ဆရာဝန်များထံမှသိရခဲသော သွေးချိုဆီးချို အချက်အလက်အချို့

fattyFebruary 1, 20111min2985

နေ့စဉ်နဲ့အမျှ ဆီးချိုသွေးချိုရောဂါသည်များ တိုးပွါးနေသည်ကိုတွေ့ရသည်။
ဆရာဝန်များထံတွင်လည်း တရက်တရက်လူနာက ၁၀ဝ ကျော်ရှိသည်။
လူနာတဦးချင်းစီကိုတော့ အသေးစိတ်ဆွေးနွေးမပေးနိုင်ပါ။
လူနာ အသစ်ဆိုလျှင် ဘာ ဘာ စား ဘာဘာရှောင် .. သောက်ဆေးပေးမည်။
တချို့ဆရာများကတေတာ့ ပိုမိုအသေးစိတ်ရေးထားသော စာရီက်ကလေးကို ပေးပါသည်။

ဖြစ်ခါစ (သို့) ဖြစ်ကြောင်းသိခါစ လူနာများအတွက် ဆရာဝန်ညွန်ကြားသည့်အတိုင်း
ခဲယင်းစွာ လိုက်နာနေရမည်ဖြစ်ပါသည်။
ဒီနေရာမှာ ပြောချင်တာက ဆရာဝန်များအနေနှင့် လူနာစိတ်ဓါတ်ကျသွားမှာစိုးရျ်ထင်ပါသည်။
ထမင်းဝအောင်စားပါ။ အရည်ရွှမ်းတဲ့အသီး အချိုဓါတ်ပါတဲ့အသီး မစားပါနှင့် ( ယင်းအသီးများကို
အမည်တတ်ကြည့်ပါက စားလို့ကောင်းသောအသီး ဟူသမျှ မတည့်တာကိုတွေ့ရသည်။ )

ဆရာဝန်များရှင်းပြရန်အချိန်မပေးနိုင်ရျ်ဖြစ်စေ လူနာစိတ်ဓါတ်ကျမှာစိုးရျ်ဖြစ်စေ ပြောလေ့မရှိသောအချက်တချို့နှင့်
စားနိုင်သော အစားအစာအချို့ကို တင်ပြလိုက်ပါသည်။ ဆီးချိုသမား၏ ပထမဆုံးရင်ဆိုင်ရမည့်ဒုက္ခမှာ …
ဗိုက်ဆာလာပြီဆိုလျှင် မိမိနှင့်တည့်သည့်အစာကိုရှာမတွေ့ချင်းပင်ဖြစ်သည်။ ဘာစားရမလဲ စဉ်းစားနေတာနှင့်
အဆာလွန်ပြီး အစာအိမ်က ဆက်ပြီးဒုက္ခပေးပါတော့မည်။

လူကောင်းကတော့ အနဲဆုံး ငှက်ပျောသီး တလုံးကောက်ခါငင်ခါ စားလိုက်၊ ကော်ဖီ လက်ဘက်ရည်နှင့် ဘီစကစ်
မုန့်လေးစားလိုက်ရုံပင်။ ဒါမှမဟုတ် အပြင်မှာ တွေ့တာဝယ်စားလိုက်ရုံပင်။ ဆီးချိုသမားများထိုသို့လုပ်ရျ်မရပါ။
အဆာပြေစားရန် သရေစာ ရှာရခက်ခြင်းဖြစ်ပါသည်။ တရက်အတွက်ရှာရမည်မဟုတ်ပါ မသေမချင်းအတွက်ရှာရမည်ဖြစ်ပါသည်။

မြန်မာပြည်မှ ထုတ်သောခေါက်ဆွဲထုတ် ယမ်ယမ် နှင့် အခြား အထုတ်များ ဆီးချို မတက်တာတွေ့ရပါသည်။
ကိုရီးယားထုတ်များ seafood ပါ ပါက အနည်းငယ်တက်ပါသည်။ မြန်မာမုန့်များနှင့် တည့်သည်ဟု ဆရာဝန်က
ပြောတတ်ပါသည်။ လက်တွေ့စားကြည့်ပါက ဆီးချိုတက်နေသည်ကိုတွေ့ရပါသည်။ ယင်းအချက်မှာ အချိုမှုန့်
သုံးထားရျ်ဖြစ်ပါသည်။ ဥပမာ မုန့်လင်မယား မုန်ပြစ်သလက် တို့တွင် အချိုမှုန့်မပါသောဆိုင်ကိုရှာထားပါ။
မုန့်အများစုတွင် စားကောင်းအောင် အချိုမှုန့်နှင့် သကြား အနည်းငယ်ပါတတ်ပါသည်။

