အချစ် .. ဆိုသောစွဲလမ်းမှုတဏှာအားဖယ်ခွါနိုင်လိုက်သောအခါ ..

fattyFebruary 1, 20111min1347

မ .. ကိုကျနော်သိပ်ချစ်ခဲ့ရသည်။
ကျနော်တို့နှစ်ယောက်မိဘတွေသဘောမတူသည့်ကြားကခိုးပြေးကြသည်။
မ .. ကိုချစ်မိနေပြီလို့ပြောပြီးပြီးချင်း … မ .. ရဲ့ လက်ကလေးကို ပထမဆုံး ကိုင်ခွင့်ရခဲ့ခြင်းပင်။
ကျနော့လက်တွေလည်းတုန်နေသည်။ ဆယ်ကျော်သက်အချစ်ကိုး …။
ကျနော့နှုတ်ခမ်းကို မ .. ရဲ့နှုတ်ခမ်းပေါ်သို့အရဲစွန့်ပြီးတင်လိုက်မိသောအခါ .. ထိတွေ့မှုအရသာ မဖေါ်ပြတတ်တော့ပါ ..။ နွေးနွေးလေး အိအိလေးပေါ့ ..။
***************************************************************
မင်းကော်ဖီဖျော်တာက စေတနာမပါသလိုဘဲ ….။
ကော်ဖီ အရသာလဲမထွက် .. နို့ဆီတွေများလွန်းတယ် ..။
ဒီမှာ ဟင်းအိုးကတဖက်လေ .. ကိုယ့်ဖာသာ ထဖျော်လိုက်ပါလား .. တကထဲ ..။
#########################################################

ွှီ့်အိပ်ပျော်နေရာက ဖြတ်ကနဲ လန့်နိုးတော့ မ .. ရဲ့လက်တဖက်က ကျနော့်နှခေါင်းပေါ်ရောက်နေတာတွေ့လိုက်ရသည်။
ကြက်သွန်နံ့ ဂျင်းနံ့ တွေထောင်းကနဲ့ရလိုက်သည်။
…………… ကျနော် အချစ် .. ဆိုသောတဏှာကိုဖယ်နိုင်ပြီလားလို့ ………………………..။

7 comments

  • chitsayar

    February 1, 2011 at 3:46 pm

    မ …ကိုမောင်သိပ်ချစ်တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2011 at 3:48 pm

    အကိုချစ်တာ
    ကျမသိ……………ဒဲ…

  • zippo

    February 1, 2011 at 4:50 pm

    ဒို့တော့……လွမ်းတယ်…..။
    ဖယ်နိူင်ပေါင်……………..။

  • etone

    February 2, 2011 at 2:17 am

    long long ago က ဇာတ်လမ်းကို တရေးနိုးမှ ထားရေးတာလား 😀

  • zippo

    February 2, 2011 at 3:50 am

    ဖစ်နိူင်ဒယ်…
    ခုမှ ထပေါက်ကွဲတာနေမှာ…။

  • bigcat

    February 2, 2011 at 7:39 am

    ခိုးပြေးကာစ ထိတွေ့မ ှုအရသာလေးကလဲ …..တွေချည်ပဲ။ အစက်တစက်ကို ဘာလို့ယူဆရမှာလဲ။ အသေးစိတ်ပြောပြမှာလား ကိုယ့်ဖာသာကိုယ် တွေးယူရမလား။

  • I am a cute girl.

    February 2, 2011 at 8:37 am

    သိချင်ရင်တော့ ကိုယ်တိုင် ခိုးပြေးကြည့်ပါလား ကိုကိုကြောင်ကြီး

Leave a Reply