ပိစိကွေးလေးက ပွိုင့်ကိုလုံးဝမမျှော်ပါဘူးဆိုတာအားလုံးကိုသိစေချင်ပါတယ်……………. အခုတလော ပိစိကွေးလေး တင်တဲ့ post တွေတော်တော်လည်းစိပ်သွားပါတယ်……….. နောက်ပြီ သူများတွေပေးထားတာတွေလည်းပါပါတယ်………….. ပိုစ့်ကိုဒီလိုလည်းတစ်ခါမှ အများကြီးမတင်ဘူးပါဘူး…………. ပွိုင့်ကိုသာမျှော်ပြီးတင်နေမယ်ဆိုရင် post တိုင်းကို comment တွေပဲလိုက်ရေးနေမှာပေါ့……….. ပိစိကွေးလေး point ကို မမျှော်လို့ Login မ၀င်တဲ့နေ့တွေတောင်ရှိပါတယ်………. post တွေအများကြီးတင်တယ်ဆိုတာလည်း connection ကလည်းကောင်း….. မတင်စဖူးစတင်တော့ တင်ကောင်ကောင်းနဲ့ ဆက်တိုက်တင်ဖြစ်သွားတာပါ………….. ဒါက Admin ကို ပြောပြထားတာပါ………….. အခု ပိစိကွေးတင်ထားတဲ့အထဲက ဦးခိုင်အနေနဲ့ မကြိုက်တဲ့ Post မတင်သင့်တဲ့ Post လို့ယူဆတာရှိရင် လည်း ဖြုတ်ပြစ်လိုက်လို့ရပါတယ်…… ပွိုင့် တိုးပေးပါ….. ပွိုင့်နှုတ်ပေးပါ ဆိုပြီး ပိစိကွေးဆီကနေ ဘယ်လို Complain မှလာမှာမဟုတ်ပါဘူး……….. ဒီဆိုဒ်မှာ စ၀င်လာကတည်းက ကိုယ့်ဘာသာကိုယ်ရေးချင်တာရှိရင် ရေးပါတယ် ……… တင်ချင်တာရှိရင်တင်ပါတယ်……… ဘယ်သူ့ကိုမှလည်း မဝေဖန်ခဲ့ဘူးပါဘူး…. ကိုယ့်မူနဲ့ကိုယ်နေခဲ့တာပါ……… လူကိုလည်းမြင်လည်းမမြင်ဘူး….အသံကိုလည်းမကြားဘူးတဲ့ ဘယ်သူ့ကိုမှ ဘယ်လိုစိတ်မှမရှိခဲ့တာအမှန်ပါ…….. ခုတလော ပိစိကွေးတင်တဲ့ပိုစ်တွေကို မဖတ်ချင်တဲ့သူ မသိချင်တဲ့သူ မဖတ်နဲ့ မကြည့်နဲ့ပေါ့…….. သူတို့တွေ တင်နေတုန်းကလည်း ပိစိကွေးဘယ်လိုမှမဝေဖန်ခဲ့ပါ…….. အလကားနေရင်း သူများကို ဒီလိုဖြစ်နေတယ်ဆို ဘယ်လိုစိတ်ထားမျိုးတွေကြောင့်ပါလိမ့်……… သူများကို မကောင်းပြောရမှစားဝင်အိပ်ပျော်တဲ့အထဲများပါကြသလားလို့တောင်တွေးမိပါတယ်………. လူတိုင်းအပေါ်မှာ မေတ္တာထားပါတယ်……… ကိုယ်ပြုတဲ့ကံကဘယ်သူ့ဆီမှမသွားပါဘူး ကိုယ့်ဆီပဲလာမှာပါ……… ဒီလိုတွေစဉ်းစားမိတော့ တစ်ခုတွေးမိတာရှိပါတယ်……. လူတွေဟာ ကိုယ့်မျက်ချေးတော့ကိုယ်မမြင်ဘူး….. သူများမျက်ချေးတော့ အလွန်မြင်တတ်ကြတယ်ဆိုတဲ့စကားကိုနားလည်သွားပါတယ်………. သူများတွေကိုတော့အပြစ်တွေပြောနေလိုက်ကြတာ……… ဘယ်လိုလက်ဝါးကြီးအုပ်တယ်……. ဘယ်လိုမတရားတယ်……… ဘယ်လိုလူမဆန်တယ်တွေ ဝေဖန်နေကြတာ………. ကိုယ်ကိုယ်တိုင်ရောပြန်စဉ်းစားမိကြရဲ့လား ……………..