အလွမ်းဇာတ်ကလေးနားထောင်ရင်းပဟေဠိဖော်လိုက်ရအောင် အပိုုင်း (2)

ကျွန်တော်တို.နှစ်ယောက် တည်းတဲ.အိမ်ပြန်ရောက်လို.ညရောက်တဲ.အခါ မီးလှုံရင်း နေ.လည်က မပြီးသေးတဲ.ဇာတ်လမ်းကို ဆက်ပြောဘို. ကိုကြီးထိန်ကို နားပူပါတော.တယ်။
ကဲ ဆက်လိုက်ကြရအောင်နော် ကိုကြီးထိန်ပြောတဲ.အတိုင်းနားထောင်လိုက်ပါနော်။
စတုတ္ထနှစ်တက်ဖို.သူတို. လာမယ်.နေ.မှာ လေယာဉ်ကွင်းကိုထုံးစံအတိုင်းသွားကြိုတာပေါ.။
မနက်စောစောကတည်းကလေယာဉ်ကွင်းကိုရောက်နေပါတယ် တမျှော်မျှော်နဲ.ပေါ.။
သူတို.လေယာဉ်ဆိုက်လို. သူတို.အတွက် မြင်းလှည်းငှား ပစ္စည်းတွေကိုလှည်းပေါ်တင်ပေးပြီးလို ကျွန်တော်လည်း
စက်ဘီးနင်းတော.မယ် အလုပ်မှာ ထွေးထွေး က
“ထိန်ဝင်း နင်အဆောင်ထိ မလိုက်နဲ.တော. နက်ဖြန်မှ တွေ.ရအောင် “လို.လှမ်းပြောလို်က်ပါတယ်။
” မ”ကိုကျွန်တော်လှမ်းကြည်.တော. တဖက်ကိုလှည်.နေပါတယ်။
ယုငယ်ကလဲ ” မ”လိုပါဘဲ ကျွန်တော်.ကိုမကြည်.ပါဘူး။
ခါတိုင်းဆိုရင် သူတို.က မြင်းလှည်းပေါ်က ကျွန်တော်က နောက်ကစက်ဘီးနဲ. စကားတပြောပြောနဲ.အဆောင်ထိပို.၊
သူတို.ပစ္စည်းတွေထားပြီးတာနဲ. ကျွန်တော်.စက်ဘီးကို သူတို.အဆောင်မှာထား ပြီးရင်ကျောင်းထဲကိုသွား
အောင်မင်္ဂလာဆောင် နားက ဒေါ်သန်းဆိုင်မှာ ထမင်းစားကြ ဝေးနေတဲ.အချိန်က အကြောင်းတွေ အလုုအယက်ပြောကြနဲ.အိမ်ပြန်ချိန်ကိုတောင်သတိမရနိုင်အောင်ပါဘဲ။
အခုတော.တစ်မျိုးကြီးဖြစ်နေပါတယ်။
သူတို. စိတ်ဆိုးရလောက်အောင် ဘာများလုပ်မိလဲ.လို.ပြန်စဥ်းစားကြည်.မိတော.လည်း အဖြေမရှိပါဘူး။
သူတို.မရောက်ခင်တပါတ်ကရောက်လာတဲ. ဘယ်နေ.ရောက်မယ် အဆောင်ငှားထားပါ လာကြိုဘို.စီစဉ်ထားပါ ဆိုတာတွေကိုတန်းစီပြီးတွေရေးလိုက်တဲ. ” မ” ရဲ.ညွှန်ကြားစာထဲမှာလဲ
သတိရကြောင်းတွေရယ် ၊တွေ.ချင်လှ စကားပြောချင်လှပြီဆိုတဲ. ခါတိုင်းလိုရေးနေကြ သံယောဇဉ် အဖွဲ.
