ဟတ်ချိုးကလေး တစ်ခု

moethidasoeFebruary 2, 20111min19814

ဟတ်ချိုးဆိတ်ဖွား အသက်တစ်ရာ အနာမရှိ .. (ရှေးလူများရဲ့ ရေရွတ်သံ .. နောက်လူတွေကတော့ ဘယ်လိုရွတ်တယ် မသိနိုင်တော့)

ဟတ်ချိုး အဟမ်း ဘွတ် (သင်္ဂဇာ ဆရာတော် ပုံပြင်ထဲမှာ ပါတာ ..)

ဟာ .. ရှင့် နှာရည်တွေ စင်ကုန်ပြီ .. သတိလဲ ထားဦးလေ .. ဟာ ..ဆားစ်တွေ ကြက်ငှက်တုပ်ကွေးတွေ ကူးကုန်တော့မှာပဲ .. ရှင်ကလဲ .. နှာချေမယ်ဆိုရင် အနည်းဆုံးတော့ နှာခေါင်းကို တစ်ခုခုနဲ့ ကာထားမှပေါ့ .. ဒါမှ နှာရည်တွေ သူများကို မစင်မှာပေါ့ ..

ဆရာမကလဲ .. ရုတ်တရက် ချေချင်တာ ဘယ်လို လုပ်ရမှာလဲ ..

ရုတ်တရက်ဆိုရင်လဲ ဘာမှ မတွေ့ရင် လက်ဝါးနဲ့သာ ကာလိုက်ပေါ့ .. နောက်မှ လက်ကိုင်ပဝါဖြစ်ဖြစ် တစ်သျှူးနဲ့ဖြစ်ဖြစ် သုတ်လို့ ရတာပဲဟာ .. အခုတော့ ရှင့်ရဲ့ နှာရည်တွေ သူများကို စင်ကုန်ပြီ .. အဲဒါဟာ ရောဂါဖြန့်ဖြူးတဲ့ တရားခံပဲ ..

ဆရာမကလဲ .. ကျွန်တော်က ရိုးရိုး အအေးမိတာပါ ..

အေးလေ ရှင်က ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ ဆိုတော့ အအေးမိတာလို့ ပေါ့ပေါ့ဆဆ ထား ပြောနိုင်ပေမယ့် .. အဆုတ်မကောင်းတဲ့လူ .. ကလေးတွေ .. နာတာရှည် ဖျားနေတဲ့ လူတွေအတွက်ကျ တော့ .. ဘယ် ရိုးရိုးဖြစ်မှာလဲ .. အဆင်မသင့်ရင် နမိုးနီးယား ဆိုတဲ့အဆင့်တွေ ရောက်သွားတတ်တယ် ..

ဟုတ်ရဲ့လား ဆရာမရယ် .. ကျွန်တော့်ကိုများ ဖြဲချောက်နေတာလား .. တကယ်ဆိုရင်တော့ ကျွန်တော် နောင်ကို ဆင်ခြင်ပါ့မယ် ..

