နွားသိုးမျက်နှက်နှာနှင့် နှာဗူးကြီး

etoneFebruary 1, 20111min14215

မနောရဲ့ မြန်မာ မိန်းမ ပို့စ်ကို ဖတ်မိပြီး အလုပ်လေးနည်းနည်းပါးတုံး ရေးလိုက်တာ ပို့စ်တစ်ပုဒ်တော့ပြီးသွားပြီ ။ ဒါတောင် အရှိန်က မသေသေးဘူး ။ စပ်မိစပ်ရာလေး တွေးမိပြန်တော့ …. ကျမကိုယ်တိုင်ကြုံရတဲ့ အဖြစ်ပျက်လေးတစ်ခုကို ပြန်သတိရမိတယ် ။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကဖြစ်မည် ။ အိမ်ရှေ့မှ အစ်မတစ်ယောက်က စင်္ကာပူတွင် အလုပ်လုပ်နေသော ချစ်သူထံ အင်တာနက်ဖုန်းဖြင့် ခေါ်မည်ဆိုသော ကြောင့် etone တစ်ယောက်ဆရာကြီး လုပ်ပြီး လိုက်ကူညီပေးစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။ ကျမတို့ အိမ်နားတွင် ခေတ်အဆက်ဆက်ဖွင့်ခဲ့သော အနှိပ်ခန်း၊ တည်းခိုခန်းတဖြစ်လဲ ကေတီဗွီဆိုင်ရှိသည် ။ အစဉ်အဆက် လူများ ၊ ပိုင်ရှင်များပြောင်းသာသွားသော်လည်း ထိုနေရာတွင် ကောင်းကောင်းမွန်မွန် လုပ်ငန်းမျိုး ပြောင်းလဲလုပ်ကိုင်ခြင်းမဟုတ်ပဲ KTV ၊ အနှိပ်ခန်း နဲ့ တည်းခိုးခန်းလုပ်ငန်းများကို သာ ပိုင်ရှင်များပြောင်းပြီး နာမည်တစ်မျိုးပြီးတစ်မျိုးနှင့် လုပ်ကိုင်လျှက်ရှိကြောင်း သတိထားမိသည် ။ ယနေ့ညတွင်လည်း ကျမ ထုံးစံအတိုင်း အဝေးရောက်ချစ်သူကို လွမ်းနေတဲ့ အိမ်ရှေ့က အစ်မကို ကူညီရဦးမည် ။ နေ့ခင်းကတည်းက တိုင်ပင်ထားသည့်အတိုင်း ညနေ ခြောက်နာရီခွဲလောက် ထမင်းစားပြီး ၊ ခုနှစ်နာရီဒေါင်ဆိုတာနဲ့ အိမ်ရှေ့မှာ ဆုံကြသည် ။ ထိုမှ တစ်ဆင့် အင်တာနက်ဆိုင်သို့သွားမည်ဖြစ်သည် ။
ထိုအစ်မက ပိုလိုရှပ် အင်္ကျီကို စကတ်နောက်ခွဲနှင့် ဝတ်ထားသည် ။ စကတ်နောက်ခွဲမှာအရှည်ဖြစ်သော်လည်း ဒူအထက်နားထိခွဲထားကြောင်း သတိထားမိသည် ။ လမ်းလျှောက်ရလွယ်ကူအောင် ဖြစ်မည်ဟုလည်း မှတ်ချက်ချမိသည် ။ ကျမကတော့ ရုံးက ပြန်လာသည့်အဝတ်စားတိုင်း သာမန်အင်္ကျီ နှင့် ထဘီကို ဝတ်ထားသည် ။ ကျမတို့အိမ်နှင့် အင်တာနက်ဆိုင် ကားမှတ်တိုင် နှစ်ခုစာမျှ ဝေးသဖြင့် လမ်းလျှောက်သွားရသသည် ။ … လမ်းတွင် တစ်နေ့လုံး ကြုံတွေ့ခဲ့သည့် အဖြစ်ပျက်များအကြောင်း သူပြော၊ ကိုယ်ပြောနှင့် စကားတွေဖလှယ်နေကြသည် ။ အင်တာနက်ဆိုင်ရောက်တော့ အစ်မက လက်ထဲမှ ပါလာသော ဖုန်းနံပါတ်စာရွကအပိုင်းလေး