ဒီနေ့ ပို့စ်လေးတစ်ခုလောက်ရေး မယ်စဉ်းစားတော့ အကြောင်းရာကလည်း ရှာမရ ။ စိတ်ကူးယာဉ် ဇာတ်လမ်းလေးတွေ ဖန်တီးဖို့ကလည်း အာရုံကမရဆိုတော့ နည်းနည်းလေပြီး အလုပ်ပဲ မဲလုပ်နေမိသည် ။ အလုပ်လုပ်ရတာ အာရုံစိုက်ရဖန်များလာတော့ ခေါင်းက နောက်လာသည် ။ ညည်းစိစိဖြစ်လာသည် နှင့် ပို့စ်တွေဝင်ဖတ်ပြန်သည် ။ နောက်တော့ အကြောင်းရာလေးတစ်ခု ခေါင်းထဲဝင်လာတာနဲ့ အဲ့ဒါလေးနဲ့ပတ်သတ်ပြီး နည်းနည်း ဖွမလား စိတ်ကူးမိပါသည် ။

ကျမတို့ တွေ အရွယ်လေးရောက်လာနဲ့ အမျှ ရည်းစား ထားခြင်း ဆိုတဲ့ ကိစ္စလေး နည်းနည်း ပါလာတတ်ပါသည် ။ တစ်ချို့ကလည်း တစ်ယောက်ထဲ နေရရတာ ပျင်းသဖြင့် အဖော်ရှာကြသည် ။ တစ်ချို့ကလည်း သူငယ်ချင်းများက မြှောက်ပင့်ပေးသဖြင့် လက်တည့်စမ်းပြီး ရည်းစားထားကြသည် ။ တစ်ချို့ ကျပြန်တော့လည်း ဒီလူနှင့်တွဲလျှင် ရရှိလာမည့် အကျိုးအမြတ်ကို ရှေးရှူပြီး ရည်းစားထားကြသည် ။  တခြား အကြောင်းများ ကြောင့်လည်း ရည်းစား ထားကြသည် … ။ မည်သို့ပင်ဖြစ်စေ … လူအများစု ချစ်သူ၊ ရည်းစားထားကြခြင်း မှာ နောင် တူနှစ်ကိုယ် ဘ၀အတူ တည်ဆောက်ရန် ရည်ရွယ်ပြီး ချစ်သူရည်းစား ထားကြခြင်းဖြစ်သည် ။  တစ်ချို့လူမျိုးမှာလည်း အနာဂတ်အတွက် ရည်ရွယ်ထားသော်လည်း အဆင်မပြေ ၊ အသွင် မတူသဖြင့် အိမ်သူ မဖြစ်ကြတာမျိုးလည်း တွေ့ဖူးသည် ။ ရှစ်နှစ် ကိုးနှစ် ချစ်သူဘ၀လက်တွဲခဲ့သော်လည်း ရည်ရွယ်သူ နှင့် အိမ်ထောင် မပြုပဲ ကွေကွင်းရသူများလည်း ရှိသည် ။

ယနေ့ခေတ်တွင် ယောကျာ်းများ အိမ်ထောင်မှူတာဝန်ကျေစရာမလို ၊ အိမ်ထောင်ပြုရန်မလိုပါပဲ စိတ်ခံစားမှူအတွက် ပျော်ပါးစရာ နေရာအများ အများပြားရှိခြင်းကြောင့် ယောကျာင်္းကောင်းများပင်လျှင် အိမ်ထောင်တစ်ခုတည်ဆောက်ရန် နှောင့်နှေးအချိန်ဆွဲတတ်ကြကြောင်းလည်း သိရသည် ။ အိမ်ထောင် အတည်တကျ ယူထားခြင်း မရှိသဖြင့် အခြား မိန်းမများနှင့် အခပေးဖြစ်စေ ၊ အခမဲ့ ဖြစ်စေ ပျော်ပါးသော်လည်း  အိမ်ထောင်ရေး ဖောက်ပြန်မှူပြသနာမျိုး မရှိနိုင်ဟု ခံယူထားကြသေးသည် ။