လေးတွေပါဘဲ။
စိတ်ဆိုးတဲ.အရိပ်အယောင်လုံးဝ မပါပါဘူး။
စဥ်းစားလို.မတတ်နိုင်အောင် ရှိနေသလို ရင်ထဲမှာဝမ်းနည်းနေပါတယ်။
ဒါနဲ. နောက်နေ.မနက်စောစောမှာ သူတို.အဆောင်ကိုကျွန်တော်ရောက်သွားပါတယ်။
ကျွန်တော် အဆောင်ရောက်လို.လှမ်းခေါ်နေတုန်းမျက်မှန်တန်းမိနေတဲ. ကလေးမလေးက သူတို.ထွက်သွားကြတာကြာပြီလို. ပြောပေးပါတယ်။
ကျွန်တော်လာတာလဲမနက်(7)နာရီဆိုတာ အတော်စောပါတယ်။
ခါတိုင်းဆိုရင် ကျွန်တော်ရောက်လာမှ ကျွန်တော်.စက်ဘီးကို သူတို.အဆောင်မှာထားပြီး
ကျောင်းထဲကို အတူတူလမ်းလျှောက်သွားနေကြလေ။
ကျောင်းရောက်ရင် စားသောက်ပြီးမှ ” မ”နဲ.ကျွန်တော်က တစ်တွဲ သူတို.နှစ်ယောက်က တစ်တွဲ လမ်းခွဲနေကြပါ။
နေ.လည်ထမင်းစားနားချိန်ပြန်ဆုံ ညနေ စောပြီးတဲ.သူက အရင်ပြန်ပြီးအဆောင်ကနေစောင်.။
နောက်မှ ညစာကို ကျောင်းနားက တစ်ဆိုင်ဆိုင်မှာ (4)ယောက်အတူစား နောက်ကျောင်းထဲသွားလေပေါရင်းစာအတူ
ကျက် ကြတော. ကျောင်းထဲကနေပြန်ရင် ည(11)နာရီသူတို.ကိုအဆောင်ပြန်ပို.ပြီးမှ
ကျွန်တော်ကအိမ်ပြန်တာလေ။ကျွန်တော်က (25)လမ်းကျုံးဘေးမှာနေတော.အိမ်ပြန်ရောက်ချိန်ဟာ ညသန်းခေါင်ယံလေ။
အဲတော. ဒေါ်လေးကတောင် အဆောင်မှာအိပ်လိုက်ရင်ပြီးရောလို.ပြောပါတယ်။
ဘယ်အိပ်လို.ရပါမလဲ သူတို.က မိန်းကလေးသီးသန်.အဆောင်မှာနေတာကိုး။
ဒါနဲ.ကျွန်တော်ကျောင်းထဲကိုလိုက်သွားပြီး ကျွန်တော်တို.သွားနေကျနေရာတွေကိုရောက်တော.လဲမတွေ.ပါဘူး။
ကျောင်းတက်ချိန်နီးတော.မှ အတန်းထဲကိုသွားတော. ” မ”ကရောက်နေပါပြီ။သူ.နားမှာ ဟားခါးက လာတက်တဲ.
ကောင်မလေး တယောက်နဲ.ပါ။
နေ.လည်ထမင်းစားချိန်ရောက်တော. ” မ” ထွက်လာမဲ. အပေါက်ကသူမြင်သာတဲ.နေရာကနေပြီး အဆင်သင်.ထွက်စောင်.နေပါတယ်။
ဒါပေမဲ. အလကားပါဘဲ ခပ်တည်တည်မျက်နှာထားနဲ.မမြင်ချင်ယောင်ဆောင်ပြီးဟားခါးကကျောင်းသူလေးနဲ.တွဲလို.ထွက်သွားပါတယ်။
ဒါနဲ. စားနေကျ ဒေါ်သန်းဆိုင်ဘက်ကို ကျွန်တော်သွားတော. ထွေးထွေး တို.နှစ်ယောက်နဲ.
” မ”တို.နှစ်ယောက်ဆိုတော.လေးယောက်သာထိုင်လို.ရတဲ.ခုံလေးက
နေရာလွတ်မရှိတော.ပါဘူး။
ကျွန်တော်လဲ မလှမ်းမကမ်း က အလွယ်တကူမြင်သာတဲ.နေရာမှာ ထိုင်ပြီး ထမင်းသုတ်ကို အချိန်ဆွဲပြီး ဖြည်းဖြည်းချင်းစားနေလိုက်ပါတယ်။
ခဏနေတော. သူတို.စားသောက်ပြီး တော.ကျွန်တော်ဘေးနားက ဖြတ်သွားကြပါတယ်။
ကျွန်တော်ကို ဘာလို.ဒီလို စိမ်းကားသွားတယ် ဆိုတာ မသိတတ်နိုင်အောင်ပါဘဲ။
ဒါနဲ.ညနေကျတော. အတန်းမတက်တော.ဘဲ စောပြီးဆင်းတတ်တဲ. ယုငယ်တို.ဆီသွားစောင်.နေလိုက်ပါတယ်။
သူတို. အတန်းဆင်းလို.ထွက်လာတော. တက္ကသိုလ်စာကြည်.တိုက်ဘေးလဲရောက်ရော သူတို.ရှေ.က ပိတ်ရပ်လို်က်ပါတယ်။
ကျွန်တော်က ” ဘာလို. ငါ.ကိုတမင်ရှောင်နေကြတာလဲ”လို.မေးလိုက်ပါတယ်။
ထွေးထွေးက “မဖြစ်နိုင်တော.လို.ပေါ. “လို. ခပ်ပြတ်ပြတ်လေသံနဲ.ပြောပါတယ်။
” နင်တို.စိ်တ်ဆိုးအောင်ငါဘာများလုပ်မိလို.လဲဟာ”လို.ခပ်ဖျော.ဖျော.လေသံနဲ.မေးလိုက်တော.
