ချုးိမဖျက်ဘဲ တိုးထွက်ခွင်.လေးပေးလိုက်ရအောင်

တစ်ရက် ကိုဆွေတို.အိမ်ကို ရောက်လို.ထိုင်စကားပြောနေကြတုန်း ကိုဆွေအမျိုးသမီး မနွယ်ရယ် သူ.သားမောင်ဇော်တို.က အထုပ်အပိုးတွေနဲ.ပြန်လာကြတာကိုတွေ.ရပါတယ်။
မနွယ်က “ကိုပေါက်ကြီး ရောက်တာကြာပြီလား သားအတွက် အကီင်္ျလုံချည်တွေလိုက်ဝယ်ပေးရတာလေ “လို.နှုတ်ဆက်ပြောပြောပါတယ်။
ကျနော်စိတ်ထဲမှာ တော. ဘွဲ.ရလို. အလုပ်တောင်လုပ်ရမယ်.အရွယ်ရောက်နေတဲ. လူငယ်တစ်ယောက်ကို မိဘက ကလေးပေါက်စတစ်ယောက်လို အဝတ်အထည်လိုက်ဝယ်ပေးတာ
ကို ဘဝင်မကျပါဘူး။
သူတို.နဲ.မာကြောင်းသာကြောင်း စကားစမြည်ပြောပြီးအိမ်ပြန်လာခဲ.ပါတယ်။
ဒါနဲ.အိမ်ပြန်ရောက်လို.ထမင်းစားပြီး စာဖတ်မယ်လို.လုပ်တော. နေ.လည်က ကိုဆွေတို.အကြောင်းစိတ်ထဲကိုထပ်ရောက်လာပါတယ်။
မနွယ်တို.ကိုဆွေတို.မှာက သည်သားလေး တစ်ယောက်ထဲရှိပါတယ်။
ချစ်လွန်းလို. အရိပ်တကြည်.ကြည်.နဲ.ပါ။
ငယ်ငယ်လေးထဲက သူတို.မျက်စေ.အောက်မှာဘဲ နေရ ရှာတာပါ။
သည်ကလေးခမျာမှာ အိမ်ထဲမှာဝယ်ပေးထားတဲ. သက်မဲ.အရုပ်တွေနဲ.ဘဲကြီးပြင်းရပါတယ်။
ရွယ်တူ သူငယ်ချင်းတွေနဲ.ပေးမကစားပါဘူး ထိခိုက်မှာ စိုးတာရယ် အပေါင်းအသင်းမှားပြီးပျက်စီးမှာစိုးတာနဲ .ဘဲ ကလေးလေးမှာသူငယ်ချင်းဆိုတာကိုမရှိတော.တာပါ။
ကျောင်းတက်ပြန်တော.ရော မနွယ်ကိုယ်တိုင်စာသင်ခန်းထဲ လိုက်ဝင်ပြီးစာမသင်တာဘဲရှိတယ် သားကိုကျောင်းအပြင်ကနေစောင်.တာ ဆယ်တန်းအောင်အထိပါဘဲ။
တက္ကသိူလ်တက်ပြန်တော.လဲ အိမ်က လိုက်ပို. လိုက်ကြို ဟိုထဲလဲမပါရ သည်အထဲလဲမဝင်ရ ကျောင်းနဲ.အိမ် အိမ်နဲ.ကျောင်းပါဘဲ။
ရုပ်ရှင်ကြည်.ချင်သလား အိမ်က အဖေအမေနဲ.အတူသွားကြည်.တယ်။
ရုပ်ရှင်ခွေဝယ်ချင်သလား သီချင်းခွေဝယ်ချင်သလာ းမြန်မာကား ကြည်.ချင်သလား အမေကိုယ်တိုင်လိုက်ဝယ်ပေး လိုက်ငှားပေးပါတယ်။
ကလေးက စာတော်ပါတယ် တနှစ်တစ်တန်းလဲအောင်ပါတယ် လိမ္မာတဲ.အထဲလဲပါ ပါတယ်။
ဒါပေမဲ.စာရယ် အဖေရယ် အမေရယ်ကလွဲလို. ဘာမှမသိသော ကလေးတစ်ယောက်ဘဝကိုအလိုလိုရောက်သွားပါတော.တယ်။
ကလေးကလဲ ဘာလုပ်လုပ် အမေမပါရင် မလုပ်တတ်တော.တဲ. ကလေးတစ်ယောက်ဖြစ်ပြီး သူ.မှာရှိတဲ. ကိုယ်ပိုင် အစွမ်းအစတွေ အရည်အချင်းတွေကို အသုံးမချတတ်
လောက်အောင်ကိုပျောက်ဆုံးသွားပါတော.တယ.်။
ကျနော်နဲ။အင်တာနက်မှာ စကားပြောနေကြ ကိုဖြိုးက သူကြုံရတာလေးကိုပြောပြပါတယ်။
တစ်ရက်သူတို.သူငယ်ချင်းတစ်စု တောင်သမန်အင်းကို အလည်သွားကြပါသတဲ.။
