imagesမာဘိုတိုဖူး(ဂျပန်)

ဝက်သားအကြေ    ပေါင်ဝက်
တိုဖူး
(medium firmness) ၁တုံး(တဗူး)
ကြက်သွန်မိတ်ကြီး(Naga Negi)  ၁ချောင်း
ဂျင်း၊ ကြက်သွန်ဖြူ၊ အနည်းငယ်
တိုးဗန်းဂျန်(ငရုပ်သီးနှစ်-
chili bean paste)
နှမ်းဆီ၊ ဟင်းရွက်ဆီ၊
ပဲငံပြာရည်အကြည်၊ အရက်(Sake)
သကြား၊ ဆား၊ ကော်မှုန့်( ပြောင်းဖူး)၊
မိစော၊
miso bean paste
ကြက်သားမှုန့်
(chicken broth)

ပြင်ဆင်ရန်
ရေတခွက်(ထမင်းဗူးတဗူးစာ)ကို အရက်၊မိစော၊ သကြား၊ ကြက်သားမှုန့် တို့ ဖြင့်ရောမွှေထားက ခွက်နှင့်ဖယ်ထားပါ။ ကြက်သွန်မိတ်ရှည်နှင့် ကြက်သွန်ဖြူ၊ ဂျင်းတို့ ကို နှုတ်နှုတ်စဉ်းထားပါ။ တိုဖူးကို လေးထောင့်အတုံးကြီးများ ဓါးနှင့်လှီးထားပါ။ချက်ပြုတ်ရန်
ဒယ်အိုးထဲဟင်းရွက်ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ငရုပ်သီးနှစ်၊ ဂျင်း၊ တို့ ကို ဆီသတ်ပါ။ ထို့ နောက် ၀က်သားကြေများထည့်ပြီး ပဲငံပြာရည် အကြည်တဇွန်းပါထည့်ပါ။ ၀က်သားများနီရောင်သန်းကာ မွေးကြိုင်လာသည်အထိ မွှေပါ။ နီလာလျှင် ခွက်တွင်ဖယ်ထားသော အရက်၊သကြားရည်ကို ထည့်မွှေပါ။ ပွက်ပွက်ဆူလာလျှင် ကြက်သွန်မိတ်ရည်လှီးထားသည်များထည့်ပြီး မွှေကာ၅မိနစ်ခန့် ထားပါ။ ထို့ နောက် တိုဖူးတုံးများကို ထည့်ပြီး မကြေကုန်အောင် အသာအယာမွှေကာ ၁၀မိနစ်ခန့် ထားပါ။

ကော်မှုန့် ကို ရေအနည်းငယ်နှင့်ဖျော်ပြီး ဒယ်အိုးထဲလောင်းချကာ ယောက်မနှင့်အသာအယာမွှေပေးပါ။ ဟင်းအားလုံးစေးပြစ်သွားလျှင် အပေါ်မှ နှမ်းဆီတဇွန်းကို ဖြန်းပြီးသည်နှင့် မီးဖိုပေါ်မှချကာ  သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။

တရုပ်ပြည် စီချွမ်နယ်မှ မူရင်းဟင်းလျှာဖြစ်သော်လည်း ဂျပန်ပြည်တွင်အလွန်လူကြိုက်များသော အစားအစာဖြစ်ပါသည်။ ယခုမှာဂျပန်နည်းအတိုင်း ချက်ပြုတ်ထားခြင်းဖြစ်သည်။ တရုပ်ပြည်ချက်နည်းအတိုင်းချက်ပါက ဆီများများတွင် ခပ်စပ်စပ်နီရဲရဲ ချက်ပါသည်။ ၀က်သားအစား အမဲသားကြေနှင့်လည်း ချက်နိုင်ပါသည်။ မိစော(ဂျပန်ပဲ-ဆန်ပေါင်း) အစား အဆင်သင့်ရနိုင်သော Chinese salted black beans ထည့်နိုင်ပါသည်။

မှတ်ချက်။  ။ မန္တလေးဂေဇက် (ဒီဇင်ဘာ ၂၀၀၉) မှ

kai

About kai

Kai has written 913 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.