ထွေးငယ်ကဘဲ “ဒါကတော. ” မ”ရဲ.ဆုံးဖြတ်ချက်ဘဲ သူ.ကိုသာမေးကြည်.တော. အခုလိုနေတာက အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်ဟာ “လို.ပြန်ဖြေပါတယ်။
ကျွန်တော်. ကိုယ် ကျွန်တော် ပျောက်ဆုံးသွားတယ်လို.ထင်ရလောက်အောင်ကို ဟာတာတာကြီးဖြစ်သွားပါတယ်။
ဒါနဲ.နောက်နေ.မနက်ကျောင်းအရောက် ” မ”အတန်းထဲမဝင်ခင်မှာ ” မ”လို.ခေါ်လို်က်တဲ.အခါ
“ကိုထိ်န်ဝင်း “ကျွန်မနာမည် ” မ” မဟုတ်ဘူးလို. မျက်နှာထားတင်းတင်းနဲ.ပြောလိုက်တဲ.အချိန်
ကျွန်တော် တော်တော်လေးကိုရှက်သွားပါတယ် ။
ဘေးမှာလဲ ကျောင်းသားကျောင်းသူတွေ အပြည်.ကိုး။
ကျွန်တော် လည်းစိတ်ညစ်ညစ်နဲ.ကျောင်းတောင်ဘက်အပေါက်က ကုက္ကိုပင်ကြီးအောက်မှာ
တစ်ယောက်ထဲသွားထိုင်နေလိုက်ပါတယ်။
ဒါပေမဲ. ကျွန်တော် ဆုံးဖြတ်ချက်ချနိုင်ခဲ.ပါတယ်။
” မ”က ကျွန်တော်.ကို မဆက်ဆံဘဲနေမှ သာ သူ စိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော်က သူ.အလိုအတိုင်းရှိအောင်နေပေးမယ်ဆိုတဲ. ဆုံးဖြတ်ချက်ပါ။
ဒါနဲ.ဘဲ ကျွန်တော် ဟာ အတန်းထဲမှာ နောက်ဆုံးမှ ဝင်
ပြီးရင် အရင်ဆုံးထွက်နိုင်အောင် နောက်ဆုံးခုံမှာသာထိုင်ပါတော.တယ်။
” မ”တို.နဲ. ဝေးနိုင်သမျှဝေးအောင်ကြိုးစားလို.နေပါတယ်။
ဒါပေမဲ. တစ်တန်းထဲဆိုတော. လုံးဝမမြင်အောင်တော. ဘယ်နေနိုင်ပါမလဲ.။
တစ်ခါတစ်လေ တယောက်ယောက်က ကိုယ်.ကို ကြည်.နေသလိုခံစားရလို. ရုတ်တရက်လှည်.ကြည်.လို်က်ရင်
ဖျတ်ကနဲ. မျက်နှာလွဲသွားတတ်တဲ.” မ”ကို တွေ.ရတော. ပိုလိုတောင်နားမလည်နိုင်အောင်ပါဘဲ။
တစ်ခါတစ်ရံ ” မ”ကို ဇွတ်ဆွဲခေါ်လို. မေးလိုက်ချင်တဲ.ဆန္ဒက ရင်မှာ ရုန်းကြွလို.လာပါတယ်။
စိတ်ထဲမှာတော. စကတည်းက မဆုံဆည်းဖြစ်ရင်သိပ်ကောင်းမှာဘဲလို. မကြာမကြာတွေးမိပါတယ်။
အကြင်နာတွေ အယုအယတွေကို မသိမမြင်ခဲ.စဉ်က ဘယ်လိုမှ မဖြစ်ပေမဲ. ကိုယ်အပေါ်မှာ ကြင်နာတာ
ယုယတာတွေကို ခံစားတတ်အောင် ပေးပြီးမှ ခပ်စိမ်းစိမ်းနေပြလိုက်တော. ပိုခံစားရတာပေါ.ဗျာ။
တိုတိုပြောရရင် နောက်ဆုံးနှစ်ကျောင်းတက်ရက်တွေဟာ စိတ်ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ.ရပါတယ်။
ပိုဆိုးတာက အရင်နှစ်တွေက မခွဲစတမ်းနေခဲ.တဲ.နှစ်ယောက် က ဒီနှစ်စကားတောင်မပြောဘဲနေတယ်ဆိုတော.
