ကွန်ပြူတာနှင့်သက်ဆိုင်သော နည်းပညာများ

Yin Nyine NwayFebruary 1, 201125min19613

Windows 7 အကြောင်း

Windows 7 operation system ကို edition အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။
ကိုယ်လိုအပ်မဲ့အနေအထား ကိုယ်သုံးမဲ့ငွေပမာဏပေါ်မူတည်ပြီး အမျိုးမျိုးရွေးချယ်နိုင်တာပေါ့။ Windows 7 edition အမျိုးမျိုးပေါ် မူတည်ပြီး ကွဲပြားတဲ့ Feature တွေ Function တွေ တွေ့ရမှာပါ။ Windows 7 အမျိုးအစား ၆မျိုးရှိပါတယ်။
– Windows 7 Starter
– Windows 7 Home Basic
– Windows 7 Home Premium
– Windows 7 Professional
– Windows 7 Enterprise
– Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။

Windows XP မှာတုန်းကတော့ … XP
Prefessional & Home Edition နှစ်မျိုးကိုပဲ အများအားဖြင့်တွေ့ရပါတယ်။
သို့သော် XP မှာလဲ Starter version ရှိပါတယ်။ ဒါ့အပြင် Media Center
Edition နဲ့ Tablet Edition တွေပါရှိပါတယ်။
– Windows XP Starter
– Windows XP Home Edition
– Windows XP Professional Edition
– Windows XP Media Center Edition
– Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။

Windows 7 Starter
Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။
Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။
Enterprise Feature တွေဖြစ်တဲ့ …
Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote
Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။
နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။
( Windows XP မှာလဲ IIS ပါပါတယ်။
များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ
သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web
Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional,
Enterprise, Ultimate versions တွေမှာ IIS ပါဝင်ပါတယ်။ )
Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။
core ကတော့ unlimited ပါပဲ။ eg. Windows 7
version အားလုံးက dual core, quad core … ဘာ ကိုး … ညာကိုး … အားလုံး
support လုပ်ပါတယ် …

Windows 7 Home Basic
Windows 7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ နိုင်ငံတွေရဲ့ ဈေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user interface, DVD
playback, Windows Media Center, Internet connection sharing
တွေမရနိုင်ပါဘူး။
Domain system ကိုလဲ Home Basic
version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature
တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,
BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS
Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။
Windows 7 Home Basic edition မှာ
Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ
memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB
ထိ အများဆုံးသုံးနိုင်ပါတယ်….

Windows 7 Home Premium
Windows 7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ (
မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home
Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။
Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium
edition မှာ .. Windows Aero UI, DVD playback, Windows Media Center,
Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain
ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့
Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote
Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။
32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။
64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။
Windows 7 Home Premium က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Professional

Windows 7 Professional version မှာ Home Premium version မှာရတဲ့ Feature တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise
Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache
စတာတွေ တော့ မရနိုင်ပါဘူး။
Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Enterprise and Ultimate Editions

တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာ
အတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့နဲ့
ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့
အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့
Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။
Windows 7
Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions
တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့
… Encryption File System (EFS), AppLocker, DirectAccess, BitLocker,
Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD
ကိုပါရနိုင်ပါတယ်။
Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Note : MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့
feature အများစုဟာ Enterprise & Ultimate Editions တွေက features
တွေဖြစ်ပါတယ်။

Windows 7 Hardware Requirements
ဒီမှာ Windows 7 တင်ရင် အနိမ့်ဆုံးလိုအပ်မဲ့ Hardware Requirements တွေကို ရေးသွားမှာပါ။ Operation
System (OS) တစ်ခုဟာ သူ့အတွက်အနိမ့်ဆုံးလိုအပ်မဲ့ Hardware Requirements
တွေပြည့်မှီမှသာ ကောင်းကောင်း Operate လုပ်မှာ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက
…. အနိမ့်ဆုံးလိုအပ်တဲ့ Hardware Requirement ဆိုတာဟာ Windows
အတွက် သီးသန့်လိုအပ်တာဖြစ်ပြီး သူ့ပေါ်မှာ Run မဲ့ Application
တစ်ခုချင်းစီဟာလဲ သူတို့ရဲ့ Memory နဲ့ Storage လိုအပ်ချက်တွေ
ရှိနေသေးတယ်ဆိုတာပါပဲ။ ကိုယ်က စက်တစ်ခုဝယ်တော့မယ်ဆိုရင် (သို့မဟုတ်)
Windows Version တစ်ခုခုကို ကိုယ့်စက်ထဲ ထည့်တော့မယ်ဆိုရင် ကိုယ်အသုံးပြုမဲ့
Application တွေအတွက်ပါ Hardware Requirement ကို
စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။

Hardware Requirements for Windows 7 Starter & Home Basic Editions

Windows 7 Starter & Home Basic Editions တွေအတွက် အောက်ပါ Hardware Requirements တွေလိုအပ်မှာဖြစ်ပါတယ်။
1GHz 32-bit (x86) or 64-bit (x64) Processor
512MB of System Memory
20GB (64-bit) or 16GB (32-bit) HDD
with at least 15 GB of free space (ဆိုလိုတာကတော့ … 64-bit version
ဆိုရင် 20GB HDD ဖြစ်ရမှာဖြစ်ပြီး၊ အဲဒီ HDD မှာ အနည်းဆုံး 15GB free space
ရှိနေရမယ်လို့ဆိုလိုတာပါ။)

32MB of Graphics Memory with DirectX9 support
တို့ဖြစ်ပါတယ်။

Hardware Requirements for Windows 7 Home Premium, Professional, Ultimate and Enterprise Editions
Windows 7 Home Premium,
Professional, Ultimate and Enterprise Editions တွေအတွက် အောက်ပါ
Hardware Requirements တွေလိုအပ်မှာဖြစ်ပါတယ်။