ပိန်းဥပြုတ်စားရျ်ရပါသည်။ ယခုအခါ မြန်မာပြည်တွင် ဆီးချိုသမားစားရန် မလိုင်မုန့် ချောကလက်များရောင်းနေပါပြီ။
စားကြည့်သောအခါ မတက်သည်ကိုတွေ့ရသည်။ စားစရာတိုးလာသဖြင့်ဝမ်းသာစရာပါ။ ထမင်းမဝတဝစားပြီး
အချိုတဲချင်ပါလိမ့်မည်။ ဆီးချိုမတက်သောချောကလက် မလိုင်မုန့်တို့ဖြင့် အာသာဖြေနိုင်ပါပြီ။

ဆီးချိုကိုဘယ်လိုပင်ကောင်းအောင်ထိမ်းထိမ်း ကြွက်သားများပျက်စီးပြီး ပျက်လာသည်ကို ဆီးချိုသက်တမ်းရင့်ပါက
တွေ့လာရပါသည်။ ဆီးချိုရောဂါဆိုသည်မှာ ကြွက်သားပျက်စီးသောရောဂါဟု ဆရာဝန်များပြောမည်မဟုတ်ပါ။
လမ်းမလျှောက်ပါက ပိုဆိုးပါမည်။ အရေးကြီးသည်မှာ ခြေသလုံးကြွက်သားသည်လူ၏ဒုတိယနှစ်လုံးဟုပင်
ပြောနိုင်ပါသည်။ ခြေထောက်အောက်ပိုင်းမှ သွေးများအပေါ်သို့ပြန်တက်ရန် ခြေသလုံးကြွက်သားက လုပ်ပေးပါသည်။
ယင်းကြွက်သားများ ပျက်စီးပါက ခြေထောက်ပုတ်ခြင်း နှလုံးရောဂါစခြင်းတို့ဖြစ်ပါမည်။
ခါးရိုးကိုထိမ်းထားသောကြွက်သားများပျက်စီးပါက ခါးရိုးကျွန်ပြီး အခန့်မသင့်လျှင် အာရုံကြောကိုဖိမိပြီး ဒုက္ခရောက်ပါလိမ့်မည်။

ထို့ကြောင့် လမ်းမှန်မှန်လျှောက်ပေးရန်နှင့် စိတ်ဓါတ်ကျခြင်းမဖြစ်ရန် အရေးကြီးလှပါကြောင်း မိမိတွင်ဆီးချိုရောဂါမရှိ
သော်လည်း မိမိဆွေမျိုး မိတ်ဆွေများတွင် ရှိနေပါက သတင်းများပါးစေချင်ပါသည်။

5 comments

  • ဆူး

    February 1, 2011 at 5:15 pm

    ဦးဖတ်တီး ရေ.. ဆီးချို သမားများ ဆီချို တက်မှာ စိုးမည် တွေးပြီး အချို လျော့စား လွန်းရင် အသည်းခြောက်တတ်ပါသည်။
    ဖေဖေ ကတော့ ဆီးချို က အချို ရှောင်လွန်းပြီး အသည်းခြောက် ကို ဖြစ်စေခဲ့ပါတယ်။
    ဂျုံကြမ်း ချာပါတီ ဆီးချို မတက်ပါ။
    ပဲ ကြာဆံ ဆီးချို မတက်ပါ။
    ဆီးချိုသမား စားတဲ့ Jam ရှိပါတယ်။ ပေါင်မုန့် အညိုရောင်နဲ့ သုတ်စားရင် ဆီးချို မတက်ပါ။
    တခြား ဟာတွေ တော့ အများကြီး ရှိပါသေးတယ်။ အခွံဝါတဲ့ အသီးတွေ စားရင် ဆီးချို တက်ပါတယ်။ ဥပမာ သရက်သီး မှည့် သဘောင်္သီး မှည့် ရွှေဖရုံသီး စသဖြင့်ပေါ့။
    ဆီးချို တက်လွန်းရင် အာရုံကြော ပြသနာ တွေထဲမှာ မျက်စိလည်း ပါပါတယ်။ မျက်စိတွေ မွဲတတ်ပါတယ်။ အမြင်အာရုံတွေ မမြင်နိုင်တဲ့ အထိ ဖြစ်တတ်ပါတယ်။ ဆီးချိုကြောင့် အမြင် အာရုံ မမြင်ရင်တော့ ယာယီ ကုသ ပျောက်ကင်းနိုင်ပေမဲ့ အကု နောက်ကျရင်တော့ သေနိုင်ပါတယ်။

