ကျနော်နှင့် အကြားအမြင်ရ အနာဂါတ်ဟောသူများ ( အဆက် )

fattyFebruary 4, 20111min13111

မနေ့က စာရိုက်ရင်း အရေးပေါ်ထပြေးရသဖြင့် Save လုပ်ထားဘို့မှာထားခဲ့တာ ပို့စ်တင်ပြီးသားပါဖြစ်နေလို့ တိုးလိုတန်းလန်းနဲ့
တောင်းပန်ပါသည်ခင်ေျာ …။
နောက်ကျနော်ရောက်သွားတာက အများသိကြတဲ့ ET ဆီပါဘဲ။ အီးတီ ဆိုတဲ့အတိုင်း ရုပ်ကတော့ခပ်ဆိုးဆိုးပါ
အရွယ်ကငယ်ပါသေးတယ် ၁ဝ ကျော် သက်လောက်ထင်တယ်။ သူ့ရဲ့ထူးခြားမှုကတော့ သူ့နားသွားထိုင်လိုက်တဲ့အခါ
ကျနော့လက်ညှိုးနဲ့ လက်ခလယ်ထဲကို ဓါတ်လုံးလေး ညှပ်ခိုင်းထားပါတယ်။ ပြီးတော့ စာရွက်ပေါ်မှာ ဂဏန်း ရလုံး
သူရွတ်တာကို ရေးခိုင်းပါတယ် အဲဒီဂဏန်းတွေကိုသူရွတ်နေတာက စဉ်းစားချိန် လုံးဝမယူပါဘူး။ ကျနော်လဲချရေးတာပေါ့။

ပြိးတော့မှသူကပြောပါတယ် အဲဒါ ရှင့်အိပ်ထဲမှာပါတဲ့ ပိုက်ဆံတရွက်ရဲ့ နံပါတ်ဘဲတဲ့ ဘယ်ပိုက်ဆံဆိုတာရှာကြည့်ပါတဲ့
ကျနော်လဲ ကြောင်တောင်တောင်တော့ဖြစ်သွားတယ် ရုတ်တရက်ဆိုတော့ .. ဟ .. ဟုတ်ပါ့မလားလို့ပေါ့။
ကျနော်တောင်ကိုယ့်အိပ်ထဲမှာဘာတန်တွေ ဘယ်လောက်တန်တွေပါတယ်ဆိုတာမသိပါဘူး ဒီအတိုင်းရှိတဲ့ပိုက်ဆံကောက်ထည့်လာတာပါ။
သူပြောတဲ့ဂဏန်းတွေရှာကြည့်တော့ တစ်ကျပ်တန် က ဂဏန်းနဲ့ အံကိုက်ဖြစ်နေတာကို တွေ့ရပါတယ်။ သူပညာကလည်း တယ်ဟုတ်ပါလား ..။
အဲ .. နောက်ပိုင်း အနာဂါတ်ဟောတာတွေကတော့ သိပ်အမှန်ကြီးမဟုတ်ပါဘူး ..။

ဘာပြောပြောအဲဒီတုန်းက ET တခေတ်စားလိုက်ပါသေးတယ်။ ကျနော်အဖြေရှာလို့မရခဲ့ပါဘူး သူဘယ်နည်းသုံးသလဲဆိုတာကို။
ကျနော်ကလဲ အဲဒီတုန်းကနုသေးတာကိုး …။ ကဲနောက်မှ နောက်တယောက်အကြောင်းဆက်ပါမယ်။

11 comments

  • good

    February 4, 2011 at 5:54 am

    မြန်မာငွေ တကျပ်တန် လား၊ 1$ လား။ မြန်မာငွေ တကျပ်တန် ဆိုရင် တော့ ဆယ် စု နှစ် တစု ကျော် က ဖြစ်စဉ်လေး ပေါ့နော့်။

