ဆွာဇီလန်နိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် မိခင်တစ်ဦးသေဆုံးသွားသော်လည်း မိခင်၏ကျောပေါ်တွင်လိုက်ပါလာသောကလေးငယ်တစ်ဦးမှာ

အသက်မသေကြောင်း သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။ နွားကျောင်းသူများသည် ကိုးလသားအရွယ် ဖီဝိုခွာခီ၏ ငိုသံကိုကြားပြီးနောက်

သွားရောက်ရှာဖွေကြည့်ရာ သေဆုံးနေသော သူ၏မိခင် ဂျာဘူလယ်ဟလိုဖီကို တွေ့ရှိရခြင်းဖြစ်သည်။ မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသော်လည်း

ကလေးငယ် အသက်မသေသည်မှာ လွန်စွာအံ့သြ ဖွယ်ကောင်းသည်ဟု ဆိုသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မိုးကြိုးထိမှန်လျှင်မှန်ချင်း

ကလေးငယ်သည် မိခင်၏ကျောပေါ်မှပြုတ်ကျသွားသော ကြောင့်ဖြစ်မည်ဟု ဆိုသည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

About nyimalay

nyimalay has written 61 post in this Website..