1GHz 32-bit (x86) or 64-bit (x64) Processor
1GB of System Memory
40GB of HDD with at least 15 GB of free space
128MB of Graphics Memory with DirectX9 support
တို့ဖြစ်ပါတယ်။

x86 & x64
Processor Architecture တွေမှာ 32-bit version ကို (x86) လို့ label တပ်ပြီး 64-bit version ကို (x64) လို့ label တပ်ပြီးဖော်ပြလေ့ရှိပါတယ်။ Windows 7 က Processor Architectures နှစ်မျိုးလုံးကို support လုပ်ပါတယ်။ Pentium
IV နဲ့ အစောပိုင်း Processor တွေဟာ x86 တွေများပါတယ်။ ပြီးတော့
အသစ်ထွက်တဲ့ Netbook သေးသေးလေးတွေရဲ့ Processor တွေရောပေါ့။ x64 Processor
သုံးတဲ့စက်မှာ x64 version Windows 7 & x64 version Applications
တွေတင်ပြီး Run နိုင်သလို၊ x86 versoin Windows 7 & x86 version
Applications တွေလဲ Run နိုင်ပါတယ်။
( အရင်ကတော့ x64 Processor သုံးတဲ့စက်မှာ x64 version OS &
Application တွေပဲ Run နိုင်တယ်လို့ကျနော်ထင်ခဲ့တာ။ OS နဲ့ Application
တွေရှားနိုင်လို့ x64 Processor သုံးထားတဲ့စက်တွေ
မသုံးသင့်ဘူးလို့ထင်ခဲ့တာ။ ခုမှ မှားမှန်းသိတယ် … )

x86 Processor & OS
X86 version Windows 7 တွေဟာ Memory (RAM) အမြင့်ဆုံး 4GB ထိပဲ support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Windows 7 x86 version ကို x64 Processor သုံးတဲ့စက်မှာတင်လို့ရပါတယ်။
သို့သော် OS ကတော့ Memory 4GB ထိပဲ အများဆုံးသိမှာဖြစ်ပါတယ်။
(အဲထက်ပိုနေလဲ သူမသိပါဘူး။ 4GB ထိပဲ support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။)

x64 Processor & OS
x64 version Windows 7 ကိုတော့ x64 Processor သုံးထားတဲ့ စက်မှာပဲတင်လို့ရမှာပါ။
x64 version Windows 7 Professional, Enterprise, Ultimate Edition တွေမှာ
System Memory (RAM) 128GB (တစ်ရာနှစ်ဆယ့်ရှစ်) ထိ support လုပ်ပါတယ်။ x64
version Windows 7 Home Basic က 8GB ထိ support လုပ်ပါတယ်။ x64 version
Windows 7 Home Premium ကတော့ 16GB ထိ support လုပ်ပါတယ်။

Shrink
Windows XP နဲ့အရှေ့က Windows တွေမှာတုန်းက C:,D:, တွေခွဲထားပြီးလို့ ကိုယ်ကလိုအပ်လို့ နောက်ထပ်ခွဲချင်သေးတယ် ဆိုရင် Norton Partition Magic လို Third Party Softwares တွေသုံးပြီး လုပ်ရပါတယ်။ Windows 7 မှာတော့ အဲဒီ Feature တစ်ခါတည်းပါဝင်လာပါတယ်။ အဲဒါကတော့ Shrinkပါ။ My Computer –> Right Click –> Manage ကိုနှိပ်ပါ။ Computer Management ပေါ်လာရင် Storage အောက်က Disk Management ကိုရွေးပေးပါ။ ပြီးရင် ကိုယ် Partition ခွဲချင်တဲ့ Volume ( C:, or , D: ) ကို Right Click နှိပ်ပြီး Shrink Volume ကို နှိပ်လိုက်ပြီး ဆက်လုပ်သွားရင် partition ခွဲလို့ရသွားပါပြီ။

Web Design သမားတွေနဲ ့PhotoShop သမားတွေ အတွက် အထူးစပယ်ရှယ် HTML Color Code တွေနဲ ့RGB Code တွေ အလွယ်လေး ယူကြမယ် ။

ဆိုဒ်ကလည်း ဟိုပြောင်း ဒီပြောင်း ၊ ဟိုရွှေ ့ဒီရွှေ ့နဲ ့ဆိုတော့….. ပိုစ့်တွေလည်း မတင်ဖြစ်ဘူး ။ ပျင်းနေတာနဲ ့…….(တင်စရာတွေ ကတော့ အများကြီးပဲ ဘယ်က စတင်ရမလဲ တောင် မသိတော့ဘူး ) ။ စာမရေးရတာလည်း ကြာပြီ ။ အခု တင်မယ် လည်း ဆိုရော ဘယ်က စရေးရမလဲ လဲ မသိတော့ဘူး ။ ဒီကြားထဲ MMiTD နဲ ့တော်တော် အဆက်ပြတ်သွားတယ် ။ မရတစ်ချက် ရတစ်ချက် ဆိုတော့ ။ ခုတော့ stable ဖြစ်ပြီ ထင်တာပဲ ။ (Creator မကလိတော့ရင်ပေ့ါ…. ဟိဟိ) ။ အဲ့ဒါနဲ ့တင်မယ် ပေ့ါ .. ဆိုပြီး ….. တင်လိုက်တယ်ပေ့ါ … ။

software လေးက သေးသေးလေးးး ။ ဒါပေမဲ့ … Web Design သမားတွေ ၊  Photoshop သမားတွေ နဲ ့Color တွေ ကိုင်ပြီး အမြဲ အလုပ်ရှုုပ်နေတဲ့ သူတွေ အတွက်တော့.. အဖိုးမဖြတ်နိုင်တဲ့ software လေး တစ်ခုပေ့ါ …. ။ size ကလည်း 420 KB ဆိုလား မသိဘူး ။ အဲ့လောက်ပဲ ရှိတယ် ။

ဒါဆို .. ဘာ software လဲ ဆိုပြီး မေးစရာရှိတာပေ့ါ ..။ ဒီလိုပါ …  ။

software လေးကို ဒေါင်းပြီး install လုပ်လိုက်ပါ ။ ပြီးရင် အဲ့ကောင်လေးကို open လိုက် ။ အဲ့ဒါဆို ရင် tray icon လေးနေရာမှာသူ ့icon လေး သွားပေါ်နေလိမ့်မယ် ။ စက်ဝိုင်းပုံစံလေး ထဲမှာ အရောင်လေးတွေနဲ ့.. ။

အဲ့ဒါဆိုရင်…. အဲ့ကောင်လေး ပေါ်မှာ mouse နဲ ့click ပြီး (left click) မော်နီတာ Screen ပေါ်မှာရှိတဲ့ ကြိုက်တဲ့ နေရာပေါ်ကို Drift ဆွဲသွားလိုက် … ။ HTML Color Code တွေ ပြပေးလိမ့်မယ် ။ (right click က option မှာ ဘယ်လို HTML Code နဲ ့ယူမှာ ဆိုတာလည်း ရွေးပေးလို ့ရသေးတယ်နော်…. )

right click နှိပ်ပြီး color code တွေ ပြောင်းပေးလို ့ရတယ် ။ ပြောင်းပေးနိုင်တာတွေကတော့ …

HTML,Hex,Delphi Hex,VB Hex,RGB,HSB

အဲ့ color code တွေကို  မိမိ လိုချင်တဲ့ ဟာသာ ပြောင်း ပြောင်းပေးနေ ။ Web Design သမားတွေ အတွက်ကတော့ လုံးဝကို တန်ဖို းရှိပါလိမ့်မယ် ။