ပျောက်သွားကြောင်း သိသဖြင့် လာရာလမ်းအတိုင်းပြန်လာရှာ ကြသည် ။ ကျမတို့ နှစ်ယောက် ဟိုရှာဒီရှာ နှင့် ကြည့်သော်လည်း မတွေ့ပေ ။ ညဘက်ဓါတ်မီးတိုင်မှ မီးမလာသဖြင့်မှောင်နေပေပြီ….. ။ စာရွက်တွေ့ရေးကိုသာ မဲရှာနေကြသဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိပေ။ ခေါင်းချင်းဆိုင် အရိပ်တစ်ခု ကုန်းကုန်း ကြီးနဲ့ ထိပ်တိုက်ဆုံမိမှ ကျမတို့နှစ်ယောက်စလုံး လန့်ဖြန့်သွားသည် ။ ဖင်ထိုင်ချမိတော့မတတ်လန့်သွားသည် ။ မဲမဲကြီးက ခေါင်းမော့လာကာ ပြုံးဖြီးဖြီးမျက်နှာနှင့် ရှိသမျှ သွားများပေါ်အောင် ပြုံးပြသည် ။ ကျမတို့လည်း ရုတ်တရတ်မို့ မှင်သက်သွားသည် ။ ပါးစပ် အဟောင်းသားနှင့် အတန်ကြာ စိုက်ကြည့်နေမိသည် ။ထို မျက်နှာပြဲကြီး က ကျမတု့ိကို ညီမလေးတို့ ဘာပျောက်လို့ရှာတာလဲ ။ ကူရှာပေးမယ်ပြောပြီး သူ့ဟမ်းဖုန်းကိုထုတ်ကာ မှိန်ပြပြအလင်းရောင်လေးဖြင့် ဘာမှန်းမသိသော အရာကို လိုက်ရှာ ပေးဟန် ပြနေသည် ။ အတော်လည်း ရယ်ချင်သွားသည် ။ ကျမတို့ဘာရှာမှန်းမသိပဲ ဝင်လာရောသည် ပေါ့ …။ ငေါက်ထုတ်လိုက်ရအောင်လည်း လူပုံဝတ်ကောင်းစားလှနှင့်မို့ အားနာကြသည် ။ ရယ်စရာတော့ အလွန်ကောင်းနေပေပြီ … ။ ကျမတို့ကလည်း သူ့အမေးကို မဖြေပဲ ဒီနားတစ်ဝိုက်မှာပဲ ရှိမည် အထင်နှင့် ကုန်းပြီးရှာကြပြန်သည် ။ သူကလည်း ဟိုရှာ ၊ ဒီရှာ နှင့်ပေါ့… ။ ခဏကြာတော့ သူစိတ်အိုက်သွားသည်ထင်သည် နောက်ပြန်လျှောက်သွားပေပြီ ။ ကျမတို့လည်း ဒီလူ ငကြောင် သွားပြီ အထင်နဲ့ ခွက်ထိုးခွက်လန် တိုင်ပင်မထားပဲ ရယ်လိုက်မိသည် ။ ရယ်သံတောင် မဆုံးသေး ကားမီးအလင်းရောင် ပြင်းပြင်းက ကျမတို့ဆီထိုးကျလာသည် ။ ပြန်ကြည့်၍ပင် မရအောင် မျက်စိကျိန်းလွန်းအောင်ပင် မီးဖြင့် ထိုးထားသည် ။ ကျမတိုလည်း အမှောင်ထဲရှာနေတုန်းရုတ်တရက် အလင်းရောင်မြင်ရသဖြင့် မျက်စိမဖွင့်နိုင်ပဲရှိရာ ကားတံခါးဖွင့်ပြီး ဆင်းလာသံကြားရသည် ။ ထိုပုဂ္ဂိုလ်က အနားရောက်တော့ ညီမလေးတို့ အခုလင်းသွားပြီ ဆက်ရှာလေတဲ့ … သေချင်စော်နံသွားသည် ။ ထို နွားသိုးလို မျက်နှာနဲ့ လူကြီးဖြစ်မည်ဟု မျက်စိဖွင့်မကြည့်ပဲ သိခဲ့သည် ။ ကျမတို့လည်း တော်ပြီမရှာတော့ဘူး ဖုန်းနံပါတ်ကို မေးလ်ပို့ပြီးတောင်းတော့မည်ဟု စိတ်ပျက်လက်ပျက် ညီးညူပြီး