မှတ်မှတ်ရရ သူတို.ဆယ်တန်းစာမေးပွဲဖြေပြီးတဲ.နောက်တရက်မှာ သူငယ်ချင်းတွေစုပြိးလည်ကြတုံးကပါတဲ.။
သူတို.သူငယ်ချင်းတွေက ရောက်တုန်းရောက်ခိုက်မှာ အင်းထဲမှာလှေစီးကြဘို.တိုင်ပင်ကြပါသတဲ.။
တောင်သမန်အင်းရောက်ရင် လှေမစီးရ ရေဆင်းမကူးရလို. မိဘတွေက မှာလိုက်တာကိုး။
ဒါပေမဲ. နောက်မှအဆူခံမယ် လောလောဆယ်တော. ပျော်လိုက်ရအောင်ဆိုပြီးလှေငှားလို.စီးဖြစ်ကြပါတယ်။
အဲဒီလိုသူတို.လှေစီးနေတုန်းမှာ တိုးရစ်မိသားစုတစ်စုကလည်းသူတို.လိုလှေစီးနေပါသတဲ.။
သူတို.က အဖေရယ် အမေရယ် အပျိုပေါက် ကောင်မလေး တစ်ယောက်ရယ် 8နှစ်သားကလေးတစ်ယောက်ရယ်ပါ။
စီးနေရင်း ရေလယ်မရောက်တစ်ရောက်မှာ8နှစ်သားကလေး က ရေဆင်းကူးချင်တယ်လို.သူ.အဖေကိုပူဆာပါသတဲ.။
အဲဒီအခါမှ ကလေး အဖေက လှေသမားကို ရေနက်မနက် လက်ဟန်ခြေဟန်နဲ.မေးပါသတဲ.။
အချိန်ကနွေခါ မတ်လဆိုတော.အင်းထဲမှာရေကလည်းနည်းပါတယ် လှေသမားက ရေသိပ်မနက်ဘူးလို.လဲ အချက်ပြလိုက်ရော ကလေး ကို သူ.အဖေက အဝတ်တွေချွတ်ပြီးရေဆင်းကူးခိုင်းပါသတဲ.။အမေတွေ အမတွေကလည်း လက်ခုပ်လက်ဝါးတီးလို.အားပေးပါသတဲ.။
တော်တော်ကြာကြာလေး ရေးကူးပြီးသွားတော. ကလေးလေး က ပြုံးပြုံးရွှင်ရွှင်နဲ.ရေထဲကပြန်တက်လာပါသတဲ.။
သူတို.သူငယ်ချင်းတွေစိတ်ထဲမှာတော. သူတို.မိဘတွေနဲ.သား သွားတုန်းသည်ကလေးလို ရေကူးချင်တယ်ပူဆာလို.ကတော. ကျောပြင်ကို ဗျောတင်ခံရမှာ အသေအချာဘဲလို.တွေးနေကြပါသတဲ.။
ကျနော်တို.မြန်မာမိသားစုတော်တော်များများသည် သားသမီးကို ချစ်ပုံတွေမှားနေတယ်လို.ဘဲမြင်ပါတယ်။
နေရာတကာမှာ ကို အစိုးရိမ်ပို လွန်း အကြောင်.အကျများလွန်း တော. ကလေးတွေကို ထိ်န်းချုပ်တာတွေက လိုတာထက်ပိုများလာပါတယ်။
မှန်ပါတယ် ကလေးတွေကို စောင်.ရှောက်ရမှာ မိဘဝတ္တရားဆိုတာကတော. မှန်ပါတယ်။
အတိုင်းအတာတစ်ခုထိတော.လမ်းမှားမရောက်အောင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခို်က်မူ.မရှိအောင် ကာကွယ်စောင်.ရှောက်ပေးရမှာပါ။
ဒါက လူမမယ် မသိတတ်သေးခင် အချိန်မှာပါ။
သိတတ်ပြီဆိုတာနဲ. ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်.တာဝန်ကို်ယ်ထမ်းနိုင်အောင် ထမ်းဆောင်ချင်တဲ.စိတ် ထမ်းဆောင်ဘို.တာဝန်ရှိတယ်ဆိုတဲ.စိတ်ကလေးဝင်လာအောင် နည်းနည်းချင်း ခိုင်းပေးရမှာဖြစ်ပါတယ်။
