မိန်းကလေးများကိုယ်.သိက္ခာကိုယ်မှမထိန်းဘယ်သူကထိန်းမှာလဲ?

ေရႊဘိုသားJanuary 31, 20111min12911

အခုဒီခေါင်းစဉ်လေးနဲ.ပို.စ်တင်လိုက်တာကတော.ကိုယ်တွေ.ဖြစ်ရပ်လေးရယ်တလောကဖတ်လိုက်ရတဲ.

စာစောင်ထဲကသတင်းတစ်ပုဒ်ကြောင်.ပါအဓိကပြောချင်တာကတော.မိန်းကလေးတွေအနေနဲ.မိမိကိုယ်မိမိမှ

တန်ဖိုးမထားရင်တစ်ခြားဘယ်သူမှတန်ဖိုးထားမှာမဟုတ်ပါဘူးဆိုတာပါ။စာစောင်ထဲမှာဖတ်ရ

တဲ.သတင်းကတော.တော်တော်လေးကိုမတွေးတတ်အောင်ဖြစ်မိပါတယ်။မိန်းကလေးငယ်တစ်ယောက်က

အွန်လိုင်းကနေကောင်လေးတစ်ယောက်နဲ.သူငယ်ချင်းဖြစ်တယ်။ကောင်လေးကဘီယာတူတူသောက်ရအောင်

ဆိုပြီးချိန်းတော.သွားမိလို.ဘဝပျက်ရတဲ.အကြောင်းပါ။စာစောင်ထဲမှာပါတာကတော.ကောင်လေးကချိန်းတော.

ကောင်မလေးကညနေဘက်မှာကောင်လေးလာခေါ်မယ်ပြောတဲ.နေရာမှာသွားစောင်.နေပါတယ်လာတော.

ကောင်လေးကသူ.သူငယ်ချင်းတစ်ယောက်နဲ.နှစ်ယောက်ဆိုတော.ကောင်လေးနှစ်ယောက်နဲ.ဘီယာဆိုင်ထိုင်

ရင်မသင်.တော်ဘူးဆိုပြီးကောင်လေးကပြောတယ်ဒါ.ကြောင်.တည်းခိုခန်းမှာသွားပြီးသောက်မယ်လို.ပြော

တော.ကောင်မလေးကလိုက်သွားလိုက်တယ်။နည်းနည်းမူးလာတော.ဖုန်းထဲပါတဲ.သီချင်းတွေဖွင်.ကကြပျော်ကြ

ပေါ.ပြီးတော.ကောင်မလေးကိုအလိုမတူပဲသားမယားပြုကျင်.လိုက်တယ်ကောင်မလေးကအိမ်ပြန်ရောက်တော.

မိဘတွေကိုပြောပြီးတော.အမှုဖွင်.တယ်တဲ.အခုတော.မမိသေးဘူးထင်ပါတယ်။စဉ်းစားမရတာက

ကောင်မလေးကဘီယာဆိုင်ကောင်လေးနှစ်ယောက်နဲ.တူတူထိုင်တာကိုမသင်.တော်ဘူးလို.ကောင်လေးက

ပြောတော.လက်ခံတယ်တည်းခိုခန်းကောင်လေးနှစ်ယောက်နဲ.သွားတာကျတော.ပိုလို.တောင်မသင်.တော်ဘူးဆိုတာမတွေးမိလို.လား။

တည်းခိုခန်းထက်စာရင်ဘီယာဆိုင်ထိုင်ပြီးအအေးလေးစားစရာလေးမှာစားတာကမှပို

ပြီးသင်.တော်အုံးမယ်လို.ကျွန်တော်ကတော.တွေးမိတယ်ဗျာ။အကြောင်းလည်းဘာမှမသိတဲ.လူကချိန်းတာကို

သွားတာတောင်လွန်လှပြီအခုတော.တည်းခိုခန်းတောင်လိုက်တယ်ဆိုတော.ကောင်မလေးကတော်တော်ကို

သိက္ခာပိုင်းအရထိခိုက်နေပြီမိန်းကလေးတစ်ယောက်အနေနဲ.ကိုယ်.သိက္ခကိုယ်မှမထိန်းသိမ်းရင်ဘယ်သူမှ