ထိုနေရာမှ ထွက်မည် အပြူတွင် ထိုနွားသိုးမျက်နှာနှင့်လူကြီးက ဖုန်းဆက်လို့ရလား ၊ မေးလ်လေးပေးပါလား ၊ မုန့်စားဦးမလား ဆိုပြီးဝင်ရောပါရော … ။ ပြီးတော့ သူ့ ဟမ်းဖုန်းနံပါတ်ကိုလည်း ပြောပြပါသည် ။ ကျမတို့လည်း ထိုအချိန်တွင်တော့ အားမနာနိုင်တော့ပါ … ဟဲ့ငကြောင်သွား လာရောမနေနဲ့ စိတ်မဝင်စားဘူးလို့ အော်ပြောလိုက်တာတောင် သူက မသွားသေးပဲ ။ သူဒီနားကို ခဏခဏလာတတ်ကြောင်း ခင်ချင်ပါတယ် ညာဘာတွေဆက်ပြောပါတော့သည် ။ နောက်ဆုံး ကျမတို့လည်း ဒေါသက ထွက်လာပြီမို့ ရှင်မသွားရင် အော်လိုက်မှာနော် ဒါကျမတို့ ရပ်ကွက် လက်သံပြောင်တယ် စမ်းကြည့်မလားမေးတော့မှ တင်းပြီး ကားစက်နှိုးကာ အရှိန်ဖြင့် မောင်းထွက်သွားပါတော့သည် ။ ကျမတို့ နှစ်ယောက်စလုံး ဖုန်လုံးကြီးများကြားတွင် ဒေါသချောင်းချောင်းထွက်ပြီး ကျန်ခဲ့ပါတော့သည် ။
ဒါနဲ့ပဲ အင်တာနက်ဆိုင်ကိုလည်း မသွားဖြစ်တော့ပဲ အိမ်ပဲတန်းပြန်လာခဲ့ပါတော့သည် ။ အိမ်ရောက်တော့မှ ပြန်စဉ်းစားကြည့်မိသည် ။ ကျမဝတ်ထားတာ လျှပ်ပေါ်လော်လီနေခြင်းလည်း မဟုတ် ၊ အိမ်ရှေ့အိမ်က အစ်မဝတ်ထားတာကလည်း သာမန်ပင် …ဘာကြောင့်များ ကျမတို့ကို ဒီလို လာရောရဲပါလိမ့် ။ တစ်နည်းဆိုသော ထိုလူစိတ်ထဲတွင် ကျမတို့ ရောရလွယ်မည့်မျက်နှာပင်ထင်သလားမသိ ။ ကျမသေချာစဉ်းစားမိသည်ကတော့ အစ်မဝတ်ထားသောစကတ်သည် အရှည်ဖြစ်သော်လည်း နောက်ခွဲဖြစ်သည် ၊ ထိုအတူ ကျမတို့ ကုန်းပြီးရှာနေသေအခါ ကြည့်ရတာ တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သည် ။ ထို့ပြင် မိန်းကလေး နှစ်ဦးထဲ အမှောင်ထဲ ကုန်းရှာနေသည် မှာ ဇာတ်လမ်းလုပ်ကြံပုံနှင့်တူပြီး သားကောင်ရှာနေသော မိန်းမများရဲ့ လုပ်ကွက်နဲ့ ဆင်တူနေလားမသိပေ ။ ချက်ချင်း ပြန်မငေါက်လိုက်သည်ကတော့ အခြေနေစောင့်ကြည့်ပြီး အီရန်အသင့်အနေထားများထင်နေမလား မသိပေ ။ ရှာနေသော နေရာကလည်း ထို သကောင့်သား ထွက်လာသော ကေတီဗွီနားတွင်ဖြစ်သည် ။ (KTV ထဲက ထွက်လာမလာတော့မသိဘူး အဲံဒီနားမှာ ကားရပ်ထားရင် အဲ့ဒီကိုလာတာများတယ် ၊ တွေ့ဖူးတာ ။ ) နောက်ပိုင်း အင်တာနက်ဆိုင်သွားတော့မည် ၊ညဘက် မိုးချုပ် အပြင်ထွက်မည်ဆိုပါလျှင် အဝတ်အစားကို ဂရုတစိုက်ဝတ်ဆင်တတ်သော အကျင့်မျိုး ရခဲ့ပါတော့သည် ။

