shenzhen ဆိပ်ကမ်း

weiweiJanuary 31, 20112min926

တရုတ်ပြည် ကွမ်တုံးပြည်နယ်က shenzhen (深圳) ရှန်းကျန့်မြို့ကို ရောက်ရင်း ဆိပ်ကမ်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ဟောင်ကောင်နဲ့ အနီးဆုံးဖြစ်တဲ့ ရှန်းကျန့်မြို့ကလေးက အလွန်ခေတ်မှီလှပတယ်။ ဆိပ်ကမ်းကို ရေထဲကနေ သင်္ဘောအသေးလေးနဲ့ လှည့်ပတ်ပြသပါတယ်။ တရုတ်ပြည်မှာ ရှန့်ဟိုင်ဆိပ်ကမ်းနဲ့ ဟောင်ကောင်ဆိပ်ကမ်းပြီးရင် တတိယအလုပ်အဖြစ်ဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ ဆိပ်ကမ်းအရှည် ကီလိုမီတာ ၂၆ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ အပိုင်းပိုင်းဖြစ်နေတယ်။ ပင်လယ်ရေ စိမ်းစိမ်းနဲ့ ကုတင်သင်္ဘောတွေ ကွန်တိန်နာတွေ အများကြီးကို မြင်ရတာ မြင်ကွင်းလှလို့ အားလုံးကြည့်ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

6 comments

  • ဆူး

    January 31, 2011 at 3:10 pm

    ကောင်းကင်ပြာကို ဘယ်သူများ ဆေးအရောင်ခြယ် ဆိုသလိုဘဲ..
    ရေတွေကလည်း စိမ်းပြီး ပြာနေတာဘဲ။
    လှတယ်။

  • kopauk mandalay

    January 31, 2011 at 3:48 pm

    ကျနော်ကတော့ ရေပြာပြာ တိ်မ်ပြာပြာမြင်ရင်သိပ်သဘောကျတယ်ဗျာ။
    မဝေက အတော်ကံကောင်းတယ်ပြောရမယ် သာယာတယ်ဆိုတဲ့နေရာမှန်သမျှ
    မဝေကရောက်ရောက်သွားတယ်။
    သာယာတဲ့နေရာကိုအလိုလိုရောက်တာလား?
    မဝေကဘဲ သာယာတဲ့နေရာကို ရွေးသွားတာလား?
    ဘာဘဲပြောပြာ ပုံလေးတွေ မျျဝေပေးတာ ကျေးဇူးပါ။

  • weiwei

    January 31, 2011 at 4:00 pm

    အလိုလိုတော့ ဘယ်ရောက်သွားမှမလဲ ကိုပေါက်ရယ် …
    ကံဆိုတာ လူကလုပ်တာဆိုတော့ မရောက်ရောက်အောင် ဖန်တီးရတာပေါ့ ..

  • ဆူး

    January 31, 2011 at 4:13 pm

    ဆူး ကတော့ မဖန်တီးပါဘူး လေယာဉ် ပေါ်ရောက်တာနဲ့ မျက်စိမှိတ်ထားလိုက်တယ်.. ဟော.. လေယာဉ် ရပ်တော့ အောက်ဆင်းလိုက်တော့ ရောက်နေပြီ။ တနေရာကနေ တနေရာ ရောက်အောင် ဆူး ဖန်တီးတာ မဟုတ်ဘူး လေယာဉ်မှုးတွေ ဖန်တီးတာ ဆူး က အလိုက်သင့် နေတာဘဲ ရှိတယ်။ 😛

  • bigcat

    February 3, 2011 at 3:01 am

    မြန်မာပြည်ဆိပ်ကမ်းတွေက အလုပ်အများဆုံးတဲ့၊ စက်မသုံးဘဲ လူအားသုံးနေရလို့။

Leave a Reply