ထိန်းသိမ်းပေးမှာမဟုတ်ဘူးလို.ပြောချင်ပါတယ်။ကောင်လေးတွေအနေနဲ.ကတော.အကြံရှိလို.လည်းဖြစ်နိုင်သလို.မူးလို.လည်းဖြစ်နိုင်တယ်

မိန်းကလေးကသာသက္ခာတရားနဲ.နေတာဆိုရင်ဖြစ်စရာကိုအကြောင်းမရှိဘူး

အခုတော.ဘာမှမသိတဲ.လူစိမ်းတွေကတည်းခိုးခန်းခေါ်တာလိုက်ရဲတယ်ဆိုတော.မိန်းကလေးငယ်တစ်ချို.

တဖြည်းဖြည်းနဲ.ကိုယ်.သိက္ခာကိုယ်မထိန်းသိမ်းလို.ဘဝတွေပျက်နေရပြီဆိုတာလည်းခဏခဏကြားနေရလို.

စိတ်မကောင်းဖြစ်မိတာတော.အမှန်ပါ။

နောက်တစ်ခုရှိသေးတယ်တကယ်ကိုကိုယ်တွေ.လို.တောင်ပြောလို.ရတယ်ကျွန်တော.သူငယ်ချင်းကသူ.ရဲ.အ

ချစ်ရေးကိုပြောပြလို.ကျွန်တော်တောင်နည်းနည်းအကြံပေးလိုက်ရပါသေးတယ်ကျွန်တော်.သူငယ်ချင်းကအလုပ်ထဲမှာကောင်မလေး

တစ်ယောက်နဲ.ကြိုက်နေတယ်။ကောင်မလေးကသိပ်မကြာခင်အလုပ်ကထွက်သွားတယ်

နောက်ပိုင်းမကြာမကြာကောင်လေးဆီလာတယ်နောက်ပိုင်း Living Together အဆင်.ထိဖြစ်သွားတယ်။

အဲလိုဖြစ်တာကလည်းကောင်လေးကခေါ်တာမဟုတ်ဘူးနော်ကောင်မလေးကအိမ်မှာအဆင်မပြေလို.

ဒီညကူညီပါဆိုတော.ကောင်လေးကလည်းကြံရာမရတည်းခိုခန်းခေါ်သွားလိုက်ရတယ်။အဲလိုမှမခေါ်ရင်

လည်းကောင်မလေးကပြန်မဲ.ပုံလည်းမပေါ်ကောင်လေးကလည်းအိမ်လည်းမခေါ်သွားရဲတာမို.အဲလိုပဲကူညီဖြေရှင်းပေး

လိုက်တယ်။ကောင်လေးကတလေတခါအလုပ်မှာညအိပ်တာဆိုတော.အိမ်ကလည်းစိတ်မပူတော.အဆင်ပြေ

နေတာပေါ.နောက်ပိုင်းကောင်မလေးကခဏခဏလာတော.တာပဲ။ကောင်လေးကလည်းချစ်လည်းချစ်

သူ.ထက်လည်းငယ်တော.သနားတာနဲ.လိုက်ကူညီပေးလို်က်ပါတယ်။တကယ်နောက်ပိုင်းမှသိတာကကောင်မ

လေးရဲ.မိဘတွေကိုကဆုံးမမှုနည်းတာပါပဲ။ကောင်လေးကတော.ကိုယ်.သူငယ်ချင်းမို.ပြောတာမဟုတ်ပါဘူး

တော်တော်ကိုရိုးရိုးအေးအေးပါ။ကျွန်တော်သိသလောက်တော.ကွမ်းမစားဆေးလိပ်မသောက်အရက်ဆိုဝေးပေါ.

