မလေးရှားမှ ရက်စက်သည့် မြန်မာအမျိုးသမီး

ဤသတင်းလေးကို မလေးရှားနိုင်ငံထုတ် မျက်ရှင်ဂျာနယ်မှ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။

မြန်မာအမျိုးသမီးမိခင်သည် ကန်ဘူးဂျာဂါတွင်ရှိသောဒုက္ခသည်စခန်းတွင် မွေးကင်းစသမီးငယ်လေးကိုမွေဖွားပီးမိနစ်အနည်းငယ်အတွင်းတွင်ချွန်ထက်သောအရာတစ်ခုခုဖြင့် မသေမချင်းထိုးသတ်ခဲ့သည်ဟုယူဆကောက်ချက်ချရသည်။ကနဦးစစ်ဆေးချက်အရမူခင်းရဲများကသမီးငယ်၏ကိုယ်ပေါ်တွင်စူးရှဒဏ်ရာငါးချက်ကိုစစ်ဆေးတွေ့ရှိရသည်

ရှအလမ်းခရိုင်၏ရဲမှူးဖြစ်သူ ACP Zagedi Ayob မှထုတ်ပေါ်ပြောကြားသည်မှာ ကလေးမိခင်ကိုအခင်းဖြစ်ပွားပီးသည့်အချိန်ညပိုင်း ၁၂း၄၅ တွင်နေအိမ်တွင်ပင်ဖမ်းဆီးခဲ့သည်။ကလေးအမေကဘာလို့ များဒီလိုမျိုးရက်ရက်စက်စက်လုပ်ရက်တယ်ဆိုတာကိုကျွန်တော်တို့ စုံစမ်းမူများပြုလုပ်နေဆဲဖြစ်သည်။

တကယ့်ကိုလူမဆန်တဲ့ဖြစ်ရပ်ပါပဲ။တရားခံသည်(United Nation High Commission for Refugees (UNHCR) မှဒုက္ခသည်မှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူဖြစ်ပြီး၊သူမ၏မိခင်အပါအဝင်ဆွေမျိုး၃ဦးနှင့်နေထိုင်လျက်ရှိသည်။ထိုအမျိုးသမီးတွင် ၃နှစ်အရွယ်သမီးငယ်တစ်ဦးရှိပြီးသူမ၏ခင်ပွန်းဖြစ်သူမှာလည်းအန္တရယ်ဖြစ်စေသောလက်နက်များလက်ဝယ်ထားရှိမူဖြင့်အကျဉ်းကျလျှက်ရှိသည်ဟုစုံစမ်းသိရှိရပါသည်။

အိမ်နီးချင်းမြန်မာအမျိုးသားတစ်ဦးဖြစ်သော Mohamad Salim Nur Syuri  ၃၅နှစ်၏ပြောပြချက်အရတရားခံသည်မိမိကိုယ်ဝန်ရှိနေကြောင်းကိုယခင်ကငြင်းဆိုခဲ့ကြောင်း၊အစားအသောက်များကိုဆက်တိုက်စားသုံးမူကြောင့်ဗိုက်ပူလာခြင်းသာဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်ဟုထွက်ဆိုခဲ့သည်။ကျွန်တော်မနက်ကသူ့ကိုတွေ့သေးတယ်။သူ့ကိုကြည့်ရတာသံသယဖြစ်ဖို့ကောင်းတယ်။ဒီသတင်းကိုကြားကြားခြင်းကျွန်တော်တော်တော်လန့်ပြီး၊အံ့ဩမိတယ်။ရဲများကမူ အမူတွင် အသုံးပြုခဲ့သည်ဟု ယူဆရသောလက်နက်ကိုသိမ်းဆည်းရမိကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

4 comments

  • ဆူး

    February 2, 2011 at 2:20 pm

    ှုဦးနှောက်မှ မှန်ရဲ့လား မသိဘူးနော်။

  • m

    February 3, 2011 at 2:50 am

    စိတ်ထိခိုက်စရာတစ်ခုခုတော့ ရှိနေလိမ့်မယ် ထင်တယ် –

  • zaw min

    February 3, 2011 at 3:35 am

    အကြောင်းအရင်းအမှန်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်။

  • etone

    February 3, 2011 at 4:34 am

    လုပ်ရပ်ပါပေ့ အရူးမရယ် ။ မလိုချင်ရင်လည်း အစကတည်းက မရအောင် နေလို့ရပါတယ် ။

Leave a Reply