အခုတော. မိဘတော်တော်များများ က ကလေး က ကူလုပ်မယ်ဆိုရင်တောင် ” မလုပ်နဲ. နေရာတကာမပါနဲ. ကလေး ကလေး လိုနေစမ်း”ဆိုပြီးပိတ်ပင်တတ်ပါတယ်။
နောက်ဘယ်နေရာမဆို မလုပ်စေချင်တဲ.ကိစ္စတွေဆိုရင် နားလည်အောင် အကျုးိအကြောင်းနဲ.ရှင်းပြဘို.ထက် အာဏာသုံးလို.ပိတ်ပင်တာများပါတယ်။
သည်အခါမှာကလေး တွေက အကျိုးအကြောင်းဆီလျော်စွာစဉ်းစားတတ်တဲ.အကျင်.ကောင်းကလေးကပျောက်သွားပြီး ထားရာနေ စေရာသွားဘဝကို ရောက်သွားပြန်ပါရော။
နောက်ကလေး သဘာဝ သိချင်လို.မေးရင် မဖြေဘူးတဲ.အပြင် လျှာရှည်တယ်ဆိုပြီးခေါင်းတောင်ခေါက်လွှတ်လိုက်သေးသဗျာ။
ဒီတော ကလေးတွေကလည်း မေးမြန်းစူးစမ်းတယ်ဆိုတယ် စိတ်ကလေးက လေထဲလွင်.ပါသွားရော။
ဟောအရွယ်ရောက်လာလို.များ ကလေး ကို အိမ်အလုပ်ကိုခိုင်းမယ် မှတ်မနေနဲ. ကလေးကလုပ်မယ်ဆိုရင်တောင် မယုံတာလိုလို ကလေးကဘဲအဖြစ်မရှိတာလိုလိုနဲ.
ကလေးကိုလုပ်ငန်းထဲအဝင်မခံပြန်ဘူး။
သည်တော.လဲ ကလေးက လူပိုတစ်ယောက်လို ဖြစ်သွားပြီးလပ်ယားလပ်ယားနဲ.လယ်ရာပြန်စားရေး အဆင်.ရောက်သွားပြန်ရော။
ကျနော်တို.နိုင်ငံသည် အနောက်နိုင်ငံက အမူအကျင်.အတို်င်းအားလုံးကိုလိုက်အတုယူစရာမလိုပါဘူး။
ကျနော်တို.လူနေမူ.စနစ်မှာလဲ ကောင်းတာတွေအများကြီးပါ။
ခေတ်နဲ.လိုက်လျောညီထွေဖြစ်အောင် ကလေးတွေအတွက် စဉ်းစားပေးစေချင်တာပါ။
နိုင်ငံခြားကလို 18နှစ်ပြည်.တာနဲ.အိမ်ပေါ်ကဆင်း ကိူယ်.ထမင်းကိုယ်ရှာစားလို.တော. မလုပ်ခိုင်းပါဘူး။
သူတို.ကို ကိုယ်ပိုင်စဥ်းစားခွင်.လုပ်ပိုင်ခွင်.လေးတွေကို ကိုယ်ရဲ.ထိန်းချူပ်မူ.အောက်ကနေ ပေးစေချင်တာပါ။
ကျနော်တို.ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူအိမ်က မိဘတွေက သိပ်ကို အအုပ်အချုပ်တော်တယ်ပြောရမလား စည်းကမ်းကောင်းတယ်ပြောရမလားပါဘဲ။
အပီကို ငြိမ်အောင်ထိန်းထားနိုင်ခဲ.ပါတယ်။
ဒါနဲ.ဘဲဆယ်တန်းအောင်လို. တစ်ခြားမြိူ.မှာကျောင်းလဲ တက်ရော ပျက်စီးသွားလိုက်တာ အဖတ်ဆယ်လို.ကိုမရတော.ပါဘူး။
ဒါက ကလေး ကို ချုပ်ချယ်လွန်းအားကြီးတော. မျက်ကွယ်မှာလဲရောက်ရော ကိူယ်.ကိုယ် ကို ဘယ်လိုမပျက်အောင်ထိန်းရမယ်ဆိုတာကို မသိတော.တဲ.ရလာဒ်ပါ။
လူငယ်သဘာဝဆိုတာ ပိတ်ပင်ရင်ပိုလုပ်ချင်ပါတယ် မတရားတားဆီးထားရင် ရှေ.ကိုဇွတ်တိုးချင်ပါတယ်။
မလုပ်ရဘူးလို.ပြောရင် သူတို.ကိုမယုံကြည်ဘူး အထင်သေးတယ်လို.စိတ်ထဲမှာထင်ပါတယ် ။
ဒါကြောင်.လဲ “ထွက်ပေါက်တွေပိတ်မထားပါနဲ.” တို. “တံခါးဇွင်.ပေး”ဆိုတဲ.သီချင်းတွေပေါ်လာတာပေါ.။
