ဆရာ ဆရာမ များ စိတ်ညစ်ရပြန်ပြီ

fattyFebruary 3, 20111min715

တနိုင်ငံလုံး အတိုင်းအတာနှင့် မသိရသော်လည်း ရန်ကုန်ရှိကျောင်းဆရာ ဆရာမ များအားလုံးသို့ ဗုဒ္ဓဘာသာ တောင်တန်းသာသနာပြု
အသင်းဝင်ရန် ဖေါ်င်များပေးပို့ထားပြီး ဝင်ကြေးတဦးလျှင် ၂၅၀ဝ ကျပ် ကောက်ခံကြောင်းသိရသည်။ ဖေါင်များပေါ်တွင်
မိမိဆန္ဒနှင့်မိမိ ဝင်ရောက်ခြင်းဖြစ်ကြောင်း စာသားပါရှိပြီး လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ယခင် မဆလ ပါတီဝင်မှ ရာထူးတိုးပေးခြင်းများ
အခွင့်အရေးရခြင်းများရှိခဲ့သဖြင့် ယင်းအချိန်ကကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေကြရသည်။ ခြေလှမ်းသစ် တလှမ်းလှမ်းပြန်ပြီ။ ဘာသဘောလည်း မသိရသော်လည်း
အများလုပ်သလို လိုက်လုပ်ကြရမည်ဖြစ်ပြီး ငြင်းဆန်ပါကလည်း ဘာဖြစ် မှာပါလိမ့် ဟု ဆရာ ဆရာမများ အကြပ်ရိုက်နေကြကြောင်း အထက်တန်းပြ ဆရာမ
တဦးက ပြောပြသွားသည်။

5 comments

  • etone

    February 4, 2011 at 3:54 am

    ဘာသာခြား ဆရာ၊ဆရာမတွေဆိုလျှင် ဘယ်လိုလုပ်မလဲ ။

  • moethidasoe

    February 4, 2011 at 4:08 am

    တစ်ချိန်က ဦးနုလက်ထက်မှာ နိုင်ငံတော် ဘာသာဆိုပြီး လုပ်ခဲ့သေးတယ် .. သူတို့လဲ သိပ် မခြားနားဘူးပေါ့ ..

  • fatty

    February 8, 2011 at 4:07 am

    ထို သတင်းကို RFA က ဦးခင်ရွှေ နှင့် အင်တာဗျူး မနေ့ကလုပ်သွားပါသည်။ ဦးခင်ရွှေဖြေကြားပုံမှာ
    ထိုအသင်း၏ဥက္ကဌမှာသူဖြစ်ကြောင်း မဝင်မနေရဟု မဆိုလိုကြောင်း …..။
    အသင်းဝင်များရအောင်ဘယ်လိုစီးရုံးပါသလဲမေးရာတွင် တိုင်း ဒေသကြီးများသို့ မြိုနယ်များသို့
    အကြောင်းကြားထားရာ တနေရာစီမှ လူ တသိန်းစီရရန် ကတိပေးကြကြောင်း သိရပါသည်။
    သို့ဆိုရာတွင် အထက်ကညွှန်ကြားသည်မှာ မဝင်မနေရမဟုတ် ..။ တသိန်းရရန် ကတိပေးထားသဖြင့်
    အောက်ကလဲ ဖြဲချောက်ရျ်ဝင်ခိုင်းရမည်ဟုထင်ပါသည်။ မဆလ ခေတ်က ပုံစံမျိုး မပျောက်သေးရျ် လူကြိးလုပ်သူများ
    သတိပြုဖွယ် တင်ပြပါသည်။

  • Sweethome

    February 8, 2011 at 4:18 am

    ဘာတွေလဲတော့မသိဘူး.တခုပြီးတခုလာနေဦးမှာပဲ….လူတွေအကုန်လုံး ကျီးလန့်စာစားနေရတာပါပဲ..

  • doekalay

    February 8, 2011 at 9:28 am

    လုပ်ချင်တာတွေသာလုပ်ကြပါတော ့ဗျာ………….

Leave a Reply