ကောင်မလေးကိုလည်းတကယ်ကိုယူမယ်လို.မှန်းထားလို.အခုလောက်ထိကူညီစောင်.ရှောက်ပြီးနေပေးနေတာပေါ.။ကျွန်

တော်သိသလောက်တော.သူနဲ.ညဘက်မှာတောင်အခုလိုမဖြစ်ခင်ကအတူမရှိဘူးချိန်းမတွေ.ဘူးကောင်မလေးသိက္ခာကျမှစိုးလို.တဲ.။

သူနဲ.တောင်ညဘက်ဆိုဘယ်မှမသွားတာအဲဒီလောက်ထိကောင်မလေးကိုချစ်တာနော်။

နောက်ပိုင်းကောင်မလေးကတဖြည်းဖြည်းနဲ.အကဲပိုလာတော.တယ်သူငယ်ချင်းကလည်းမသွားဖို.ငြင်း

ကောင်မလေးကလည်းအိမ်ပြန်မရဘူးဆိုပြီးအကြောင်းပြပေါ.ကောင်လေးကကောင်မလေးနေတဲ.အိမ်လိုက်ပို.

ရင်လည်းတော်တော်နဲ.မပြန်အချိန်ဆွဲပြီးစကားတွေပြောနောက်မိုးတော်တော်ချုပ်ပြီဆိုမှဒီအချိန်ပြန်လို.မရ

တော.ဘူးဆိုတော.ထုံးစံအတိုင်းသွားကြပြန်ရောနောက်ပိုင်းကောင်လေးကသူတို.အိမ်အခြေနေလေ.လာကြည်.တော.ကောင်မလေးအမေက

လည်းနောက်အိမ်ထောင်နဲ.ဒါပေမဲ.တိတ်တိတ်ပုန်းပေါ.တရားဝင်တော.မဟုတ်ပါဘူး။အစ်မတစ်ယောက်ကလည်းမယူရသေးတဲ.ရည်းစားအိမ်

လိုက်နေ။အစ်ကိုတစ်ယောက်ကစစ်တပ်ထဲမှာကျွန်တော်.သူငယ်ချင်းနဲ.ဖြစ်တာကအငယ်ဆုံးပေါ.။မအေမိဘနဲ.အကြီးနဲ.ကအခုလိုဖြစ်နေတော.

လည်းသူတို.ဆုံးမလည်းနားမထောင။်နေတာကတော.ကြည်.မြင်တိုင်ဘက်မှာပေါ.။ကောင်လေးကစံပြဈေးနားမှာဆိုတော.

စံပြဈေးလာလာတွေ.သူ.ကောင်လေးရပ်ကွက်မှာလည်းကောင်မလေးရဲ.အမျိုးတွေရှိတာကိုးသူ.အမျိုးတွေ

ဆီလာရင်းနဲ.လာတွေ.တာပေါ.မိုးချုပ်တော.ကြည်.မြင်တိုင်လည်းမပြန်စံပြဈေးအိပ်မယ်ပြောစံပြဈေးကအမျိုး

တွေကျတော.လည်းပြန်တယ်ပြောပြီးကောင်လေးဆီလာတွေ.မိုးချုပ်တော.မှဘယ်မှသွားလို.မရဘူးဖြစ်ရော

ကောင်လေးကအမျိုးတွေအိမ်ကိုမပြန်ဖြစ်တာလို.ပြောပြီးပြန်သွားပါပြောလည်းမရ။အဲဒီလောက်ထိကောင်လေးကစိတ်မပျက်သေးဘူး

ကိုယ်နဲ.ရှိနေတာပဲတစ်ခြားကောင်လေးနဲ.ရှိတာမှမဟုတ်တာလို.ဖြေပေါ.နောက်တော.

ကောင်မလေးကကောင်လေးတစ်ချို.နဲ.ညဘက်မှာတွဲသွားတွဲလာတွေ.တော.ကောင်လေးကပြောပေါ.

