37 comments

  • moethidasoe

    February 3, 2011 at 8:33 am

    မိုးဟေကိုကတော့ မမျှော်လင့်တဲ့ အခြေအနေအရ အင်တာနက်ထဲ ရောက်သွားတယ် .. နောက်ပိုင်း နာမည် ကြီးလာတယ်ပေါ့ .. အဲဒီနောက်ပိုင်းမှာ မြန်မာမော်ဒယ် အများစုရဲ့ မပေါ့တပေါ် ပုံတွေ ပလူပျံလာတယ် .. ထက်ထက်ဝင့် .. အစရှိသဖြင့်ပေါ့ .. နာမည်ကြီးမလားလို့ လုပ်ကြတယ် ထင်ပါတယ် .. နာမည် မကြီးပဲ နာမည် ပျက်တာပဲ အဖတ်တင်သွားတဲ့ လူတွေ အများကြီးပါ .. အခုထိလဲ လိုက်လုပ်နေကြတယ် ..
    သူတို့ စာနယ်ဇင်းတွေမှာ ပြောလိုက်တဲ့ အပြောတွေကတော့ ညွန့်နေတာပဲ .. လုပ်တော့မှသာ တလွဲ ..
    သူတို့အမြင်မှာ အရှက်ရှိနေရင် သရုပ်ဆောင်လို့ မရဘူးဆိုတာကို တလွဲတွေးနေတာနဲ့ တူတယ်

  • nigimi77

    February 3, 2011 at 8:53 am

    ဒီပုံလောက်နဲ ့တော့ အဘက ဈန်မလျှောရေးချ မလျှောဗျာ။

  • cobra

    February 3, 2011 at 9:03 am

    ဒီလောက်နဲ့မျောမယ်များထင်နေလား…
    မင်းတို ့ပြတာလောက်တော့ရင်တောင်မခုန်တော့ဘူး…
    ကောင်မလေးတွေရဲ ့…….

  • etone

    February 3, 2011 at 9:08 am

    ပုံတင်မကဘူး စာတွေပါပါတယ် ဘယ်ပျောက်သွားလဲသိဝူး ဟင့် 🙁

  • နွယ်ပင်

    February 3, 2011 at 9:12 am

    အခုက အင်တာနက်မှာ အဲလို မပေါ်တစ်ပေါ်လေးတွေတင်မှ လူတွေကမှတ်မိလာတာလေ နောက် အဲလိုပုံလေးတွေက သူတို့အတွက် ဆပွန်ဆာကောင်းကောင်း ရှာနိုင်တယ်လို့တွေးမိတယ်ထင်ပါတယ်

  • intro

    February 3, 2011 at 10:40 am

    အဟင်းနော်…. နာတို့ကို မြူဆယ်နေတယ် ထင်ပ…

  • Foreign Resident

    February 3, 2011 at 10:40 am

    I think, the title is too harsh/strong.
    “”တိရစာ္ဆန်နှင့်တဖြည်းဖြည်း တူလာသော (သို့) အရှက်တရားမဲ့သော””
    I don’t agree with author.
    Those ladies just do their business.
    May be they have a beauty ( others don’t have ) &
    they are proud of it & want to show others.
    That’s all.

  • Foreign Resident

    February 3, 2011 at 10:45 am

    I think, the title is too harsh/strong.
    “”တိရစာ္ဆန်နှင့်တဖြည်းဖြည်း တူလာသော (သို့) အရှက်တရားမဲ့သော””
    I don’t agree with author.
    Those ladies just do their business.
    May be they have a beauty ( others don’t have ) &
    they are proud of it & want to show others.
    That’s all.

    If they are in developed country or
    If they were protected by sufficient law,
    then, they will definitely sue the author
    for using unappropriate words/language.