ကျောင်းသားကျောင်းသူတွေရဲ. စကားဝိုင်းလေးတွေထဲမှာ “ဘာကြောင်.လဲ”ဆိုတဲ.မေးခွန်းလေးနဲ.အတူ
ထင်ရာမြင်ရာမှတ်ချက်လေးတွေနဲ.ရောပြီး သနားတဲ.အကြည်. နားမလည်နိုင်တဲ.အကြည်. လှောင်ချင်တဲ.အကြည်.
စတဲ. အကြည်.ပေါင်းများစွာရဲ.သားကောင်ဖြစ်ခဲ.ပါတယ်။
သိပ်ကိုမသိတတ်လွန်းသော လူတစ်ချို.ကတော. ဇွတ်ကို ဝင်ရောပြီး”ဘာကြောင်.လဲ”ဆိုတာကို မေးပေမဲ.ကျွန်တော်.အတွက် ပေးစရာ အဖြေကတော. No ပါ။
ကျွန်တော်မှာ အခုလိုတစ်ယောက်တည်းနေရလေ ကိုယ်.မှာ ဘာအပြစ်မှမရှိဘဲ အကြောင်းမဲ.သက်သက်
်ရက်စက်တယ်လို.ထင်လာလေ စိတ်ထဲမှာနာကျည်းလို.လာလေပါဘဲ။
ဒီလိုနဲ.ပဲနောက်ဆုံးနှစ် စားမေးပွဲကို ဖြေလို.ပြီးတဲ.အချိန်ကိုရောက်လာပါတယ်။
ခါတိုင်းနှစ်တွေဆိုရင် ရုပ်ရှင်ကြည်.မယ် ဟိုသွားမယ်ဒီသွားမယ်ဆိုပြီး အစီအစဉ်တွေဆွဲကြ လည်ကြပါတ်ကြနဲ.
ပြန်တွေးရင်တကယ်.ကိုလွမ်းစရာပါ။
ဒီနှစ်ကတော. တစ်ယောက်တည်းဘယ်မှမသွားဘဲအိမ်ပြန်ရုံပါဘဲ။
ဒါနဲ. ရုက္ခဗေဒအဆောင်နားက စက်ဘီးထားတဲ.နေရာကို ခေါင်းငိုက်စိုက်ချလို.လာနေတုံး
” ကောင်လေး”လို.ခေါ်သံကြားလို.မော.ကြည်.လိုက်တော. “မ” ပါ။
သူကစလို.
“နုတ်ဆက်ချင်လို.ပါ၊နောင်တွေ.ကြဘို.ဆိုတာ မရေရာတော.ဘူးလေ”လို.ပြောပါတယ် ဆက်ပြီးတော.
“ခုချိန်မှာ ကောင်လေး “မ”ကို စိတ်ဆိုးရင်ဆိုးနေမယ် စိတ်နာရင်လဲနာနေမယ် နောက်တော.နားလည်သွားမှာပါ
ဒါပေမဲ. တိုက်မိတယ်ဆိုရင် နှစ်ဖက်စလုံး နာကျဉ်ရ ခံစားရတာ အတူတူပါဘဲ”လို.ပြောပေမဲ.ကျွန်တော်ကတော.
စိတ်ခုနေတဲ.သူဆိုတော. ဘာမှပြန်မပြောဖြစ်ပါဘူး။
ထူးဆန်းတာကတော. တစ်ပေလောက်အကွာမှာ ရပ်ပြီးပြောနေတဲ. “မ”ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်အောင်ကို
ဝေဝါးနေသလိုပါဘဲ။
ကျွန်တော်က ဘာမှပြန်မပြောဘဲလှည်.ထွက်လာတော. နောက်ဘက်မှာကျန်ခဲ.တဲ. “မ”ဆီက ငိုရှိုက်သံ မသဲမကွဲကို
ကြားလိုက်ရပါတယ်။
ကျွန်တော်.မှာ လေထဲကိုလွင်.မျောနေတဲ.သူတစ်ယောက်လိုခံစားနေရပါတယ် ဘာကို မှလဲနားမလည်နိုင်တော.ပါဘူး။
ဒါပေမဲ. သူထွက်သွားရာဘက်ကို လိုက်ကြည်.လိုက်တော အမြင်မှာ ဘာမှမသဲကွဲဘဲ လောကကြီးဟာ ယာယီဝေဝါးလို.သွားသလိုပါဘဲ။
ဒါနဲ.ဘဲ စာမေးပွဲတွေပြီးသွားလို. အလုပ်ပြန်ဝင်တဲ.တစ်နေ.မှာ ကျွန်တော်.ဆီကိုဖုန်းဝင်လာပါတယ်။
ထွေးထွေး အသံမှန်းသိတဲ.အခါ ဖုန်းကို မပြောဘဲပြန်ချထားလိုက်ပါတယ်။
ပြောချင်စိတ်လဲ လုံးဝမရှိလို.ပါ။
သူတို.ပြန်သွားပြီးဇန်နဝါရီ လလယ်လောက်မှာ ထွေးထွေးဆီက စာရောက်လာပါတယ်။
ကျွန်တော် ဖောက်မဖတ်ဘဲ အံဆွဲထဲကိုထည်.ထားလိုက်ပါတယ်။
