ရပ်တန့်ခြင်း

Nay AyeFebruary 2, 20111min690

ခရမ်းရောင်..ညနေရေ…
ပယင်းရောင် အရည်တွေနဲ့…
ငါ နစ်နေတဲ့ရက်တွေထဲ..
သူ့ ကိုခေါ်မလာနဲ့..
ပြက္ခဒိန် တစ်ခုတောင် ပြောင်းသွားပြီ..
ငါ့ နာရီ က စက်မရပ်သေးဘူး…
ရထား ဥဩသံ ကြားမှာ …
နှလုံးသား က ရိတ်သိမ်းချိန် ကို..
စောင့်နေတယ်….။
အနာဂတ် ကို မတွေးမိသေးတဲ့ အချိန်မှာ..
အအေးမိသွားတဲ့ ..လမ်းခွဲချိန်က..ငါ့ ကို
ရှေ့ ဘူတာမှာ စောင့်နေတော့..
အိမ်ပြန်ချိန်ဆိုတာ..ငါ့ နာရီလေးမှာ..
မရှိတော့ဘူးပေါ့..။ ။