အေး .. ရှင်လဲ သိအောင် တစ်ခြားလူတွေလဲ သိသွားအောင် ဟတ်ချိုးအကြောင်း ပြောပြမယ် .. ဘာမှ မသိပဲ အပြောခံရမှာကြောက်လို့ ဆင်ခြင်တာထက်စာရင် သိပြီး ဆင်ခြင်တော့ ရေရှည် တည်တံ့တာပေါ့ .. ကောင်းတာလေးတွေက စ ပြောရင် နှာရည် (နှပ်) ဆိုတာ ခန္ဓာကိုယ်က ရောဂါကို တိုက်ဖျက်တဲ့ စနစ်ထဲမှာ အတော်အသုံးကျတဲ့ နေရာမှာ ပါတယ် .. နှာခေါင်းကတဆင့် အသက်ရှူရင်း ခန္ဓာကိုယ်ထဲ ရောက်လာမယ့် ရောဂါပိုး အမျိုးမျိုးကို ပထမဆုံး တိုက်ဖျက်ဖို့ နှာခေါင်းထဲက ဂလင်းတွေက နှာရည်တွေ ထုတ်ပေးတယ် .. ဒါကြောင့် နည်းနည်း အအေးမိတာနဲ့ နှာရည်တွေ ထွက်လာတာပေါ့ .. အမှုံအမွားတွေ ဝင်လာရင်လဲ .. နှာခေါင်းမွေးတွေက ဖမ်းထိန်း တားဆီးတယ် .. ဖမ်းထိန်းထားတာနဲ့ နှာရည်မှာ ကပ်နေတာနဲ့ ပေါင်းပြီး နှပ်ချေး အနေနဲ့ အပြင်ကို ချေဆတ် ထုတ်ကြတယ် .. ဖုံမှုန့်များများ ရှူမိရင် နှပ်ချေး မဲမဲတွေ ထွက်ခဲ့ဖူးမှာပေါ့ .. အဲဒီလို စနစ်တွေနဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်နေတာ .. ဒါကြောင့် နှာရည် နှပ်ချေးမှာ ဖုံမှုန့်တွေ .. ရောဂါပိုးတွေ ပါမယ် ဆိုတာ သိလောက်ပြီ ထင်တယ် ..

နှာချေတဲ့အခါ နှာရည်တွေ တခြားသူတွေကို စင်တတ်တာ ဓမ္မတာပါ .. နှာချေလိုက်ရင် နှာရည်တွေဟာ နှာခေါင်းကနေ အရှိန် ပြင်းပြင်းနဲ့ အပြက်ဖက်ကို စင်ထွက်တာ .. အကြမ်းဖျင်း သုံးပေက ခြောက်ပေလောက်အထိ ရောက်တတ်တယ် .. နှစ်ပေ သုံးပေ လောက်က မြင်နိုင်တဲ့ နှာရည် .. ပေကျံတတ်တာမို့လို့ သိသာတယ် .. အဲဒီအခါ မြည်တွန်တောက်တီး အပြစ်တင်တာ ခံရမယ် .. ကျန်တာက အမှုံအမွား ဆိုတော့ မမြင်ရဘူး .. ဒါပေမယ့် ဆားစ် လို ကြက်ငှက်တုပ်ကွေးလို .. ပြင်းထန်တဲ့ အဖျားရောဂါတွေအပါအဝင် ရိုးရိုးတုပ်ကွေး .. အအေးမိတာတွေ ကျတော့ ကူးပြီပေါ့ .. တီဘီဆိုလဲ ဒီလိုနည်းနဲ့ ကူးတာပဲလေ .. တိုက်ရိုက် မကူးတာတောင်မှ အဲဒီအမှုံအမွားတွေ တင်ကျန်နေတဲ့ အရာတွေကို ကိုင်တွယ်မိတဲ့ လက်တွေက တဆင့် ကူးကြပြန်ရောလေ .. ရုတ်တရက် ရောဂါလက္ခဏာပြပြီး ပြင်းထန်တဲ့ ရောဂါကျတော့ လူတွေ သတိ ထားမိကြပေမယ့် .. တီဘီလို ကြာမှ လက္ခဏာ ပြတဲ့ ရောဂါ ကို သိပ် သတိမထားကြတော့ဘူး ..

နောက်ပြီး ရှိသေးတယ် .. နှပ်ချေးကို ညှစ်ပစ်ပြီး ဘေးက ဘယ်သူရှိရှိ သတိမထားပဲ ဖတ်ကနဲ ခါပစ်လိုက် တယ် .. အဲဒါတွေိ တွေ့ရမြင်ရတာ အဆင် မချောသလိုပဲ .. ငါ့လက်ကလွတ် ပြွတ် ဆိုပြီး ကလေးဘဝကလို လက်လွတ်စံပယ်လုပ်သလို ဖြစ်နေတယ် .. အဲဒီအကျင့်ကိုတော့ လူတိုင်း ပြင်ဖို့ လိုတယ် .. အကောင်းဆုံးက လက်ကိုင်ပဝါ .. ဒါမှမဟုတ် အခု အသုံးများတဲ့ တစ်သျှူးနဲ့ သုတ်ပေါ့ .. နောက်တစ်ချက်က အဲဒီ တစ်သျှူးကိုလဲ နေရာတကာ ပစ်ချဖို့ မသင့်ဘူး ..