နောက်ဖေဖော်ဝါရီလဆန်းမှာ “မ”ဆီကိုစာရောက်လာပါတယ်။
ဒါကိုလည်းထွေးထွေးစာတုန်းကလိုဘဲပစ်ထားလိုက်ပါတယ်။
ဒါပေမဲ.စာကိုသာဖောက်မဖတ်တာ အရင်က “မ”နဲ.သွားခဲ.လာခဲ.ဘူးတာတွေကို ပြန်သတိရလာပါတယ်။
ကျွန်တော်.စက်ဘီးက ကယ်ရီယာမပါတဲ.ယောက်ျားစီးပါ။
ကျွန်တော်တို.နှစ်ယောက်အတန်းအားရင် “မ”သွားချင်တဲ.သူမိတ်ဆွေအိ်မ်တို.၊မဟာမြတ်မုနိ ဘုရားကြီးတို.၊ ညဈေးတန်းတို.၊တရုပ်တန်းဈေးမှာပိတ်စဝယ်ဘို.တို.ကို ခဏခဏသွားတတ်ကြပါတယ်။
စက်ဘီးရှေ.ဘားတန်းမှာ သူထိုင်ရင် အလိုလိုကျွန်တော်ရင်ခွင်ထဲကိုရောက်နေတယ်ဆိုတော. “မ”ရဲ.ကိုယ်သင်းနံ.
သနပ်ခါးနံ.လေးတွေဟာ ဘာဘဲပြောပြော အမောပြေဆေးလေးပါ။
ကျွန်တော်တို.ကျောင်းတက်တဲ.နှစ်မှာလဲ ထီးဆိုင်ရဲ.”မောတော.မောတာပေါ. ဒါပေမဲ.မမောဘူး “ဆိုတာလေးက ပူပူနွေးနွေးခေတ်စားနေတဲ.သီချင်းလေးပါ။
ဒါပေမဲ. ရင်ထဲမှာ နာကျည်းစိတ်ကတော. မပျောက်သလိုပါဘဲ။
ဒါနဲ.ဘဲ ကျွန်တော်တို. မန်းလေးသားတွေရဲ. အပျော်ရွင်ဆုံးသင်္ကြန်တစ်ရက်မှာ နောက်ဆုံးနှစ်တုံးက “မ”နဲ. အမြဲတွဲခဲ.တဲ.ဟားခါးက ချင်းမလေး မေရီနဲ. တောင်သမန်အင်းမှာ ပြန်တွေ.ကြပါတယ်။
ကျွန်တော်က အသိအမှတ်ပြုရုံ သာပြုံးပြလိုက်ပေမဲ. မေရီက ကျွန်တော်တို.ထိုင်နေတဲ. နေရာထိရောက်လာပြီး
“မ”နဲ.ပါတ်သက်လို.ပြောစရာတွေ အများကြီးလို.ပြောပါတယ်။
ကျွန်တော်က “အားလုံးပြီးသွားပါပြီ” လို.ပြောပေမဲ.လည်းသူက “ကောင်လေးမသိတာတွေအများကြီးပါ “လို.ပြန်ပြောရင်း နက်ဖြန် သူတည်းနေတဲ.နေရာကို လာခဲ.ဘို.လိပ်စာပေးလိုက်ပါတယ်။
သူနဲ.တွေ.တော.မှ ကျွန်တော်မသိတာတွေကိုသိရတော. ပိုလို.တောင်ခံစားရပါတယ်။
“မ”က နောက်ဆုံးနှစ်ကျောင်းတက်ဘို.အတွက် သူ.အိမ်ကို ကျွန်တော်နဲ.လုံးဝ မပါတ်သက်ပါဘူးလိုကတိပေးထားခဲ.ရတယ်တဲ.။
ဘာလို.လဲဆိုတော. မကြာခင်မှာ အိမ်က လူကြီးချင်းသဘောတူတဲ.သူနဲ. လက်ထပ်ရမယ်လို.သတ်မှတ်ပါသတဲ.။
“မ” ကိုယ်တိုင်ကလဲ ကျွန်တော်နဲ.ချစ်နေကြတယ်လို.အိမ်ကိုပြောပြီး လူကြီးတွေလပ်ထပ်ခိုင်းတဲ.သူကို အတင်းငြင်းတော.လူကြီးတွေက ပိုစိတ်ပူတာပေါ.။
နောက်သူတို.အိမ်ကလည်း ကျွန်တော်နဲ.အကြောင်းကို လည်းအားလုံးကသိနေတယ် ဒီတော.ကတိပျက်မှာလဲ အားလုံးက စိုးရိမ်ကြတယ်တဲ.။
ဒါပေမဲ.နောက်ဆုံးမှာ “မ” က ကျောင်းကိုတော.ပြီးအောင်တက်ပါရစေ လူကြီးတွေမျက်နှာပျက်အောင်မလုပ်ပါဘူး
ကျွန်တော်နဲ.လည်း အရင်လိုနေဘို.မနေပါဘူး စကားတောင်မပြောပါဘူးလို. ကတိတွေအထပ်ထပ်ပေးခဲ.ရပါသတဲ.။
ကျွန်တော်ကိုရဲ. အဓိကရည်ရွယ်ချက်က တော. ကျွန်တော်ကို မြင်ချင်တာရယ် နောက်ဆုံး အကြောင်းစုံဖွင်.ပြောပြချင်တာပါတဲ.