ပြောနေကြာတယ်ဗျာ …. ။ ဒေါင်းသာ ဒေါင်းလိုက်တော့ …. ။

Download From Mediafire


Download From IFile


Download From Zshare


Download From Ziddu


Download From Easy Share

မကြည့်စေချင်တဲ့ website တွေကို ဘယ်လို ပိတ်ထားမလဲ

ကွန်ပျူတာ တစ်လုံးတည်းကို ညီအစ်ကို မောင်နှစ်မများ စုပြီးတော့ သုံးနေတာပဲ ဖြစ်ဖြစ်၊ မိမိကွန်ပျူတာကို မိမိမဟုတ်သော တစ်ခြား တစ်စုံတစ်ယောက်အား ပေးသုံးတာတွင် မိမိ မသုံးစေချင် မဖွင့်စေချင်သည့် ဝဘ်ဆိုက်များကို ပိတ်ထားချင်တယ်ဆိုရင်တော့ အခုပေးလိုက်တဲ့ program နှင့် ပိတ်ထားလို့ရပါတယ် . ကျွန်တော်တို့ အဓိက ပိတ်ချင်တာက Porn ဆိုက်တွေကိုပါ . မိမိညီငယ် ညီမငယ်များ အရွယ်မရောက်သေးဘဲ ဒီလို ဆိုက်တွေကို မကြည့်စေချင်လို့ ပိတ်ထားချင် သူများအတွက် တင်ပေးလိုက်ပါတယ် . အခု program မှာ porn ဆိုက်ပေါင်း တစ်သောင်းကျော်ကို block လုပ်ထားပြီးသားပါ . မိမိအနေဖြင့် ထပ်ပြီးတော့ block လုပ်ထားချင်တဲ့ website များ ရှိပါက ထပ်ထည့်လို့ ရပါသေးတယ်. ကဲ ဒီလောက်ဆိုရင် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ .

Internet ကိုဘာ software မှမသုံးဘဲ မြှင့်ရအောင်

Internet ကိုဘာ software မှမသုံးဘဲ မြှင့်ရအောင်
အခုကျနော်ပြောပြမယ့်နည်းကတော့ မိမိရဲ ့ကွန်ပျူတာမှာကိုယ့်ဘာသာလုပ်ရမှ

ာပါ။
အင်တာနက်ကို ဘာ software မှမသုံးဘဲနဲ ့မြန်အောင်လုပ်တဲ့နည်းပါ။ အောက်က
ပုံလေးတွေကြည့်ပြီးလုပ်လိုက်ကြပါ။ စာနဲ ့ပြောရင်ရှုပ်ကုန်မှာစိုးလို့ပါ။ ပုံများလို့ကလေး
ဆန်သွားရင်လဲခွင့်လွှတ်ပေးပါခင်ဗျာ။
ပထမဆုံး window key + R နဲ ့Run Box ကိုအရင်ခေါ်လိုက်ပါ။

1. Run Box ထဲမှာ gpedit.msc ဆိုတာကိုရီုက်ထည့်လိုက်ပါ။

2. Administrative Templates ဆိုတာကို Double Click နှိပ်လိုက်ပါ ပြီးရင် ဘေးက box ထဲမှာ Network
ဆိုတာကိုတွေ ့ပါလိမ့်မယ်။ Network ကိုပါ Double Click နှိပ်လိုက်ပါ။

3. Network အောက်ကိုရောက်ရင် QoS Packet Scheduler ဆိုတာကို Double Click နှိပ်လိုက်ပါ။

4. ပုံ 3 ကအတိုင်းလုပ်ပြီးရင် Limit reservable bandwidth ဆိုတာကို Double Click နှိပ်လိုက်ပါ။

5. ပုံ 4 ကအတိုင်း လုပ်ပြီးရင်တော့ အထက်ပါပုံမှာပြထားတဲ့အတိုင်း  Limit reservable

bandwidth ကို Enabled လုပ်ပေးလိုက်ပါ ။ Bandwidth limit(%)မှာတော့ 0

ထားပေးလိုက်ပါ ပြီးရင် Ok နဲ ့ထွက်ပေးလိုက်ပါ။ အဲဒါဆိုရင်ရပါပြီ။ Ok နဲ

့ထွက်ပြီးရင်ကျန်တဲ့ ဖွင့်ထားတဲ့ window တွေကိုပါပိတ်ပေးလိုက်ပါ။ ပြီးရင်တော့မိမိတို

့သုံးနေတဲ့ browser ကိုဖွင့်ပြီးသုံးကြည့်ပါ ပုံမှန်ထက်ပို မြန်နေပါလိမ့်မယ်။

အခုလိုုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေဇူးအထူးတင်ပါတယ်။

မှတ်ချက်။    ။ Window Xp SP2, Window Vista SP2, Window 7
တွင်သာရသည်။

နောက်ထပ်တစ်နည်းကိုတော့နောက်တစ်ခေါက်မှတင်ပေးပါ့မယ် နာက်တစ်နည်းကတော့

အခု နည်းနဲ ့တွဲပြီးလုပ်ထားရင်ပိုပြီးမြန်ပါတယ်။

Stealing Passwords with Ettercap and How to Prevent

တစ်နေ့က youtube မှာ မွှေရင်းနဲ့ video တစ်ခု တွေ့လိုက်ပါတယ်။ ကြည့်ပြီးတော့ စမ်းသပ်လိုက်တာ လူတောင် မျက်လုံးပြူးသွားပါတယ်။ Ettercap ကို သူက သုံးပြသွားတာပါ။ Ettercap ဆိုတာက တကယ်တော့ Hacking Software လည်း မဟုတ်ပါဘူး။ Local Network Security Measurement Software တစ်ခုပါ။ ဒါပေမဲ့ သူက တခြားစက်က လူတစ်ယောက်က Website တစ်ခုကိုဖွင့်ပြီး Username နဲ့ Password ရိုက်တဲ့အခါ ကိုယ်က သွားမကြည့်ဘဲ သိနိုင်တယ်ဆိုရင် စာဖတ်သူ စိတ်များဝင်စားမလား မသိဘူး။
ဒီလိုပါ။