နှာချေကြတဲ့အခါ သာမန်လူတွေအနီးမှာ ဖြစ်ရင် ဒီလို .. ဒီလောက်ပဲ ဖြစ်တတ်ပေမယ့် .. ကင်ဆာဖြစ်လို့ ဆေးသွင်း .. ဓါတ်ကင်နေရတဲ့ လူတွေနားမှာ .. ဆိုရင်တော့ သိပ် ကြောက်စရာ ကောင်းသွားပြီ .. ဘာလို့ ဆိုတော့ သူတို့က ဆေးအရှိန်ကြောင့် ကိုယ်ခံအားတွေ ကျနေချိန်လေ .. လူနာ သတင်းမေး သွားပါတယ် .. လူနာကို ရောဂါထပ်ပေးလိုက်သလို ဖြစ်သွားမှာ အသေအချာပဲ .. ကိုယ့်အတွက်တော့ နှာစေး ချောင်းဆိုး လောက်ပဲလေ .. သူတို့အတွက်တော့ နမိုးနီးယား အဆင့်ထိ ရောက်သွားတတ်တယ် .. အဲဒီလိုသာ ဖြစ်ရင် သူ့အတွက် သက်တမ်း တိုသွားမယ် .. တတ်နိုင်တဲ့လူတွေအတွက်တော့ ဈေးကြီးတဲ့ ဆေးတွေ သွင်းလို့ သက်သာလာပေမယ့် ခံစားရတဲ့ လူအတွက်တော့ သိပ် မလွယ်ဘူး ..

ဆရာမ ပြောတာနဲ့ နောင်ဆိုရင် နှာခေါင်းရော ပါးစပ်ပါ ဆို့ထားပါ့မယ် ..

ကျွန်မ ပြောတာ .. ဆို့ထားရမယ် လို့ မဆိုဘူးနော် .. ကာရံထားရုံပဲ .. အတင်း ပိတ်ဆို့မိလိုက်ရင် သူများအတွက်တော့ လုံခြုံသွားပေမယ့် ကိုယ်တိုင်အတွက်ကျတော့ နောက်ဆက်တွဲလာဦးမှာ ..

ဆရာမ ကလဲ မကာတော့ တမျိုး ကာပြန်လဲ တမျိုးဖြစ်နေပြန်ပြီလား .. မဟုတ်သေးဘူးထင်တယ်နော် ..

ဪ .. မဇျ္စိမ ပဋိပဋာ ဆိုတာကို မေ့နေကြပြန်ပြီ .. ကျွန်မ ပြောတဲ့အထဲမှာ အတင်း မဆို့ရဘူးလို့ ပြောတာ .. ဘာကြောင့်လဲ ဆိုတော့ .. နှာခေါင်းနဲ့ နားအလယ်ပိုင်းကို ပြွန်လေး တချောင်းက ဆက်ထားလို့ .. အဲဒီဆက်နေတဲ့ ပြွန်က သာမာန်အားဖြင့် ကျဉ်းကျဉ်းလေးသာ ရှိပြီး သူ့ သာမန်အလုပ်ကို လုပ်နေတာ .. နှာချေလို့ နှာခေါင်းကို ပိတ်လိုက်ရင် ပါးစပ်ကိုပါ ပိတ်လိုက်ရင် အတွင်းမှာ တွန်းကန်ထွက်လာတဲ့ အားတွေက နှာခေါင်းထဲက နှပ်တွေကို အဲဒီလမ်းကြောင်းထဲ တွန်းပို့သလို ဖြစ်သွားတတ်တယ် .. နှပ် မထွက်တဲ့အချိန်မှာလဲ လေတွန်းအားက အဲဒီလမ်းကြောင်းအတိုင်း လိုက်သွားပြီး နားရဲ့ အလယ်ပိုင်း (နားစည်ကို ရိုက်ခပ်တဲ့ လှိုင်းကို အသံစနစ်ဖြစ်စေဖို့ ဆက်သွယ်ပေးတဲ့ နေရာ) ကို ဖိအားတွေ များလာ .. နှာရည်တွေ ဝင်တဲ့အခါ ရောဂါပိုးပါ ပါသွားရင် နားပြည်ယိုတယ် ဆိုတာ ဖြစ်လာတတ်တယ် .. နား ပြည်ယိုတယ် ဆိုတဲ့နောက် နားစည်လဲ ပေါက်သွားတာပေါ့ .. အဲဒီတော့ နားလေး လာတာပေါ့ .. နှပ် မထွက်ပဲ နှာချေတာ သိပ်ပြင်းရင်လဲ နားစည် ပေါက်တတ်တယ် .. ဒါကြောင့် ဟတ်ချိုး ဆိုရင် သတိရဖို့ ကောင်းတာက သူများဆီကို မပျံ့လွင့်စေဖို့ရယ် .. ကိုယ့်ရဲ့ နားကိုလဲ မထိခိုက်စေဖို့ .. မှတ်မိပြီနော် ..

