မြန်မာအမျိုးသမီးဆိုတာ…….

manawphyulayJanuary 31, 20111min13811


အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘဝ ဖြစ်လာရတာကို ဝမ်းမနည်းပါဘူး။
ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘဝကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာ တိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား/သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။ က​ျွန်မဆိုလိုချက်က အလုပ်သွားတော့မယ်ဆိုရင် ထိုင်မသိမ်းဝတ်ပြီး သွားဖို့ ပြောနေတာမဟုတ်ပါဘူး။ အများအမြင် ညီအစ်ကိုမောင်နှမတွေနဲ့ နေနေတဲ့သူတွေဖြစ်တဲ့အတွက် အနေအထိုင် အဝတ်အစား အနည်းငယ် ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။ တချို့ဆို ခုနောက်ပိုင်းတွေ့ရတာ မြို့လယ်ခေါင်တောင် ဖင်ပေါ်ခေါင်းပေါ်ဖြစ်နေကြတာတွေ အတော်များလာ မြင်တွေ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲ နိုင်ငံများ မှားနေလား ထင်မိပါတယ်။ ဒါတောင် ရွှေတိဂုံဘုရားပေါ်တက်ရင် ဘောင်းဘီတို စကပ်တိုမဝတ်ရ ကန့်သတ်ထားတောင်မှ တက်ချင်တဲ့သူတွေက မနည်းမနော ရှိသေးတယ်။
ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မဝမ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအဝတ်အစား ဝတ်ပေးထားတာ ကျွန်မမြင်မိတော့ ဝမ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။
ကိုယ့်လူမျိုးမဟုတ်တဲ့သူ ဝတ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ဝန်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။ မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။…..

11 comments

  • narziparty2009

    January 31, 2011 at 6:53 pm

    အစ်မရေးတဲ.စာတွေကိုအားပေးပါတယ်ဗျာ
    မှန်လည်းမှန်ပါတယ်။မြန်မာမိန်းကလေးတစ်ချို.ကတော်တော်ကိုရိုင်းပျနေကြပါတယ်။ဒီအကြောင်းနဲ.ပတ်သတ်ပြီးကျွန်တော်လည်းရေးဖူးပါတယ်။တစ်ခါတုန်းကဆိုတော်တော်ကိုဝမ်းနည်းစရာကောင်းတယ်ဗျာ
    မြို.ထဲမှာလေနိုင်ငံခြားသားနိုင်ငံခြားသူတွေကမြန်မာအဝတ်စားတွေဝတ်ထားတယ်ဗျာမြန်မာကောင်မလေးတွေကကျတော.အတိုတွေအပေါ်တွေဝတ်ထားကြတယ်ဘယ်လောက်ဝမ်းနည်းစရာ
    ကောင်လိုက်တဲ.မြင်ကွင်းလည်းအစ်မစဉ်းစားသာကြည်.ပေတော.။နိုင်ငံတစ်နိုင်ငံရဲ.ယဉ်ကျေးမှုက
    မိ်န်းကလေးတွေပေါ်မှာအများကြီးမူတည်တယ်ဆိုတာသူတို.မသိလို.လားတော.မသိဘူး

  • shweminthar

    February 1, 2011 at 12:11 am

    ဓါတ်ပုံလေးတော့ ကြိုက်တယ်။
    မြန်မာ မန်းခလေးတွေ ဝတ်ပုံစားပုံ နဲ့ ပါတ်သတ်ပြီးကျနော် အမြင်ကတော့ သူ့နေရာ နဲ့သူ ကြည့်လို့ ကောင်းအောင် အမြင် မရိုင်းအောင် ဝတ်ရင် ဘဲ ကြည့်ရတာ အဆင်ပြေနေပါပြီ။
    ကိုဒီယားစတိုင်၊ ဘာစတိုင်၊ ညာစတိုင် ဒါတွေလဲ အားလုံးမြင်တွေ့ နေကြတော့ သူတို့လဲ လှချင်မှာပေါ့။ ဒီတော့ လိုက်တု ကြတာပေါ့၊ လိုက်ဝတ်ကြတာပေါ့။ နားလည်ပေးလိုက်ပါ။
    အမြင်မရိုင်းအောင် သူ့နေရာနဲ့သူ ဝတ်ကြရင်ဘဲ မဆိုးဘူးလို့ ပြောရမှာပါ။