15 comments

  • intro

    February 1, 2011 at 1:14 pm

    ဖြစ်မှ ဖြစ်ရလေဗျာ…

  • manawphyulay

    February 1, 2011 at 1:51 pm

    ညဘက်သွားရင် ကြည့်သွားပေါ့ အီတုံရဲ့ မဟုတ်ဘူးလား ခုခေတ်က မလွယ်ဘူးလေအဲ သူများပြောနေတာ ကားမရပဲ နေတော့မယ် ပြန်တော့မှ…..

  • manawphyulay

    February 1, 2011 at 1:54 pm

    ပြန်မှ အီတုံရေ……….. ဦးဖက်က ပိုစ့် ၈ဝ ဖိုးရအောင် အကြံလာပေးနေတာ မနိမ့်ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2011 at 2:20 pm

    တိုင်းရင်းဆေးပညာနဲ ့ပြောရရင်
    ပယောဂမှန်ရင် တုန်းဆင်းဒယ်လို ့ခေါ်သကွဲ ့
    အိုချစ်နှမ အီးတုံး
    အိုက်နေ ့က ဝတ်စုံ (အားလုံး)
    ကို မြင်ပြီးမှ ဆုံးဖြတ်မယ်

    • hello! everybody

      February 1, 2011 at 7:02 pm

      ကျနော့အကိုနဲ့မရီးကမြို ့ထဲမှာအရောင်တင်ဆီနဲ့ပရိဘောဂဆိုင်ဖွင့်သဗျ၊ ညနေဘက်အကိုပြန်လာတိုင်းမရီးက အကိုရယ်ကောင်တာထိုင်ရတာ တချို ့ယောက်ကျားတွေကကြည့်တာတမျိုးကြီး ပြီးတော့ရိတိတိနဲ့၊ အဲဒိတော့အကိုက ကြည့်ပြီးမှရိတာလားမေးတော့ မရီးက ဟုတ်တယ်အကိုလို့ဖြေတယ်၊ အေးကွာမင်းဝတ်တာကလည်းကြည့်ချင်စရာဘဲ၊ကိုယ်ကတော့မင်းကိုအကုန်မြင်ပြီးသားမို့မကြည့်ချင်တော့ဘူး၊ယောက်ကျားတွေကမပေါ့တပေါ်ဆိုကြည့်ချင်ကြတယ်ကွဲ ့ ၊ ကဲ..ဒီတော့ မင်းအကြည့်မခံ၊ အရိမခံချင်ဘူးဆိုရင်ဖြင့်(၁) ကိုယ်တုံးလုံးချွတ်ကောင်တာပေါ်တက်ပြီးစောင့်ကြောင့်ထိုင်နေ(ဒါဆို လန့်ပြီးမကြည့်) (၂) လုံလုံခြုံခြုံဝတ်(ကြည့်စရာ အစအန ရှာမရလို့မကြည့်၊မရိ)ဆိုပြီး သူ့ရဲ ့မဟေသီကိုအကြံပေးရှာတယ်။ ကျနော့မရီးလည်း (၂) အချက်အကြံကိုလက်ခံပြီးလိုက်နာကျင့်သုံးလို့ အခုဆို ကျနော့နောင်တော်ကြီးညနေဘက်နားအေးအေးနဲ့အရက်ရဲ ့အရသာကိုခံစားလို့ရနေပါပြီ ရွာသူ ရွာသားအပေါင်းတို့ခင်ဗျာ။