ဟုတ် ဆရာမ .. ဟတ်ချိုး (လက်ကိုင်ပဝါနဲ့ အသာ ကာရံတာ တွေ့လိုက်ရပါတယ်) ..

သာဓု သာဓု (နှစ်ကြိမ်ပဲ ခေါ်ဦးမယ် နောက်ပိုင်း လိုက်နာ ကျင့်သုံးမှ နောက်တကြိမ် ခေါ်တော့မယ် နော်)

14 comments

  • weiwei

    February 2, 2011 at 7:55 am

    ကျွန်မက ဟတ်ချိုးတွေ တစ်ခုမကတဲ့သူပါ ဒေါက်တာ .. လက်ကိုင်ပုဝါတစ်ထည်ကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားရတယ် … အပူ အအေး လွန်ကဲရင် အနံ့ဆိုးတာရရင် ညစ်ပတ်တာကိုင်မိရင် စိတ်ညစ်သွားရင် အမြဲနှာချေတယ် …

  • kai

    February 2, 2011 at 8:36 am

    ဂျပန်မှာနေတုံးက .. အလုပ်မှာ အက်စီဒန်င့်ဖြစ်တယ်..။
    အဲဒါ ..နံရိုးနည်းနည်းအက်သွားတာမို ့…၁လလောက်က။။။ ဟတ်ချိုးဖြစ်ရင် သေအောင်နာတာ.. ဆရာဝန်မေးကြည့်တော့…။
    နှာခေါင်း(အလယ်လောက်)ကို လက်နဲ့အသာလေးးညစ်ပေးတဲ့..။ အဲဒါဆို ဟတ်ချိုးမဖြစ်တော့ဘူးတဲ့လေ..။
    အဲဒါ… နောက်ဆို..လူကြားထဲ ဟတ်မချိုးချင်ရင် ..အဲလိုလုပ်လုပ်လိုက်တယ်..။

    ဘာရယ်တော့ မဟုတ်ပါဘူး..အမှတ်တရလေးရေးပြတာ…။
    ဆရာမပြောတာ …အမှန်ပါပဲ..။
    ကိုယ်ဘေးသူများ ဟတ်ချိုးရင်… တော်တော့်ကိုအဆင်မပြဘူး..အာပုတ်စော်လည်းနံသေး..။
    ရောဂါကူးစက်ဖို့လည်း .. ရှိသေး..။
    ဒါတောင်.. အမေရိကန်တွေများ.. ဘေးလူဟတ်ချိုးတခါလုပ်တာတွေ့ရင်.. ဘလပ်စ်ယူ(Bless you)တဲ့..။
    ဘာမှန်းလည်း မသိ…။

  • moethidasoe

    February 2, 2011 at 9:05 am

    ဟုတ်ပါတယ် .. နှာခေါင်းကို ညှစ်လိုက်ရင် နှာချေချင်စိတ် ပျောက်သွားတတ်ပါတယ် .. သိပ်ချေချင်တဲ့အခါတော့ မရပါ ..

