珠海 zhu hai ကျူးဟိုင် အပိုင်း ၁

ဆူးFebruary 3, 20111min753

တရုတ်နိုင်ငံ ဂွမ်းဒေါင်းမှာ ရှိတဲ့ ကျူးဟိုင်လို့ ခေါ်တဲ့ မြို့ကလေး ဖြစ်ပါတယ်။ ကျူး ဆိုတာကတော့ ပုလဲ ကို ခေါ်တာ ဖြစ်ပြီးတော့ ဟိုင် ဆိုတာတော့ ပင်လယ်ကြီးဖြစ်ပါတယ်။ ကျူးဟိုင်လို့ နာမည်ရတဲ့ မြို့ကလေး ဖြစ်ပါတယ်။
ကျူးဟိုင်ရဲ့ အထင်အရ အမှတ်အသားတခုကတော့ အမျိုးသမီး တယောက် ပုလဲလေးကို မထားတဲ့ အရုပ်ကလေး ဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ် မြို့ကလေး ဖြစ်ပြီးတော့ ယခု အချိန်မှာ စည်ကားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ တရုတ်တွေ အဆို အရ ထိုမြို့ကလေးက လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်မှာ တဲအိမ်ကလေးတွေ မီးမှိန်မှိန်လေးတွေနဲ့ ဖြစ်နေရာကနေ အခုတော့ တိုက်ကြီးတွေ စည်ကားလှပပြီး ခရီးသွားတွေ အများအပြား ဝင်ထွက် သွားလာတဲ့ မြို့ ဖြစ်ပါတယ်။

အနီးအနားမှာ ရှိတဲ့ မကာအိုက အချိန်က ပေါ်တူကီတွေရဲ့ ကိုလိုနီ ဖြစ်ခဲ့သလို ဟောင်ကောင်ကလည်း ဗြိတိသျှ တွေရဲ့ ကိုလိုနီ အောက်မှာ ရှိခဲ့တာ ဖြစ်တဲ့ အတွက် အပြိုင်အဆိုင် ထိုဒေသများကို လိုက်မှီအောင် တွန်းအားပေးပြီး မြှင့်တင်ထားတဲ့ မြို့ကလေးဖြစ်ပါတယ်။ သူတို့ စကားနဲ့ ဆို မြို့ အသစ်လေးပေါ့။








http://www.chinatravel.com/guangdong/zhuhai/overview.htm လင့်မှ ပုံများ ကူးယူပြသသည်။

3 comments

  • ဆူး

    February 3, 2011 at 2:54 pm

    အောက်က ပုံတွေ ဘာလို့ သေးသွားလဲ မသိဘူးနော်။
    မူရင်းပုံတွေက မသေးပါဘူး။

  • Oo Oo

    February 4, 2011 at 3:54 pm

    ပုံတွေထဲမှာလူတွေလဲသိပ်မတွေ့ရဘူးနော်…ဟီးး

  • ဆူး

    February 4, 2011 at 4:04 pm

    လူပါတဲ့ ပုံ တမင် မတင်ဘာ ဆရာရဲ့.. သရဲ ခြောက် သလို ဖြစ်မှာ စိုးလို့။

Leave a Reply