အသက်၉၄နှစ်အရွယ်ရှိ အိနိ္ဒယ လယ်သမား ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေ ဖြစ်လာ

nyimalayFebruary 1, 20111min870

အိနိ္ဒယနိုင်င ံမြောက်ပိုင်း ဟာယာနာမြို့တွင် နေထိုင်သော ရာဂျစ်ရက်ဟက်ဗ (၉၄နှစ်)သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ကသူ၏ ပထမဆုံးကလေး မွေးဖွားမှုအတွက်

အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့သည်။သူ၏ဇနီး ရှာကန်တလာဒေဝီ(၅ဝနှစ်)ကသူ့အတွက် သားဦးလေးကာ ရာဂျစ်ကိုမွေးဖွားပေးခဲ့ရာ သူသည်

ကမ္ဘာ့အသက် အကြီးဆုံး ကလေးအဖေဖြစ်လာကြောင်းသိရသည်။ သို့သော် သူသည် ကလေးတစ်ဦးနှင့် မကျေနပ်သေးဘဲ လာမည့်နှစ်တွင်

နောက်ထပ်ကလေးတစ်ဦး ရယူဦးမည်ဟု ဆိုသည်။ ရာဂျစ်ရက်ဟက်ဗ်သည်ငယ်စဉ်က နပန်းသမားတစ်ဦး ဖြစ်ခဲ့ပြီး လွန်စွာကျန်းမာသန်စွမ်းသူဖြစ်သည်ဟုဆိုသည်။

ယခင် ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေမှာ အိနိ္ဒယနိုင်ငံမှပင်ဖြစ်ပြီး အိနိ္ဒယလယ်သမား နာနုရမ်ဂျော်ဂီသည်၂၀၀ရ ခုနှစ်က အသက် ၉ဝ အရွယ်တွင်

သူ၏ ၂၁ ယောက်မြောက်ကလေး ကို ရရှိခဲ့ရာ ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားခဲ့သည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။