ဖြစ်ရပ်ဆန်းဟာသများ

nyimalayJanuary 31, 20111min720

လင်မယား
အိမ်ထောင်တခုမှာ ပထမဆုံးနှစ်မှာ ယောက်ျားပြောတာ မိန်းမနားထောင်ရတယ်။
ဒုတိယနှစ်ကျတော့ မိန်းမပြောတာ ယောက်ျားနားထောင်ရတယ်။
တတိယနှစ် သူတို့ပြောတာကို အိမ်နီးချင်းတွေက နားထောင်ရတယ်။
စတုတ္ထနှစ်ကျတော့ သူတို့နှစ်ယောက်ပြောတာကို တရားသူကြီးက နားထောင်ရတယ်။

ဪ မိန်းမ
လက်ထပ်ပွဲအပြီးတွင် ငိုနေသောသတို့သမီးအား မိတ်ဆွေဖြစ်သူများက မေးလိုက်သည်။
“သူငယ်ချင်းရယ် ဘာဖြစ်လို့ ငိုနေတာလည်းကွယ် ”
“သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာရယ်၊ ကလေးငါးယောက်ရှိတယ်ဆိုတာရယ်၊ အခုမင်္ဂလာပွဲကျမှ သိရတယ် “.ဟု သတို့သမီးက ပြန်ဖြေလိုက်သည်။
“ဪ…အဲ့ဒါကြောင့် စိတ်ထိခိုက်နေတာကိုး”
သတို့သမီးပြန်ပြောလိုက်သည်မှာ-
“စိတ်ထိခို်က်တာမဟုတ်ဘူး။ ကိုယ့်ကလေး (၄) ယောက်ပေါင်းလိုက်ရင် ကိုးယောက်ဖြစ်နေလို့ပါ။”

တကယ့်မိန်းမ
“ကိုယ်တို့လက်ထပ်ရင် ကိုယ့်ဝင်ငွေနဲ့ နေနိုင်ပါ့မလား”
“ဟင်း…. ကောင်းတာပဲ၊ ကျွန်မကတော့ နေနိုင်ပါတယ်။ မောင်က ဘာနဲ့နေမလဲဟင်”

အဖြေခက်လို့
အ်ိပ်ရာပေါ်တွင် နေမကောင်းဖြစ်နေသော ဇနီးသည်က
“မောင်ရယ် ကျွန်မသေရင် ရှင်နောက်အိမ်ထောင်ပြုမှာလား”
ခင်ပွန်း။ “မင်းမေးခွန်းက ဖြေရမှာ ခက်တယ်ကွာ”
ဇနီး ။ “ဘာခက်စရာရှိလို့လဲ မောင်ရယ်”
ခင်ပွန်း။ “ကိုယ်က နောက်အိမ်ထောင်ပြုမယ်ဆိုရင် မင်းကစိတ်ဆိုးမယ်၊ မပြုပြန်ဘူးဆိုရင်လည်း ဟိုမိန်းကလေးက စိတ်ဆိုးလိမ့်မယ်

ကောင်းလို့ဖြစ်မှာပေါ့
အသည်းအသန်ဖျားနေသော လူနာမိတ်ဆွေထံသို့ မိတ်ဆွေတဦးက အားပေးရန် ရာက်ရှိလာသည်။
လူနာက…….
“ကျွန်တော်ကတော့ သေခါနီးပါပြီ။ ငရဲမှာ ဘယ်လိုဘဝမျိုးနဲ့နေရမလဲဆိုတာ စဉ်းစားနေတာ” ဟု
စိတ်အားငယ်စွာ ပြောကြားသည်။
ဧည့်သည်။ သိပ်ကောင်းတယ်ဗျာ။
လူနာ ။ ခင်ဗျား ဘယ်လိုလုပ်သိလဲ။
ဧည့်သည်။ ငရဲမှာ အခြေအနေသိပ်ဆိုးနေတယ်ဆိုရင် သေတဲ့လူတွေအားလုံးဟာ ကမ္ဘာကြီးဆီ ပြန်လာကြမှာပေါ့။ ဒါပေမယ့် ဒီနေ့ထိ ငရဲရောက်သွားတဲ့လူတွေ တစ်ယောက်မှပြန်မလာကြဘူး။ ဒါကိုကြည့်ရင် ငရဲမှာ နေရထိုင်ရတာ ကောင်းလို့နေမှာပေါ့ဟု အားပေးစကားပြောကြားလိုက်သည်။