ချစ်သူရည်းစား ထားသော်လည်း လက်ထပ်ဖို့အထိ လုံးဝမရည်ရွယ်ခဲ့သော လူတစ်ယောက်အကြောင်းတစ်စွန်းတစ်စ ဖွရပေဦးမည် ။ ထိုလူသည် အိမ်ထောင်ပြုရန် ကျော်လွန်သော အရွယ်သို့ ရောက်သည့် တိုင်အောင်ပင် မိဘကို လုပ်ကြွေးနေသည် ဟူသော အကြောင်းပြချက်ဖြင့် ချစ်သူ ဖြစ်သော မိန်းကလေးအား လက်ထပ်ခြင်း ကိစ္စ စောင့်ဆိုင်းစေခဲ့သည် ။ ထို မိန်းကလေးနှင့် ချစ်ကြိုက်နေစဉ် အတွင်းမှာပင် တခြား သော အပျော်ပါး လိုက်စားခြင်းမျိုးလည်း ရှိသည် ။ ကြုံလျှင်ကြုံသလိုလည်း ကျူတတ်သေးသည် ။ ထို မိန်းကလေး ဘက်မှလည်း စင်းလုံးချော ခြောက်ပစ်ကင်းတော့ မဟုတ်ပေ ။ သူ့မှာလည်း အီလည်လည် ရစ်သီရစ်သီလုပ်နေသော ငနဲများ ရှိသည် ။ အကူညီလိုလျှင်ပေးတတ်ပြီး ငွေကြေးတစ်စုံတစ်ရာ ရံဖန်ရံခါ လက်ဆောင်ပေးတတ်ကြောင်းလည်း သိရသည် ။ အမျိုးသားက အိမ်ထောင်မပြုပဲ ဒီအတိုင်းနေမည်ဖြစ်ကြောင်း လို အပ်သမျှကိုလည်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်းပြောသော်လည်း ကောင်မလေးမှာ မငြင်းဆန်ပဲ ရေလိုက်ငါးလိုက်မျောနေသည်မှာ ကျမနားမလည် နိုင်အောင်ပင် ။ အိမ်ထောင်မှူ ၊ ဘုရားတည် ၊ ဆေးမှင် စုတ်ထိုး ၊ ဤလေးချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သကဲ့သို့ ဆိုသော်ငှားလည်း အိမ်ထောင် ပြုခြင်း အမှူကို အလေးနက်ထားသည်ကို မတွေ့ကြရပေ ။ အမည်ခံရည်းစားထားသော်လည်း ရေကြည်ရာ မြတ်နုရာ ရှာ ဖွေနေကြသော လူများကို ကျမရွံ့ မုန်းမိသည် ။ သစ္စာတရားဆိုတာ ၄င်းတို့ကြားမှာ မရှိပေ … ထို့အတူ ကိုယ်ချင်းစာစိတ်လည်း ရှိမည် မထင် ။ ကိုယ် ချင်း စာစိတ်ရှိမှတော့ သူများ သားသမီးကို တွဲပြီး မယူပဲ နေမှာတော့ မဟုတ်ဘူးဟု ကျမသုံးသပ်မိသောကြောင့်ဖြစ်သည် ။ တစ်ချို့လူမျိုးကြတော့လည်း စပွန်ဆာ ဘယ်လောက်ပေးနိုင်လဲပေါ်မူတည်ပြီး အိမ်ထောင်ရေးကို စဉ်းစားကြတယ်…။ ဒါက အတုအယောင်ပါ မေတ္တာစစ်မပါတဲ့ အတွက် တစ်လအတွင်းမှာပဲ အဆင်မပြေတာတွေဖြစ်လာပြီး ကွဲကြပြဲကြနဲ့ တစ်ခုလပ်တွေဖြစ်ကုန်ရော ။ ဒီလို တစ်ခုလပ်တွေက ဖောက်ဖွားလာတဲ့ ကလေးတွေကလည်း သနားစရာကောင်းပါတယ် ။ စိတ်ဒါဏ်ရာတွေရပြီး အဖေကို မုန်းတဲ့လူဆို ယောကျာ်းလေးတွေ ထည်လဲတွဲပြီး အသည်းကခွဲ။ အမေမုန်းသူဆိုလည်း ဒီလိုပါပဲ လက်စားချေ ။ အို ရှုပ်ယှက်ခတ်နေအောင်ပါပဲ တစ်ခါတစ်ခါ လူ့ဘ၀ ရှုပ်ထွေးလှပါဘိနဲ့ ။ ဘယ်လိုများနားလည်ရမလဲတောင် မသိတော့ဘူး ။ ကိုယ့်ကြောင့် သူတပါး စိတ်ဒုက္ခမရောက်ရင် အကောင်းဆုံးပါ ။ လက်ထပ်ဖို့ ထိ မရည်ရွယ်ပဲနဲ့ အပျော်သဘော တွဲနေတာ မဖြစ်သင့်ပါဘူး ။ အပေါ်မှာပြောခဲ့တဲ့ အမျိုးသားကလည်း မိဘကို အကြောင်းပြပြီး အိမ်ထောင်မပြုတာဆိုလျှင် မိန်းမတွေနဲ့ မပတ်သတ်သင့်ပါဘူး ။ အစ်မတွေ နှမတွေ ရှိတာပဲလေ ကိုယ်ချင်းစာတရား လက်ကိုင်ထားသင့်ပါသည် ။ မိန်းကလေး ဘက် ကတောင် နစ်နာတယ်ဟု မတွေးပဲ သူလည်း တွေးစရာမလိုဟု မမှတ်ယူသင့်ပါ ။ တွဲသွားတွဲလာ ပြုခဲ့စဉ်ကတည်းက မိန်းကလေးဘက်မှ အများကြီးနစ်နာပါသည် ။ တောကျို အုံကြားမှ အမျိုးသမီးဖြစ်လင့်ကစား ဒီလို ဖြစ်ရပ်မျိုး မလုပ်သင့်ပါဘူး ။ မွေးချင်းထဲမှာ နှမ ၊အစ်မမရှိလို့လည်း ၀ဍ်လည် စရာ မရှိဘူး မထင်ပါနှင့် သံသယာမှာပါ ကံကံဧ။် အကျိုးကို ခံစားရမှာပါ ။  အမျိုးသမီး ဘက်မှလည်း လိုတရနေသည့် ဘ၀ဖြင့် ရောင့်ရဲ တင်းတိမ်ခြင်းထက် သားမှတ်မှတ် ၊မယားမှတ်မှတ် ပေါင်းသင်းမည့် ချစ်သူမျိုးကို ရွေးချယ်ခြင်းက မှန်ကန်ပေလိမ့်မည် ။ လတ်တလော လူငယ်တွေကြားဖြစ်ပျက်နေသည်မှာ ကလပ်သွား ၊ မူးအောင်သောက်ပြီး ၊ တည်းခိုခန်းရောက်သွားသည်ဟူသော သတင်းမျိုးလည်း ကြားနေမိသည် ။ ကျမသာ ထို့သို့မိန်းကလေးမျိုးဧ။် မိခင်ဖြစ်လျှင် အနီးကပ်ထိန်းသိမ်းစောင့်ရှောက်မည်ဟု တွေးမိသည် ။ (သို့သော် … လက်ရှိ အိမ်ထောင် မကျသေးဘူး … လူလွတ်ဖြစ်သည် ။ ဟိဟိ ကြော်ငြာဝင်တာ )။ တဒဂ် သာယာမှူကို မက်မောကြသော်လည်း ကျန်းမာရေး အသိပညာဗဟုသုတနည်းပါကြောင်းတွေ့ရသည် ။ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ပါသည် ။ အနောက်နိုင်ငံများတွင် အထက်တန်းကျောင်း တက်စဉ်ကတည်း က မိမိကိုယ်ကိုယ်မည်သို့ ပြုမူနေထိုင်ရမည်ဟု ပညာပေးနည်းလမ်းများပါ သင်ကြားပေးကြောင်း