သွားချင်ရာကို လမ်းညွှန်ပေးနိုင်တဲ့ GPS

weiweiJanuary 30, 20111min15610

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ခရီးထွက်ဖြစ်တယ်။ အလုပ်ကိစ္စမို့လို့ ရှုခင်းပုံတွေနဲ့ ခရီးသွားအတွေ့အကြုံ များများစားစားတော့ မရှိဘူး။ တရုတ်ပြည်တောင်ပိုင်းက ကွမ်ကျိုးမြို့ကို ရောက်ဖြစ်တုန်း ထူးဆန်းတာလေးတစ်ခုကို တွေ့လိုက်မိတယ်။ တခြားသူတွေအတွက် ထူးဆန်းချင်မှ ထူးဆန်းမှာပါ .. ကျွန်မက တောသူဖြစ်နေလို့ ထူးဆန်းတယ်ထင်နေတာဖြစ်ပါလိမ့်မယ် … ကားစီးရင်း ကားပေါ်မှာ တပ်ဆင်ထားတဲ့ GPS ကို သတိထားမိလိုက်တယ်။ GPS ကို မြင်ဖူးသိဖူးတာတော့ ကြာပါပြီ။ အရင်တုန်းကတော့ သင်္ဘောတွေမှာအသုံးများတယ်။ အခုတော့ ကားတွေမှာလဲ သုံးနေပါပြီ။ ကားရောက်နေတဲ့ တည်နေရာကို ပြပေးနိုင်တဲ့ ကိရိယာတစ်ခုအနေနဲ့ သိထားဖူးပါတယ်။
အခုတွေ့လိုက်တော့ အဲဒီဟာလေးက တော်တော်စွမ်းဆောင်နိုင်တာကို သိလိုက်ရတယ်။ ကွမ်ကျိုးမြို့က ခေတ်မီနေပြီး တော်တော်လည်း ကြီးပါတယ်။ ကျွန်မသွားချင်တဲ့နေရာကို ကားသမားကိုပြောလိုက်တော့ သူက GPS ကနေ အဲဒီနေရာကို ရွေးလိုက်တယ်။ ပြီးတော့ ကားကိုစမောင်းပါတယ်။ လမ်းခွဲရောက်ခါနီး မီတာ ၃၀ဝ ကနေစပြီး ကွေ့ရမယ့်လမ်းကို တရုတ်မအသံနဲ့ သတိပေးတယ်။ သူက တောက်လျှောက်လမ်းညွှန်လာတာ သွားရမဲ့နေရာကို ရောက်တဲ့အထိပဲ။ လမ်းမှားမှာ ပူစရာမလိုသလို ဘယ်သူ့ကိုမှလဲ မေးစရာမလိုလို့ ကျွန်မစိတ်ထဲ တော်တော်သဘောကျသွားပါတယ်။
ကျွန်မတို့ မိသားစုက ဗမာပြည်မှာ ခရီးထွက်နေကျဖြစ်ပြီး လမ်းကလဲ အမြဲမှားနေကျ … တွေ့သမျှလူတွေကိုလဲ လမ်းမေးနေကျဆိုတော့ ကျွန်မတို့လိုအပ်ချက်နဲ့ တိုက်ဆိုင်နေတဲ့ GPS ကိုတွေ့လိုက်တော့ စိတ်ထဲမှာ သဘောကျမိသွားပြီး မှတ်မှတ်ရရဖြစ်နေလို့ တခြားသူတွေလဲ သိရအောင်ပေါ့ …

10 comments

  • hello! everybody

    January 30, 2011 at 9:31 pm

    မဝေဝေပျောက်နေတာကြာပြီ ၊ ခရီးသွားနေတာကို..

  • kai

    January 30, 2011 at 10:46 pm

    ဂျီပီးအက်စ်က မြန်မာပြည်မှာလည်း လုပ်လို့ရနိုင်ပါတယ်.။
    ကွန်ပျူတာမှာလည်း ဆော့ဖ်ဝဲတွေရှိတာပဲ..။
    http://www.microsoft.com/streets/en-us/products_streetsgps.aspx

    ဟဲဒ်ဝဲက ..သာမန်အားဖြင့် အခုဆို ..လက်ကိုင်ဖုန်းတွေမှာပါတယ်..။
    စမ်းကြည့်တာမှာ .. အောက်က Canmore GT-730Fကိုသုံးကြည့်ဖူးတယ်.။
    လက်ပ်တော့မှာ .. ထည့်လိုက်ရင် .. မြန်မာပြည်နဲ့ ရမယ်ထင်တယ်..။