    • etone

      February 4, 2011 at 3:08 am

      1. Foreign Resident ရေ အများနားလည်အောင် မြန်မာလိုလေးရိုက်ပေးရင် ပ ိုသင့်တော်ပါလိမ့်မယ် ။
      2. Those ladies just do their business. ဟုတ်ပါတယ် ။ သူတို့အလုပ်သူတို့ လုပ်တာပါ ။ ဒါပေမဲ့ သူတို့ အလုပ်သူတို့ လုပ်သည့်တိုင်အောင် သူတို့သည် အနုပညာရှင် ၊ မော်ဒယ်ဆိုသည်မှာ ပရိတ်သတ်မပါပဲ ရပ်တည်၍မရနိုင်ပါ ။ အောင်မြင်မှူဆိုတာ ပရိတ်သတ်ရဲ့ အားပေးမှူပါ ။ အခုလို မပြသင့်တာတွေပြပြီး ပုရိသ ပရိတ်သတ်တွေကို ဆွဲဆောင်တာမဖြစ်သင့်ပါဘူး ။ အရှက်ကို အသက်နှင့် လဲတာမျိုးပဲ ကြားခဲ့ဖူးပါတယ် … အရှက်နှင့် အပျိုစင်ဘဝကို အောင်မြင်ကျော်စောမှူနဲ့ လဲတာ ၊ ငွေကြေးချမ်းသာမှူနဲ့ လဲတာတွေက ဒီဘက်ခေတ်ရောက်မှ ဖြစ်လာတာပါ ။ မိမိကိုယ်ကိုယ် တန်ဖိုးထားရကောင်းမှန်းမသိတဲ့ အခုလို အမျိုးသမီး ၊ အနုပညာရှင် ၊ မော်ဒယ်တွေ တီဗွီဖန်သားပြင်ပေါ်ရောက်လာတော့မှ ဒီဇာတ်လမ်းတွေဖြစ်တာပါ ။
      3.May be they have a beauty ( others don’t have ) & they are proud of it & want to show others. လှတဲ့ (ကိုယ့်ကိုယ်ကို လှတယ်လို့ ခံယူထားတဲ့ ) အ မျိုး သမီးတိုင်းတော့ ဒီလို proud ဖြစ်ပြီး သူများကို ပြချင်စိတ်ဖြစ်လာတယ် မထင်ပါဘူး ။ လှတဲ့အမျိုးသမီးတိုင်း ပြချင်စိတ်ရှိတာမဟုတ်ပဲ ရွတဲ့ အမျိုးသမီးများသာ ပြတာ ဖြစ်ပါတယ်လို့ တိုက်ရိုက်ပဲပြောချင်ပါတယ် ။ အခုအနုပညာလောကမှာ နာမည်ရနေဆဲ သရုပ်ဆောင်သော်လည်းကောင်း၊ မျက်နှာသစ်သရုပ်ဆောင်သော် လည်းကောင်း ၊ တတ်သစ်စ မော်ဒယ်သော်လည်းကောင် လူတိုင်း လှတယ်လို့ မဆိုနိုင်ပါ ။ အများစုက မ ိတ်ကပ်နဲ့ အပြင်ဆင် အဝတ်စား ၊ ဆံပင်ပုံစံတွေကြောင့်သာ ခေတ်အမြင်မှာ အံဝင်နေကြတာပါ ။ ကျမ အခုပြောနေတာ သူများလှတပတလေးကို မနာလိုလို့ မဟုတ်ပဲ ခေတ်လွန်အားကြီးနေတဲ့ ပုံတွေကို ကန့်ကွက်တဲ့ သဘောနဲ့ ရေးချပြနေတာပါ။
      4.If they are in developed country or If they were protected by sufficient law, then, they will definitely sue the author for using unappropriate words/language.
      ပုပ်လို့ပေါ် ဟုတ်လို့ကျော်တာပါ …။ ကိုယ်တိုင်က သာ ဒီလို ပုံမျိုး ကြည်ကြည်ဖြူဖြူ အရိုက်မခံခဲ့ဘူးဆိုလျှင် ဒီလို အင်တာနက်ပေါ်ရောက်ပြီး သူများဝေဖန်ခံရခြင်း ကင်းဝေးမှာပါ ။
      ဘာသဘောနဲ့ ဒီပုံတွေရိုက်တာလဲ မသိပေမဲ့ .. ခိုးရိုက်ခံရတဲ့ ပုံ တစ်ပုံမှ မပါတာ စာဖတ်သူများ သတိထားမိမှာပါ ။ ဖွံ့ဖြိုးဆဲ နိုင်ငံမို့လို့ ဒီလောက်ပဲ ဝတ်ထားထင်ပါရဲ့ .. ဖွံ့ဖြိုးပြ ီး နိုင်ငံတစ်ခုသာဖြစ်ခဲ့မယ်ဆို လမ်းပေါ်မှာ ကိုယ်တုံးလုံးများ လမ်းလျှောက်နေမလား မပြောတတ်ပါဘူး ။
      5.ဒီလို မပေါ်တပေါ် ဓါတ်ပုံတွေကြောင့် အသိဉာဏ် နုနယ်သေးတဲ့ ကျောင်းသား၊ လူငယ်များရဲ့ စိတ်အာရုံညစ်နွမ်းစေပါတယ် ။ ကိလေသာတွေပွားများပြီး အတုမြင်အတတ်သင် ၊ လက်တည့်စမ်းချင်တဲ့ စိတ်တွေဖြစ်လာနိုင်ပါတယ် ။ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေ ဒီလို ကိစ္စတွေနဲ့ပဲ အာရုံတွေ ထွေပြားနေရင်ဖြင့် xxxသုံးကျတဲ့ လူများ ဖြစ်လာနိုင်ဦးပါ့မလားဆိုတာ စဉ်းစားသာ ကြည့်ပါတော့။
      6.comment ပေးပြီး မတူညီတဲ့ အမြင်တွေချပြတာ ကျေးဇူးတင်ပါတယ် ။ နောက်လည်း ဝင်ရောက်ဆွေးနွေးပေးပါလို့ ဖိတ်ခေါ်ပါတယ် ။ လွပ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ။

      • :)

        February 4, 2011 at 5:03 am

        This is just culture shock! This is their own right to show their gorgeous body.