    • etone

      February 2, 2011 at 7:52 am

      ဘကြီးပု ဘာပရောဂမှလည်း မမှန်ပါဘူး …ဒီတော့ မပြရေးချမပြပါ 😀

  • narziparty2009

    February 1, 2011 at 5:16 pm

    ကျွန်တော်နာဇီနဲ.တော.ကွာပါ.ဗျာ။ကောင်မလေးချောချောလှလှလေးတွေကို
    တကယ်လှလို.ကြည်.ချင်တာတောင်နှာဗူးလို.အထင်ခံရမှာစိုးလို.မကြည်.ရဲဘူး
    ဝင်ရောဖို.ဆိုတာတော.ဝေးရော

  • bigcat

    February 2, 2011 at 6:54 am

    အီးတုံးက အရှေ့အလယ်ပိုင်းဒေသရေးရာကျွမ်းကျင်သူဆိုတာ အခုဒီစာဖတ်ပြီးမှ သတိထားမိတယ်။ ဘာတဲ့ ‘အီရန်အသင့်အနေထားများထင်နေမလား မသိပေ။’ ဟုတ်တယ်ဗျ အီရန်နိုင်ငံအစိုးရကလည်း အနောက်တိုင်း မုန်းတီးရေးရောဂါ စွဲနေတာလေ၊ အီရတ်မှာအမေရိကန်တပ်တွေရောက်တော့ ပိုဆိုးသွားတာပေါ့။ အခုအီဂျစ်မှာဖြစ်နေတာကိုရော နောက်ပို့စ်တခုမှာကြုံရင် ထည့်ရေးပါအုံး။ ပြည်တွင်းမှာဆိုတော့ အခြေအနေကြည့်ရေးရတာ နားလည်ပါတယ်။
    စကားမစပ် အဲဒီလူနွားသိုးလိုလူကြီးက ကိုအောင်ပုလေ။ အခုသူက ဂျာမနီမှာဟန်ကျနေတယ်။ ကားပေါ်ကတောင်မဆင်းတော့ဘူး၊ ဟွန်းလေးတချက်တီးခေါ်လိုက်ရုံပဲတဲ့။

    • etone

      February 2, 2011 at 9:19 am

      ကိုကြောင်ကြီးထင်သလို အရှေ့အလယ်ပိုင်း ကိစ္စမကျွမ်းကျင်ပါဘူး … တကယ်များကျွမ်းကြည့်ပါလား အရပ်လက်သည် လုပ်စားမှာ ဟီးဟီး ။ 😀

  • fatty

    February 2, 2011 at 7:41 am

    ကိုယ်ပိုင်ရေးတာဆိုတော့ ချီးကျူးပါတယ်ဗျာ .။ တချက်က logically ပြောရရင်တော့ ဖြစ်ခဲပါတယ်။
    ယနေ့ ရန်ကုန်မှာ စကပ်ခွဲ မပြောနဲ့ ဘောင်းဘီတိုနံ့နံ့လေးတွေနဲ့သွားနေသူတွေ လမ်းပေါ်မှာအများကြီးဖြစ်နေပါပြီ။
    KTV ထဲက ထွက်လာသူ တယောက်က အဲလိုလုပ်တယ်ဆိုတာ သိပ်မဖြစ်နိုင်ပါ။ KTV ထဲမှာ ဝ ခဲ့ပါပြီ။
    နောက်ပြီးကားပါလာသူက တကူးတက ဆင်းပြီး အဲလိုအဲလို ဆိုတော့ စဉ်းစားရကြပ်သဗျ။ ယနေ့ရန်ကုန်မှာ နေရာတိုင်းမှာ ရနိုင်ပါတယ်။ ဆိုက်ကားသမားတယောက်ကိုမေးကြည့်တယ် … ဟိုမှာကောင်မလေးတယောက်
    ဘောင်းဘီတိုလေးနဲ့ သဘောမကြဘူးလားဆိုတော့ .. TOKYO CHICKEN က ကြက်ပေါင်ကြော်လောက်စိတ်မဝင်စား
    ဘူးတဲ့ ..။