    The Canmore GT-730F USB GPS Stick Dongle

  • မျက်မှန်

    January 31, 2011 at 12:00 am

    GPS ကို မြန်မာပြည်မှာလဲ အသုံးပြုလို့ရပါတယ်။ ရန်ကုန်မှာ germin ဂျီပီအက်စ် ယူနစ်တွေ ရောင်းတဲ့ကုမ္ပဏီ ကနေ မြေပုံတွေကို ပြန်လည် ရေးဆွဲ ထည့်သွင်း ပေးပါတယ်။ ဖုန်းမှာပါ တဲ့ GPS ကတော့ A-GPS နဲ့ GPS ဆိုပြီးနှစ်မျိုးရှိပါတယ်။
    GPS ကတော့ ဂြိုလ်တုက ပေးပို့တဲ့ signal ကို တိုက်ရိုက် ဖမ်းယူ အသုံးပြုတာမို့ အလကားအသုံးပြုနိုင်ပါတယ်။
    A-GPS စံနစ်မှာတော့ Signal တွေကို Cellular Network ကနေတစ်ဆင့် ပြန်လွှင့်ပေးတာမို့ အခကြေးငွေနဲ့သာ အသုံးပြုလို့ရပါတယ်။
    ဖုန်းမှာပါတဲ့ Voice Navigate စနစ်ဟာဖုန်း ကုမ္ပဏီက ရေးဆွဲထားတဲ့မြေပုံစံနစ်နဲ့သာ အလုပ်လုပ်တာမို့ မြန်မာပြည်မှာ အသုံးပြုလို့မရနိုင်ပါ။
    (3G စံနစ်နဲ့ Google earth or map ကို အသုံးပြုရင်လဲရပါတယ်။Voice Navigate system မပါရှိပါ။)
    PSP (Playstation portable) မှာတော့ Google map မှ နှစ်သက်ရာ မြေပုံကို စိတ်ကြိုက် download လုပ်ပြီး အသုံးပြုနိုင်တဲ့ ဆော့ဝဲ တစ်မျိုး ရှိပါတယ်။
    မိမိ အသုံးပြုလိုတဲ့ မြေပုံ အပိုင်းကို ရွေးချယ် ပြီးနောက် POI (Point of Interest) တွေကိုပါ တစ်ပါတည်း ရယူ သိမ်းထား နိုင်တဲ့အတွက် အသုံးပြုရတာ လွယ်ကူစေပါတယ်။
    GPS ကိုအသုံးပြုတာဖြစ်ပြီး GPS ယူနစ်ကို သပ်သပ် တပ်ဆင်အသုံးပြုရပါတယ်။

    • kai

      January 31, 2011 at 8:54 am

      ဆိုတော့ .. ရန်ကုန်လည်း GPSနဲ့ ကားမောင်းလို့ ရနေပြီဆိုတဲ့သဘောပေါ့နော..။
      နောက်ပိုင်းSLR ကင်မရာတွေမှာ GPSတပ်ထားတာမို ့.. ဓါတ်ပုံရိုက်ရင် ဘယ်နေရာမှာရိုက်ထားသလဲပါ မှတ်တမ်းတင်လိုက်တယ် ဖတ်ဖူးတယ်..
      ဟုတ်မဟုတ်တော့ မသိ..။