  • ပို့စ်က တအားကောင်းတယ်ဗျာ။ တကယ်ပြောတာပါ။ မြန်မာပြည်ရာသီဥတုနဲ့၊ မြန်မာအမျိုးသမီးကိုယ်လုံးကိုယ်ပေါက် အချိုးအစားနဲ့ဆိုရင် မြန်မာအဝတ်အစား သာလျှင် အကောင်းဆုံး၊ အလှဆုံး၊ အယဉ်ဆုံးပါ။ ဟိုးအရင်ကလို ဘီးစပတ်ကြီးတွေ၊ လက်ရှည်ပွပွကြီးတွေ၊ ဒါမျိုးမဟုတ်တော့ဘူးလေ။ ဘလောက်စ်အင်္ကျ ီပုံဆန်းလေးနဲ့၊ ထမီရှည်ရှည်လေးနဲ့ဆိုရင် ရွက်ကြမ်းရေကြိုမိန်းကလေးတွေတောင် ကြည့်ကောင်းသွားတယ်။ ဆံပင်တိုတိုလေးနဲ့ဆိုရင်ကိုပဲ ရှင်းသန့်ပြီးလှနေတာ။

  • etone

    February 1, 2011 at 3:32 am

    တရုတ်တန်းဘက်ရောက်ရင်တွေ့ပါလိမ့်မယ် .. ပေါင်တိုမတွေ ၊ ဆပ်စလူးခါနေတာ …. မိန်းမချင်းတောင် နှစ်ခါပြန်ကြည့်ယူရတယ်… လှလွန်းလို့တော့မဟုတ်ပါ…ဒီလောက်အရှက်မဲ့တဲ့မျက်နှာ သေချာကြည့်ဦးမှဆိုပြီးကြည့်တာပါ ..။ သူတို့ကတော့ ဒီလိုကြည့်ခံရတာကို ဂုဏ်ယူနေတယ်ထင်ပါ့ ..။ ကမ်းခြေသွားလို့ ဒီလိုဝတ်စားဆင်ယင်မှူမျိုးက အထူးဆန်းမဟုတ်ပေမဲ့ .. ချမ်းနေတဲ့ဆောင်းညမှာ ပေါင်တိုတွေဝတ်ပြီး လျှောက်သွားနေတာက အမြင်ဆိုးပါတယ်…။ ဘုရားပေါ်ကိုလည်း ခိုးတတ်ပါတယ်… ပြီးတော့ မလုံမလဲထိုင်ပါတယ်…။ မြင်ရတဲ့လူက နောက်ကနေပြေးကန်ချင်စိတ်ကိုပေါက်ရောပဲ …။

  • winyungwe

    February 1, 2011 at 6:32 am

    သိပ်ကောင်းတဲ့စာသားလေးပါ…………
    အရမ်းပဲတန်ဖိုးရှိပါတယ်……………..

  • I am a cute girl.

    February 1, 2011 at 7:46 am

    အိမ်ကအဖေက စကပ် ၊ ဘောင်းဘီ မဝတ်ရ လို ့ အမိန် ့ထုတ်ထားလို ့ ၁ဝတန်းနှစ်ကတည်း စပြီး ထမိပဲ ဝတ်လာခဲ့ ပါတယ်။ အရင်ကတော့ သူများတွေဝတ်တာ ကြည့်ပြီး ဝတ်ချင်ခဲ့ပေမယ့် အခုတော့ ထမီဝတ်ရတာ အကြိ ုက် ဆုံးဖြစ် နေပြီ။ လုံခြုံပြီးလွတ်လပ်လို ့။

  • Yin Nyine Nway

    February 1, 2011 at 8:13 am

    ဟုတ်တယ် မြန်မာဆို မြန်မာပီပီလေးဝတ်စားတာကိုပဲကြိုက်တယ်
    ဘယ်လောက်ချောချော အတိုအထွာ ဝတ်ရင် မလှတော့ဘူး
    ဘယ်လောက်ရုပ်ဆိုးဆိုးယဉ်းယဉ်လေကကပိုလှတယ်
    သနပ်ခါးလေးနဲ့ဆို ပိုပြီးလှသွားတာပေါ့

  • thidakywewa1

    February 1, 2011 at 8:23 am

    အရမ်းကောင်းပါတယ် ။နောက်ပိုင်းမှာ လည်း အဲလိုမြန်မာယဉ်ကျေးမှုနဲ့ ပတ်သတ်တာလေးတွေ များများရေးပေးကြပါ ။ အားလည်းပေးတယ် ။ ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။

  • kai

    February 1, 2011 at 9:46 am

    ဂျပန်လည်း အနောက်တိုင်းကို အင်မတန်အတုခိုးတဲ့တိုင်းပြည်ပါပဲ..။
    ဂျပန်မတွေမှာလည်း …ပေါင်ပေါ်တာတွေများပါတယ်..။
    အထူးသဖြင့် အထက်တန်းကျောင်းသူတွေပေါ့လေ..။