      • :)

        February 4, 2011 at 5:32 am

        How about the other popular models from other developed country? India, Taiwan, Hongkong, …. etc. This is just personal right. Should not compare with animal. Style and beauty is style and beauty. Moral discipline is moral discipline. These are two different things. There are so many girls who is beautiful and sexy with high moral discipline

      • eros

        February 4, 2011 at 9:31 am

        ခေတ်မမှီဘူးပဲပြောပြော၊ ရှေးရိုးစွဲပဲပြောပြော။ မြန်မာဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ပါတယ်။ မြန်မာစတိုင်၊ မြန်မာအပြုအမှု၊ မြန်မာ့စည်းကမ်းကျင့်ဝတ်၊ မြန်မာ့ဓလေ့ထုံးစံ၊ နေသင့်တယ်။ etone ကို လက်ခုပ်တီးပြီးအားပေးပါတယ်။

    • apulay

      July 13, 2011 at 8:22 pm

      etone ရေ အနာပေါ်တုတ်ကျရင်နာတတ်တယ်လေ ။ မျိုးတူရာတွေ အပြောခံလိုက်ရလို့ Foreign Resident က ထဟောင်မိတာပါကွယ် ။ လူမှန်ရင် အရှက်တရား နဲ့ အကြောက်တရား ရှိရတယ်ဆိုတာ သူမှမသိတာ ။ အဲဒီလိုမိန်းမမျိုးကို အတည်ယူနိုင်လားလို့မေးရင်တော့ ရူးချင်ယောင်ဆောင်နေမှာ သေချာတယ် ။ etone ကိုထောက်ခံပါတယ် ။

      • Snowy

        July 15, 2011 at 10:20 am

        ဒီလိုလူအများဖက်တဲ့ Website မှာ နာမည်တက်ပြီး တိုက်ခိုက်တဲ့စကားမျိုးတွေ မပြောရင်ကောင်းမယ် apulay ရေ .. :S ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပဲ အေးအေးလေး ဆွေးနွေးပါလို့ ပြောပါရစေ …

      • Foreign Resident

        July 16, 2011 at 1:58 am

        Dear A Pu Lay,
        I explain it in the following post

        Anyway, thanks for your comment.

  • shwe

    February 3, 2011 at 11:50 am

    တပ်တဲ့ခေါင်းစဉ်ကို foreign resident ကမကြိုက်တာနဲ့တူတယ် ။
    Etone ကမြန်မာယဉ်ကျေးမှူ အမြင်အရ နဲ့ Model အများစုက မိုးသီတာစိုး ရေးသလိုဖန်တီးကျတာကိုပြောချင်တာနေမှာ ပါ ။
    သတိထာ etone ရေ သူတို့တွေလည်း developed country ကဆိုရင် တို့တွေလည်းမလွယ်ဘူး ။

    • etone

      February 4, 2011 at 6:24 am

      တပ်လိုက်တဲ့ ခေါင်းစဉ်ကို က နည်းနည်း လေး နာတတ်အောင် ပေးထားတာပါ ။ လူမှန်လျှင် ရှက်တတ် ၊ ကြောက်တတ်ကြပါတယ် ။ လူနှင့် တိရစာ္ဆန်ကွာခြားချက်မှာ … လူသည် တွေးခေါ်စဉ်းစားတတ်သဖြင့် ရှက်ရမည့်အရာကို ဖုံးအုပ်ထားသော်လည်း တိရစာ္ဆန်မှာ ရှက်ခြင်း အလျင်းကင်းမဲ့နေသည် ။
      မိဘများကလည်း ကိုယ့် သမီးတွေ xx သာသာဖြစ်နေကြတယ်ဆို တာ သိလျှက်နဲ့ ရလာမဲ့ ငွေစလေး တွေးမြင်ပြီး လွှတ်မထားကြပါနဲ့ …။ မီဒီယာတွေကတဆင့် ပြည်သူတွေကြား ဒီလို သရုပ်ပျက်ပုံတွေ ပြန့်နှံ့လာလျှင်ဖြင့် လူငယ်တွေအတွက် ၊ ကောင်းကျိုးထက် ၊ ဆိုးကျိုးအလွန်များလာပါတော့မယ် ။
      မေးလ်ထဲကိုရောက်လာသော ပုံဆိုးပန်းဆိုးများ အား ကြောင်းပြပြီး ဝင်ဖွလိုက်သည် 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 3, 2011 at 12:27 pm

