ဆောက်လုပ်ရေးအလုပ်သမား သူ၏ ဦးခေါင်းထဲသို့ သံရိုက်သွင်းမိသော်လည်း အသက်မသေ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင်နေထိုင်သည့်ဆောက်လုပ်ရေးအလုပ်သမား ဗစ်တာဘန်နာဗီဒက်ဇ်(၂၈နှစ်)သည် သံရိုက်သည့်သေနတ်ဖြင့်

သူ၏ဦးခေါင်းအတွင်းသို့ သံတစ်ချောင်းကို မတော်တဆ ရိုက်သွင်းမိခဲ့သည်။သူသည် ခေါင်မိုးပေါ်သို့  တက်နေစဉ် နောက်သို့ လှန်ကျသွားသဖြင့်

ခလုတ်ကို ယောင်နှိပ် မိသောကြောင့် သံသည် ပါးစပ်မှနေ၍ သူ၏ဦးခေါင်းထဲသို့ဝင်သွားခြင်းဖြစ်သည်။

သို့သော် ကံအားလျော်စွာပင် ၃ ဒသမ၂ လက်မရှိသော သံသည် သူ၏ဦးနှောက်နှင့်ထိရန် ၁ မီလီမီတာခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။

သေချင်လို့ ကိုးထပ်က ခုန်ချကာမှ အမှိုက်အိတ်တွေပေါ်ပြုတ်ကျပြီး အသက်မသေ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅ လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့်

ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင် စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ

အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော

အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

About nyimalay

nyimalay has written 61 post in this Website..