နောက်ပြီး ကျွန်တော်ကဖွင်.မပြောပေမဲ. ကျွန်တော်.ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုလဲလုံးဝသိပါသတဲ.။
ဒီနောက်ဆုံးနှစ်မှာ ကျွန်တော်က ဖွင်.ပြောမယ်ဆိုတာကိုလဲ သူရင်ထဲမှာ အလိုလိုသိနေပါသတဲ.။
ညတိုင်းလဲ ကျွန်တော်.အကြောင်းကို ပြောပြီး ငိုတတ်ပါသတဲ. နောက်ကျွန်တော်အပေါ်မှာ သက်သက်ဒုက္ခပေးသလိုဖြစ်သွားတယ်လို.လဲ အမြဲပြောပါသတဲ. အသေချာဆုံးကတော.ဘယ်သူ.ကိုယ်မှ
မချစ်ဘူးသော အချစ်နဲ.ကျွန်တော်ကိုတစ်ဘဝလုံးအတွက်တောင် ကြိုတင်လို.စိတ်ကူးတွေယဉ်ထားပါသတဲ.။
စာမေးပွဲနောက်ဆုံးနေ.ကျွန်တော်ကဘာမှပြန်မပြောဘဲ လှည်.ထွက်သွားတဲ.အချိန် ငိုကျန်ရစ်ပြီး ကျွန်တော်တစ်ယောက်ထဲ သွားထိုင်နေကျ ကုက္ကိိုပင်အောက်မှာ သွားလို.ငိုနေခဲ.သလို တစ်ညလုံးလဲမအိ်ပ်ခဲ.ပါဘူးတဲ.။
သူနဲ.အတုရောလို.ထွေးထွေးနဲ.ယုငယ်တို.တောင် ငိုကြပါသတဲ. သူနဲ.လက်ထပ်မယ်.သူကတော.ထွေးငယ်ရဲ. အကိုနဲ.ပါတဲ.။
ကျွန်တော်လည်း မေရီပြောတာတွေနားထောင်ပြီးတဲ.အခါ ရင်ထဲမှာ ဆို.တက်လာပါတယ်။
ဒါနဲ.ပဲအိမ်ပြန်ရောက်ရောက် မဖတ်ဘဲ ပစ်ထားလိုက်တဲ. စာတွေကို အပြေးအလွှားရှာလို.ဖတ်ပါတော.တယ်။
“မ” ရဲ.စာကတော.
“ကောင်လေး ”
မင်းဒီစာကိုဖတ်ရမယ်.အချိန်ဟာ “မ” ကတော.မိဘသဘောတူတဲ.သူနဲ.လက်ထပ်ပြီးလောက်ပါပြီ။
မင်းအနေနဲ.ယုယကြင်နာမှ.ကို မခံစားဘူးတဲ.သူကို ခံစားတတ်အောင်သင်ပေးပြီးမှ ပြန်သိမ်းသွားတော.ခံစားရခက်မယ်ဆိုတာကိုလည်းနားလည်ပါတယ်။
နာကျည်းနေမယ်ဆိုရင်တောင်”မ”က လက်ခံပါတယ်။
မင်းရင်ထဲမှာ ဘာတွေရှိခဲယတယ် “မ”ရင်ထဲမှာဘာတွေရှိနေတယ်ဆိုတာ နှစ်ယောက်သားဖွင်.ပြောမှသိရမယ်သူတွေမဟုတ်ဘူးဆိုတာ ပြောဘို.လိုမယ်မထင်ပါဘူး။
“မ” ကသိသိကြီးနဲ.သည်လိုလုပ်ခဲ.တာ မဟုတ်ဘူးဆိုတာကိုတော. မင်းနားလည်စေချင်ပါတယ်။
“မ” အနေနဲ.နောက်ဆုံးအချိန်အထိ ငြင်းဆန်ခဲ.ပါတယ် ဒါပေမဲ. မိဘကျေးဇူးတို. မိသားစုတစ်ခုလုံးရဲ.ဘဝတို.ဆိုတဲ.