ငါနဲ.တောင်ညဘက်တွေမှာနင်သိက္ခာကျမှာစိုးလို.မချိန်းတာကိုဘာ.လို.သူများတွေနဲ.ရှိနေတာလည်းပေါ.။

နည်းနည်းအက်ကြောင်းလေးတွေကရှိလာပြီပေါ.နောက်မှသိတာအဲဒီထဲကကောင်လေးတစ်ယောက်ကသူ.ကို

ကြိုက်နေတာနောက်တစ်ခါကျတော.ပို်ဆိုးလာပြီသူ.အိတ်ထဲမှာကောင်လေးဓာတ်ပုံတွေရောကောင်လေးပေး

ထားတဲ.ကဒ်ဖုန်းလေးရောတွေ.တော.ကောင်လေးကသိပ်အလိုကမကျချင်တော.ဘူး။နောက်ပိုင်းကျတော.

ဘေးလူတွေကလည်းကောင်လေးကိုပြောလာတော.တယ်မင်းကောင်မလေးနောက်တစ်ယောက်နဲ.တွဲနေတယ်

ပေါ.အဲဒီကျမှကောင်လေးကလည်းဖြတ်ဖို.ဆုံးဖြတ်လိုက်တယ်။ကောင်လေးကအဲလိုဖြစ်တော.မယ်ဆိုမှ

ကျွန်တော်.ကိုသူဖြတ်လို.ကောင်းပါ.မလားလို.လာပြီးတိုင်ပင်တော.တယ်ဒါတောင်သူစဉ်းစားလို.မရတော.မှ

လာတိုင်ပင်တာနော်အဲလိုအကြောင်းစုံရောပြောပြတာသူ.ကောင်မလေးသိက္ခာကျမှာစိုးလို.တဲ.ကျွန်တော်တို.

ဘာမှကိုမသိရတဲ.အကြောင်းတွေကျွန်တော်အထင်တော.ကောင်မလေးကနည်းနည်လွန်တယ်လို.ထင်တယ်ဗျာ

သူ.မိဘအိမ်မှာလည်းနေလို.ရတယ်သူ.အမျိုးတွေဆီမှာလည်းနေလို.ရတာကိုအကြောင်းပြချက်တွေနဲ.အတူတူ

နေဖြစ်အောင်ဖန်တီးတာကတော.မိန်းကလေးတစ်ယောက်အနေနဲ.ဘယ်လိုမှကိုမဖြစ်သင်.ဘူးလို.ထင်တယ်။

ကောင်လေးကလည်းအဲလိုတော.အောက်တန်းမကျဘူးသူများသမီးပျိုကိုအဲလိုစိတ်ဓာတ်လည်းမရှိဘူး

တကယ်ကိုအခက်ခဲဖြစ်တယ်ထင်လို.လိုက်လျှောလိုက်တာ။နောက်ဆုံးကောင်မလေးကခိုးပြေးခိုင်းတာကို

တောင်ကောင်မလေးကိုနားချပြီးသူ.အဒေါ်အိမ်ပြန်လိုက်ပို.ပေးတဲ.အထိပဲသူတို.အိမ်ရောက်တော.မှသူလည်း

အကြောင်းစုံသိတော.တာကောင်မလေးကတော်တော်ဆိုးတဲ.အကြောင်းပြန်မပြောနားထောင်ဆိုတဲ.အကြောင်း

သူ.အဒေါ်ကတောင်နင်ငါ.တူမကိုစိတ်မပျက်ဘူးလားလို.မေးတဲ.အထိကိုဆိုးတာ။နောက်ပိုင်းတော.ကျွန်တော်.

သူငယ်ချင်းကစိတ်ပျက်လာတော.ဖြတ်ပစ်လိုက်တယ်အဲဒါကျွန်တော်.ကိုလာမေးတယ်သူလုပ်တာတရားပါ.မ

လားတဲ.ကျွန်တော်လည်းမပြောတတ်လို.စာဖတ်ပရိတ်သတ်ကိုဝင်ရောက်မှတ်ချက်ပေးပါလို.တောင်းဆိုချင်ပါ

တယ်။အဲဒီမှာလည်းကောင်မလေးကမိမိကိုယ်ကိုမထိန်းသိမ်းလို.ဖြစ်ပျက်တာလို.ကျွန်တော်တော.ထင်တယ်။