    တူချင်တာနဲ ့တူပစေ
    အသေဘဲရရ
    အရှင်ဘဲရရ
    အရှင်ရရင်တော့ ဘာလုပ်မယ်ဆိုတာ မပြောတော့ပါဘူး
    အသေရရင်တော့
    မသာပြ ပြီးဖဲဝိုင်းထောင်မယ်
    ဒါက အောင်ပုတို ့ရွာမှာလုပ်နေကြတွေ
    http://www.irrawaddyblog.com/2011/02/blog-post_7520.html
    ရန်ကုန်မြို့ခံတယောက် ပေးပို့တဲ့စာကို မပြင်မဆင် မတည်းမဖြတ်ဘဲ ဖော်ပြပေးလိုက်ပါတယ်။

    ၂၀၁၁၊ ဇန်နဝါရီ၊ ၁ ရက်နေ့က နေ့လယ်ဘက် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က အင်းတိုင်တပ်နယ်ရှိ၊ ရဲမွန်တပ်မြို့ကို ခဏရောက်သွားခဲ့တယ်။ သူငယ်ချင်းဟောင်း တယောက်ဆီကိုပေါ့။ အဲဒ ီသူငယ်ချင်းရဲ့ တပ်နားက လမ်းဆုံမှာ အအေးဝင်သောက်ရင်းနဲ့ စကားပြောနေစဉ်မှာပဲ ကျနော့်သူငယ်ချင်းရဲ့အသိ အမှတ် (၁) တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းက တပ်ကြပ်ကြီး ဆိုသူရောက်လာလို့ စကားဝိုင်းလေး စည်ကား သွားတာပေါ့။ ပြီးတော့ အဲဒီတပ်ကြပ်ကြီးဆိုသူက ဒီလို ရင်ဖွင့်လာပါတယ် သူ့ ရင်ဖွင့်သံကတော့ ……

    “ငါလည်း တပ်ထဲက ထွက်ပြေးနေချင်ပြီ။ တနေ့လာလည်း ဖက်ထိပ်၊ နောက်တနေ့ လာလည်း ဖက်ထိပ်နဲ့ လူတွေလည်းသေတော့မယ်။ မနှစ်ကတည်းက ခင်းလိုက်ရတဲ့ လမ်း ပြီးကိုမပြီးတော့ပါဘူး။ မဉ္ဇိမ ဂုဏ်ရည် ကျောင်းမှာ ခင်းနေတဲ့လမ်းကွာ….။ အခုထိမပြီး မပြီးနိုင်တော့ဘူး။ နေ့တိုင်း မနက် ငါးနာရီကနေ ညနေခြောက်နာရီအထိ လုပ်နေရတယ်ကွာ။ စနေ၊ တနင်္ဂနွေတောင် မနားရဘူး။ ဘုန်းကြီးကတော့ လမ်းခင်းတဲ့အတွက် လုပ်အားခပေးပါတယ်။ ငါတို့တပ်က ကျောင်းအုပ်ကြီးနဲ့ တပ်ကအရာရှိတွေပဲ ခွဲစားလိုက်ကြပြီးတော့ ငါတို့ တခြားအဆင့်တွေကြတော့ ပိုက်ဆံတပြားတချပ်မှ မပေးဘဲနဲ့ အလကားခိုင်းတယ်။

    ကျွဲတွေ၊ နွားတွေလိုပဲ အော်လိုက်၊ ဟောက်လိုက်၊ ဆဲလိုက်၊ ဖိနပ်နဲ့ ကန်လိုက်နဲ့ကွာ။ ပြီးတော့ သူတို့ စိတ်မကြိုက်ရင် ကွာတားက ချသေးတယ်။ ကျောင်းအုပ်ကြီးနဲ့ တပ်ရေးဗိုလ်ကြီးက ပိုဆိုးသေးတယ်။ သူတို့အိမ်တွေ ရန်ကုန်မှာ တယောက်ကို ၃၊ ၄ လုံးရှိတယ်။ ဂွင်တွေ အမျိုးမျိုးရိုက်ပြီးတော့ ဝယ်ထားတာတွေလေ။ သင်တန်းသားတွေ လာရင်လည်း ဂွင်ရိုက်တာပဲလေ။