ပြန်တော်ပြန် ရွှေတစ်ယောက်က ပြောပြဖူးသည် ။ ပြီးခဲ့သည့် တစ်ပတ်ခန့်က ကျမသူငယ်ချင်း ဆေးခန်းဖွင့်ရာ သို့ အလည်သွားစဉ် ဆေးခန်းတွင် က ပ်ထားသော စာကြောင်းလေးကြောင့်  အံ့သြခဲ့ရသေးသည် ။ ကိုယ်ဝန်လုံးဝဖျက်မချပေးပါတဲ့ရှင် ။ ကျမလည်း သူ့ကိုမေးကြည့်တော့မှ လက်မထပ်ရသေးပဲ လွန်ကြူးတဲ့ စုံတွဲတွေ လာလာပြီး ဒီဟာလုပ်ပေးပါ ပြောလွန်းလို့တဲ့ အစကတော့ ဟောက်လွှတ်ရတာပေါ့ ..။ စိတ်တိုတိုနဲ့ ငေါက်ပစ်တာတောင် အမျိုးမျိုးလိမ်လည်ပြီး လာနေကြလွန်းလို့ ကြော်ငြာကပ်ထားရတယ်တဲ့…။ အဲ့ဒါမြင်မှ လှည့်ပြန်သွားတာလည်း ရှိတယ်လို့ပြောပါသည် ။ တစ်ပတ်လျှင် နှစ်တွဲခန့် ထိုကိစ္စပြုလုပ်ပေးပါရန် တောင်းဆိုကြကြောင်းလည်း သိရသည် ။ အရင်ကဆို ဒီလိုလုပ်ပေးပါပြောတိုင်း ငေါက်လွှတ်ပြီးပြန်ခိုင်းပေမဲ့ ယခုတွင် နားဝင်အောင်ရှင်းပြကြောင်းလည်း ပြောပြသည် ။ လူ့အသက်ရခဲလှကြောင်း ၊ မိသားစုဘ၀နှင့်နေလျှင် ရင်သွေးမှာ အိမ် ဆည်းလည်း သံဖြစ်ကြောင်း ရာဇ၀တ်မှူသင့်တတ်ကြောင်း ၊ ချော့တစ်မျိုး၊ ခြောက်တစ်လှည့်ဖြင့် နားချပြီး ပြန်လွှတ်ရကြောင်းလည်း သူက ရှင်းပြခဲ့သည် ။ ငွေးကြေးအခက်ခဲအရဆိုလျှင် ကုသိုလ်ဖြစ်ဆေးရုံများလည်း ရှိကြောင်း စာရေးပြီး စေလွှတ်ပေးမည်ဖြစ်ကြောင်းလည်း ပြောပြခဲ့သေးသည် ။ ကျမသာဆို စိတ်တိုလို့ အော်ပစ်လိုက်မှာပါ … နင်တို့ငါ့ကို ဘာထင်လို့ ဒီလိုလာလုပ်ခိုင်းတာလဲ ဘာညာ နဲ့ (ဖြစ်နိုင်လျှင် နားရင်းပါအုပ်လိုက်ဦးမည် :P ) …။ ရည်းစားထားခြင်းရဲ့ နောက်ဆက်တွဲမှာ ဆိုးကျိုးများစွာရှိနိုင်တာမို့ မိမိစိတ်ကို နားလည်အောင် အရင်စမ်းစစ်ကြည့်ပြီး မှ ချစ်သူရည်းစားထားသင့်ပါသည် ။ အမိုက်မှောင်မှာ ယစ်မူးမနေကြပဲ ကိုယ့်ချစ်သူအပေါ် သစ္စာထားပြီး ချစ်သောသူနဲ့ ပေါင်းသင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည် ။

(အိမ်ထောင် မပြုပဲ ပွေလီနေသော အမျိုးသား နှင့် မတည်မငြိမ် စိတ်ကစားနေသော စပွန်ဆာရ မမတို့အား ရည်ရွယ်ပြီး ရေးသားသည် ။ )

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!