စကားလုံးတွေကိုမလွန်ဆန်နိုင်ခဲ.တာကိုတော.ပျော.ညံ.တယ်လို.မထင်စေချင်ပါဘူး
မိဘရဲ. အခက်အခဲ ကို ဖြေရှင်းဘို.အတွက် “မ” စတေးခံလိုက်ရတယ်ဆိုတာကိုလည်း မင်းယုံကြည်စေချင်ပါတယ်။
မင်းကို ကျောင်းတက်နေတုံးက မပြောခဲ.တာက “မ” တို.နှစ်ယောက်လုံးစိတ်မထိန်းနိုင်ပါကို သိနေလို.ပါဘဲ။
“မ” ကမြန်မာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ.အတွက် မင်းကို ရင်ထဲက ချစ်နေမှာပါတို. ခန္ဒာကိုယ်ကို သာ သူ.ကိုပေးမှာပါတို.ဆိုတဲ. ဝတ္တုတွေထဲကလို ကတိမပေးနိုင်ပါဘူး ။
ကိုယ်.နဲ.တစ်သက်လုံးပေါင်းရမယ.်သူကို သစ္စာမဖောက်ပါဘုူး။
ဒါဟာမင်းကိုသိပ်ချစ်လွန်းလို.ပါနော်။
မင်းနဲ.”မ” ရဲ.အကြောင်းတွေကိုလည်း သူ.ကိုအကုန်ပြောပြထားပြီးသားပါ။
သူများပြောမှသိရတယ်ဆိုတာကို မဖြစ်စေချင်လို.ပါ.။
မင်းရဲ.ဘဝကိုလည်းကောင်းအောင်ဆောက်တည်နိုင်အောင်ကြိုးစားပါနော်။
ဘာဘဲဖြစ်ဖြစ် “မ” ကမင်းကိုတောင်းပန်ပါတယ်နော် ဒါပါပဲ။
နောက် ထွေးထွေးရဲ.စာကိုဖောက်ဖတ်တော.
“ကောင်လေးရေ ”
နင်ငါတို.ကိုစိတ်နာ စိတ်ဆိုးနေတယ်ဆိုရင်တောင် ငါတို.ကတောင်းပန်ပါတယ်။
ငါတို.လည်းနင်.ဘက်က ရပ်တည်ဘို.ကြိုးစားခဲ.ပါတယ်။
နင်နဲ.မပါတ်သက်ပါဘူးလို. ကတိပေးရတဲ.သူတွေထဲမှာ ငါတို.နှစ်ယောက်လဲပါပါတယ်။
နင်ငါတို.ကို လာ စကားပြောတဲ.နေ. ကအဆောင်ရောက်တော.နင်.အကြောင်းကို ပြောပြပြီး
သုံးယောက်စလုံးငိုကြတဲ.အခါ မဆိုင်တဲ.မေရီတောင်အဆစ်ပါလို. မျက်ရည်တွေနဲ.ပါဟာ။
ဒါပေမဲ.လူကြီးတွေက အားလုံးစီစဉ်ပြီး ငါတို. “မ” တို.က သိရတော.ဘယ်လိုမှ မတတ်နိုင်တော.ပါဘူး။
“မ” လက်ထပ်ရမဲ.သူက ငါ.အကိုနဲ.ပါ။”မ” ကတော.ငါတို.အကို ကိုအထင်လွဲနေပါတယ်။
အဖြစ်မှန်ကတော. “မ” ဖေဖေက သူ.မိတ်ဆွေ စီးပွားရေးသမားတယောက် ငွေ အခက်အခဲရှိနေတုံးမှာ
ခဏပါလို.ပြောတာနဲ. သူ.ရုံးကငွေကို ထုတ်ပေးလိုက်မိသတဲ.။
ဘာအထောက်အထားမှလဲယူမထားလိုက်မိဘူး။
ဖြစ်ချင်တော. အဲဒီလူက “မ” တို.အဖေဆီက ငွေယူပြီး မန်းလေးကိုအသွားမှာ ကားမှောက်တဲ.အထဲပါသွားသတဲ.။
ကျန်ရစ်တဲ.မိသားစုဆီက ပြန်တောင်းဘို.ကလဲ ဘာအထောက်အထားမှမရှိတော. အခက်တွေ.နေပါသတဲ.။
ရုံးက ငွေဆိုတော. စိုက်လျော်စရာမရှိဖြစ်နေချိန်မှာ တို.ဖေဖေက ပြေလည်အောင်ငွေစို်က်ပေးလိုက်သတဲ.။
