မိုးကြိုးပစ်ခံရကာ သူ့အား ကျောပိုးချီလာ သည့်မိခင် သေဆုံးသွားသော်လည်း ကလေးငယ် အသက်မသေ

nyimalayFebruary 1, 20111min744

ဆွာဇီလန်နိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် မိခင်တစ်ဦးသေဆုံးသွားသော်လည်း မိခင်၏ကျောပေါ်တွင်လိုက်ပါလာသောကလေးငယ်တစ်ဦးမှာ

အသက်မသေကြောင်း သတင်းဌာနက နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့သည်။ နွားကျောင်းသူများသည် ကိုးလသားအရွယ် ဖီဝိုခွာခီ၏ ငိုသံကိုကြားပြီးနောက်

သွားရောက်ရှာဖွေကြည့်ရာ သေဆုံးနေသော သူ၏မိခင် ဂျာဘူလယ်ဟလိုဖီကို တွေ့ရှိရခြင်းဖြစ်သည်။ မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသော်လည်း

ကလေးငယ် အသက်မသေသည်မှာ လွန်စွာအံ့ဩ ဖွယ်ကောင်းသည်ဟု ဆိုသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မိုးကြိုးထိမှန်လျှင်မှန်ချင်း

ကလေးငယ်သည် မိခင်၏ကျောပေါ်မှပြုတ်ကျသွားသော ကြောင့်ဖြစ်မည်ဟု ဆိုသည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

4 comments

  • etone

    February 1, 2011 at 7:42 am

    ပိစိကွေးလေးရေ … ဒီပို့စ်တွေက group တွေကနေ မေးလ်ထဲရောက်တာမို့လို့ လူအများ လက်ခံရရှိပြီးပါပြီ ။ ထပ်မတင်ပါနဲ့လို့ တောင်းဆိုပါတယ် ။ မေးလ်တစ်စောင်မှာပါတဲ့ အကြောင်းရာတွေ ခွဲတင်တာ ဒီပို့စ်နဲ့ ဆို ၆ခုလောက်ရှိပြီနော် ။

  • nyimalay

    February 1, 2011 at 8:44 am

    ပိစိကွေးလေး ပို့စ်တွေ က ဒီသတင်း တွေကို မဖတ ်ရ သေး သူများ ….
    မသိသေး သူများ …. အတွက ်ရည် ရွယ်ပြီး တင်လိုက် တာပါ…..
    Point ပေးတာ မပေးတာ Admin အပိုင်းပါ….. ဒီလို ပြောတာ စိတ် စိုးလို့မဟုတ ်ဘူးနော်…… 🙂

    • etone

      February 1, 2011 at 9:02 am

      ဟုတ်ပါတယ် ဒါပေမဲ့ categories ဆိုတဲ့နေရာမှာ copy & paste ဖြစ်သင့်တယ် ထင်ပါတယ် ။ do and don’t က အမှတ်စဉ် ၄ ကိုကြည့်ပါဦး ။
      ပို့်စ်ပိုင်ရှင်တွေလည်း တစ်ခါတစ်လေ ဒီဆိုက်ထဲဝင်ကြည့်နေတာမို့ မြင်သွားပြီး admin ကို သတင်းပို့ရင် ပွိုင့် ၁၀၀ဝ နှုတ်ပါကြောင်း အရင်းတိုင်းလာပြောတာနော် ။

  • nyimalay

    February 1, 2011 at 12:28 pm

    ပြောင်းလိုက်မယ်နော်……….. သတိမထားလိုက်မိလို့ပါ……. ကျေးဇူးပါ……..:)

Leave a Reply