ဥပမာ အင်တာနက်ဆိုင်ဆိုပါစို့။ မောင်မောင်နဲ့ ကျော်ကျော် အင်တာနက်သုံးနေကြမယ်။ အဲဒီအချိန်မှာ မောင်မောင်က သူ့ ကွန်ပျူတာမှာ Ettercap Software တင်လိုက်မယ်။ ပြီးရင် စောင့်ကြည့်နေလိုက်ရုံပဲ။ ကျော်ကျော်က Website တွေကို ဖွင့်ပြီး Login ဝင်လိုက်တဲ့အချိန်မှာပဲ ချက်ချင်းဆိုသလို မောင်မောင်ဖွင့်ထားတဲ့ Ettercap Software မှာ ကျော်ကျော်သုံး သွားတဲ့ Username နဲ့ Password ပေါ်လာပါလိမ့်မယ်။ ကဲ ကျော်ကျော်တော့ သွားပြီ။
ဒီနည်းပညာကို Sniffing လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင် အနံ့ခံခြင်းပေါ့။ Sniffing ဘယ်လို အလုပ်လုပ်သွားတယ်ဆိုတာ ဒီပုံလေးကြည့်ရင် ရှင်းမယ်ထင်ပါတယ်။

အနီရောင်နဲ့လူကတော့ မသမာသူ မောင်မောင်ပါ။ မောင်မောင်သုံးနေတဲ့ Ettercap Software က ကျော်ကျော်အပြင် Network တစ်ခုလုံးမှာရှိနေတဲ့ ကွန်ပျူတာတွေမှာတပ်ထားတဲ့ Network ကြိုးတွေထဲမှာ စီးဆင်းသွားလာနေတဲ့ အချက်အလက်တွေကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ အဲဒီထဲကမှ username နဲ့ password ဆိုရင် သူက ကောက်ယူ လိုက်တာပါ။ တခြား Password တွေကိုတော့ မယူနိုင်ပါ။ ဒါပေမဲ့ Website ပေါ်မှာ ရိုက်ထည့်သမျှ Password (Gmail, Facebook, Twitter) တွေ အကုန်လုံးကို ရယူနိုင်စွမ်းရှိပါတယ်။

ဘယ်လိုကာကွယ်မလဲ
လက်တွေ့စမ်းသပ်ကြည့်ရသလောက် HTTP Secure Protocol သုံးတဲ့ Website တွေကလွဲလို့ တခြား Website တွေမှာ သုံးမိတဲ့ username နဲ့ password မှန်သမျှကို Ettercap က အသာလေး ရယူနိုင်ပါတယ်။ HTTP Secure Protocol သုံးတဲ့ site တွေကတော့ website လိပ်စာမှာ https:// ဆိုပြီး ပါတာတွေပေါ့။ Gmail သုံးရင်, Facebook သုံးရင် သတိထားမိကြမှာပါ။ အဲဒီလို https site တွေမှာသုံးတဲ့ username နဲ့ password တွေကိုတော့ ettercap က မယူနိုင်ပါဘူး။ ကျွန်တော်တို့တောင် Myanmar IT Men Website ကို https ပြောင်းလိုက်ပါပြီ။
ဒါပေမဲ့ Ettercap Software မှာ အဲဒီ https မှာသုံးတဲ့ password တွေကိုပါ ခိုးနိုင်တဲ့ Function ပါပါတယ်။ Certificate အတုထည့်ပြီး ခိုးတာပါ။ ဒါပေမဲ့ အဲဒါက သိသာပါတယ်။ စာဖတ်သူအနေနဲ့ Gmail, Facebook စသည်တို့ကို Log in ဝင်လိုက်တဲ့အခါ Box တစ်ခု ကျလာပါလိမ့်မယ်။ (အောက်ပါပုံကို ကြည့်ပါ)

အဲဒီ box မှာ ရေးထားမဲ့အကြောင်းအရာတွေကတော့ Certificate က Untrust ဖြစ်နေတယ်။ မင်း လက်ခံမှာလား ဘာလားဆိုပြီး မေးနေတာပါ။ ဒါဆိုရင် သေချာပြီပေါ့။ ကိုယ့် Network ထဲမှာ Ettercap ကြီး ရှိနေပြီ။ ဘာမှ ဆက်မလုပ်ပါနဲ့တော့။ ကွန်ပျူတာကိုသာ ပိတ်လိုက်ပါ။

Cryptography: How password Encryption and Decryption is done

Well, I will be posting some FUD keyloggers and FUD Crypter on Techotoys. To prevent these FUD softwares from being detected by antiviruses, it is necessary to ensure that no careless noob gets access to such FUD softwares. And to ensure this, henceforth, I will password protect such FUD keyloggers and crypters. You will be given encrypted password and not the real password. You have to decrypt the password hash to unlock the FUD software.

So, I am writing this article on Cryptography to help you in decrypting the encrypted password string.

How to decrypt password

How to encrypt password???

Say, I want to encrypt the string: techotoys.blogspot.com
And the Encryption order is: Base 64-Reverse-String to Hex

a. So, to start with encryption, go to: http://www.crypo.com/eng_base64e.php
and enter our password: techotoys.blogspot.com in the text box. Hit on “Encrypt” to get the encrypted Base 64 password.

b. Now, next we have to Reverse the string obtained from step a. So, go to:
http://www.string-functions.com/reverse.aspx
and enter the string from step a in the text box and hit on Reverse. Copy the string from second box.

c. Next is to encrypt with Hex. Go to: http://www.string-functions.com/string-hex.aspx
and enter the string copied in step b. Hit on Convert to get:
3d3d5162764e6d4c303947637a643262734a6d4c7a6c3362303947616a564764

So, this is our final encrypted password.

Note: Crypo.com and String-functions are one of the best sites used for encryption and decryption. Their combination includes almost all types of encrypting methods.

How to decrypt encrypted password???

So, we are given the above encrypted password and need to get the actual real password.
The encrypted password we need to decrypt is:
3d3d5162764e6d4c303947637a643262734a6d4c7a6c3362303947616a564764

Since Encryption order is: Base 64-Reverse-String to Hex
while decrypting, we need to follow exact opposite order.

So, Decryption order becomes: Hex to String-Reverse-Base 64

A. We have to convert Hex to String. Go to:
http://www.string-functions.com/hex-string.aspx
and enter the encrypted password. Hit on Convert and copy the resultant string.

B. Now, to reverse this string, go to:
http://www.string-functions.com/reverse.aspx
and reverse it. Copy the reversed string.

C. To decrypt using Base 64, go to:
http://www.crypo.com/eng_base64d.php

Thus, you have successfully decrypted your password.

So friends, this is all about how password encryption and decryption is done via Cryptography. I have just demonstrated it by illustrating one example. If you find any problem in this tutorial on how to encrypt and decrypt password, please mention it in comments.