ကောင်မလေးအဒေါ်ပြောတော.လည်းဘာမှအခက်ခဲမရှိကြောင်.သူတို.အိမ်ကိုအချိန်မရွေးသူတို.တူမကို

ထားနိုင်ကြောင်းတွေပြောတော.ကောင်လေးလည်းတော်တော်ကိုအထင်သေးသွားတာလည်းပါတာပေါ.ဗျာ။ကောင်လေးကလည်းအဲလိုနေတာတွေ

အတွက်လည်းပိုက်ဆံတောင်တော်တော်ကြွေးတင်နေပြီပေါ.ဗျာ။တစ်ခါမဟုတ်နှစ်ခါမဟုတ်တော.ကောင်မလေးကိုနားချတော.လည်းမရတာနဲ.ဖြတ်

ဖို.ဆုံးဖြတ်လိုက်တော.တာပေါ.ဗျာ။အခုလိုနေတာမသင်.တော်ကြောင်းပြောတော.လည်းဘယ်လိုမှနားမဝင်သူများနဲ.နေတာမှမဟုတ်တာလို.က

ပြောသေးတယ်လို.လည်းသိရပါတယ်။.မချစ်တော.လို.လားလို.လည်းထင်သေးတယ်တဲ.

ပို်ဆိုးတာကနောက်တစ်ယောက်ထားသလိုလိုဘာလိုလိုဖြစ်တာကြောင်.ပေါ.။ကျွန်တော်လည်းဘယ်လိုအကြံ

ပေးရမလဲမသိလို.စာဖတ်ပရိတ်သတ်ကြီးဝင်ရောက်ဝေဖန်ပေးပါလို.ပြောချင်ပါတယ်။

အဓိက ကတောအပေါ်ကနှစ်ခုမှာမိန်းကလေးတွေမိမိကိုယ်မိမိမထိန်းမသိမ်းနေထိုင်ရင်ဘာမှဖြစ်စရာအကြောင်းမရှိနိုင်ဘူးလို.ထင်ပါတယ်ဗျာ။



11 comments

  • etone

    February 1, 2011 at 2:57 am

    အောင်မလေး နာဇီပါတီနှစ်ထောင့်ကိုးရယ် …
    ရှင်က နွားမရွှံ့ ပိတ်တွေပဲ မြင်တာကိုး ။
    etoneလို၊ဆူးလို ၊ မဝေလို၊ မနောလို ၊ နွယ်ပင်လိုမျိုး အမျိုးကောင်းမိန်းမတွေလည်း ရှိပါသေးတယ် ။ တစ်ချို့ မိန်းမတွေက ဘဝကိုလွယ်လွယ်ဖြတ်သန်းကြတယ် ။ အနေချောင် ၊ အစားချောင်ရင် ပြီးရောဆိုတာမျိုး နဲ့ ဘဝသာယာမှူကို ရှာတတ်ကြတယ် ။ အခုခေတ်မှာ ပိုဆိုးလာပါပြီ … စာရေးသူပြောတဲ့ မိန်းကလေးမျိုးရှားလာတာလည်း သတိထားမိပါရဲ့ … ကိုယ်က စေတနာနဲ့သွားပြောလို့ ပြင်ရင်ကောင်းတယ် ၊ မပြင်ပဲ သူမနာလိုလို့ လာပြောတယ် အဆဲခံရရင် ကိုယ်ပါ အရှက်ကွဲမယ်… ။ သူ့ထိုက်နဲ့ သူ့ကံပဲ … လွှတ်ထားလိုက် ။ အဲ့ဒီလို မိန်းမတွေကို အထင်ကို မကြီးဘူး …။ မိန်းမတွေ လ္ဘက်ရည်ဆိုင်ထိုင် ၊ ဘီယာဆိုင်ထိုင်တာကို အပြစ်မပြောပါဘူး …. ။ လ္ဘက်ရည်ဆိုင်မှာ မီနီစကတ်ဝတ်ပြီး ဖြဲကားထိုင်နေတာမျိုး ၊ ဘီယာဆိုင်မှာ အံဖတ်ဆို့မတတ်မူးနေတာမျိုးတွေကြတော့ မဖြစ်သင့်ဘူးလေ ။ ယိုသူမရှက်မြင်သူရှက်ရတဲ့အဖြစ်မျိုး မလုပ်ကြပါနဲ့လို့ အွန်လိုင်းကနေပဲ တိုက်တွန်းပါတယ်… (အပြင်မှာပြောရင် ဆဲခံရမှာစိုးလို့ 😀 )

