သင့်သွေးဖြင့် အသက်ကယ်ပါ

ၾကယ္ေလးJanuary 31, 20111min630

အရေးပေါ် အသက်ကယ်ရန်အတွက် အရေးတကြီး သွေးလိုနေသူများနဲ ့ မွန်မြတ်သော သွေးအလှူဒါနကို ဆောင်ရွက်ပေးလိုကြသူများအတွက် ပရဟိတ အများအကျိုးကို အခမဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုအကျိုးပြုလုပ်ငန်းအဖွဲ ့တစ်ဖွဲ ့မှ အသိပေးကြေညာချက် ဖြစ်ပါတယ်။ အရေးပေါ် အသက်ကယ်ရန်အတွက် အရေးတကြီး သွေးလိုနေသူများနဲ ့ မွန်မြတ်သော သွေးအလှူဒါနကို ဆောင်ရွက်ပေးလိုကြသူများအတွက် အချိန်မှီ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်စူးပြီး ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ ့ မန္တလေးတိုင်းတို့မှာ အဖွဲ့ခွဲတွေ ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းနဲ ့ဖေါ်ပြပါ နေရာဒေသတွေအတွင်းမှာ ရှိတဲ့ ဆေးရုံများမှ အရေးတကြီး အသက်ကယ်ဆယ်ရန် သွေးလိုအပ်ပါက ယခု လူမှုအကျိုးပြုလုပ်ငန်းအဖွဲ ့ကို ဆက်သွယ် အကြောင်းကြားသကဲ့သို ့၊ တစ်ဘက်မှလည်း သွေးလိုအပ်ပါက ဆက်သွယ်ရန် စာရင်းပေးထားတဲ့ သွေးလှူလိုသူ အလှူရှင် နဲ့ သွေးအမျိုးအစားကို ချိတ်ဆက်ပေးကာ အမြန်ဆုံး တိုက်ရိုက်သွေးလှူဒါန်းနိုင်စေရေးအတွက် အခမဲ့ အကျိုးပြု ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ယခုအခါတွင် သွေးပုလင်းပေါင်း နှစ်ရာကျော်ခန့် အနည်းဆုံး လှူပြီး ဖြစ်ပါတယ်။ လှူဒါန်းသော သွေးလှူရှင်များရဲ ့ မွန်မြတ်သော သွေးများကို အသည်းအသန် သွေးသွင်းရန်လိုအပ်နေသူ လူနာများအား ဦးစားပေးး ကူညီပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းအပါအဝင် ဖေါ်ပြပါဒေသများအတွင်းမှာ နေထိုင်လျက်ရှိကြသူများအနေနဲ ့ ဖေါ်ပြထားတဲ့ ဖုန်းနံပါတ်များထံ ဆက်သွယ်ပြီး သွေလှူဒါန်းဖို ့ စာရင်းပေးသွင်းထားနိုင်ကြောင်းနဲ ့ အချိန်မှီ အသက်ကယ်ရန် အမှန်တကယ်လိုအပ်နေသူများအနေနဲ ့ လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးထားပါတယ်။