Enjoy Cryptography to encrypt and decrypt passwords…

ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေနဲ့ မြန်မာစာတမ်းထိုးပြီး DVD Slide Show လုပ်ဖို့ Wondershare DVD Slideshow Builder Deluxe 6.0.2 Free Full Download

Wondershare DVD Slideshow Builder Deluxe 6.0.2 uploaded by catman@mmitd.com
Wondershare DVD Slideshow Builder Deluxe 6.0.2

ဒီ Wondershare DVD Slideshow Builder Deluxe 6.0.2 ကိုသုံးပြီး မြန်မာစာတမ်းထိုးနောက်ခံသီချင်းလေးတွေနဲ့ photo တွေကို DVD slide show လုပ်ပြီး DVD စက်မှာကြည့်လို့ရပါတယ်
မြန်မာစာတမ်းထိုး subtitle တွေကို Time line နဲ့ လွယ်လင့်တကူလုပ်လို့ရပါတယ်
သီချင်းတွေကို မြန်မာစာတမ်းထိုးရတာ ဒီ Wondershare DVD Slideshow Builder Deluxe 6.0.2နဲ့တော်တော်လွယ်ပါတယ်
Photo တွေကိုလည်း effect မျိုးစုံထဲ့လို့ရပါတယ်

Install လုပ်ရန်
1.Rar file ကို Right Click ထောက်ပြီး Extract Here လုပ်ပါ
2.Wondershare DVD Slideshow Builder Deluxe.v6.0.2.upped by catman.exe ကို Run ပြီး Install လုပ်ပါ
3.ပေးထားတဲ့ License name နဲ့ serial number ကိုထဲ့ပြီး register လုပ်ပါ
4.Done !!! Full version ဖြစ်သွားပါပြီ

Free Download From MediaFire
http://www.mediafire.com/file/4a14cpgo9so7ksc/Wondershare%20DVD%20S…

Free Download From ifile.it
http://ifile.it/1kip90l/Wondershare%20DVD%20Slideshow%20Builder%20D…

Free Download From ziddu.com
http://www.ziddu.com/download/12624931/hareDVDSlideshowBuilderDelux…


ကျွန်တော်တို့ ပြင်း နေလို့ဘဲဖြစ်ဖြစ် အားနေလို့ဘဲဖြစ်ဖြစ် ကျွန်တော့လို လူမျိုးတွေဆိုရင်တော့ Games တွေကစားကြပါတယ်။ တကဲ့ Game ကြီးတွေမရှိတဲ့ သူတွေကြတော့ Online Flash Games တွေကစားကြပါတယ်။ ဒါပေမဲ့ အချို့သူတွေကြတော့ အဲဒီ Flash Games တွေကိုကြိုက်လို့ Download လုပ်ထားပြီး Browser တွေနဲ့ Play ကြပါတယ်။

ဒီ Tutorial လေးမှာကြတော့ Browser မလိုဘဲ .Swf File တွေကို Play နိုင်တဲ့ နည်းလေးကို Share လိုက်ပါတယ်။ အလွယ်ဆုံးနည်းပြောရရင်တော့ဗျာ အဲ့ဒီ .Swf Flash Game ကို Download လုပ်ပြီး .Exe နဲ့ Convert လိုက်ရင် ကစားလို့ရပါပြီး။

KyawswarNyein.Com_Adobe_Flash_Player_v10.0

အပေါ်က ဟာလေးကတော့ Adobe Flash Player v10.0 လေးပါ။ အဲ့ဒီ ဟာလေးကိုကျွန်တော့ Logo နဲ့ နံမယ်ပြောင်းထား ဒါပါ။ အပေါ်မှာပြထားတဲ့ အတိုင်းပါဘဲ ကိုယ်လိုချင်ရင်တဲ့ .Swf File/Game ကို ဖွင့်ပြီး File > Create Projector… ကိုနှိပ်လိုက်ပါ။

KyawswarNyein.Com_Adobe_Flash_Player_v10.0_Game_Save

ပြီးရင်တော့ .Exe နဲ့ Name ပြီး Save လိုက်ရင် ကစားလို့ရပါပြီးဗျာ။ ကျွန်တော် လုပ်ထားတဲ့ Flash Player နဲ့ လုပ်ရင်တော့ ကျွန်တော့ Logo ပါတဲ့ N ဆိုတဲက စာလုံးနဲ့ပေါ်လာပါ့မယ်။ Original နဲ့လုပ်ရင်တော့ F ဆိုတဲ့ဟာနဲ့ ပါလာပါ့မယ်။

Adobe Flash Player တွေကို ကိုယ့် Logo/Name စသည့်ပြောင်းချင်ရင်တော့ Adobe Flash Player ကို အောက်မှာ Download ယူရင်း ကျွန်တော်လုပ်ထားတဲ့ Flash Player ကိုယူချင်ရင်တော့ အောက်မှာဘဲ တဆင့် ယူသွားလိုက်ပြီး Video Tutorial လေးကိုကြည့်သွားလိုက်ပါအုံး။

Watch Video Tutorial
Password: KyawswarNyein.Com
Download Adobe Flash Player v10.0
Download Adobe Flash Player v10.0 [re-created]

Web Development with PHP 5 Part 3

ကဲ အပိုင်း (၁) (၂) ကြားထဲမှာ (၃)လာဖို ့တော်တော်လေးကြာသွားပါတယ်။ exam ရှိတာရယ် project ရှိတာရယ် အလုပ်မအားတာရယ်နဲ့တင် မလှည့်နိုင်တော့လို ့ခုဆက်လက်ပြီး တော့ ပြောပြသွားပါမယ်။ စောင့်ဖတ်ရတဲ့ လူတွေလည်း ကိုရီးယားကားကြည့်သလိုဖြစ်နေပြီ… ကဲကဲ ဆက်လက်ပြီး တော့ ကြည့်ရအောင်…