  • etone

    February 2, 2011 at 9:41 am

    တစ်ခါတစ်လေ မျက်နှာနား နှာလာချေရင် အရမ်းစိတ်တိုရပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း သူများ မျက်နှာနား မချေတတ်ပါဘူး ။ နှပ်ချေးတွေစင်ကုန်ရင် အဆဲခံရနိုင်တာမို့ပါ ။ နှာချေခါနီး နှာခေါင်း ထိပ်ကို လက်နဲ့ပိတ်လိုက်လျှင် နှာချေရပ်သွားပါတယ် ။ … ရုံးမှာ နှာချေလျှင် ဝက်သံထွက်တဲ့ အစ်မကြီးတစ်ယောက်ရှိပါတယ်… သူအသံက တစ်ကယ့်ကို ဝက်အော်သံနဲ့တူပါတယ် .. တစ်ခါတစ်ခါအသံကြားရင် လန့်သွားပါသေးတယ် ။ နှာချေသံက ိုထိန်းလို့မရပေမဲ့လူကြားကောင်းအောင်တော့ ပြင်လို့ရပါတယ်နော်။ ကိုယ်တွေ့လုပ်ကြည့်ပြီးလို့ပါ ။

  • MaMa

    February 2, 2011 at 10:33 am

    ဟတ်ချိုး Bless you= ဟတ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ။ (ဘာသာပြန်ပေးလိုက်တယ်။)

  • ဆူး

    February 2, 2011 at 2:00 pm

    ရာသီ ဥတု အေးရင် မနက် အိပ်ယာနိုး မျက်နှာသစ်ဖို့ ရေကိုင်တာနဲ့ စပြီး နှာချေတတ်တယ်။ အနံဆိုးတွေ အပူအအေး ရုတ်တရက် ပြောင်းရင် နှာချေပါတယ်။
    နှာချေခါနီး နှာခေါင်းပိတ်တာ အဆင်တတ်ပေမဲ့.. သိပ်နှာချေချင်ရင်တော့ မရတော့ဘူး နှာခေါင်းပိတ်တာထက် ပိုမြန်တဲ့ နှုန်နဲ့ ချေတော့တာဘဲ။ အသိတယောက်ဆို သူနှာချေရင် တခန်းလုံး နံသွားတာဘဲ။ ပြောမကောင်းတော့ အသက်အောင့်နေရတယ်။ စိတ်ပျက်ဖို့ကောင်းတယ်။ နှာချေရင်တော့ လူကြားထဲမှာ တတ်နိုင်သလောက် မချေအောင် လုပ်တယ်. မတတ်နိုင်ဘူး ဆိုရင်တော့ လက်ကာပြီး ချေတာ များတယ်။ လက်က အလွယ်ဆုံးနဲ့ အမြန်ဆုံး ဖြစ်နေတယ်။
    ဂမုန်းနာ လေး ငယ်ငယ်က သူများ ကို ညာတာပါတေးနဲ့ သွားပြီး နှာခေါင်းမှာ သုတ်လိုက်ဘူးတယ်။ အဲဒီ အကျိုးတွေ ပေးတာလား မသိဘူး မနက် အိပ်ယာ နိုးတာနဲ့ ရေကိုင်ရင် နှာချေကော။ နှာချေပျောက်ဆေး ဆောင်ထားရတဲ့ အထိ ဖြစ်ဘူးတယ်။ အခုတော့ မချေတော့ ပြန်ဘူး။

  • nyimalay

    February 2, 2011 at 2:12 pm

    တချို့လူတွေများတော်တော်မသိတတ်တာ…….. နှာချေရင်လက်နဲ့လည်းမကာ..
    လက်ကိုင်ပဝါနဲ့လည်းမကာ……တစ်သျူးနဲ့လည်းမကာနဲ့…….
    တော်တော်စိတ်ပျက်ဖို့ကောင်းတယ်…. ဒီလိုလူမျိုးဆိုရင်ပိစိကွေးက လုံးဝအားမနာဘူး သူမကာလည်းကိုယ့်ဘာသာကာတယ်ဆိုပြီး
    နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ထားလိုက်မယ်……