  • bigcat

    January 31, 2011 at 12:53 am

    ဂျီပီအက်စ်တိုင်း ကောင်းတာမဟုတ်ဘူး။ ဈေးပေါတဲ့ဟာတွေက မပြည်မစုံဖြစ်တတ်တယ်။ လုပ်ငန်းသုံးတွေကတော့ ကောင်းနိုင်ပါတယ်။ သာမန်အိမ်သုံးလေးတွေကတော့ ခရီးဝေးသွားရင် အားကိုးလို့သိပ်မရဘူး။ ဝယ်ပြီးအမြဲ အပ်ဒိတ်လုပ်သင့်တယ်။
    ပြီးခဲ့တဲ့၂နှစ်၃နှစ်လောက်ကထင်တယ် ယောဂ်ာျားက ကိုရီးယား၊ မိန်းမက အဖြူမ၊ သမီးလေး၁ယောက်လား ၂ယောက်လားမသိဘူး ရှိတယ်။ ဂျီပီအက်စ်အားကိုးနဲ့ ဟိုင်းဝေးအင်တာစတိတ် လမ်းမကြီးအတိုင်း ခရီးဝေးထွက်တာ လူသူနဲပါးတဲ့ ပြည်နယ်ဖက်ရောက်တော့ လမ်းပျောက်၊ ဂျီပီအက်စ်ကမမှန်၊ ဆဲလ်ဖုန်းနက်ဝက်၊ အင်တာနက်ကွန်နက်ရှင် မရတော့ ဆီပြတ်ပြီး ကားထိုးရပ်၊ တောထဲတောင်ထဲမှာ လူသူလေးပါးရှာမတွေ့ဘူး။ နောက်ဆုံးယေဂ်ာျားက မိန်းမနဲ့ခလေးတွေကို တနေရာမှာထားပြီး အကူအညီထွက်ရှာရင်းနဲ့ အစာရေပြတ်သေတယ်။ ဖြစ်ချင်တော့ မိန်းမနဲ့ခလေးတွေကိုထားခဲ့တဲ့ နေရာအနားမှာ လူနေအိမ်တခုရှိနေလို့ ကျန်ရစ်သူတွေ အသက်ချမ်းသာရတယ်။

  • မျက်မှန်

    January 31, 2011 at 11:26 am

    @ကိုkai
    ဟုတ်တယ်ခင်ဗျ။ နောက်ပိုင်းကင်မရာတွေမှာလဲ GPS တပ်ဆင်အသုံးနေကြပါပြီ။
    ကိုယ်ရိုက်လိုက်တဲ့ပုံတွေရဲ့ တည်နေရာကို မှတ်သားထားထားပေးပြီး google map ပေါ်တင်လိုက်တာနဲ့ location ကို မြေပုံပေါ်မှာ ဖော်ပြပေးပါတယ်။
    ရန်ကုန်မှာတော့ GPS ကို အထူးတလည် တပ်ဆင်အသုံးပြုတာမျိုး များများစားစားမတွေ့ဖူးသေးပါဘူး။
    ဆာဗေး နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာသာ အဓိကအသုံးပြုနေကြပါသေးတယ်။

  • weiwei

    January 31, 2011 at 12:42 pm

    GPS ကို ဆိုင်တွေမှာရောင်းတာမြင်ဖူးပေမယ့် ကားထဲမှာသုံးထားပြီး အသုံးတည့်နေတာကို ကွမ်ကျိုးရောက်မှ မြင်ဖူးတယ် …
    အခုလို ဝိုင်းဝန်းဆွေးနွေးပေးကြတာကို ကျေးဇူးတင်ပါတယ် ..

  • ဆူး

    January 31, 2011 at 1:56 pm

    ဟုတ်မဟုတ်တော့ မသိဘူး တနေ့က တီဗွီမှာ မြန်မာပြည်က ထုတ်တဲ့ ကားတွေ တပ်မတော် ခန်းမ မှာ ပြတာလာတော့ ကြည့်မိတယ်။ အဲဒီ ဂျီပီအစ် ဆိုတာ ပါတယ် ထင်တယ်။ လမ်းညွန်တယ် ဘာညာ ပြောသွားတယ်။

  • hello! everybody

    January 31, 2011 at 4:24 pm

    taxi တိုင်းကို မီတာပါအောင်အရင်လုပ်အုံးမယ်ဗျာ၊ နောက်မှ ခင်ဗျားတို့ပြောနေတဲ့ဟာကြီးကိုတပ်မယ်….

  • ဆူး

    January 31, 2011 at 4:31 pm

    taxi တိုင်း မီတာ မတပ်မနေရ တပ်ထားပါတယ်။ မီတာနဲ့ မသုံးကြပါဘူး။
    မီတာ နဲ့ သွားတာ ခရီးနီးရင် ဈေးပိုကျပေမဲ့.. ခရီးဝေးရင်တော့ ဈေးမကျဘူး။
    ခရီးသည်တွေက မီတာ ကို စိတ်မဝင်စားဘူး ထုံစံ အတိုင်း ဘယ်လောက်လဲ မေးပြီး ဈေးအဆင်ပြေမှ သွားကြတာ။ ဆင်းမှ ကျသလောက် ဆိုတာ ကြီးကို လန့်ကြတယ်။

Leave a Reply