Variables လေးအကြောင်းသွားရအောင်။ PHP မှာ Variables ပေးတဲ့အခါ .Net နဲ့လုံးဝ မတူတဲ့ အပိုင်းရှိပါတယ်။ .Net မှာ Variable ကြေငြာရင် DataType ကိုထည့်ပြီးကြေငြာရပါတယ်။ PHP မှာ တပန်းသာတာက အဲဒီလိုမျိုးမလိုပါဘူး။ Variable ကို Declare လုပ်မယ့်နေရာမှာ Value တန်ဖိုးကို တန်းထည့်လိုက်ရုံနဲ့ အဲဒီ Variable ရဲ့ ValueType ကိုပြောပြီးသားဖြစ်သွားပါတယ်။ နောက်ပြီးထူးခြားတာက Variablename တွေရဲ့ အရှေ့မှာ $ Signလေးထည့်ပေးရပါတယ်။ ကဲ သူ့ရဲ့ Syntax လေးကိုကြည့်ရအောင်။
$variable_name = value;
Variable ကို declare လုပ်တဲ့ Syntax ပါပဲ။ Example :
$variable = “4”; အဲဒါဆိုရင် String DataType တစ်ခုကိုလက်ခံထားတဲ့ Variable ပါပဲ။ Number ကို declare လုပ်ချင်ရင်တော့ double-quote မလိုပါဘူး။ တခါတည်း Assign ထည့်လိုက်လို ့ရပါတယ်။ အဲဒီမှာ တစ်ခု သတိထားရမှာက Case-sensitive ပါပဲ။ ကိုယ်က Variable name အစကို အကြီးစာလုံးများပေးမိရင် ပြန်ခေါ်သုံးတဲ့ နေရာမှာလဲ ကြေငြာထားတဲ့ အတိုင်း ဖြစ်ရပါမယ်။ ခဏခဏ ဘာလို့ပြောပြောနေရတာလဲဆိုရင် errors တက်တဲ့အခါ အဲဒါမျိုးတွေပဲတက်နေတာ ခဏခဏ တွေ ့နေရလို့ပါ။
PHP variable နာမည်ပေးရင် သတိထားသင့်တဲ့အချက်လေးတွေပါ။ များများစားစားမရှိပါဘူး။ ၄ချက်ထဲပါ။ ကြည့်ရအောင်။
1. စစချင်းမှာ letter or underscore နဲ့စလို ့ရပါတယ်။
2. Alpha-numeric characters (a-z, A-Z, 0-9) and underscores တို ့နဲ့ ရောပြီးလည်းကြေငြာ လို ့ရပါတယ်။
3. စာလုံးတစ်လုံးထက်ပိုပြီး ကြေငြာချင်ရင် underscore or ‘-’ လေးခံသုံးလို့ရပါတယ်။
4. ဒါမှမဟုတ်ရင် နောက်စာလုံးကို အကြီးရေးပြီး ကြေငြာလို့ရပါတယ်။
ကဲ နောက်တစ်ခုပြောချင်တာက PHP Codes ထဲမှာ double-quote (“ ”) ကြားထဲမှာ double-quote (“ ”) ပြန်သုံးလို ့မရပါဘူး။ သုံးချင်ရင် (\“) ခံသုံး ဒါမှမဟုတ်ရင် Single-quote (‘ ’) သုံးရပါမယ်။ Single-quote ဆိုရင်တော့ သူ့ပြောင်းပြန်ပေါ့။ Open-source ဖြစ်တဲ့ Java သင်ဖူးတဲ့လူတွေအတွက် ဆို်ရင်တော့ မစိမ်းလှပါဘူး။
နောက်အကြောင်းရာတစ်ခုက String အကြောင်းပါ။ တော်တော်များများသိတာက String စာကြောင်းတစ်ကြောင်း ထည့်မယ်ဆိုရင် double-quote ကြားထဲမှာ ထည့်ရတာလောက်ပဲ သိကြပါတယ်။ PHP မှာဆိုရင်တော့ Heredoc ဆိုတဲ့ ပုံစံကြေငြာ ပြီးသုံးလို ့ရတယ်ဆိုတာကို ပြောပြသွားမှာပါ။ သိပ်ပြီးသုံးတာတော့ မရှိပါဘူး။ သိထားအောင်လို ့သာ ပြောပြခြင်းဖြစ်ပါတယ်။ ကဲ ကြည့်ကြည့်ရအောင်။

$my_string =
Tizag.com
Webmaster Tutorials
Unlock your potential!
TEST;
Echo $my_string; // variable ရှိ တန်ဖိုးကို ပြန်ထုတ်ပြတဲ့အတွက် double-quote ထဲမှာထည့်ရေးစရာမလို။
?>
စမ်းကြည့်ကြည့်ပါ။ သိပ်တော့အသုံးမများ ပါဘူး။
PHP Operators လေးတွေ အကြောင်းဆက်ပြောရအောင်။
Operators (၄) မျိုးရှိပါတယ်။
1. Assignment Operators
2. Arithmetic Operators
3. Comparison Operators
4. String Operators
5. Combination Arithmetic & Assignment Operators တို ့ဖြစ်ပါတယ်။
ကဲ Assignment Operators လေးရဲ့ ဥပမာကို ကြည့်ကြည့်ရအောင်။
Example: $another_var = 4;
ဒါကတော့ another_var ဆိုတဲ့ variable ထဲကို integer 4 ဆိုတဲ့ကောင်ကို assign လုပ်လိုက်တာပါ။ အဓိကပြောချင်တာက = ဆိုတဲ့ operator ကို assignment operator လို ့ခေါ်တာပါ။

