ခြစားခြင်း

သင်ခြစားတာကိုတွေ ဘူးပါသလား

ခြတွေဟာပုန်းကွယ်လျှက်သွားလာလှုပ်ရှားတတ်သလို…..သင်ရဲ့တန်ဖိုးးရှိတဲ ပစ္စည်းများကိုအတွင်းပိုင်လှိုက်စားဖျက်စီးကြပါတယ်…

ကျွန်တော်တို့နိုင်ငံထဲက …ခြအုံသေးသေးလေးတစ်ခုအကြောင်းပြောပါမယ်….

B.S.W…သိတဲလူတစ်ချိုု့သိပါတယ်  B.S.W….ဆိုတဲဝင်းကြီးထဲမှာ…နိုင်ငံတစ်ကာကရောက်ရှိလာတဲ ကွန်တိမ်နာကြီးတွေရှိပါတယ်

သက်ဆိုင်ရာ..ကုမ္ပဏီကြီးတွေက သူပိုင်ဆိုင်ရာ ကွန်တိမ်နာတွေကို….အကောက်ခွန်ဝန်ထမ်းတွေနဲအတူ..စာရွက်စာတမ်းတင်ပြပြီးရှင်းလင်း

ထုတ်ယူကြရာမှာ..ဆိပ်ကမ်းအာဏာပိုင်အနေနဲလည်း လိုအပ်တဲ.ပစ္စည်းထုတ်ယူခွင့် တွေကိုလုပ်ဆောင်ပေးကြရာမှာ..ယင်းလုပ်ငန်းခွင်အတွင်း

ခြကောင်လေးအများအပြားလည်းသူနေရာနဲသူ ကိုက်ဝါးစားသောက်ဖို့…တာဝန်ယူကြပါတယ်

သင် ဂိတ်ပေါက်ဝစတင်ဝင်မယ်ဆိုရင်တော့ ဂိတ်စောင့်ဆိုသူက သင့်ရဲအိတ်ထဲက..တစ်ထောင်တန်တစ်ရွက်ကိုစတင်ကိုက်ဝါးပါမယ်

လည်ဆွဲဧည်ကဒ်ပေးသူကတော့..သင်ရဲ့ ငါးရာတန်ကိုစားပါမယ်

သင်ပစ္စည်းကိုသယ်ယူမယ်ကားဝင်ပေါက်က တော့…သင်ရဲတစ်ထောင်တန်တစ်ရွက်ကိုစားပါလိမ်မယ်

သင်အထဲကိုရောက်ပါပြီ………

သင့် ရဲ့ပစ္စည်းထုတ်ယူခွင့်စာရွက်ကိုတင်ပြရမယ့်ခြကောင်ကြီးကတော့ လက်မှတ်ထိုးပေးပြီး..သင်ရဲ့..တစ်ထောင်တန်ကိုစားပါမယ်

ပစ္စည်းထုတ်ယူခွင့်စာရင်ကိုရေးမယ့်…..ခြကောင်လေးကတော့…..သင်အိပ်ထဲကတစ်ထောင့်ငါးရာတိတိကိုကိုက်ဝါးဖို့စောင့်နေပါတယ်

ဆိပ်ကမ်းအသုံးပြုခွင်ကောက်ခံတဲ့..ငွေခန်းမှာတော့..သင်ဆီကသတ်မှတ်ချက်မရှိဘဲ…ရသလောက်ကိုကိုက်ဝါးပါတယ်..သင်အိတ်ကိုအမြန်ပိတ်ဖို့

ဆုံဖြတ်ချက်မြန်ရပါမယ်….

ဆိပ်ကမ်းအသုံးပြုခွင့်..ငွေများကောက်ခံထားပေမယ့်..ဆိပ်ကမ်းအတွင်းစစ်ဆေးရေးပလက်ဖောင်းမှာ..ပျက်စီးနေတ့ ဲလိပ်တံခါးများနဲကရိန်းများကို

ပြင်ဆင်နိုင်တဲ့……အင်ဂျင်နီယာများမွေးထုတ်နိုင်ခြင်း မရှိသေးတာကြောင့်….ဆယ်စုနှစ်တစ်ခုကြာသိမ်းဆည်းထားတဲဆိပ်ကမ်းငွေများဟာ

ပြင်ဆင်နိုင်မယ့်..အင်ဂျင်နီယာတစ်ဦး ဖန်ဆင်းပေးနိုင်ရန် ဘုရားသခင်ထံဆုတောင်းနေကြပါတယ်……………….

အဲ..သင့်ရဲ့ပစ္စည်းကိုစစ်ဆေးဘို့အတွက်ပလက်ဖောင်းမှာ.. တံခါးတွေများပေမယ်ဖွင့်လိုမရတာကြောင့်..လူအားသုံပြီးခြေကန်ဖွင့်ထားတဲ

သင့်ရာတံခါးပေါက်မှာပစ္စည်တင်ကားကို ဆိုက်ကပ်လိုက်ရင်တော့…သင်ထံကို……လုပ်အုံးလေ….ဆိုတဲ့စကားနဲအတူခြဝန်ထမ်းလေးရာက်လာပြီး

သင်ဆီက..တစ်ထောင်တန်တစ်ရွက်ကို..ကိုက်စားပါ့မယ်

100% စစ်ဆေးခြင်းကြောင့်သင့်ရဲ့ပစ္စည်းမျာ တင်/ခ ျရန်….အလုပ်သမားခများပေးသွင်းပြီးသော်လည်း…ယင်းငွေများဟာအလုပ်သမားဝန်ထမ်း

များနဲမသက်ဆိုင်သည့်အလား…လေဘာခြများဟာ  သင်ထံမှ တစ်သောင်းမှ နှစ်သောင်းခွဲအတွင်း ……ဆိုမါလီဓါးပြ များသဖွယ်..

