မင်္ဂလာတရားတော်

gonbannatbeluuFebruary 3, 20111min741

မင်္ဂလာတရားတော်

၁။ အသေဝနာ စ ဗာလနံ

မကောင်းတဲ့ အလေ့အကျင့်ရှိသူများကို ရှောင်ကြဉ်ပါ။

၂။ ပဏ္ဍိတာနဉ္စ သေဝနာ

ကောင်းတဲ့အလေ့အကျင့်ရှိသူများကို ပေါင်းသင်းဆက်ဆံပါ။

၃။ ပူဇာ စ ပူဇနေယျာနံ

ပူဇော်ထိုက်သူကို ပူဇော်ပါ။ (ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ။)

၄။ ပတိရူပ ဒေသဝါသော စ

သင့်လျော်သည့် မိမိအတွက် အကျိုးဖြစ်ထွန်းစေသည့် အရပ်ဒေသတွင် နေထိုင်ပါ။

၅။ ပုဗ္ဗေ စ ကတပုညတာ

ပြုလုပ်သင့်သည့်အလုပ်များ၊ ကောင်းမှုကောင်းရာများကို ကြိုတင်ပြုလုပ်ထားပါ။

ကိုယ်ကဦးစွာ အားလုံးအပေါ် အကောင်းဆုံး ဆက်ဆံပါ။

၆။ အတ္တ သမ္မာ ပဏိဓိ စ

ကိုယ်နှုတ်နှလုံး သုံးပါးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပါ။

၇။ ဗာဟု သစ္စဉ္စ

သိသင့်သိထိုက်တာတွေ လေ့လာသုံးသပ်ထားပါ။

၈။ သိပ္ပဉ္စ

တတ်သင့်တတ်ထိုက်တာတွေ လေ့လာသင်ကြားထားပါ။

၉။ ဝိနယော စ သုသိကိ္ခတော

အလုပ်လုပ်တဲ့အခါ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပါ။

၁၀။ သုဘာသိတာ စ ယာဝါစာ

အပြစ်ကင်းပြီး နားလည်လွယ်အောင် ပြောဆိုဆက်ဆံကြပါ။

၁၁။ မာတာ ပိတု ဥပဋ္ဌာနံ

အမိနဲ့အဖကို အမွန်အမြတ်ထားပြီး ပြုစုလုပ်ကျွေးပါ။

၁၂။ ပုတ္တဒါရဿ သင်္ဂဟော

သားသမီးနဲ့ ဇနီးအပေါ် ကောင်းစွာချီးမြှောက်ထောက်ပံ့ပါ။

၁၃။ အနာကုလာ စ ကမ္မန ္တာ

အလုပ်လုပ်တဲ့အခါ အားလုံးရှင်းရှင်းလင်းလင်းရှိအောင် ပြုမူလုပ်ကိုင်ဆောင်ရွက်ပါ။

၁၄။ ဒါနဉ္စ

အလှူဒါနကို မပြတ်ဆောင်ရွက်ပါ။ စွန့်ကြဲပေးကမ်းလှူဒါန်းထောက်ပံ့ပါ။

၁၅။ ဓမ္မစရိယာ စ

တရားတော်နှင့်အညီ နေထိုင်ပါ။ (အရာရာတိုင်းမှာ မျှတမှုရှိပါစေ။)

၁၆။ ဉာတကာနဉ္စ သင်္ဂဟော

ဆွေမျိုးတွေကို ချီးမြှင့်ထောက်ပံ့ကူညီပါ။

၁၇။ အနဝဇ္ဇာနိ ကမ္မာနိ

အပြစ်ကင်းအောင် ငြိမ်းချမ်းမှုရှိအောင် စနစ်တကျ စီစဉ်ဆောင်ရွက်ပါ။

၁၈။ အာရတီ ပါပါ

မကောင်းမှုတွေ၊ မိမိသူတပါး ဆင်းရဲစေတဲ့ အလုပ်တွေကို လုံးဝရှောင်ကြဉ်ပါ။

၁၉။ ဝိရတီ ပါပါ

မကောင်းတာတွေလုပ်တတ်တဲ့ ပတ်ဝန်းကျင်ကို လုံးဝရှောင်ကြဉ်ပါ။

၂၀။ မဇ္ဇပါနာ စ သံယမော

မူးယစ်စေတတ်တာ လုံးဝမသုံးစွဲပါနဲ့။

၂၁။ အပ္ပမာဒေါ စ ဓမ္မေသု

ကုသိုလ်ကောင်းမှုတွေကို မမေ့မလျော့ မပြတ်ဆောင်ရွက်ပါ။

၂၂။ ဂါရဝေါ စ

မိဘဆရာ အသက်ဂုဏ်သိက္ခာကြီးသူများကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံပါ။

၂၃။ နိဝါတော စ

မာန်မာနမကြီးရ၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေထိုင်ပါ။

၂၄။ သန္တုဋ္ဌိ စ

ရောင့်ရဲပါ။

၂၅။ ကတညုတာ

သူ့ကျေးဇူးကို သိတတ်ပါ။

၂၆။ ကာလေန ဓမ္မဿဝနံ

သင့်လျော်သည့်အခါ တရားတော်များကို နာကြားပါ။

၂၇။ ခန္တီ စ

မည်သည့်အရာကိုမျှ ကြမ်းကြမ်းတမ်းတမ်းမတုံ့ပြန်ဘဲ သည်းခံပါ။

၂၈။ သောဝ စ ဿတာ

ဆိုဆုံးမလို့ လွယ်ကူသူဖြစ်ပါစေ။

၂၉။ သာမဏာနဉ္စ ဒဿနံ

ငြိမ်းအေးမှုရှိသည့် ရဟန်းသံဃာများကို ဆည်းကပ်ပါ။

၃၀။ ကာလေန ဓမ္မသာကစာ္ဆ

သင့်လျော်သည့်အခါ တရားတော်၏ နက်နဲသည့် သဘောတရားများကို ဆွေးနွေးမေးမြန်း နာယူမှတ်သားပါ။

၃၁။ တပေါ စ

အကုသိုလ်တွေ ကင်းစင်အောင်၊ ပူလောင်မှုတွေ ကင်းစင်အောင် နေထိုင်ကြပါ။ ဥပုသ်သီတင်းဆောက်တည်ပါ။

၃၂။ ဗြဟ္မစရိယဉ္စ

နက်နဲသည့် တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရမည်။

၃၃။ အရိယသစ္စာန ဒဿနံ

သစ္စာလေးပါးကို သဘောပေါက်၍၊

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ

နိဗ္ဗာန်ကို မျက်မှောက်ပြုကာ၊

၃၅။ ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္မတိ၊

လောကဓံတရားရှစ်ပါးနှင့်တွေ့သော် တုန်လှုပ်ခြင်းကင်းပြီး၊

၃၆။ အသောကံ

သောကတွေကင်းစင်ပြီး

၃၇။ ဝိရဇံ

ကိလေသာမြူများ ကင်းစင်၍၊

၃၈။ ခေမံ

ငြိမ်းအေးပေမည်။ (ငြိမ်းအေးရာ နိဗ္ဗာန်ကို ရောက်ပေမည်)

၃၈ ပါးသော မင်္ဂလာတရားတော်နဲ့ ပြည့်စုံကြပါစေ …

သုခီအတ္တာနံ ပရိဟရန္တု

ကုမာ္ဘဏ်နတ်ဘီလူး

One comment

  • ဆူး

    February 3, 2011 at 2:49 pm

    နာမည် အရမ်း ရှည်နေတယ် ပြင်လိုက်ပါအုန်း။

Leave a Reply