    သူတို့မိန်းမတွေနဲ့ ကလေးတွေ ဝေယျာဝစ္စအတွက် ဆိုပြီးတော့ ရဲမေတွေကိုလည်း နေ့စဉ်ခေါ်ပြီး ခိုင်းသေးတယ်။ အတွင်းခံဘောင်းဘီ ကအစ လျှော်ခိုင်းတာနော်။ အရမ်းကိုမိုက်ရိုင်းတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကလည်း ကျောင်းအုပ်ကြီးရဲ့ မိန်းမက သူရဲ့ အတွင်းခံဘောင်းဘီ လျှော်ပေးတဲ့ရဲမေကို ဆုပေးတာတဲ့ကွာ …။ တပ်ဂိတ်ဝမှာ အဲဒီ ရဲမေကို ဘောင်းဘီလျှော်တာ ဆပ်ပြာရည်မပြောင်လို့ ဆိုပြီးတော့ ပက်ပက်စက်စက် ဆဲဆိုပြီး လေးဘက်ထောက်ပြီးတော့ သွားခိုင်းတယ်လေ။ ကျောင်းအုပ်ကြီးလည်း ဘာတခွန်းမှ ဝင်မပြောဘူး၊ မတားဘူး။ ဘေးကနေကြည့်ပဲ ကြည့်နေတယ်။ သူ့ကိုလည်း ဘယ်သူမှမတိုင်ရဲဘူးလေ။ သတ္တိရှိတဲ့ကောင်တိုင်၊ ကကထူးမှာ ငါ့ဆရာ အရင်းရှိတယ်။ သူရရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦး တို့နဲ့က ဆရာရင်း တပည့်ရင်းတွေကွ … တိုင်တဲ့ကောင်တော့ တမိသားစုလုံး သေမယ်သာမှတ်…။ ငါက ဘာမှမဖြစ်ဘူးကွ …. ဆိုတာက သူရဲ့ လက်သုံး စကားပဲလေ။ အဲ ရှိသေးတယ် အခု ရန်ကုန်တိုင်း တိုင်းမှူးက သူရဲ့ ဂျူနီယာကောင်တဲ့။ ဂရုစိုက်စရာ မရှိဘူးဆိုပဲ။ အဲဒီတော့ ဘယ်သူက တိုင်ရဲမှာလဲ။

    မနှစ်ကလည်း တပ်ထဲက ရဲမေတစ်ယောက်ရဲ့ အစ်မ နယ်ကနေ လာလည်ရင်းနဲ့ ရောက်တဲ့ နေ့မှာတင် ရုတ်တရက် သေသွားတော့ … ကျောင်းအုပ်ကြီးက အဲဒီရဲမေရဲ့ယောက်ျား ရဲဘော်ကိုခေါ်ပြီးတော့ ပါးရိုက်၊ ဆဲဆိုပြီးတော့ တပ်ထဲမှာ အပြင်လူလာသေတာ ကျက်သရေမရှိဘူးဆိုပြီး အသုဘကို ချက်ချင်းချ … တပ်တွင်း လမ်းကို အသုံးမပြုရဘူး၊ တပ်ထဲမှာ နာရေးမလုပ်ရဘူး ဆိုပြီးတော့ အမိန့်ထုတ်တယ်။ အဲဒါနဲ့ အလောင်းကို လူမသိသူမသိ ဆွေမျိုးတွေတောင် မစောင့်နိုင်တော့ဘဲ အိမ်သာကြို အိမ်သာကြားက နေပြီးတော့ တပ်ပြင်ကို ထုတ်သင်္ဂြိုဟ် လိုက်ရတယ်။ ရက်လည်ဆွမ်းသွပ်တောင်မှ တပ်တွင်းမှာ လုပ်ခွင့်မပေးဘူး။ အဲဒီနေ့က ဂိတ်မှာတာဝန်ကျတဲ့ ရဲဘော်ကိုလည်း အပြင်လူ ပေးဝင်တဲ့အတွက် ဆိုပြီးတော့ ရက် ၂ဝ အချုပ ်ချလိုက ်သေးတယ်လေ။

    အရမ်းကို မိုက်ရိုင်းတဲ့ အရာရှိတွေကွာ။ ငါတို့ တပ်ထဲမှာလည်း ထွက်ပြေးချင်တဲ့ သူတွေများနေပြီ။ မိန်းမနဲ့ ကလေးတွေကို ငဲ့နေလို့ ပေါ့ကွာ။ တပ်ချုပ်ကြီးနဲ့သာ ပြောခွင့်ရရင်တော့ ငါ သိထားတာတွေ အကုန် ဖေါ်ကောင် လုပ်ပစ်မှာပဲ။ ငါတို့ သင်တန်းကျောင်းက ငရဲခန်း အကြောင်းကို လူတွေ သိအောင် တဆင့် ပြောနိုင်တဲ့ လူရှိရင ်ပြောပြပေးကြပါဗျာ။