    • etone

      February 1, 2011 at 3:37 am

      အွန်လိုင်းကနေ သတိပေးမှပဲ အမျိုးကောင်းစာရင်းဝင်တစ်ယောက်ကျန်ခဲ့မှန်းသိတယ်… ။ အာဖျံကွီးလေးပါ … အဟဲ ။
      တခြားသူတွေလည်း ရှိပါတယ်… ။ မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ရင် ဘယ်သူမှ အထင်မသေးရဲပါဘူး ။

  • အာဖျံ ကွီး

    February 1, 2011 at 3:09 am

    အခုခေတ်က ယောက်ျားကောင်းတွေအတွက် မိန်းမကောင်းရှားသလို …
    မိန်းမကောင်းတွေအတွက်လဲ ယောက်ျားကောင်း ရှာမရတဲ့ခေတ် …
    ဘဝကိုတစ်ယောက်တည်းလျှောက်လှမ်းဖို.ဆိုတာလဲ … လွယ်တဲ့ကိစ္စမဟုတ်လို. …
    သေချာသာစီစစ်ကြပါဗျာ …

    • char too lan

      February 1, 2011 at 8:13 am

      ကွီးကွီးကိုထောက်ခံတယ် ပြောတာမှန်တယ် ကြည့်ရွေး ကြည့်ကြိုက် ကြည့်ကြပ်သာလုပ်ကြဗျာ 🙂 😀

  • နွယ်ပင်

    February 1, 2011 at 4:11 am

    စာရေးသူပြောတဲ့ မိန်းကလေးတွေက သူတို့ကြီးပြင်းလာရတဲ့ အနေအထား ဆုံးမပဲ့ပြင်မူ နဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကြောင့် ဒီလိုဖြစ်ရတယ်လို့ထင်တာပဲ ဒါပေမဲ့ ဒါက မိန်းကလေးတွေထဲက ရာခိုင်နှုန်း အနည်းငယ်လောက်ပါ ကိုယ့်ဘဝကိုယ် တန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်း နေတက်တဲ့ မိန်းကလေးတွေလဲ မရှားပါဘူး .

  • bigcat

    February 1, 2011 at 6:18 am

    ရှုပ်ရှပ်ခက်နေတာပဲ နာဇီရယ်။ ကိုကြောင်ဆီသာ ပို့လိုက်တော့၊ ကြည့်ကျက်ဆုံးမလိုက်မယ်။ မင်းသူငယ်ချင်းဖက်က ပြတ်ဖို့တော့လိုတယ်နော၊ ကြောင်ကြီးကချစ်သူပဲလိုတယ်၊ ရန်သူမလိုဘူး။