  • ဆူး

    February 2, 2011 at 2:25 pm

    ဟတ်ချိုး Bless you= ဟတ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ။
    အဲဒီလို ပြောတတ်ကြတာ နှာချေရင် သေနိုင်တဲ့ အနေအထားတွေ ရှိလို့ အဲဒီလို ဆုတောင်းတာလို့ ပြောတာ ကြားဘူးတယ်။

  • naywoonni

    February 2, 2011 at 3:35 pm

    ကျွန်တော်က ဟတ်ချိုးလုပ်တာကတစ်မျိုး လူရှင်းတဲ့နေရာမှာတစ်ယောက်ထဲလုပ်တာလေ။ ဂတိုးမှုန့်နဲ့ အဲဒိလိုလုပ်လိုက်ရင် နောက်ကျောတက်တာတွေ ဇက်ကျောထိုးတာတွေ ခေါင်းကိုက်တာတွေ ပျောက်သွားတယ်လေ။ တစ်ယောက်ထဲနေရတာဆိုတော့ ကိုခိုင့်လို နင်းပျေးနှိပ်ပေးမဲ့သူလည်းမရှိတော့ တစ်ယာက်ထဲကိုယ့်ဖာကိုယ် ဆေးကုရတာပဲဗျ လူကြားထဲတော့မလုပ်ပါဘူး။ သူများတွေလာလုပ်ရင်လည်းမကြိုက်ဖူးလေ

  • ဆူး

    February 2, 2011 at 3:43 pm

    ဂတိုးမှုန့် ဆိုတာ ဂမုန်းနာ ကို ပြောတာလား နှာချေတဲ့ အမှုန့်..
    နှာချေရင် အကြောလျော့တယ်လား။

  • bigcat

    February 3, 2011 at 1:48 am

    နှာချေလို့ရှိရင် ပြောကြတဲ့ bless you ဆိုတဲ့စကား ရက်ဒ်အင်ဒီးယန်းတွေဆီက လာတာလို့ ဆရာတယောက်ပြောဖူးတယ်။ ရှေးကသူတို့ယုံကြည်မှုအရ နှာချေလိုက်ရင် ဝိညဉ်ထွက်သွားတယ်လို့ ယူဆတယ်၊ ဒါကြောင့် တခြားလူက မကြောက်အောင် မင်းကိုဘုရားသခင်က ကောင်းချီးပေးပါစေလို ပြန်ဖြေပေးကြတယ်။

  • moethidasoe

    February 3, 2011 at 5:00 am

    နေဝန်းနီရေ .. ဂတိုးနှာကို သုံးတာ ကောင်းတာ ရှိသလို .. တို့ ကြီးတော်ကြီး ငယ်ငယ်ကတည်းက ဂတိုးနှာကို သုံးလိုက်တာ .. နှာချေပါများလို့ ဦးနှောက်အောက်ခြေက နှာခေါင်း အနံ့အတွက် ထွက်လာတဲ့ အာရုံကြောတွေ ပြတ်သွားတယ် .. ဒါကြောင့် သူ သေသွားတဲ့ အသက် (၈၀) အထိ အနံ့ မရတော့ဘူး .. နံလို့ နံမှန်း မသိတော့ဘူး .. နောက်ပြီး မွှန်တယ် ဆိုတာ မသိတော့ဘူး .. ငရုပ်သီးလှော်ရင်တောင်မှ အနံ့ မရတော့ဘူး
    ဒါကြောင့် ဂတိုးနှာကို လိုအပ်မှ သုံးပါလားလို့ အကြံပြုပါရစေ