    ဒါပေမဲ့ နေ့ကြီးရက်ကြီးဆို .. ကီမိုနိုတွေဝတ်ပြီး ထွက်ကြတာလည်းတွေ့ရတယ်..။
    ဒါက ..ရိုးရာထိမ်းသိမ်းတာပေါ့..။

    သာမန်အားဖြင့် ..ပေါင်ပေါ်နေတယ်..မလုံ့တလုံဆို … သိပ်တော့ဟန်မကျပါဘူး..။
    ရထားပေါ်မှာ .. လမ်းဘေးမှာ..ကားဂိတ်မှာ.. ကိုယ့်ကိုယ်သူများက အလကားနေရင်း..မျက်စိစားပွဲထိုင်သွားမှာမဟုတ်လား..။
    အထက်တန်းကျောင်းသူတွေကတော့ ..ပျော်ချင်ပါးချင်တာမို ့.. ငွေလိုချင်သမို ့..လူခေါ်ချင်တာမို ့ဒီလိုလုပ်နေတယ် ထင်မိပါတယ်..။
    ဒါပေမဲ့…။
    တက္ကသိုလ်ကျောင်းသူ။ သာမန်မိန်းကလေးတွေနဲ့.. ရုံးသွားတက်နေသူတွေက .. သပ်သပ်ယပ်ယပ်နဲ့.. ဝတ်ကြပါတယ်..။
    မီနီစကပ်နဲ့.. ကုပ်အကျီလေးနဲ့ဆိုတာမျိုုးတွေက..တိုကျို ရုံချိန်ဆို .. မမြင်ချင်အဆုံးပါပဲ..။ ကျက်သရေရှိရှိလှကြပါတယ်..။
    စနေ၊တနင်္ဂနွေ အလုပ်အားချိန်ဆိုရင်တော့ .. နည်းနည်းဆန်းလှလှလေးတွေ မြင်ရမှာပေါ့..။
    အလုပ်ချိန်ပြင်ပ .. ဆိုင်ရာဒိတ်တွေရှိကြတာကိုး..။

    မြန်မာပြည်ကိုလည်း .. ဒီလိုဖြစ်စေချင်တာပါ..။
    အခုလိုဖြစ်နေကြတာတွေက … လူငယ်တွေအများစု.. အလုပ်(အချိန်ပိုင်း၊အချိန်ပြည့်)မလုပ်ကြလို့ လို့ထင်မိပါတယ်..။
    လုပ်စရာအလုပ်ကို မရှိတာက တပိုင်းပေါ့..။
    နောက်ပိုင်း တိုင်းပြည်တိုးတက်လာတာနဲ့အမျှ .. ချိန်ဆပြောင်းလဲသွားမယ်ထင်မိပါတယ်..။

    အနောက်တိုင်း ကိုနှိုက်ကလည်း ..ရှေးကဆို..လေဒီတွေများ… ခြင်းတောင်းလိုဂါဝန်ရှည်ကြီးနဲ့.. ဦးထုတ်နဲ့.လက်အိပ်နဲ့လေ..။
    ဒီလိုပဲ..ခေတ်ရေစီးကြောင်းပေါ်အလိုက်သင့် မျောယင်း… အဆင်ပြေတာ ပြင်ယူလာရတယ်မဟုတ်ပါလား..။

  • manawphyulay

    February 1, 2011 at 11:45 am

    အခုလိုဖြစ်နေကြတာတွေက … လူငယ်တွေအများစု.. အလုပ်(အချိန်ပိုင်း၊အချိန်ပြည့်)မလုပ်ကြလို့ လို့ထင်မိပါတယ်..။

    ဦးခိုင်ရေ…………….. ဒီလိုဖြစ်နေတာဟာ ဒါနဲ့ မဆိုင်ဘူးလို့ မနော မြင်မိပါတယ်။ ပတ်ဝန်းကျင်နဲ့ အတုခိုးသင့် မသင့်နဲ့ပဲ ဆိုင်ပါတယ်။ အချိန်ပိုင်းအလုပ်တွေ လုပ်ချင်တဲ့သူတွေအတွက် တော်တော်များများ ရှိလာနေပါပီ လုပ်ချင်စိတ်ရှိဖို့ပဲလိုပါတယ်ရှင်။ ခေတ်ရေစီးကြောင်းလည်း ခေတ်နဲ့အလိုက် ဝတ်စားဆင်ယင်ပုံတွေ ရှိနေပါတယ်။ နောက်တစ်ချက်က ခင်ဘုန်းလိုပေါ့ ဝတ်တော့ မြန်မာဝတ်စုံ လူမြင်ကောင်းလား မကောင်းလားမစဉ်းစားဘူး။ အဲလိုဝတ်တာကျတော့လည်း ဘယ်လိုပြောရမှန်းတောင်မသိဘူးဖြစ်နေတယ်။

Leave a Reply