အစိုးရရုံး အမည်များ အင်္ဂလိပ်လို နှင့်တွဲရက်သိလိုပါတယ်

shwe niFebruary 1, 20111min33816

ရွာထဲက လူတွေက ဗဟုသုတစုံလို့ သိချင်တာလေး မေးပါရစေ။

အစိုးရရုံး အမည်များ ကို အင်္ဂလိပ်လို နှင့်တွဲရက်သိ တဲ့လူများရှိရင် post တင်ပြီးကူညီပေးပါလို့ အကူအညီတောင်းပါရစေ ။

OR website သိခဲ့ရင်လည်း လမ်းညွှန်ပေးပါဦး။

့ဥပမာ . ပြည်တွင်း အခွန်ရုံး ။ စက်မှုလယ်ယာရုံး ။ ဆည်မြောင်းရုံး။ မြန်မာနှစ်ရှည်ပင်လုပ်ငန်းရုံး။  က ည န ရုံး ။ လဝ က ။ စာရင်းအင်းရုံး။ ရေအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးရုံး ။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး။  တိုက်နယ်ဆေးရုံ။ တွဲဖက် ကျောင်း

16 comments

  • bigcat

    February 2, 2011 at 6:22 am

    http://www.myanmarteldir.com/government/ ကိုသွားပြီး ဝက်ကြီးဌာနအလိုက် ရှာလိုက်ပါကွယ်။ အစိုးမရသေးလက်ထက်မှာ ဝက်ကြီးတွေကို ပြန်ပြင်ဖွဲ့မယ်၊ ပေါင်းမယ်လို့သတင်းထွက်နေပါတယ်။

    တိုက်နယ်ဆေးရုံကို local or community hospital လို့ခေါ်မလားမသိပါဘူးကွယ်၊ တွဲဖက်ကျောင်းကတော့ associate elementary/middle/high school လို့ ပရော်ဖက်ဆာ ဒေါက်တာကြောင်ကြီးအဘိဓါန်မှာ ဖွင့်ဆိုချင်ပါကြောင်း (ကိုယ်ဖြစ်ကိုယ်ခံနော်)
    ချုပ်မှူးကြီးနဲ့ နောက်ဆုံးနာမည်တူတဲ့ မေးမြန်းသူကိုရွှေခင်ဗျား။

  • shwe

    February 2, 2011 at 7:02 am

    လာမနှိူင်းနဲ့နော် ကိုကြောင်ကြီး။ အဲဒါစိတ်အဆိုးဆုံး .

    ကိုရွှေ မဟုတ်ဘူး . မရွှေနီ

  • shwe

    February 2, 2011 at 7:03 am

    မေ့သွားလို့ . လင့်ပေးတာကျေးဇူးပါ ။

  • koyinmaung

    February 2, 2011 at 8:17 am

    ရယ်ရတယ်ဟေ့..ရှေ့က( ကို )( မ )တတ်မထားတော့ ကိုကြောင်ကြီးကဘယ်သိမှာလဲလို့…

  • shwe

    February 2, 2011 at 8:53 am

    အင်း bigcat မှာ လဲ (ကို)မပါဘူးနော် . မနောဖြူကတော့ မ ပါပါတယ်

    • etone

      February 3, 2011 at 7:25 am

      ရွှေနီရေ…။ ကိုကြောင်ကြီးမှန်းသိကြတာကြာပါပီ … ရွာထဲကို ကောင်မလေးတစ်ယောက်ယောက်ဝင်လာရင် သူက အရင် ထွက်နှုတ်ဆက်တတ်လို့ပါ … ။ ဟိုးတစ်လောက လည်း တစ်ချိန်လုံး ငြမ်းငြတ်ဖြစ်နေပါသေးတယ် … အခုတော့ စပွန်ဆာပေးဖို့ လူလိုက်ရှာနေပါသတဲ့ ။

  • moethidasoe

    February 2, 2011 at 9:09 am

    တိုက်နယ်ဆေးရုံကိုတော့ Station Hospital လို့ ခေါ်ပါတယ် ..

  • shwe

    February 2, 2011 at 1:32 pm

    ကျေးဇူးပါ မိုးသီတာစိုးရေ ။တဖြည်းဖြည်းစုံလာပြီ း)

  • maungmoenyo

    February 3, 2011 at 2:39 am

    တွဲဘက်ကျောင်းတွေကို affiliated high/middle school လို့ခေါ်ပါတယ်။ တိုက်နယ်ဆေးရုံကတော့ station hospital ပေါ့။
    ဦးစီးဌာနတွေ ကိုတော့ -department
    ညွှန်ကြားမှုဦးစီးဌာနတွေ – directorate
    လက်ထောက်ဆရာဝန် – civil assistant surgeon
    လက်ထောက်ကျန်းမာရေးမှူး – Health assistant
    ဘက်စုံသားဖွာဆရာမ – multipurpose midwife
    ကျန်းမာရေးဆရာမ – lady health visitor
    ဆေးရုံမှူး – senior medical officer
    မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး – Township medical Officer II
    ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး – Township medical Officer I
    မြို့နယ်ကျန်းမယရေးအရာရှိ – Township ့health Officer I
    ကျေးလက်ကျန်းမာရေးဌာန – rural health center
    ကျန်းမာရေးကြိကြပ် (၁) – public health supervisor I
    ကျန်းမာရေးကြိကြပ် (၂) – public health supervisor II
    အရံသားဖွား – auxiliary midwife
    ဘက်စုံးလူထုကျန်းမာရေးလုပ်သား – country health worker
    အရပ်လက်သယ် – traditional birth attendant
    မောင်မိုးညို – maung moe nyo

  • shwe

    February 3, 2011 at 5:01 am

    ကျေးဇူးပါ မောင်မိုးညို – maung moe nyo .
    Mandalay Gazette က gentlemen and ladies တွေက ဗဟုသုတစုံတော်တော်စုံတာပဲ

  • shwe

    February 3, 2011 at 10:54 am

    Actually , I am learning how to write Myanmar fonts too . Here Su , Etone , Char Too Lan and Ma Naw Phyu are trying to teach me how to write . Sorry about I don’t know how to suggest writing Myanmar fonts as i am just a beginner level at writing Myanmar fonts lol .

  • skbminthar

    February 3, 2011 at 11:33 am

    font ပြောင်းပြီးကြည့်တော့နော် Time new roman and Win-innwa fonts

    1.Ministry of Agriculture & Irrigation
    1. Myanma Agriculture Service—

  • 49 yr old female

    February 3, 2011 at 1:15 pm

    I think you have to face difficulty in changing font .First you have to download Zawgyi font and copy to your font folder in control panel .Then you must type (control key+S) and your font will change to English to Myanmar /Myanmar to English(Vice Versa).
    I also learned how to change font by Ma Ma .

Leave a Reply