ငါတို့တောင်မှ ဘာမှမဟုတ်တဲ့ ဒီလို ဆိုဒ်လေးတစ်ခုမှာ အရေးပါအရာရောက်တယ်လို့ယူဆပြီး မာန်တွေတက်နေတာ………… ဆိုဒ်ထဲဝင်လာသမျှသူကို ရန်တွေ့ အကောင်းမမြင်ဖြစ်နေတာတွေ……. ဒီလို ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတောင်မသိတဲ့ ဆိုဒ်လေးတစ်ခုထဲမှာတောင် ဒီလောက်နေရာယူချင်နေတယ် ……….. သူ့နေရာများရောက်သွားရင် သူ့ထက် အဆ 100 မဆိုးနိုင်ပါဘူးလို့ ဘယ်သူ အာမခံနိုင်ပါသလဲ…………….. ကိုယ်တိုင်ပဲစဉ်းစားကြည့်ကြပါ……………… တကယ်လို့ အဖြေမှန်ကို စဉ်းစားနိုင်တယ်ဆိုရင် တော့ အဲ့ဒီသူဟာ အသိဥာဏ်ရှိသေးလို့ပေါ့……………. မဟုတ်ရင်တော့ ငါတို့ဟာလည်း သူနဲ့ အတူတူပါပဲလားဆိုတာကို သိသွားကြမယ်လို့ ပိစိကွေးလေးထင်ပါတယ်…………….. ဒီဆိုဒ်ထဲကလူတွေမှမဟုတ်ပါဘူး………… အပြင် က လုပ်ငန်းခွင်တွေထဲမှာဆိုလည်း အများကြီးပါ…………… အထူးသဖြင့် နိုင်ငံခြားသားကုမ္ပဏီကသူတွေလေ ပိုဆိုးလေပါပဲ………….နေ့စဉ်ကြုံတွေ့နေရပါတယ်………… ကိုယ်သာနေရာကောင်းရချင်ကြပါတယ်…………… ကိုယ့်နေရာကို လည်းဘယ်သူ့မှမပေးချင်တဲ့အပြင် ကိုယ့်လိုနေရာမျိုးကိုသူရောက်လာမှာ စိုးရိမ်ကြပါတယ်………….. ပြီးတော့ပြောကြပါသေးတယ်… ဟိုလူကြီးမကောင်းဘူး ဒီလူကြီးမကောင်းဘူးနဲ့……….. ကိုယ်ကိုယ်တိုင်ရောအခု သူ့နေရာရောက်နေတယ်ဆိုတာကိုမစဉ်းစားမိကြဘူး…………… ကိုယ့်လူမျိုးအချင်းချင်း အရမ်းနှိမ်ချင်တာ မြန်တာတွေရဲ့ စရိုက်….ဖေးဖေးမမ မရှိတာလည်းမြန်မာတွေပဲ………… ဒါကစဉ်းစားမိနေတာကြာပါပြီ…………. ဒီပိုစ့်ကို ရေးလိုက်ရင် ဟိုဘက်ကလိုလို ဒီဘက်ကလိုလိုနဲ့ အထင်ခံရမှာတွေကိုတွေးပြီး လူမုန်းမရှာတာပါ…………….. ခက်တော့ခက်ကြသားနော် လူတွေများ………. စဉ်းစားကြည့်ရင် တော်တော်ရီဖို့ကောင်းတယ်……………… ဒီပိုစ်ကိုကြိုက်သလိုဝင်ပြီး comment ရေးနိုင်ကြပါတယ်……….. ဒါပေမယ့် အမှန်တရားဘက်ကတော့ နေပေးရမယ်နော်……… အခုပိစိကွေး ရေးထားတဲ့အကြောင်းအရာတွေထဲမှာ တချို့ အချက်အလက်တွေက ကိုယ်နဲ့ကိုက်ညီနေတယ်ဆိုရင်တော့ပြင်လိုက်ပေါ့…………. အချိန်တွေအများကြီးရှိပါသေးတယ်…………လူတိုင်း ကိုယ်ချင်းစာတရားသာထားတတ်ကြမယ်ဆိုရင် ဘယ်သူမှ ဘာအတွက်ကြောင့်မှ ၀မ်းနည်းကြရမှာမဟုတ်ဘူးလို့ထင်ပါတယ်………….. သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့အတွေးမျိုးလေးရှိစေချင်ပါတယ်………………  ဘ၀မှာအမြဲတမ်းပြုံးပျော်နိုင်ကြပါစေ……………………..

About nyimalay

nyimalay has written 61 post in this Website..