ဒီနေ့မနက်က အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်ရတယ်… GSM ဖုန်းများ ၅သိန်းနဲ့ ချထားပေးနေပြီတဲ့… ရန်ကုန်နဲ့ မန္တလေးမြို့တွေအတွက် အလုံးရေ ၂သိန်းကျော် ချပေးတော့မယ်လို့ပြောပါတယ်… ပြီးတော့ ဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၅၀ ကျပ်ပါတဲ့… ဖုန်းတွေကို ကြိုတင်ငွေပေးချေကဒ်တွေ သုံးပြီး အသုံးပြုနိုင်ပါတယ်… အင်တာနက်လဲ အသုံးပြုနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်… ဖုန်းနံပါတ်တွေက 0941 ကစပြီး ဂဏာန်း ၉လုံး ပါဝင်မှာဖြစ်ပါတယ်လို့လဲ သိရပါတယ်… ဇန်န၀ါရီလ ၃၁ ရက်နေ့က စတင် ချထားပေးခြင်းလဲ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်…

အဲသည့်တော့ တစ်ချို့ GSM သမားတွေက ညည်းနေကြပါတယ်… GSM ဖုန်းသုံးစွဲသူအများစုမှာ မြန်မာကျပ်ငွေ  ၁၅သိန်းကျော် ပေးသွင်းပြီး သုံးစွဲခွင့်ရထားတာဖြစ်ပါတယ်… ပြီးတော့ CDMA သမားတွေကလဲ ညည်းငြူသံ သဲ့သဲ့ကြားနေရပါတယ်… ယနေ့ လက်ဖက်ရည် ဆိုင်တွေမှာလဲ အဲသည့် သတင်းဟာ တောရက်စ် ချဲလ်ဆီးကို ပေါင် သန်း ၅၀နဲ့ ပြောင်းတဲ့ သတင်းထက် ပိုပြီး ပေါ်ပြူလာ ဖြစ်နေကြပါတယ်…

တစ်လောက GSM ဖုန်းပျောက်သွားတဲ့ အစ်ကိုတစ်ယောက်ကလဲ သူ့ sim ကဒ်ကို တစ်လအတွင်း ပြန်ရအောင် လုပ်ပေးဖို့ မြန်မာ့ဆက်သွယ်ရေးကို ၃သိန်း (ကဒ်ဖိုး ၁သိန်း၂သောင်း + ၀န်ဆောင်ခ) ပေးလိုက်ရတာ မတန်ဘူးလို့လဲ ပြောနေပါတယ်… အိမ်မှာ ရှိတဲ့ အဒေါ်ကလဲ သူ့ GSM ကို ၀ယ်တုန်းက ၂၂သိန်းပေးဝယ်ခဲ့ရတဲ့အတွက် အင်မတန် နှမျောတသ ဖြစ်မိကြောင်း ပြောနေပါတယ်…

ဒီ့အပြင် ဒီလို ဖုန်းအသစ်တွေ ချပေးနေတာကြောင့် ဆက်သွယ်ရေးမှ ၀န်ထမ်းများ အထူးဝင်ငွေဖြောင့် နေကြောင်းလဲ သိရှိရပါတယ်… ဖုန်းတစ်လုံးအတွက် ၀န်ဆောင်စရိတ်ကို ပျမ်းမျှ တစ်သောင်းကျပ်ခန့် (တရားဝင်မဟုတ်) ရရှိတဲ့ အတွက် တစ်နေ့ကို ကျပ်သိန်းဂဏာန်းထိအောင် ၀င်ငွေကောင်းနေကြောင်းကိုလဲ သက်ဆိုင်ရာ ၀န်းကျင်မှ ပြန်လည် ကြားသိရပါတယ်….

About intro

Lionel Intro has written 162 post in this Website..