  • Yin Nyine Nway

    February 1, 2011 at 8:51 am

    အိတုန်ကလည်း ရင်ငြိမ်းနွေး လည်းပါသေးတယ်လေ
    နာ့ကိုကျတော့ ချန်ထားတယ်..ဟီး……

  • manawphyulay

    February 1, 2011 at 12:20 pm

    ဟုတ်ပါတယ်။ ဒါကတော့ မိဘတွေ ဘယ်လောက်ပဲ ဆုံးမ ဆုံးမ ကိုယ်တိုင်က အသိတရားရှိဖို့လိုပါတယ်။ ဘာလုပ်ရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးကို အရင်တွေးပြီးလုပ်မယ်ဆိုရင် ဘယ်အရာမဆို လွယ်လွယ်မဆုံးဖြတ် လွယ်လွယ်မလုပ်ဖြစ်ကြတော့ပါဘူး။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့စိတ်နဲ့ အရာရာကို ဆုံးဖြတ်မယ်ဆိုပြီး သတိနဲ့ အသိ ရင်မှာထားထားရင် အဆင်ပြေမှာပါ မိန်းကလေးမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေကရော မိန်းကလေး လာတိုင်း သူတို့မပါဘူးလို့ မပြောစေချင်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တတ်တဲ့အမျိုးပါ။ ဒီတော့ ယောက်ျားလေးလည်း စဉ်းစားဆင်ခြင်သင့်ပါတယ်။ မခေါ်ပဲလာတယ်ဆိုရင် သူ့မိဘတွေကို အကျိုးသင့်အကြောင်းသင့် ပြောပြသင့်ပါတယ်။ ခုတော့ သူတောင် လာသေးတာပဲ ငါက ယောက်ျားလေးပဲဆိုတဲ့ အတွေးတွေ ရှိနေလို့လည်း မဖြစ်သင့်တာတွေ ဖြစ်နေကြတာပဲပေါ့။ ဒီတော့ ဘယ်သူမပြု မိမိမှု နောက်တစ်ချက်က ဒါတွေကို သင်ခန်းစာယူပြီး ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဘယ်အရာမဆို ကိုယ့်အတွက်သူ့အတွက် စဉ်းစား ဆုံးဖြတ်စေချင်ကြောင်း မနော စေတနာအရင်းခံနဲ့ ပြောလိုက်ပါရစေ…………..
    (အပြင်မှာ ပြောရင် နင်က ဘာကောင်မမို့လို့လဲဆိုတဲ့ အပြောလာမှာတော့ ကြောက်တယ် :P)