    ကဲ မိတ်ဆွေတို့ရေ …. တပ်ကြပ်ကြီးရဲ့ ရင်ဖွင့်သံလေးကတော့ အဲဒါပါပဲဗျာ။ မိတ်ဆွေတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဆိုက်တွေကနေ တဆင့် တနိုင်ငံလုံးသိအောင် လက်ဆင့်ကမ်း ဖေါ်ပြပေးလိုက်ကြပါဗျာ။ သတင်းဌာနက လူတွေလည်း သတင်းအနေနဲ့ ဖေါ်ပြပေးလိုက်ကြပါဗျာ။ အခု ကျနော်တင်ပြခဲ့တာကတော့ နည်းနည်းမှ အပိုမပါတဲ့၊ မညာထားတဲ့၊ ဖြစ်စဉ်အမှန်တွေပါ။ တိတိကျကျ သိချင်ရင်တော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က အင်းတိုင် တပ်နယ်ရှိ မဉ္ဇိမ ဂုဏ်ရည် ဘုန်းကြီးကျောင်းကိုသာ သွားကြည့်ကြပါဗျာ။ အမှတ် (၁) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာပဲ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်း ရှိပါတယ်။ ဝင်သွားပြီးတော့ လေ့လာလို့ ရတာပေါ့။ ရန်ကုန် – ပဲခူးကား စီးပြီးတော့ ရဲမွန်တပ်မြို့ မှတ်တိုင်မှာ ဆင်း၊ ဆိုင်ကယ် ကယ်ရီစီး ၅၀ဝ ကျပ် ပေးပြီးတော့ သွားရင်ရောက်ပါတယ်ဗျာ။

    BBC/ VOA / RFA / DVB/ တို့နဲ့ အဆက်အသွယ်ရှိရင်လည်း ပြောပြ၊ ကြေညာပေးလိုက်ကြပါလို့။

    အကြားမတော်သူတဦး

    ချကြ
    ဆရာတော်ကို သွားမြှောက်ပေးကြ
    ဆရာတော်အသံဖြင့်
    အေးးးးးးးးးးးးး
    မင်းတို ့ကတော့ ကောင်းတာတွေစားပြီး
    အွန်လိုင်းထဲမှာ ဖွန်ကြောင်နေကြတယ်
    ငါ့ကျောင်းလမ်းကို
    ဝတ္ထုလှူပြီးလမ်းခင်းနေတာ
    ဟိုကောင်တွေ ဖြတ်စားနေတာ ငါကမသိ
    မင်းတို ့ပြောမှ သိရသကွာ
    ကျေးဇူးတင်တယ် အောင်ပုရာ
    လာနေပါ အချုပ်ထဲမှာ …..

  • juttue.gyi

    February 3, 2011 at 1:27 pm

    အော် အစ်ကိုအောင်ပုတို့ကတော့နော် နောက်ပိတ်ဆုံးမှာ ရီစရာလေးတောင်ထည့်ထားသေးတာကိုးဗျာ

  • naywoonni

    February 3, 2011 at 3:19 pm

    အင်းးးးး ဖခင်××× ဘုရင်ကြီးမှာ မကြားလိုပါ××× မကြားလိုပါ

    • char too lan

      July 13, 2011 at 6:54 pm

      ဘင်ဂျီးအကျားချင်ရို ့ ဒီချေနေရောက်ကုံဒါဘော့ ဟွန့် !!
      🙂

  • Gipsy

    February 3, 2011 at 4:24 pm

    ဒီလောက်လေးနဲ့..Feel..မဖြစ်…အပျင်းလဲမပြေ. .ဒါပေမဲ့……
    အဲဒီလောက က စုတ်ပြတ်သတ်နေပါပြီ…သိရသလောက် ကောင်းကောင်းသန့်သန့် အလွန်ရှားပါးနေပါပြီ…
    အစုတ်တွေဘဲ နာမည်ကြီးနေတာ ဆိုးတယ်..သူများတွေတော့မသိဘူးနော်..
    ကျုပ်တော့ ဇတ်ကားတွေကြည့် ရတာ Feel လုံးဝ မလာလို့ ကြည့်ကိုမကြည့်တော့တာ အမှန်ပါ….
    သူတို့ဇတ်ကြောင်း သိနေ မြင်နေရတော့…ခက်တယ်ပေါ့ဗျား….