    • etone

      February 2, 2011 at 8:06 am

      ကို ဖက်တီးရေ … ဒီအဖြစ်ပျက်က လွန်ခဲ့တဲ့ တနှစ်ခွဲကပါ ။ အဲ့ဒီအချိန်က အခုလို ပေါင်တိုမတွေ ခေတ်သိပ်မစားသေးပါဘူး ။ ကွာတားလောက်ပဲ တိုတဲ့ အချိန်ပေါ့ …။
      စာထဲမှာက သွယ်ဝိုက်ပြီးရေးထားတာပါ … ။ ညဘက် သားကောင်ရှာနေတဲ့ မိန်းမတွေထင်ပြီး လာရောတာလို့မရေးချင်လို့ သဘောလောက်ပဲ ပေးပြီး ရေးထားတာပါ ။

      တစ်ကယ်က KTV ကထွက်လာတဲ့လူဆိုရင် ဝနေပြီမှန်ပေမဲ့ KTV ဆိုတဲ့ နေရာမျိုးမှာ ဘယ်အဆင့်ထိနောက်ဆုံး လုပ်လို့ရလဲ ကိုဖက်တီးသိမှာပါ …:D တခြား ကိစ္စရပ်တွေလုပ်ချင်ရင်တော့ တခြား နေရာသွားရပါတယ် လို့လည်း ကြားဖူးပါတယ် ။
      ညဘက် ထွက်တတ်တဲ့ မိန်းမတွေက လမ်းမှာ အဲ့ဒါမျိုးလုပ်ပြတတ်တယ်လို့ သူငယ်ချင်းတွေပြောပြတာ ကြားဖူးတယ် ။ အင်္ကျ ီလည်ဟိုက်တွေဝတ်ပြီး လက်ထဲက ကိုင်ထားတဲ့ ဟာတွေ တစ်ခုပြီးတစ်ခု ပြုတ်ကျပြ ပြီးရင် ကုန်းကောက်ပြနဲ့ ပရိုမိုးရှင်းလုပ်နေပါသတဲ့ရှင် … ။ အဲ့ဒါမျိုးနဲ့ မှားတာ နေမှာပါ…။

  • fatty

    February 2, 2011 at 8:52 am

    ကျနော် ခေတ်ကာလကို နဲနဲမျက်ချေပြတ်သွားဟန်တူတယ်။ အဲဒီ ပရိုမိုးရှင်းမျိုး မသိမကြားလိုက်မိဘူး။
    အခုခေတ်က လမ်းပေါ်ကကောက်တင်တဲ့ခေတ်မဟုတ်တော့ဘူးလေ။ KTV မှာကတော့ ကောင်မလေးကိုသဘောကျလား ကျတယ်ဆိုရင် ဖုံးနံပါတ်တောင်း အပြင်မှာချိန်း ပြီတော့ တည်းခိုခန်းသွား ဒီလောက်ပါဘဲ။

    • eros

      February 2, 2011 at 2:26 pm

      မဒမ်ဖက် ကို ဦးဖက်အကြောင်း သတင်းပေးလိုက်ရမလား။ ငှဲ ငှဲ ငှဲ

  • fatty

    February 2, 2011 at 3:36 pm

    ယခု လွှတ်တော်အမတ်များလို ကျနော် ပါမစ်အရင်တင်ပြီးပါမစ်ကြမှရေးရတာပါခင်ဗျ။

  • naywoonni

    February 3, 2011 at 4:14 am

    ဘာပဲဖြစ်ဖြစ်လေ။ လူမှာအကွပ် တောင်းမှာအဝတ်တဲ့ အဲ ယောင်လို့ လူမှာအဝတ်တဲ့ သူဝတ်တဲ့ အဝတ်အစားက သူ့ရဲ့ စိတ်ဓါတ် အဆင့်အတန်းကို ပြောပြနေသလိုပဲ ။ နောက်အမူအကျင့် အနေအထိုင်ကလည်း သူ့နေရာနဲ့သူ နေတတ်မှပေါ့ ။ အိပ်ထဲမှာ ရုံးခန်းထဲမှာ လုပ်နေတာနဲ့ လမ်းပေါ်မှာ လုပ်နေတာ ကွာတာပေါ့… ။ သူများဝတ်တိုင်းလိုက်ဝတ် သူများနေသလိုလိုက်နေရင်တော့ သူများဖြစ်သလို လိုက်ဖြစ်မှာအသေအချာပဲ

Leave a Reply