ဘိုးလင်းတိုင်နှင့်တူသောကြက်ဥကြီးဥ

nyimalayFebruary 1, 20111min64

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ယီဇီမြို့မှ ကျန်ယုဖန်(၇၅ နှစ်)  မွေးထားသော ကြက်မကြီးတစ်ကောင်သည် ဘိုးလင်းတိုင်နှင့်တူသော

ထူးဆန်းသည့်ဥကြီးတစ်လုံးကို ဥခဲ့ကြောင်း Metro သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖော်ပြသည်။ အလားတူပုံသဏ္ဌာန်ရှိသည့် ကြက်ဥမျိုးကို

ဗြိတိန်နိုင်ငံ နော်သမ်တန်ရှိုင်းယားမှ နာတာလီဝှစ်ရှိုင်းယား(၄၃နှစ်)၏ ကြက်မကြီးက လွန်ခဲ့သည့်နှစ်မတ်လက ဥခဲ့ဖူးကြောင်း သိရသည်။

ကျွမ်းကျင်သူများက ထူးဆန်းသော ကြက်ဥပုံသဏ္ဌာန်ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါင်းများစွာရှိရာ ယင်းတို့အနက် မျိုးဥတည်ခြင်းပြဿနာ၊

ဟော်မုန်းမညီမျှမှု နှင့် မှားယွင်းသောအစားအစာများကို စားခဲ့မှုတို့ပါဝင်သည်ဟု ဆိုသည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။