ယောက်ျားတွေဟာဘယ်လောက်ပဲကောင်းကောင်း

nyimalayJanuary 31, 20113min1277

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင်
> ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို
> သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။
>
>
>
> (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊
> ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို
> ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။
>
>
>
> (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
>
> သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။
>
>
>
> (၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ်
> ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့
> တကယ့်အလှဆုံးတွေဖြစ်တယ်။
>
>
>
> (၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် ….
> မေးပါရစေ…. စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ်
> မဟုတ်လား!
>
>
>
> (၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို
> ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။
>
>
>
> (၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း
> ပျော်ရွှင်ခြင်းတွေဖြစ်တယ်။
>
>
>
> (၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ
> မအားလပ်ချင်လို့ဖြစ်တယ်။
>
> တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ
> ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
>
> တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ
> အလေးမထားတော့လို့ဖြစ်တယ်။
>
>
>
> (၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ
> မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ
> မချစ်မိနိုင်ဘူး။
>
>
>
> (၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။
> ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့
> သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။
>
>
>
> (၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့်
> ယောက်ျားတွေက မဟုတ်ဘူး။
>
>
>
> (၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို
> မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။
>
>
>
> (၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့
> လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။
>
>
>
> (၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို
> နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။
> ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။
>
>
>
> (၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့
> သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။
>
>
>
> (၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ
> သင့်ကို နောင်တရစေလိမ့်မယ်။
>
>
>
> (၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင်
> ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။
>
>
>
> (၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင်
> လုံးဝ မအောင်မြင်နိုင်ဘူး။
>
>
>
> (၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ
> ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။
>
> ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက
> သင့်ကိုမချစ်လေ ဖြစ်တယ်။
>
>
>
> (၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေက
> ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့
> မကြိုးစားနဲ့။
>
>
>
> (၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့…..
> သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။
>
>
>
> (၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။
> ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
>
> ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။
>
>
>
> (၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊
> အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။
>
>
>
> (၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို
> ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို
> အထင်အမြင် သေးစေပါတယ်။
>
>
>
> (၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။
> လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။
>
>
>
> (၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊
> တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။
>
> ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို
> သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။
>
>
>
> (၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက်
> ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့်
> လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။
>
>
>
> (၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။
>
>
>
> (၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။
>
> မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။
>
>
>
> (၃ဝ) လမ်းခွဲချိန် မငိုနဲ့…. လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ သူ့ရှေ့မှာ
> မငိုပါနဲ့… သူ့ကွယ်ရာကျမှ ငိုပါ။
>
>
>
> မူရင်းရေးသားသူ– တရုတ်စာရေးဆရာမ *Eileen Chang *(September 30, 1920 –
> September 8, 1995)
>
>
>
>Translated By နိုင်းနိုင်းစနေ

Share By Forward Mail…………….

7 comments

  • manawphyulay

    January 31, 2011 at 2:21 pm

    (၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ
    > မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ
    > မချစ်မိနိုင်ဘူး။

    ဒီအချက်လေးကို ပြန်ရှင်းပြလို့ရမလား။ ချစ်တာနဲ့ နှစ်သက်တာ မတူဘူးလို့ မနော ခံယူထားမိလို့ပါ….
    နှစ်သက်တယ်ဆိုတာာက မိန်းကလေးရဲ့ ကိုယ်လုံးကိုယ်ပေါက် ကိုလား ဒါမှမဟုတ် မိန်းကလေးက ချောလို့ခဏတာ ကြည့်မိတာလား အဲဒါမျိုးပေါ့
    အပေါ်ယံအလွှာလို့မြင်ထားသလို ချစ်တယ်ဆိုတာ ရင်ထဲက တကယ့်မေတ္တာစစ်မေတ္တာမှန်လို့ ထင်မြင်ယူဆမိပါတယ်။

