ကိုယ်.ကိုယ်ကိုယ်တောင် မသိတဲ.အကြောင်း

ဟိုအရင်ငယ်ရွယ်စဉ်ဘဝ
ပညာမာန် ခွန်အားမာန်
မာန်ပေါင်းများစွာကို ပိုင်ဆိုင်

ဆုပ်ကိုင်ထားနိုင်စဉ်တုံးက
လက်ညိုးညွှန်တာနဲ.ရေဆိုရင်ရေ
မြေဆိုရင်မြေ
လိုချင်တာဘာမဆိုအကုန်ဖြစ်
အောင်မြင်မူ.နဲ.ယစ်မူးလို.နေနိုင်စဉ်က
အားလုံးပေါ်ထားတဲ.အမြင်
တစ်ခြားသူကို နှိမ်.ချခြင်
ငါသာဆိုရင် ဆိုတဲ.အတွေးနဲ.
ဘဝင်လေးတွေရှိခဲ.ဘူးတယ်။

သည်လိုနဲ.နှစ်ပေါင်းများစွာ
အားလုံးဟာ
ပျော်စရာတွေပါလားလို.သတ်မှတ်
ဘဝကိုဖြတ်သန်း
ကိုယ်.အထင် နဲ.ကိုယ်ကတော.
အောင်မြင်တယ်ဆိုတဲ.ဘဝင်တွေနဲ.နေရင်း
မထင်မှတ်ဘဲလက်ခံလိုက်ရတဲ.ရုုံးနိမ်.ခြင်း
မတောင်းဆိုဘဲရောက်လာသောဒုက္ခ
မလိုလားဘဲ ရလာတဲ.ဆုံးရုုံးခြင်း
ပြင်ဆင်လို.မပြီးမှီရောက်လာသောအိုမင်းခြင်း
စိတ်သွားတိုင်းကိုယ်မပါ
လိုရာကလဲ အရင်လိုမရောက်နိုင်ပြီဆိုမှ
ငယ်ငယ်တုန်းက ဘယ်လိုအောင်မြင်ခဲ.တဲ.အကြောင်း
ပြန် ပြန်စဉ်းစားလို.အရသာခံနေရင်း
ခံတွင်းချဉ်လာတယ်ဆိုမှ
ကိူယ်ကို်ယ်တိုင်ကလည်း
အချိုကုန်နေတဲ. ပီကေဖြစ်နေတာကို
အလန်.တကြား သတိရမိပါတယ်။

4 comments

  • cum min

    June 21, 2012 at 9:16 am

    မဖတ်သွားဘူးဗျာ..

  • ဒီကဗျာလေးက ကြာပေါပ ကိုခွန်မင်းရေ
    ကျနော်ရွာထဲရောက်စ စာရေးစက ရေးတဲ့စာကလေး။
    ကော်မင်းပေးမယ့်သူတောင်မရှိခဲ့ပါဘူး။
    ဖတ်သူတော့ ရှိတယ်။
    မဟုတ်ဘူးမှားလို့ ဖွင့်ကြည့်သွားသူတော့ ရှိတယ်။
    အခုရွာသူားအသစ်တွေဆို ရောက်တာနဲ့ကော်မင်းတွေဝိုင်းအားပေးကြတာ.။
    ကျနော်ရွာထဲကို ဝင်စက အဲလိုကော်မင်းနဲ့အားမပေးကြဘူး။
    ဒိလိုနဲ့ဘဲ တက်လာခဲ့ရတာပါဗျာ။

  • pan pan

    June 21, 2012 at 9:52 am

    မတောက်တခေါက်ဦးနှောက်ထဲက မဖြစ်ညစ်ကျယ်ဉာဏ်လေး တစ်ထွာတစ်မိုက်ကို မရမကဖြစ်ညှစ်စဉ်းစားလိုက်တယ်
    အဲဒါ မောဟထင်ပါ့လေးပေါက်ရယ် 🙄

  • alinsett (gazette)

    April 1, 2014 at 4:59 pm

    လေးပေါက်ရဲ့ အတွေးတွေက
    အရင်ကလည်း လန်းနေတာပါပဲလား

    ကဗျာ
    ဝတ္ထု
    ဆောင်းပါး
    ဓါတ်ပုံ
    အင်းးး
    အားကျစရာတွေ အများကြီး. . .

Leave a Reply