ဒါပေမဲ.တို.ဖေဖေက သူစိုက်ပေးတဲ.ငွေကို အစကတည်းက ပြန်ယူဘုူိ.စိတ်ကူးမရှိပါဘူးတဲ.။
ဟိုအရင်ကတည်းက ခင်ခဲ.တဲ.မိတ်ဆွေအပေါ်မှာ ငွေက အရေးမကြီးဘူးလို.သဘောထားပါတယ်။
တိုက်ဆိုင်ချင်တော. ဖေဖေကလည်း သူတို.ဟိုအရင်ကတည်းက ထားခဲ.တဲ.နှတ်ကတိအတိုင်း
“မ” လည်းကျောင်းပြီးပြီသားကလဲ အရွယ်လွန်တော.မယ်ဆိုပြီး ပေးစားကြဘို.အစီအစဉ်တွေကို
တစ်ခါတည်းဆွဲလိုက်ပါတယ်။
ဒါပေမဲ. “မ” စိတ်ထဲမှာတော. သူ.ကို ငွေနဲ.သိမ်းပိုက်တယ်လို ထင်နေပါတယ်။
ဇာတ်လမ်းကလေးကတော.ဒါပါပဲ။
ဒါဆိုရင် နင်ခွင်.လွှတ်မယ်လို.ယူဆပါတယ်။
လူို.ရေးထားပါတယ်။
ကိုကြီးထိန်ဆက်ပြောတာကတော.
ကျွန်တော်ပထမဆုံးဓါတ်ပုံဆင်းရိုက်တာက “မ ” နာမည်ပါတဲ. ရုပ်ရှင်ရုံအဟောင်းပါ
ဒုတိယ ဓါတ်ပုံရိုက်တဲ.နေရာက “မ “ငယ်ငယ်ကနေခဲ.တဲ.အိမ်လေ
“မ ” နာမယ်လား “စိန်မေဝင်း”တဲ. “မ “မွေးတာက မေမြို.မှာ “မ ” ကျောင်းလာတက်တဲ.မြို.က မိုးမိတ်မြို.လေ
“မ “မေမေ ရဲ. မွေးရပ်မြေကတော. မိုးမောက် ပါဗျာ “လို. ပြောရင်းစကားကိုလက်စသတ်လိုက်ပါတယ်။
သူမပြောနဲ. ကျွန်တော်တောင်နားထောင်ရတာ နဲ.တင်ရင်ထဲမှာ ဆို.နင်.လို.လာပါတယ်။
ကျွန်တော်က ကိုကြီးထိန်က အခုထိ လူပျိုကြီး ဘဝနဲ.နေတာ “မ “ကိုမမေ့သေးလို.လားလို.မေးတော.
“တိုက်ဆိုင်ရင်တော.သတိရတာပေါ. အခုလို ဒီဇင်ဘာလတို. တစ်ခါတစ်ရံကျောင်းဘက်ကိုရောက်တဲ.အခါတို.ဆိုရင်တော.လည်း သတိရမိတာပေါ.။
အသစ်မရှာတာကတော. အရင်တစ်ခါလို ပေးပြီးမှ ပြန် ယူသွားမှာကို အခုထက်ထိကြောက်နေလို.ပါကွာ ”
ပြန်ဖြေပါတယ်။

အဖြေတွေကိုလည်းပေးပြီးပါ ပြီ ။
အော် ပေးမယ်.ဆုလက်ဆောင်လား
ဆယ်စက္ကန်.စီးရီးထဲမှာ ဂျယ်နီနဲ.စန္ဒီမြင်.လွင်တို.နှစ်ယောက် ဆိုထားတဲ.” ကြာပါတယ်ကွာ “သီချင်းထဲက
မင်းကို ??????????????? ပေးမယ်လို.ဆိုထားတဲ.အတိုင်းပေးမှာပါခင်ဗျာ။
စိတ်မကောင်းစရာလေးတစ်ခုတော.ဆက်ပြောလိုက်ပါအုံးမယ်။
ဒီဇာတ်လမ်းကို ကိုကြီးထိန်က ကျွန်တော.ကိုပြောပြတာ လွန်ခဲ.တဲ.(3)နှစ်လောက်ကပါ။
ကိုကြီးထိန်ကတော. မနှစ်က သည်လို တပိုတွဲလပြည်.နေ.မှာ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်လို.ဆုံးသွားပါပြီ။
သူလောကကြီး ထဲမှာ မရှိတော.လို.လည်း လွန်ခဲ.တဲ.နှစ်သုံးဆယ်က ဇာတ်လမ်းလေးကို ပြောပြတာပါ။
ကဲ ပုံပြင်လေးကတော.ဒါပါပဲကွယ်။