ကလေးတွေကို ပိတ်ထားလို. ချိုးဖျက်ပြီးမှထွက်တယ်ဆိုရင် ပိတ်ထားသော တံခါးလဲပျက်ပါမယ် ကလေးလဲ အနာတရဖြစ်ပါမယ်။
သူတို. အလွယ်တကူ တိုးထွက်လို.ရအောင် ကျနော်တို.ကဘဲတံခါးလေးတွေဖွင်.ပေးမယ်ဆိုရင် တော.အတိုင်းထက်အလွန်ပါဘဲ ။
ကျနော်ဖြစ်စေချင်တာကတော. ကျနော်တို.မိဘတွေကနေပြီးတော.
(1) ကလေးတွေကို အာဏာသုံးပြီးမပိတ်ပင်ဘဲ ဘာကြောင်.ခွင်.မပြုရသလဲဆိုတာကို ပြေပြေလည်လည်လေးရှင်းပြမယ်ဆိုရင်
(2)သူတို.လေးတွေကိုလည်း လွတ်လပ်ခွင်.အထိုက်အလျောက်ပေးထားပြီး ကိုယ်ပေးထားသောလွတ်လပ်ခွင်.ကို ပျောက်မသွားအောင် ကိုယ်ဘာသာကိုယ်ထိန်းသိမ်းတတ်တဲ.အကျင်.ရအောင် လုပ်ပေးမယ်ဆိုရင်
(3) အလုပ်ကိစ္စဖြစ်စေ အိမ်ရဲ.ကိစ္စမှာဖြစ်စေ ကလေးတွေကို လူရာသွင်းပြီး ဝိုင်းပြီးစဉ်းစားခိုင်းပြိး သူတို.ပေးသော အကြံဉာဏ်လေးတွေကိုလဲ အလေးထားမယ်ဆိုရင်
(4)ကလေးတွေကို လုပ်ငန်းတွေကို ဝင်ပြီးလုပ်ခွင်.ပေးမယ် သူတို.လေးတွေ နားမလည်လို.အနည်းအပါးမှားတာကို လည်းခွင်.လွတ်လို. သူတိုကောင်းတာလေးတွေကိုရွေးပြီးချီးမွမ်းပေးမယ်ဆိုရင်
(5)ကလေးတွေလူငယ်ပီပီ ခေတ်နဲ.အညီဝတ်ကြစားကြ နှစ်သက်တာလေးတွေဟာ အများအမြင်မတင်.တယ်လောက်တာကလွဲလို. ကျေကျေနပ်နပ်လေးလို်က်လျောပေးမယ်ဆိုရင်
(6)ကလေးတွေဘက်ကလဲ အချောင်ခိုပြီး မိဘလုပ်စာကိုသက်တောင်.သက်သာလေးထိုင်မစားဘဲ ကိုယ်ပိုင်အစွမ်းအစလေးတွေပေါ်လွင်အောင်
လူကြီးတွေက ကိုယ်အပေါ်မှာ ယုံကြည်လာအောင် လုပ်ပြမယ်ဆိုရင်
(7) နေရာတကာမှာ ပေါ.ပေါ.လေးမနေဘဲ တိုးတက်အောင် အမြဲကြံဆောင်နေမယ်ဆိုရင်

ကျနော်ပြောပြနေတဲ. ဆိုရင် (7)ချက်ကို စိတ်ကူးယဉ်တယ်နေတယ်လို.တော. မထင်လောက်ပါဘူး။
ဒီဆိုရင်လေးကို ကျနော်တို.လူကြီးတွေရော လူငယ်တွေကပါလက်ခံလို. စမ်းလုပ်ကြည်.မယ် ဆိုရင်………………………………………………………..

2 comments

  • susunosuki

    April 20, 2010 at 1:36 pm

    လူကြီးလူငယ် ပဋိပက္ခက ဘယ်တော့မှ မပြီးဘူးဗျ
    အရင်တုန်းက လည်း အရင်အလျောက်
    ခုလည်း တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေတာပဲ

  • Shwemannmay

    May 18, 2010 at 6:29 am

    လူကြီးလူငယ် ပဋိပက္ခက ဘယ်တော့မှ မပြီးသလို ဒီလိုနည်းလမ်းတွေကလည်း အကျိုးမဲ့တော့မဖြစ်ပါဘူး
    ကလေးတွေကို ထိုက်သင့်သလို နေရာပေးဆက်ဆံတာတော့ ကောင်းပါတယ်

Leave a Reply