  • nyimalay

    February 1, 2011 at 12:22 pm

    အင်းလေ………..ပိစိကွေးကိုလဲချန်ခဲ့တယ်……… အီးတုံးနော်မချစ်တော့ပဲနေလိုက်မယ်……….ဟွန်း

  • intro

    February 1, 2011 at 12:57 pm

    ကိုနာဇီရေ၊ ဒီလိုဖြစ်ရပ်မျိုးဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်… အစ်ကိုပြောသွားတဲ့ ပထမ ဖြစ်ရပ်မှာ မိန်းကလေးက ယောက်ျားလေး ခေါ်တိုင်း လိုက်စရာလား၊ မစဉ်းစားဘူးလား လို့ အစ်ကို ပြောချင်ပုံရပါတယ်… ကျွန်တော် စဉ်းစားမိတာ ကို ပြောပါမယ်… တကယ်တော့ အွန်လိုင်းမှာ တွေ့၊ ခင်၊ သံယောဇဉ်ဖြစ်ပြီး အပြင်မှာ တွေ့ဖို့ ချိန်းတာဟာ ဒီဘက်ခေတ်မှာ သိတ်မထူးဆန်းတဲ့ ကိစ္စ တစ်ခုပါ… ဒါပေမယ့် တကယ်တမ်းသွားတွေ့တဲ့အခါ မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်… ချိန်းတဲ့ ဘက်က ယောက်ျားလေးကလဲ ကြိုတင်အကြံအစည်နဲ့ မိန်းကလေး အလစ်မှာ ဆေးခပ်တာ၊ စိတ်ကြွဆေး တစ်ခုခု သုံးလိုက်တာလဲ လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်… အတွေ့အကြုံ နုငယ်တဲ့ မိန်းကလေး တစ်ယောက်ကို မာယာပရိယာယ်ကြွယ်ကြွယ် စကားလုံးတွေနဲ့ သိမ်းသွင်းပြီး စည်းရုံးတာ မျိုးလဲ ဖြစ်နိုင်ပါတယ်၊ အဲသည်လိုပဲ မိန်းကလေး ကိုယ်တိုင်က စိတ်လှုပ်ရှားပြီး ငြင်းပယ်ဖို့ အားနာနေတာလဲ ဖြစ်နိုင်သလို၊ အတွေ့အကြုံသစ်မို့ စူးစမ်းချင်စိတ်ပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်… ဒီထက် သူတို့ ကိုယ်တိုင်က ရေလာမြောင်းပေးလုပ်တာလဲ ဖြစ်နိုင်ချေထဲမှာ ပါပါတယ်… မည်သူ့ကိုမျှ အပြစ်ပြောလို့မရပါဘူး။ အဓိကကတော့ ကိုယ်ကျင့်တရားပါပဲ၊ ဒီဖြစ်ရပ်ကြောင့် ယောက်ျားလေး တိုင်းကို အကျင့်မကောင်းဘူးလို့ ပြောလို့မရပါဘူး၊ အချို့လောက်သာ မကောင်းကြတာပါ၊ ဒီလိုပဲ မိန်းကလေးတိုင်းလဲ ကိုယ်ကျင့်တရား ကောင်းတယ်လို့ ပြောလို့မရပါဘူး၊ အကျင့် မကောင်းတဲ့ မိန်းကလေးတွေလဲ ရှိပါတယ်… တကယ်တော့ လူငယ်၊ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်မှုနည်းသေးတော့ မှားနိုင်ကြပါတယ်.. ကျွန်တော်ဆိုရင် အွန်လိုင်းမှာ မိန်းကလေး သူငယ်ချင်းနဲ့ အပြင်မှာ ချိန်းတွေ့ဖူးပါတယ်… ပထမဆုံးအကြိမ်က အရမ်း စိတ်လှုပ်ရှားနေပြီး ကိုယ့်ကိုယ်ကိုဘယ်လို စမိတ်ဆက်ရမှန်းတောင်မသိလောက်အောင် စိတ်လှုပ်ရှားခဲ့ဘူးပါတယ်… ဒီလိုပဲ ကောင်မလေး ဘက်ကလဲ အရမ်း စိတ်လှုပ်ရှားနေတယ် ဆိုတာ သတိထားမိပါတယ်… အဲသည်တုန်းက ကျွန်တော်ဘာပြောပြော သူမမှာ ငြင်းပယ်တယ်ဆိုတာ မရှိပါဘူး၊ ကျွန်တော့်ကိုအားနာတာရော၊ သူကိုယ်တိုင်ကိုက စိတ်လှုပ်ရှားတာကြောင့်ရောလဲ ဖြစ်နိုင်ပါတယ်… အဲသည့်အချိန်မှာ ကျွန်တော်သာ သူ့ကို မရိုးမသားအကြံအစည်တစ်ခုနဲ့ အကွက်ကျကျ သိမ်းသွင်းမယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်… ဒီလို ပါပဲ အစ်ကိုရေ… ယောက်ျားလေးဘက်က မရိုးမသားတာပဲ ဖြစ်ဖြစ်၊ မိန်းကလေးဘက်က မရိုးသားတာပဲ ဖြစ်ဖြစ် ဒီလို ကိစ္စမျိုးက ဖြစ်နိုင်ပါတယ်… ဒါပေမယ့် ယေဘူယျအားဖြင့် ကြည့်မယ်ဆိုရင် တော့ ယောက်ျားလေးတွေက မရိုးသားတာ များမယ်လို့ထင်မိပါတယ်…

  • noob

    February 1, 2011 at 8:24 pm

    သူတိုလုပ်တာနဲ့ စိတ်ထားကောင်းတဲ ့ ချစ်စရာအကောင်မလေးတွေ ပါထိခိုက်တော့မှာပဲနော် ဝေဖန်ပေးရမယ်ဆိုရင် ဂိုက်ပေး တော်တော် ကြမ်းတာပဲနော် သူတိုနောင် ဂိုက်ပေးမကြမ်းနိုင်အောင် လုပ်ဆောင်ရမှာက ဟိုလေ ဟိုဟာလေ သိပါတယ် ….အဲဒါ ပေါ့ အင်းအဲဒီနေရာကို အင်းကတေသာလောင် ပလိုက်ကြာလို

Leave a Reply