  • naywoonni

    February 3, 2011 at 5:54 am

    အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး ။ တစ်တစ်လေ ဇက်ကြောတွေတက် ခေါင်းတွေကိုက်လာမှပါ တစ်လနေမှတစ်ခါလောက်လုပ်ဖြစ်တာ။ တစ်ခြားဆေးထိုးသောက်ကို တော်ရုံတန်းရုံလောက်နဲ့ မလုပ်ဖြစ်ဖူး။ ဆေးရုံတောင် ငှက်ဖျားဖြစ်မှ သုံးကြိမ်ပဲ တက်ဖူးတယ်။ ကျန်တဲ့ အချိန်တွေ ဘာမှမဖြစ်လို့ မရောက်ဖူးပါဘူး။ ခုတော့ ငှက်ဖျားကလည်း မြန်မာတိုင်းရင်းဆေးနဲ့ပဲ ပျောက်သွားသလား ငုတ်နေတာလားမသိဘူး။ မဖျားတော့တာ 10နှစ်လောက်ရှိပြီ။ ဒီကြားထဲ ကြီးကြီး ကျယ်ကျယ်ဘာမှမဖြစ်သေးဘူးလေ။ စောစောက ဂတိုးနှာလေးနဲ့ပဲ ။

  • kai

    February 7, 2011 at 5:59 pm

    ကားမောင်းရင်းရေဒီယိုထဲ ဟတ်ချီုးအကြောင်းသတင်းကြားတာမို ့..ဝက်ဘ်ဆိုက်ကနေယူတင်ပေးလိုက်ပါတယ်.။

    What ‘Ah-Choo!’ Can Do For You
    by Nancy Shute

    February 7, 2011

    We all know that sneezing spreads cold viruses. But it turns out that sneezes actually do some good — for the sneezer.
    The sneeze is the body’s first line of defense against alien invaders such as viruses and bacteria. Eli Meltzer, an allergist who is co-director of Allergy and Asthma Medical Group and Research Center in San Diego, says germs, dust, pollen and other irritants that make their way into the nose are no match for the mighty sneeze.

    “It’s powerful,” Meltzer says. “We actually blow out the sneeze at 40 mph. The discharge can go 20 feet. And it’s said that 40,000 droplets can come out when you spritz with the mouth and the nose when you sneeze.”

    And you don’t have to be in great shape to rock a powerful sneeze. That’s because we sneeze pretty much on autopilot. When the nerve cells inside of the nose detect an intruder, it starts an itch. That sends a signal to the brain.

    “The signal to the brain causes a reflex,” Meltzer says. “That reflex goes to the face and nose and chest. The person takes a deep breath because of that. Then they explode this air from their lungs through the mouth and nose.”

    Reasons For Sneezing
    But for many people, sneezing doesn’t end their misery. Once people have a cold, sneezing is just one more symptom. And for those with chronic allergies, sneezing can be a signal that they’re feeling miserable. Those symptoms can last for weeks, months or years.

    People also sneeze when they’re not sick. Some people sneeze when they eat a really big meal. And about 10 percent of the population sneezes when they’re exposed to sunlight. That’s probably a genetic trait.

    Louis Ptacek, a professor of neurology at the University of California in San Francisco, studies epilepsy and movement disorders. He’s looked into the photic sneeze reflex for clues on how genes affect the brain and nervous system. “Photic sneeze is clearly not a disease,” Ptacek says. The mechanism for photic sneezing is unknown, but it’s probably some kind of glitch in the wiring among eyes, brain and nose.

    Testing Sneezers
    When we asked people at NPR headquarters in Washington, D.C., we found a lot of people who said they were photic sneezers. Bob Boilen is one of them. To test the reflex, we put him right by the window on a sunny day. But he didn’t sneeze.

    “I definitely feel inside all those tingly things that happen just before you sneeze,” Boilen said. “Oh, what a letdown.”

    Other NPR employees said they always sneeze when they eat mints. But they, too, couldn’t replicate those sneezes for us when we stood by with microphone and reporter’s notebook.

    Our experiment may have failed because of a basic rule of science: Observation affects the outcome of experiments. Ptacek told us one way we might have overcome that problem:

    “I would be willing to bet a lot of money that if you took those people and you put them in a really dark room for two hours and then walked out into bright, bright sunlight, they’d have a much higher likelihood of sneezing,” Ptacek says. “And it couldn’t be suppressed by feeling self-conscious.”

    Want to stifle a sneeze? It’s possible, Meltzer says. Just press hard on the bridge of your nose.
    Credit: http://www.npr.org/2011/02/07/133499190/what-ah-choo-can-do-for-you

Leave a Reply