ကဲဒုတိယတချက်ဖြစ်တဲ့ Arithmetic Operators လေးရဲ့ အကြောင်းကိုလည်းကြည့်ရအောင်။
1. + (Addition)
2. – (Subtraction)
3. * (Multiplication)
4. / (Division)
5. % (Modulus) တို ့ဖြစ်ပါတယ်။
ကဲ နောက်တစ်ချက်ဖြစ်တဲ့ Comparison Operators လေးကိုဆက်ကြည့်ရအောင်။
1. == (Equal To)
2. != (Not Equal To)
3. < (Less Than)
4. > (Greater Than)
5. <= (Less Than or Equal To)
6. >= (Greater Than or Equal To) တို့ပဲဖြစ်ပါတယ်။
ကဲ String Operators လေးကိုလည်း ကြည့်ရအောင်။
$a= “John”;
$b= “Smith”;
$c= $a . $b;
Echo $c . “!”; ကဲအဲ့ထဲမှာ ပြောချင်တာကတော့ variable a နဲ့ variable b ကြားထဲမှာ ဆက်စပ်ပေးလိုက်တဲ့ operator လေးကိုပြောတာပါ။
ကဲနောက်ဆုံးတစ်ခုဖြစ်တဲ့ Combination Arithmetic & Assignment Operators လေးကိုကြည့်ရအောင်။
1. += (Plus Equal: Eg: $x+=2;)
2. -= (Minus Equal: Eg: $x-=2;)
3. *= (Multiply Equal: Eg: $x*=2;)
4. /= (Divide Equal: Eg: $x/=2;)
5. %= (Modulo Equal: Eg: $x%=2;)
6. .= (Concatenate Equal: Eg: $x.=2;) ကဲ ဥပမာလေးတွေနဲ့ပါ ဖော်ပြပေးထားပါတယ်။ နားလည်မယ်လို ့ထင်ပါတယ်။
PHP Comments လေးအကြောင်းကိုဆက်ပြောသွားပါမယ်။
Single Line Comment ကိုပိတ်ချင်ရင်တော့ // or # ကိုသုံးလို ့ရပါတယ်။
Multiple Line Comment ကိုပိတ်ချင်ရင်တော့ /*………………….*/ ကိုသုံးရပါတယ်။
ကဲနောက်ထပ်တစ်ခုကတော့ Include Function & Require Function အကြောင်းကိုဆက်ပြောပြပါမယ်။ အဲ့ဒီနှစ်ခု အလုပ်လုပ်ပုံကိုရှင်းမှရပါမယ်။ စတင်ပြီးလေ့လာမယ့်လူတွေအတွက်ကို ပြောတာပါ။ ကဲ Include Function ရဲ့ အလုပ်လုပ်ပုံလေးကို ကြည့်ရအောင်။
သူ ့သဘောက external CSS သဘောအတိုင်းပါပဲ။ မြင်ရတဲ့အပိုင်းရော မမြင်ရတဲ့အပိုင်းရော အလုပ်လုပ်ပါတယ်။ အဲ့လိုပြောတော့ External CSS ရဲ ့အလုပ်လုပ်ပုံကို သိမှရတော့မှာပေါ့။ external css file တစ်ခုကို html ကနေပြန်ခေါ်သုံးပြီး browser မှာ run လိုက်တဲ့အခါ CSS အလုပ်လုပ်ပါတယ်။ အဲဒါမျိုးကို မမြင်ရတဲ့ အပိုင်းမှာအလုပ်လုပ်တယ်လို့ ပြောတာဖြစ်ပါတယ်။ အကယ်၍ browser မှာတင်Run လိုက်တော့ css style တွေအလုပ်မလုပ်လည်းပဲ Errors တက်သွားပြီး ရပ်တန့်သွားတာမျိုး မရှိပါဘူး။ html စာသား တွေကို ကုန်အောင်အလုပ် လုပ်သွားပါတယ်။ အဲဒါ မမြင်ရတဲ ့အပိုင်းမှာပါအလုပ်လုပ်တယ်လို ့ပြောတာပါ။ အဲ့လိုတော့ နားလည်ထားပါတယ်။ ကဲ ဆိုတော့ include function လည်းဒီအတိုင်းပါပဲ။ file missing ဖြစ်နေလည်း echo statement တွေကို အလုပ်လုပ်နိုင်ပါတယ်။ ကဲ require function ကတော့ ပြောင်းပြန်ပေါ့။ သူ ့ကိုအသုံးပြု ပါတယ်။ တချို ့Website တွေ ကိုယ်ပေးမကြည့်ချင်တဲ့ website မျိုးဆိုရင်ပေါ့ ဒါလေးနဲ့ သုံးလိုက်ရင် ရပါတယ်တဲ့။ တခါမှတော့ Require ကိုတော့ စမ်းမသုံးဖူးပါဘူး။ ကဲ နောက်သင်ခန်းစာဖြစ်တဲ့ looping အကြောင်းကို နောက်အပိုင်းမှာ ပြောပြသွားပါမယ်။

အွန်လိုင်းမှာ ရုပ်ပြောင်လုပ်ကြမယ်

Photo ဝါသနာရှင်များ အတွက်ပါ ။ ဓာတ်ပုံလေးကိုတွေ ရုပ်ပြောင်လေးတွေ လုပ်ပြီး သူငယ်ချင်းတွေကို စရ နောက်ရတာ အရမ်းကို ပျော်ဖို ့ကောင်းပါတယ် ။ အဲ့လို ရုပ်ပြောင်လုပ်တဲ့ software တော်တော်များများနဲ ့အွန်လိုင်း ဆိုဒ် တော်တော်များများလည်း ရှိပါတယ် ။ တော်တော်များများကိုလည်း သုံးဖူးပါတယ် ။ ဒါပေမဲ့ အရင်က သုံးသခဲ့သမျှဟာ ဒီဆိုဒ်လေးနဲ ့တွေ ့တော့ အကုန် သဲထဲ ရေသွန် ဖြစ်သွားရပါတယ် ။ (အောင်လွင်ကြီးလေသံ ဆိုရင် အရင်တုန်းက premier မသောက်ခဲ့တဲ့ အချိန်တွေကို နှမြောလိုက်တာဗျာ …..)

ဟ ..မင်းဟာ က ညွှန်းလှချည်လားပေ့ါ .. ။ သေချာလို ့လား ဆိုတဲ့ မေးခွန်းတွေ ခုချိန်မှာ ဖြစ်နေမှာပါပဲ ။ ဟုတ်တယ်လေ.. ။ ဘာမှ မှ မပြောသေးတာ .. ။ သိလည်း မသိသေးဘူးမလားးးး ။

ကဲ ဒီမှာဗျာ …. ။

Pizap (fun Photo Editor)

ပါတဲ့ဗျာ ။ ဖွင့်လိုက်တာနဲ ့အမေရိကန် သမ္မတ အိုဘားမားရဲ ့ရုပ်ပြောင်ကို စပြီးမြင်ရမှာ ဖြစ်ပါတယ် ။ အဲ့ဘေးက Start ဆိုတဲ့ button လေးမှာ စပြီးမိမိ ပြုပြင်ချင်တဲ့ ဓာတ်ပုံကို လွယ်လွယ်ကူကူပဲ ရုပ်ပြောင် ပြုလုပ်လို ့ရပြီ ဖြစ်ပါတယ် ။ အသုံးပြုရတာတော့ အရမ်းကို ရိုးရှင်းပြီး လွယ်ကူလွန်းလှတာကြောင့် မိမိ စိတ်ကူး ရှိရင် ရှိတဲ့အတိုင်း ဓာတ်ပုံ တစ်ပုံက ဟာသ မြောက်နေမှာ ဖြစ်ပါတယ် ။

pizap က တစ်ခြား နာမည်ကြီး ဆိုဒ်တွေနဲ ့လည်း ချိတ်ဆက်ထားပါသေးတယ် ။

ယနေ ့ခေတ်ရဲ ့မရှိမဖြစ် Facebook က ပုံတွေကိုလည်းလိုသလို ပြုပြင်လို ့ရပါတယ် ။ တစ်ခြားနာမည်ကြီး photo ဆိုဒ်တွေ ဖြစ်တဲ့ Picasa,flickr,photobucket တို ့မှာ မိမိတို ့ဓာတ်ပုံ တွေ ရှိတယ် ဆိုရင် upload တောင် တင်စရာ မလိုပဲ ကြိုက်တဲ့ပုံကို ကြိုက်သလို ပြုပြင်လို ့ရမှာပါ ။

