Japan Tokyo က ရန်ပုံငွေပွဲ – Feb 6 2010

kaiFebruary 2, 20111min21413

ပုံကိုသာ ကလစ်လုပ်ပြီးကြည့်ကြပါ..။ ဂျပန်တိုကျိုက .. လုပ်တဲ့ပွဲဖြစ်ပါတယ်။ လှည်းကူး၊ မရမ်းချောင်း၊ ပရဟိတကျောင်း ရန်ပုံငွေအတွက်ပါတဲ့..။

ဒိန်းဒေါင်၊ခင်လှိုင်၊ ဗေလုဝ၊ ကျော်ထူးတို့ကလူပြက်လုပ်ပြီး ဂန္ထဝင်နဲ့ချစ်စနိုးဦးက မင်းသမီးလုပ်မှာတဲ့.။

လူပြက်ဆိုတာက .. နိုင်ငံရေးသရော်တတ်မှ တကယ်ရီရတာဖြစ်ပြီး ..မင်းသမီးကလည်း .. တကယ်ကတတ်မှ .. လှတာပါ..။
အခုအဖွဲ ့တော့ ဘယ်လိုနေမလည်းမသိ..။ တိုကျိုမှာရှိရင်တော့ .. သွားကြည့်လိုက်ချင်သား…။

13 comments

  • kai

    February 2, 2011 at 8:55 am

    စာကြုံလို့နော…။
    အပေါ်က .. မြန်မာတွေနဲ့ဆိုင်တဲ့ ပွဲလိုမျိုး ဖလိုင်ယာ၊လက်ကမ်းကြော်ငြာတွေတင်တာမျိုးကို အထူးကို ကြိုဆိုပါတယ်..။
    အဲဒါတင်ပြီး .. အဲဒီပွဲက ဓါတ်ပုံ ၁ပုံကိုသာ ဘယ်သူလုပ်တယ်။ ဘာကြောင့်လုပ်တယ်။ ဘယ်လောက်လာတယ်..။ ဘယ်တုံးကလုပ်တယ်..။ ဘာဖြစ်ခဲ့တယ်ကို တိုတိုနဲ့လိုရင်းတင်ပေးရင်ကို .. (မြန်မာပြည်ပနေသူများအတွက်) ၅ဒေါ်လာနဲ့ သတင်းဝယ်ဖို့ မန္တလေးဂေဇက်က ။။။ အသင့်ရှိပါတယ်လို့ပါ..။

  • char too lan

    February 2, 2011 at 9:16 am

    ညစ်ညမ်းပျက်လုံးတွေများမယ်ထင်တယ် 🙁

  • no

    February 2, 2011 at 12:06 pm

    အဲဒီပရဟိတကျောင်းက အနာကြီးရောဂါရှင်တွေကိုကုသပေးနေတဲ.ကျောင်းပါ..လှူတဲ.ရန်ပုံငွေပွဲဆိုတော.ဂျပန်လိုအချိန်တန်ဖိုးရှိတဲ.နိူင်ငံမှာ ပွဲလုပ်တဲ.သူတွေကိုလေးစားပါတယ်…..

  • ဆူး

    February 2, 2011 at 12:56 pm

    ချာတူးလန် ပြောတဲ့ အတိုင်း ဖြစ်မယ် ထင်ပါတယ်။
    သူတို့ ဦးနှောက်တွေ မှိုတွေ တက်နေကြတယ် ဆေးချမှ အောက်ပိုင်းကနေ တက်မှာ..

  • no

    February 2, 2011 at 1:10 pm

    char too lan,ဆူး….သူများရန်ပုံငွေပွဲလုပ်တာဆိုတော.ကောင်းတဲ.အမြင်လေးနဲ.မြင်ပေးစေချင်ပါတယ်….

  • no

    February 2, 2011 at 1:17 pm

    ဂျပန်မှာဘာဆေးမှဝယ်လို.မရပါဘူး…သယ်လာရင်တောင်လေဆိပ်မှာတင်မိမှာ..လူတွေကိုကောင်းမြင်စေချင်တယ်..

  • nyimalay

    February 2, 2011 at 2:24 pm

    ရံပုံငွေများများရပါစေ………. 🙂

  • no

    February 2, 2011 at 3:00 pm

    ပီစိကွေးလေး…အခုအချိန်မှာလူမူရေးလုပ်တဲ.လူအားလုံးthank

  • naywoonni

    February 2, 2011 at 3:18 pm

    ကောင်းမှာပါ ပြည်တွင်းမှာမဟုတ်လို့ ဒီမှာတော့ ဟိုကြောက်ရဒီကြောက်ရနဲ့ ဆိုတော့ ………………………….

  • etone

    February 3, 2011 at 6:24 am

    ကို ခိုင်က no ကိုများ ဒီပို့စ် ကြီးကြပ်သူလုပ်ခိုင်းထားသလားမသိ ။ သူက ဒိုင်ခံ စာပြန်နေတယ် 😀

  • no

    February 3, 2011 at 7:12 am

    etone ဆိုတော.tokyo ကလူဘဲ…နံမည်မထဲ.တက်လို.no ဖြစ်သွားတာပါ…

    • etone

      February 3, 2011 at 9:22 am

      tokyo chicken တောင် မရောက်တာကြာပေါ့ အဟီး 😀

Leave a Reply