  • winkyawaung

    February 4, 2011 at 1:46 am

    အင်း ဆရာတပည့်မွေးပြီး အုပ်စုဖွဲ့ အနိုင်ကျင့်နေကြတာ နှစ်တွေ အတော်ကြာခဲ့ပါပြီလေ..။

  • nigimi77

    February 4, 2011 at 5:11 am

    ကလေးအတွေးနဲ ့ပြောကြည့်ရအောင်။
    ဘင်လာဒင်ဆီမှာ ပညာသင်ကြရအောင်။
    အစွန်းရောက်တွေ၊ အသေခံဗုံးခွဲ သမားတွေ ဒီနိုင်ငံမှာ ရှိဖို ့လိုအပ်နေပြီ။
    အဲဒီလို ကောင်မျိုးရဲ ့ခွေးပါးဝနေတာကို ငြိမ်နေတဲ့ လူတွေက South သုံးမကျတာ။
    ငြီးပဲနေတယ်။ တယောက်လောက်ကမှ ရင်းရဲတဲ့လူမှမရှိတာ။ တိုင်တည်မြည်တမ်းနေလို ့ ဘာမှ ဖြစ်မလာဘူး။ ကိုယ့်အားကိုယ်ကိုးမှပဲရမှာ။
    အကုန်လုံးကို မျိုးဖြုတ်ဖို ့ကတော့ မလွယ်ဘူး။ တနေရာမှာ တယောက်လောက်က
    လုပ်ထဲ့လိုက်ရင်တော့ တောက်လျှောက် လုပ်လာကြမှာပဲ။

  • Gipsy

    February 4, 2011 at 7:10 am

    ခင်ဗျားပြောတာမှန်ပါတယ်..သို့သော်လည်း….
    ဒီရွာသူရွာသားအများစုဟာ.. မကျေနပ်ချက်တွေကို အမြင်မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ တင်ပြဆွေးနွေးနေကြတယ်…
    မှန်တာဝန်ခံရရင် ကျွန်တော်လဲ လူရှေ့ ထွက်မပြရဲဘူးလေဗျာ…အကာအကွယ်နောက်ကအော်နေရတာပါ….
    အများအတွက်ဆိုပေမဲ့ ကိုယ့်ကိုယ် ကိုသာအချစ်ဆုံးမဟုတ်လား…လုပ်ရဲဘူးဗျာ….

  • naywoonni

    February 4, 2011 at 3:12 pm

    ဂျစ်ဂျစ်က ကြောက်သလား 😛

  • Foreign Resident

    February 5, 2011 at 7:21 am

    Dear etone,
    Just that,
    တပ်တဲ့ခေါင်းစဉ်ကို foreign resident ကမကြိုက်တာနဲ့တူတယ် ။
    Sorry, I don’t know how to write in Myanmar.
    Anyway, thanks for your reply.

  • chitpyae

    July 13, 2011 at 2:37 pm

    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည် …. 🙂

  • pan pan

    July 13, 2011 at 3:14 pm

    အရင်က ဒီလောက်ဖော်ရင်တောင်ထူးဆန်းနေတာ
    ခုတော့ သာမန်မိန်းကလေးတွေတောင် အပြင်မှာဒီထက်ဆိုးတာတောင်ဝတ်နေကြပြီ
    မော်တာဂဲတွေက ရှေ့ဆောင်လမ်းပြလုပ်နေသလိုပါပဲနော်
    ဒီပုံတွေမှာပါတဲ့ မော်တာဂဲတွေက အပေါ်လေးဟိုက်ပြီး အောက်လေးတိုနေရုံပဲ
    တချို့ဆို မော်တာဂဲကိုတောင်သနားတယ်၊ ဝတ်ပုံက ကျော်တက်နေပြီ
    တွေးတတ်ရင် ရှက်စရာပေ့ါ
    မတွေးတတ်ရင် မရှက်ဘူးပေ့ါ

  • shweaeimsi

    July 13, 2011 at 3:18 pm

    အံမယ်….ကြည့်ကောင်းသားဘဲ..သူ ့ထက်ကြည့်ကောင်းတာ..ဝိုင်းစုလေ..ကြည့်မလား..လာတင်ပေးပစ်လိုက်မှာနော်

    ကြည့်ချင်တယ်ဆိုပြောသာပြော…..
    ဘလော ့တစ်ပုစ်တင်ပြိးပြိ..စည်းကမ်းအရ..နောက်တစ်ပုဒ်ကျန်သေးတယ်