ဒီပိုစ့်လေး တင်ဖို ့အတွက် ကျွန်တော့် သူငယ်ချင်းတွေ အကုန်လုံးကို မော်ဒယ် လုပ်ဖို ့ဌားပေးမဲ့ ဘယ်သူမှ ခွင့်မပြုတာကြောင့် ဘာဓာတ်ပုံ တစ်ပုံမှ မပါပဲနဲ ့ဒီအတိုင်းပဲ တင်လိုက်ရပါတယ် ။ (တစ်ဆက်တည်း မော်ဒယ် လုပ်ဖို ့ဝါသနာ ပါပြီး စိတ်ကူး ရှိသူများ ကျွန်တော်နဲ ့ဆက်သွယ်နိုင်ပါတယ် ။ ကျွန်တော် ဓာတ်ပုံ နဲ ့တကွ ကြော်ငြာပေးမှာပါ …… ) ကျွန်တော့် ပုံကတော့ ရုပ်တောင် ဖျက်စရာ မလိုပဲ နဂိုကတည်းက ခပ်ပြောင်ပြောင် ဖြစ်နေတဲ့အတွက် (မျက်နှာနော်….) မတင်ပေးလိုက်တော့ပါဘူးးး ။ (တော်ကြာ ဘာပြောင်လဲဆိုပြီး းး လျှောက်တွေးနေမှာ စိုးလို ့…)

ကဲ .. အဲ့လောက်ဆိုရင်တော့ အကုန် အဆင်ပြေလောက်ပြီ ထင်ပါတယ် ။ အဲ့ဒါဆို ရင်တော့ မိမိသူငယ်ချင်းတွေရဲ ့ဓာတ်ပုံတွေကို စတင်ပြီး ရုပ်ဖျက်လို ့ရနိုင်ပါပြီဗျာ ။ ပြီးရင်တော့ မိမိရဲ ့PC ထဲမှာ save ထားပေ့ါ ။ အနည်းဆုံး virus မဝင်အောင်ပေ့ါ … ။ ဒါမှမဟုတ်လည်း ဓာတ်ပုံ ထုတ်ပြီး ကြွက်ခြောက်ကြပေ့ါဗျာ … ။

တစ်ယောက်ပုံ တစ်ယောက်ကြည့်… ခွက်ထိုးခွက်လန် ရီမောနိုင်ကြပြီး ဘဝစိတ်အမောလေးတွေ ခဏဖြစ်ဖြစ် ပြေပျောက်ရင်ပဲ တင်ရကျိူးနပ်ပါတယ်ဗျာ ။

Windows 7 64bit မြန်မာ Font ပြဿနာ

Windows 7 အသုံးများနေတဲ့ အချိန်မှာ သူ့ရဲ့ ပြဿနာတွေထဲက မြန်မာ လက်ကွက် ပြဿနာလေးကို တင်ပြပေးပါမည်။ ကျွန်တော်တို့ လက်ရှိမှာ Windows 7 မှာ 32bit/64bit/86bit ဆိုပြီထွက်ရှိပါတယ်။ 32bit ကို အသုံးပြုရင်တော့ AlphaZawGyi ကို Run လိုက်တာနဲ့ KeyBoard ကနေ ရိုက်လို့ရပါတယ်။ ဒါပေမဲ့ 64bit တင်တဲ့ အခါမှာတော့ Alpha ZawGyi ကို Run လိုက်ပါတယ်။ ပြီတော့ မြန်မာဆိုဒ်တွေ ဖွင့်လိုက်တဲ့ အခါမှာ မြန်မာလို ပေါ်ပေးမဲ့ Keyboard ကနေ ရိုက်လိုက်တဲ့ အခါမှာ မြန်မာ Font က ထွက်မလာတော့ပါဘူး။
အောက်ပါအတိုင်း..

1.ပုံမှန်အတိုင်း AlphaZawGyi ကို Run ထားလိုက်ပါ

2.အောက်မှာ ကျွန်တော် ပေးထားတဲ့ WAR File မှ Setup.exe ကို အရင် Install လုပ်လိုက်ပါ။ (Repair ကို ရွေးပြီ RUN ပါ) ပြီရင် ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi ဆိုပြီရှိပါတယ်။ တစ်ခုမဟုတ် တစ်ခု Run ကြည့်လိုက်ပါ။ ပြီရင် အဆင်ပြေသွားပါမည်။ မရပါက Restart ခဏချလိုက်ပါ။ အဆင်ပြေသွားပါမည်။

13 comments

  • Yin Nyine Nway

    February 1, 2011 at 9:00 am

    ဟုတ်ဘူး…ဖော်ဝေါ့ကနေ တင်ပေးတာ သိစေချင်လိုဟေ့ သိစေချင်လို့
    အခုသိပီလား………..:P

  • thidakywewa1

    February 1, 2011 at 9:34 am

    စမ်းလုပ်ကြည့်မယ်နော် ။မရလို ပြန်မေးရင် စိတ်ရှည်ရှည်နဲ ဖြေပေးပါနော်။

  • Yin Nyine Nway

    February 1, 2011 at 9:58 am

    ဒါပေါ့

  • photwenty

    February 1, 2011 at 10:17 am

    (Internet ကိုဘာ software မှမသုံးဘဲ မြှင့်ရအောင်)
    window xp sp3 မှာကောသုံးလို.ရလား

  • photwenty

    February 1, 2011 at 10:24 am

    ကျတော.ရဲ.nickname ကိုပြောင်းချင်လို.ဘယ်ကနေပြောရတယ်ဆိုတာသိတဲ.သူများပြောပြပေးပါလား
    ကျနော်တင်တုန်းက member မဟုတ်ဘူး အခုမှသေချာကြည်.မိတယ် profile မှာပြင်လို.လဲမရဘူး

  • Yin Nyine Nway

    February 1, 2011 at 11:04 am

    ရမှာပေါ့ sp2 တောင်ရသေးတာပဲလေ
    နာမည်ပြောင်းချင်ရင်တော့ admin ကိုမေးပေါ့ ဟီး
    နာလဲ အတိဝူး

  • intro

    February 1, 2011 at 11:35 am

    ကောင်းပါတယ်ဗျာ… အခုလိုစုပေးထားတော့လဲ၊ နည်းပညာရပ်တွေက အသစ်အသစ် ထွက်နေတယ်ဆိုတော့ သိသလောက်လေး Shared ပေးကြတာ ကောင်းပါတယ်…

  • zippo

    February 1, 2011 at 1:07 pm

    အရမ်း အရမ်း ကျေးဇူးပါကွယ်..။

  • manawphyulay

    February 1, 2011 at 1:14 pm

    ဘာဆော့ဝဲလ်မှမသုံးပဲ အင်တာနက်ကို မြှင့်ရအောင်ဆိုလို့ အင်တာနက်မရှိရင်ကော မြှင့်လို့ရလားဟင်

  • soeshinn

    February 1, 2011 at 3:37 pm

    ခုလို ပြည့်ပြည့်စုံစုံ တင်ပေးတာကျေးဇူးကမာ္ဘဘဲဗျာ….

Leave a Reply