  • bigcat

    February 2, 2011 at 6:35 am

    အဘဖက်၊ ဘိုးတော်တွေအကြောင်း ရေးတာဟုတ်နေရာကနေ ဘယ်လိုလုပ် ကျန်းမာရေးဖက်ကို ကူးသွားတာတုန်း။ ကိုယ်တွေ့၊ သူများတွေ့ လေးတွေလုပ်ပါအုံးဗျ။

  • fatty

    February 2, 2011 at 8:05 am

    ကိုကြီးကြောင်ရေ ကုန်ကြစားရိတ်လေးတွက်ပြီးလုပ်နေရတာဗျ။ နောက်တော့လာတာပေါ့နော …။
    ဆူးရေးတာတွေမှန်ပါတယ်။ အဲဒီလိုတော့ရှိတယ် ဂျုံကြမ်း ချာပါတီ ဆီးချို မတက်ပါဆိုတာက အပြင်က ဝယ်စားရင်တော့
    တက်ချင်တက်ပါလိမ့်မယ်။ အပြင်က ဂျုံကိုနယ်ကထဲက သကြားထည့်တတ်ပါတယ်။ အိမ်မှာလုပ်ရအောင်ဆိုတာကလည်း တရက်စာမဟုတ်တော့ နေ့တိုင်းလုပ်နိုင်ပါ့မလား။ နေ့တိုင်းလုပ်နိုင်အုံးတော့
    စားတဲ့သူက နေ့တိုင်းစားချင်ပါ့မလား ..။ခေါင်းစဉ်က ဆရာဝန်တွေဆီက သိရခဲတဲ့အကြောင်းပါ။ ပဲကြာဆံတို့ဘာတို့က ဆရာဝန်တွေအများအားဖြင့်ပြောပြီးသားပါ။ ဆီးချိူသက်တမ်းရလာလို့ထိမ်းနိုင်လာရင်
    အချိုဓါတ် အမျှင်ဓါတ် ပါတာတွေကို ကင်ဆာက ကာကွယ်နိုင်အောင် ခြင့်ချိန်ပြီးစားနိုင်ကြောင်း သိကြမှာပါ။
    ကိုကြောင်ကြီးခင်ဗျား .. ကျိူက်ထီးရိုးစေတီတော်ကြီးအဝင်ဝက ( ယခုရုပ်ထုရှိပါသည်။) သိုက်နန်းရှင်နဲ့အမေး
    အဖြေခန်းရေးဘို့က စာအုပ်ကရှားရတဲ့အထဲ သူများမ, သွားလို့ ပြန်ရှာရပါအုံးမယ်။

  • moethidasoe

    February 2, 2011 at 9:35 am

    မျိုးရုိုးရှိသူတွေ သွေးမှန်မှန် စစ်ကြည့်ဖို့ လိုမယ် .. ဖြစ်နေပြီးသူတွေ အစားအသောက် ဆင်ခြင်ဖို့ အထူးလိုအပ်မယ် .. မဆင်ခြင်ရင် ကျောက်ကပ် ပျက်စီးတဲ့အခါ အသေစောပါတယ် .. ကျန်တာကတော့ ထုံကျင် .. မျက်လုံး ကွယ် .. အနာ မကျက် .. တီဘီ အဖြစ်များ ဒါတွေပါ ..

Leave a Reply