Appeal to Commanders and soldiers တပ်မတော်သားများသို့မေတ္တာရပ်ခံချက်

timothyFebruary 1, 20111min650

အီဂျစ်မှာအခုဖြစ်ပျက်နေတဲ့လူတသန်းဆန္ဒပြပွဲ၊အီဂျစ်ပြည်ချစ်တပ်မတော်ရဲ့မှန်ကန်သောပြည်သူလူထုကိုဘေးရန်များမှကာကွယ်ရေး၊

အာဏာရှင်မူဘာရက်ကခိုင်းစေတဲ့လက်နက်ဖြင့်လူထုကိုဖြိုခွဲရေးကိုငြင်းပါယ်ခြင်းတို့နဲ့ပါတ်သက်ပြီးဒီမေတ္တာရပ်ခံချက်ကိုထုပ်ပြန်လိုက်ပါတယ်။

အီဂျစ်စစ်တပ်ဟာနောင်လာနောက်သားတွေသမိုင်းမှာမှန်ကန်တဲ့ကောင်းသောတိုင်းပြုပြည်ပြုလုပ်သွားတဲ့သူများအဖြစ်ရာဇဝင်အဆက်ဆက်

မှာလူသေသော်လဲရဲဘော်ရဲ့သမိုင်းဘယ်တော့မှမသေလို့ကောင်းကောင်းမော်ကွန်တင်ရစ်ပါတယ်။

တပ်မတော်သားများကောင်းသောမွန်မြတ်သောသမိုင်းအစဉ်အလာထဲမှာဘဲပါချင်တယ်ဆိုတာမိဘပြည်သူများကသိပါတယ်။

ဗိုလ်နေဝင်း၊ဗိုလ်စောမောင်နဲ့အခုဗိုလ်သန်းရွှေတို့ရဲ့တိုင်းပြည်အပေါ်စော်ကားမှုကြောင့်ဗမာတပ်ဟာလူသတ်၊ကျောင်းသားသတ်၊

အလုပ်သမားလယ်သမားသတ်၊ဘုရားသားတော်ဘုန်းကြီးများပါမကျန်တသတ်ထဲသတ်နေတဲ့ သတ်-မ-တော် အဖြစ်

သမိုင်းမှာဘယ်လိုမှဖျက်လို့မရတော့တဲ့အမဲစက်ကြီးထင်ခဲ့ပါပြီ။

အမောင်စစ်သည် Military Commanders အားလုံးမှာဒီသမိုင်းအမဲစက်ထဲကရုံးထွက်ပြီးပြည်သူ့ရင်ခွင်ထဲပြန်ဝင်လာဘို့သမိုင်ကြွေးကျန်နေပါတယ်။

အီဂျစ်စစ်ဦးစီးချုပ်ရဲ့ပြည်သူ့ထံထုတ်ပြန်ကြေငြာချက်——

၁) လူတိုငိးရဲ့လွတ်လပ်စွာပြောဆိုတောင်းဆိုုချက်ကိုစစ်တပ်ကလေးစားစွာဖြင့်အာမခံချက်ပေ်း့ပါတယ်။

၂)ဆန္ဒပြပြည်သူလူထုကလဲမည်သူမှတိုင်းပြည်ရဲ့လုံခြုံရေး၊အိုးအိမ်၊ပုဂ်ဂလိက၊ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးမှုမပြုလုပ်ရ။

၃)စစ်တပ်သည်ပြည်သူလူထုကိုချိမ်းခြောက်ရန်ပြုနေသောလူဆိုးများရှိရင်မဆိုင်းမတွတာဝန်ယူသုတ်သင်မည်။

ဒါတွေကိုတိုင်းပြည်င်္န့လူမျိုးအပေါ်ကြရောက်သောအန္ဒရာယ်များဖြစ်လို့လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။

၄)စစ်တပ်သည်ပြည်သူလူထုရဲ့တရားဝင်ဆန္ဒပြမှုအာူးလုံးကိုလေးးစားရိုသေပ်တယ်။

၅)The Armed Forces’ presence on the Egyptian streets is for your own sake, safety and security. Your Armed Forces have not and will not resort to the use of force against this great people.

စစ်တပ်သည်ပြည်သူလူထုရဲံ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဘို့ရှိနေရတာပါ။လူူထုကိုဘယ်တုံးကမှလက်နက်နဲ့ရန်သတ္တုမပြုခဲ့သလို

အခုလဲဘာလက်နက်မှမသုံးပါဘူးလို့ရဲရဲကြီးအာမခံပါတယ်။

Commanders အားလုံးပြည်သုလူထုကိုကာကွယ်ပေးကြပါ။

ဗိုလ်သန်းရွှေတို့အပေါင်းပါတစုကိုအမြန်စွန့်ခွါကြပါ။

စစ်တပ်မှကောင်းသောသမိုင်းစာမျှက်နှာမှာပါချင်ကြတဲ့တပ်သားအားလုံးကိုအရေးပေါ်မေတ္တာရပ်ခံအပ်ပါတယ်။

စစ်တပ်ထဲမှာဖြန့်ဝေပေးကြပါ။