ကိုက်ဝါးခွင်ရရေး ကျီးအာသလိုဝိုင်းစွာကြပါမယ်..(မှတ်ချက်)ဒီနေရာတွင်သင် ရန်တွေ့ကောင်းရန်အလွန်အရေးကြီးပါသည်..

ဒါတွေပြီရင်တော့…သင်ထုတ်ယူခွင်လက်မှတ်ရယူရပါမယ်…

ထုတ်ယူခွင်လက်မှတ်နှင့် ..သင်တင်ပြသောစာရွက်စာတမ်းရှိ….ရေးသားချက်စာလုံး အမှားအမှန်ကို…

ယင်းဝန်ထမ်းများက..ဆယ်တန်းမေးခွန်းစစ်သော..ကထိကများနယ်သေးချာစွာတိုက်ဆိုင်စစ်ဆေးရာတွင်…..သင် တစ်လုံးမှားနေပါသလား

ပြင်ဆင်ကြေးအဖြစ်သက်ညှာစွာ…သုံးထောင်ကျပ်ခန့်ကိုက်ဝါးသွားနိုင်ပါတယ်….

သင်ပစ္စည်းဂိတ်ဝကိုရောက်ပါပြီ…..ဂိတ်မှုးမှ..တက်ရောက်စစ်ဆေးရန်မတတ်သာသဖြင့်….စစ်ဆေးခွင့်ကို…တစ်ထောင့်ငါးရာကျပ်ဖြင်လဲလှယ်စေပါတယ်

ဧည်ကပ်ပြန်လည်အပ်နှံရာအနီးက..လုံခြုံရေးကလဲ..သင်ထံပြေးလာတာကိုတွေရရင်တော့…..တစ်ထောင်တန်တစ်ရွက်ကို ထပ်ထုတ်ထားပေးပါ

သင်ရောပစ္စည်းပါအပြင်ရောက်ချိန်မှာတော့…ဖုန်းဆက်ဖို့နဲ့….ဘတ်စ် ကားခ ငါးရာခန့်သာကျန်မှာဖြစ်ပါတယ်…

ကျန်တဲ့အသေးမွား..အစားခံရတာလေးတွေတော့ထည့်မရေးတော့ပါ…….

မိတ်ဆွေ  B.S.W ဝင်းထဲသွားရင်သတိထား…..သင်အိပ်ကပ်ကိုခြစားလိမ်မယ်

2 comments

  • အာဖျံ ကွီး

    February 1, 2011 at 5:18 am

    B.S.W ဝင်းမှမဟုတ်ပါဘူးဗျာ။ တခြားနေရာတော်တော်များများမှာလဲ ခြအုံတွေရှိပါတရ်။
    လာအာရင် သိပ်အဖက်လုပ်ပီးပြောမနေချင်တော့ဘူး။ ကျွေးပလိုက်တရ် … ခြစာ .. ရော.စားစမ်း …

    တခါတလေလဲ … “လား” ပေါင်းများစွားနဲ.စဉ်းစားမိတရ် …..

    ကျုပ်တို.ကိုယ်တိုင်က ခြတွေနဲ. ရင်းနှီးကျွမ်းဝင်နေမိပီလား ….
    ခြစာမကျွေးရင် အဆင်မပြေနိင်ဘူးဆိုတဲ့ အတွေးမှားလဲ ကျုပ်တို.ဆီမှာတွယ်ကပ်နေခဲ့ပီးပီလား … ခြတွေကိုတောင် ခဏခဏဗိုက်ဆာတတ်အောင် ကျုပ်တို.ကပဲ အကျင့်လုပ်နေမိလားလို. …..

  • nature

    March 29, 2011 at 3:09 pm

    မြန်မာပြည်ကမြန်မာ့နည်းမြန်မာ့ဟန်လို့ခေါ်မလား၊လ္ဘက်ရည်ဘိုးလို့ခေါ်မလား၊ RKလို့ခေါ်မလား၊လုပ်ငန်းအဆင်ပြေမြန်ဆန်ဖို့အတွက် နေရာတိုင်းမှာ သုံးနေကြရတာပဲ။
    သူတိ်ု့ကိုလည်းအပြစ်မတင်ပါနဲ့ သူတို့ရဲ့ လစာနဲ့ မိသားစုစားဝတ်နေရေးမှ မလောက်ငှပဲ။ ခုဆိုလစာမယူပဲfree လုပ်ပေးလို့ရပြီ။ RK နဲ့တင် မိသားစုစားဝတ်နေရေးလောက်တယ်။

Leave a Reply