ကွန်နတ်ရှင် ဘော်လုံးပွဲ

Yin Nyine NwayFebruary 1, 20111min692

ကွန်နက်ရှင်ဘေါလုံးပွဲ ဟုတ်ကဲ့ အခုဆိုရင် Firefox က Google ကို စ ပေးတယ် ခင်ဗျ… Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျ… ကျတယ်ခင်ဗျ… ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာ… ပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော… ပြောရင်နဲ ့ တက်လာပြန်ပါပြီခင်ဗျ။ ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ… ပြန်ဖြတ်ချပါတယ်။ အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ ့ပြတ်ကျသွားပါပြီခင်ဗျား… ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ… Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျ… ရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ… ဒိုင်လူကြီး ပုဂံက Network Busy ပြပါတယ်ခင်ဗျ။ (အသုံးကြမ်းလို ့ပါတဲ့)… Gmail လေးက တက်ဖို ့ချောင်းနေတယ်ခင်ဗျ… Loading လေး ဆွဲပြေးသွားပြီ… ပြည့်ခါနီးပါပြီခင်ဗျ… ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို ့ တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာ အခုဆိုရင် သုံးရတာ ဆန် ့တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့ အစွမ်းတွေပေါ့ခင်ဗျ… ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့ ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ… ဟုတ်ကဲ့ပြောရင်းနဲ ့ Facebook လေး Singin ဝင်သွားပြီခင်ဗျ… Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ… အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့… ဒါနဲ ့ User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ… Network Timeout ပါတဲ့… ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ… ဟုတ်ကဲ့ User ကို တိုးတိုး တိုးတိုးနဲ ့ > သွားပြောနေပါတယ်ခင်ဗျ… ဘာပြောတာပါလိမ့်…? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ… ဒိုင်လူကြီးက ပြောပါတယ်တဲ့ “အဲလောက်နဲ ့တက်တက်မလာနဲ ့” လို ့ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ ့ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ… User တွေကလဲ တင်းတယ်ခင်ဗျ… ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့… ရတနာပုံက Complain တက်တယ်ခင်ဗျ… FTTH တွေ တပ်နေလို့ပါတဲ့။ ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၁ ပတ် လောက်ရှိပါပြီခင်ဗျ… ပွဲဟာဆိုရင် ပြီးဖို ့ နိုဝင်ဘာ ရ ရက်နေ ့အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ… ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးး 😀

2 comments

  • photwenty

    February 1, 2011 at 10:07 am

    မမယဉ်ငြိမ်းခင်ဗျာ ကျေးဇူးပြုပြီးတော. link လေးရေးပေးစေချင်ပါတယ်

    ဒီpost ကို ဘယ်မှာဖတ်ဖူးသလဲမသိတော.ပေမယ် မှတ်မိနေလို.ပါ

    facebook မှာလို.တော.ထင်ပါတယ်

    အဲ.ဒီမှာ မမယဉ်ငြိမ်း ပဲရေးသလားတော.မသိတော.ပါဘူး ခင်ဗျား

  • Yin Nyine Nway

    February 1, 2011 at 11:11 am

    ဟုတ် တောင်ကြီးဖန်မလီကနေ ဖေ့ဘုတ်
    ဖေ့ဘုတ်ကနေ မန္တလေး

Leave a Reply