    • zawana

      February 1, 2011 at 1:26 am

      ယောက်ျားလေး တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ ( Sexy ) မိန်းကလေးတိုင်းကို အများစုက ကြိုက်ကြလေ့ ရှိပါတယ်။ ဒါကလည်း ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စား တတ်တဲ့ ဗီဇစိတ်ကြောင့် ဖြစ်နိုင်ပါတယ်။
      ဒါပေမဲ့ အချစ်ဆိုတာကတော့ ခွင့်လွှတ်တာတို့၊ အနစ်နာခံတာတို့ ပါလာပြီလို့ထင်တယ်။
      တခါတလေ ကျတော့လည်း ကိုယ်ကြိုက်တဲ့ အရည်အချင်းတွေ မရှိတဲ့ (ကြိုက်ချင်စရာ မကောင်းတဲ့) သူကိုပဲ အသည်းအသန် ချစ်နေမိပြန်တယ်။ ရေစက်ဆိုတာ မျိုးလားတော့ မသိဘူး။ ရင်ဘတ်နဲ့ ချစ်ဖူးတဲ့ သူတိုင်း သဘောပေါက်ကြမယ် ထင်ပါတယ်။

  • manawphyulay

    January 31, 2011 at 2:29 pm

    ခေါင်းစဉ်လေးကို နည်းနည်းပြင်လိုက်ရင် ဖတ်လို့ပိုကောင်းသွားမယ်ထင်တယ်နော်

    ယောက်ျားဟာလို့ သုံးမယ့်အစား ယောက်ျားတွေလို့ မြန်မာသဒ္ဒါမှန်ပြောင်းသုံးလိုက်ရင် ပိုပြီး စိတ်ဝင်စားမှု ပိုရှိသွားမယ်ထင်တယ် ကွေးပိစိလေးရေ….

  • Gipsy

    January 31, 2011 at 3:38 pm

    “ယောင်္ကျားဟာ ဘယ်လောက်ကောင်းကောင်း” မြန်မာစကားမို့ ခက်နေတယ်..စဉ်းစားကြည့်ပါ..
    စေ့စေ့တွေး ရေးရေးပေါ် ဖြစ်နေတော့….ပြောင်းသင့်ပါတယ်…
    (ရွာသားတွေက ဒီခေါင်းစဉ်ကို ဘဲ သဘောကျမယ် လို့တော့ထင်မိတယ်)..ဟဲ ဟဲ…..

  • zippo

    January 31, 2011 at 3:44 pm

    ဟာ.!!!!!!!!!! ဟုတ်ပါရဲ့…..။
    ကိုဂျစ် ပြောမှ တွေးမိတယ်…။
    မမပိရေ..ပြင်လိုက်ရင်ကောင်းမယ်နဲ့တူတယ်…။
    ..တော်ကြာ……….။

  • အမှတ်စဉ်(၉) ကို နားလည်သလိုပြောရမယ်ဆိုရင် ယောက်ျားစစ်စစ်တွေဟာ မိန်းမစစ်စစ်ဆိုရင် နှစ်သက်တာချည်းပဲ။ မုန်းကြည့်ဖို့ဆိုတာ တကယ်မလွယ်။ အဲ… ချစ်မိဖို့ကတော့ အတိတ်ဘဝက ဝဋ်ပါလာမှဖြစ်တာဗျ။ အဲဒါကို စကားလုံးလှလှလေးနဲ့ ဖူးစာလို့ခေါ်တာပေါ့။ မိန်းမတစ်ယောက်အပေါ် ဝဋ်ကြွေးရှိပြီဆိုလို့ကတော့ (ဥပမာ အတိတ်ဘဝတုန်းက သူ့ဆီက ကြွေးယူပြီး ပြန်မဆပ်ခဲ့တာမျိုး) ဒီဘဝ တစ်သက်လုံးလုပ်ကျွေးပေတော့။ သူ့ရှေ့ အလိုလိုနေရင်း ဒူးထောက်မှောက်ရက် လဲသွားတော့တာ။ ဒါဝဋ် ကြောင့်ပေါ့ဗျ။ နောက်တာနော့။ ချိတ်မချိုးရဘူး။

  • nyimalay

    February 1, 2011 at 2:51 am

    ပြင်လိုက်ပါပြီ နော်…………နောက်လည်းသင်ပြပေးကြပါနော်………….
    ပိစိကွေးလေးက ချိတ်မချိုးတတ်ပါ့ဘူး။ပိစိကွေးလေး အကို အမတွေက စေတနာနဲ ့ပြောတာ နားလည်
    ပါတယ်…………… 🙂

Leave a Reply