မြန်မာလူရည်ချွန် ဟက်ကာများ ဦးဆောင်တဲ့ Hacking group တစ်ခုဟာ 30th, January ကစတင်ပြီး အစိုးရ ၀ဗ်ဆိုဒ်တွေ၊ ဆာဗာတွေကို တိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ ကြေငြာချက်ကို သူတို့ရဲ့ ဘလော့ဂ်ကနေ အောက်ပါ အတိုင်း တွေ့ရပါတယ်။

Announcement To Attack..

Statement of the Cyber-attack to SPDC (Operation Burma)

We, BHG, would like to announce that we are going to lead another cyber-attack on the SPDC’s internet-websites on 30th January 2011 (Myanmar Time 8:55 PM). The attack is led by BHG and all Hackers, Attackers and Hack-activists in worldwide will join together with us. This attack will be recognized as a Cyber-attack and we have arranged to use high speed during the attack in order to not hurt the public websites.

During the Cyber-attack, we will try to harm all the organizations and countries that are going to provide technical assistants to the SPDC. And, we would like to invite all to participate in this attack. We will not stop this activity on any circumstances and we are really interested in the SPDC’s response regarding this Cyber-attack.

The purpose of this Cyber-attack is that we do not recognize the November 7 elections and assembling of the Parliament on 31st January. However, we would like to give a message that we will bring to an end this activity, if Daw Aung San Suu Kyi asks us to stop. This Cyber-attack proves that Daw Aung San Suu Kyi is the only one democratic leader of Burma.

Solidarity to Victory
Blink Hacker Grop
www.blinkhackergroup.net

– ————————————–
မြန်မာစစ်အစိုးရအပေါ်အင်တာနက်စစ်ပွဲဆင်နွဲရန် ထုတ်ပြန်ကြေငြာချက်
(Operation Burma)

BHG အဖွဲ့မှ ဦးဆောင်ပြီး ကမ္ဘာတ၀ှမ်းလုံးရှိ Hackers ၊ Attackers၊ Hack-activities များမှ ဇန်န၀ါရီလ ၃၀ ရက်နေ့ ၊ ည ၈း၀၀ နာရီ ( မြန်မာစံတော်ချိန်) မှ စတင်ကာ မြန်မာနိုင်ငံရှိ စစ်အစိုးရ အင်တာနက် စာမျက်နှာများ နှင့် ၄င်းတို့အား ထိန်းချူပ်ထားသည့် အင်တာနက်ဆာဗာများကို DdoS နည်းဖြင့်စတင်တိုက်ခိုက်မည်ဖြစ်ပါသည်။

တိုက်ခိုက်မှုကာလအတွင်း အများပြည်သူသုံး အင်တာနက်လိုင်းများကို မထိခိုက်နိုင်စေရန်နှင့် မြန်နှုန်းများကို ပိုမိုမြှင့်တင်ပေးနိုင်ရန် စီမံဆောင်ရွက် ထားရှိပြီးဖြစ်ပါသည်။ ယခုတိုက်ပွဲကို ဆိုက်ဘာစစ်ဆင်ရေးအသွင်သို့ ပြောင်းလဲ သွားမည်ဖြစ်ပါသည်။

မြန်မာအစိုးရအား နည်းပညာပိုင်းအရ ကာကွယ်ပေးမည့် မည်သည့် အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကိုမဆို ဆိုက်ဘာ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ ဤတိုက်ခိုက်မှုတွင် မည်သူမဆို ပါဝင်နိုင်ရန် ထပ်မံဖိတ်ခေါ်အပ်ပါသည်။

မြန်မာစစ်အစိုးရအနေဖြင့် ဤတိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်မည်ကို BHG မှ စိတ်ဝင်စားစွာဖြင့် စောင့် ကြည့်နေပါသည်။ ဤတိုက်ခိုက်မှုကို BHG အနေဖြင့် လုံးဝရပ်တန့်လိမ့်မည်မဟုတ်ပါ။

မြန်မာစစ်အစိုးရအပေါ် အင်တာနက်စစ်ပွဲတရပ်ဆင်နွဲရခြင်း ရည်ရွယ်ချက်မှာ တရားမ၀င်ရွေးကောက်ပွဲနှင့် တရားမ၀င် လွှတ်တော်ခေါ်ယူခြင်းကို ကန့်ကွက်ခြင်းကြောင့်ဖြစ်ပါသည်။ သို့သော် ဤတိုက်ခိုက်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရပ်တန့်ခိုင်းမှ သာလျှင်ရပ်တန့်မည်ဖြစ်ကြောင်း သတင်းအမှာစကားပါး စေလိုပါသည်။ ဤတိုက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် သာလျှင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်အမှန် ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်ပါသည်။

ညီညွတ်မှုဖြင့် အောင်ပွဲဆီသို့
Blink Hacker Grop
www.blinkhackergroup.net
January 29.

Announcement To Attack (Operation Burma)

BHG အဖွဲ့မှ မြန်မာစစ်အစိုးရအား အင်တာနက်စစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲနေသည်မှာ ၄ ရက်ရှိပြီဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် ဤတိုက်ခိုက်မှုကို အလူးအလဲခံနေရကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရှိရပါသည်။ အဓိကအားဖြင့် စစ်တပ်သုံး အရေးကြီးသော Subnets ၃ ခုမှာ ပျက်စီးသွားပြီဖြစ်ပါသည်။

ဤတိုက်ခိုက်မှုကို မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှ ည ၆ နာရီအတွင်းတွင်သာ ပြုလုပ်နေပါသည်။ ရည်ရွယ်ချက်မှာ မြန်မာပြည်သူလူထုများ၏ အင်တာနက်လိုင်းများ ထိခိုက်မှုမဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မြန်မာစစ်အစိုးရသည် ကျွန်ူပ်တို့၏ တိုက်ခိုက်မှုကို အပြင်းအထန်ခံနေရသော်လည်း မီဒီယာများကိုလှည့်ပတ်ဖုံးကွယ်နေပါသည်။

ဤတိုက်ခိုက်မှုကို လုံးဝရပ်တန့်မည်မဟုတ်ပါ။ ကျွန်ူပ်တို့ အစောပိုင်းတွင် ကြေငြာခဲ့သည့်အတိုင်း နိုင်ငံရေး ထွက်ပေါက်တခုကို မတွေ့မခြင်း (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ၍ ရပ်တန့်ရန် မပြောမခြင်း နေ့စဉ်တိုက်ခိုက်နေမည်ဖြစ်ပါသည်။

February 1.

About zoxnet

zox net has written 63 post in this Website..

I am WordPresser.