    ဟီးးးးးးးးးးးးး

  • Yin Nyine Nway

    July 13, 2011 at 3:28 pm

    ကြည့်သောသူ မြင်၏ …မြင်သောသူ ကုသုလ်ရ၏ပေါ့….
    ပြတော့လဲ ကြည့်ရတာပဲ

  • moethidasoe

    July 13, 2011 at 3:32 pm

    အားလုံးအတွက်ပါ ..
    တရားသံ ပါပါ နဲ့ ရေးရရင်
    ဟို ရှေးရှေးတုန်းက သူဌေး ကတော်တစ်ယောက်ရှိသတဲ့ .. သူ့အိမ်နားမှာတော့ သူနဲ့ ငယ်ငယ်တုန်းက ကစားဖော်ဖြစ်ခဲ့ပြီး အခု ပြည့်တန်ဆာ ဖြစ်နေတဲ့ သူငယ်ချင်းလဲ ရှိသတဲ့ ..
    သူဌေးကတော် က သူငယ်ချင်းအတွက် စိတ်မကောင်းရှာဘူးတဲ့ .. အဲဒီအကြောင်းကိုပဲ စိတ်ထဲ ထည့်ထားပြီး သနားနေတဲ့အတွက် ကုသိုလ်ရေးကို မလုပ်နိုင်ဘူး တဲ့ .. ပြည့်တန်ဆာမလေးကတော့ သူ့အလုပ်အရ ယောက်ျားတွေနဲ့ ဆက်ဆံရတဲ့အခါ အလုပ်ထဲမှာ စိတ်ကို နှစ်ထားပေမယ့် .. ကျန်တဲ့အချိန်မှာတော့ .. ငါ့မှာ ဘဝပေးကုသိုလ် မကောင်းခဲ့လို့ ဒီဘဝမှာ ဒီအလုပ်ကို လုပ်နေရတယ် .. ဒါကြောင့် ဖြစ်လေရာဘဝမှာ ဘဝပေး ကောင်းအောင်လို့ လုပ်ရမယ် ဆိုတဲ့ အသိနဲ့ တရားနဲ့ပဲ နေတယ် တဲ့ ..
    ဒါကြောင့် ပြည့်တန်ဆာမလေးဟာ ကွယ်လွန်တဲ့အခါမှာ ကောင်းရာဘုံဘဝကို ရောက်သွားပေမယ့် .. ကုသိုလ်ရေးလဲ လုပ်ဖို့ အချိန်လဲ ရှိ ဥစ္စာလဲ ရှိပေမယ့် အခြားသူအတွက် ကြောင့်ကျနေတာကြောင့် .. ကုသိုလ်ရေးကို ထူးထူးချွန်ချွန် မလုပ်ဖြစ်တော့ ပြည့်တန်ဆာမလေးထက် နိမ့်တဲ့ ဘုံကိုပဲ ရောက်ရတယ်တဲ့ ..
    ဒါကြောင့် သူတို့ ဘယ်လို နေတယ် ဘယ်လို ထိုင်တယ် ဆိုတာကို တွေးပူနေ .. ကြောင့်ကျနေမယ့် အစား ..
    သူတို့က သူတို့ အလုပ်ကို လုပ်နေတာ .. ဆိုတဲ့ အတွေးလေး ထားပေးနိုင်ရင် ………..
    (စိတ်မထားတတ်လို့ လို့ အပြစ်တင်နေတာ မဟုတ်ဘူးနော် လုံးဝ လုံးဝ မဟုတ်ဘူး)

  • phowagyi

    July 13, 2011 at 11:23 pm

    သက်မွန်မြင့် က တိရစာ္ဆန်နဲ့ လုံးလုံး မတူ ပါ ဘူး ။ ဖျက်ပေး ဖို့တောင်း ဆိုပါတယ်။သူမ ဟာရိုးသားဖြူစင်သူပါ ။ ခေါင်းစဉ် ကိုလည်း လုံးဝ မကြိုက်ပါ။မောင် နှမချင်း ကိုချင်းစာဖို့ကောင်းပါတယ်ခင် ဗျ

  • taicun

    July 14, 2011 at 12:30 am

    ကျနော်တွေ ့သလောက်တော့ဟော့ဟော့ရမ်းရမ်းပုံတပုံမှမပါဘူးဗျ ဒါဆိုရင် နိုင်ငံခြားရောက်မှ without ဘလာစီယာနဲ ့လျှေက်သွားနေတဲ့အမိမြန်မာအမျိုးသမီးတွေကိုဘယ်လိုခေါင်းစဉ်တပ်မလည်း သူတို ့တွေဘယ်သူတွေမှန်းတော့မသိပါဘူး ဒါပေသည့်တခုစိုးရိမ်မိတာကသူတို ့လေးတွေဒီခေါင်းစဉ်ကိုဖတ်မိပြီးဒေါပွပွနဲ ့တကိုယ်လုံးချွတ်ပြရင်ဖြင့်ကျနော်လည်းမကြည့်ရဲဘူးဗျာ

  • True Answer

    July 14, 2011 at 8:41 am

    ကိုကြောင်ကြီး နဲ့ ကိုkai ဝင်ရှင်းမှ ရှင်းမှာပါ။ း)

  • niyezaw

    July 14, 2011 at 9:20 am

    အဲဒီမော်ဒယ်ဂဲလ်တွေထက် ပိုစိတ်ပျက်မိတာက သူတို့ရဲ့ ပွဲတွေနောက်မှာ မိန့်မိန့်ကြီးလိုက်လာတတ်တဲ့ သူတို့ရဲ့ မွေးသမိခင်ဆိုတဲ့ မိန်းမကြီးများ၊ အိမ်မှာ ခန့်ခန့်ကြီးထိုင်ပြီး တီဗွီ ကြည့်နေမယ့် မွေးသဖခင် ယောက်ျားကြီးများကိုပဲ။

Leave a Reply