ဘာပဲ..ဖြစ်ဖြစ် ဒီတိုက်ဆိုင်မှု အတွက် ကိုယ် တကယ် ့ကို တောင်းပန်ပါတယ် ။

Leave a Reply