  • bigcat

    February 4, 2011 at 6:05 am

    အီးတီကိစ္စတော့ ကြားဖူးတယ်။ သရဲမွေးလုပ်တယ်ထင်တယ်။ ဒါမျိုးက လာမေးသူရဲ့ ယုံကြည်မှုကို နံပါတ်ပြောပြီး ကနဦးပိုင်းမှာ ယူလိုက်တယ်လို့ထင်ပါတယ်။ ကြော်ငြာပြီးသာလည်းဖြစ်သွားမှာပေါ့။ ဆက်ဟောမဲ့ အနာဂတ်အကြားအမြင် ကိစ္စတွေကြတော့ တခြားစီဖြစ်သွားလို့ ကျော်သလောက် မစွမ်းတာလို့ ထင်ပါတယ်။ အားပေးနေပါတယ် ဦးဖက်။ စာတွေ့ သူများပြောထက် ကိုယ်တွေ့ဖောက်သည်ချတာကို ဖတ်ချင်ပါတယ်။
    အီးတုံးလည်း အရင်ပို့စ်မှာ ဘိုးမင်းခေါင်အကြောင်း သူ့ကိုယ်တွေ့ပြောဖူးတယ်၊ အပန်းမကြီးရင် လုပ်ပါအုံး။

  • PEACEMAKER

    February 4, 2011 at 7:17 am

    အီးတီဆီ မေးဘူးတယ်။ ၂၀၀၃လောက်တုန်းက။ အဲတုန်းက ဟောခ (၅၀၀၀)။ ခုမရတော့ဘူး။ ၄သောင်းဆိုလား ၅သောင်းဆိုလား။ တတ်နီင်လို့မေးမယ်ဆိုရင်တောင် ဘွတ်ကင်လုပ်လို့တောင် မလွယ်ဘူး။ သူက ဟိုဒင်းလက်စွဲလေ။ သိတယ်ဟုတ်? အသက်က ခုလောက်ဆို ၃ဝကျော် ၄ဝနား ကပ်လောက်ပါပြီ။ ဧရာဝတီတိုင်းဇာတိ သာမန်အသိုင်းအဝိုင်းကလို့ ပြောတာကြားဘူးတယ်။ ခုတော့ သူ့ကြောင့် မိသားစုဝင်တွေရဲ့ ဘဝအခြေအနေက အရင်နဲ့ ဘာမှမဆိုင်တော့ပဲ ပြောင်းလဲသွားပြီ။ မေးဘူးသမျှ အကြားအမြင်ထဲမှာတော့ အထူးခြားဆုံးပဲ။ ဘာလို့လဲဆိုတော့ ၉၇%မှန်လာလို့ပါ။

  • kai

    February 4, 2011 at 9:26 am

    လေချွန်နတ်ဆိုတာလည်း ကြားဖူးတယ်..။
    အဲဒါ.. ဓါတ်ပုံချောင်းသွားရိုက်တာ ..မျောက်လိုလိုပုပုအကောင်တကောင်ပုံပေါ်တယ်ပြောတာ ကြားဖူးတယ်.။
    သရဲမွေးတယ်ဆိုတာ .. အဲဒါဖြစ်မယ်ထင်ပါတယ်..။

    စဉ်းစားလို့မရတာက .. အဲဒီလိုအကြားအမြင်ရတာကို ..ဘာလို့ဗေဒင်ဟောစားပြိး ငွေရှာနေသလည်း ဆိုတာပါပဲ..။
    ယူအက်စ်သမ္မတ ..၂၀၁၂ မှာဘယ်သူဖြစ်မလည်းဆိုတာ .. အခုပြောလိုက်တာနဲ့တင် .. သေချာပေါက်အသက်ပါတင်လောင်းလိုက်ရင်.. ဒေါ်လှ သန်းရာနဲ့ချီပြီး တခါတည်းရမှာကိုးနော..။

  • etone

    February 4, 2011 at 9:33 am

    အံမယ် အထူးဆန်းပါလား ။
    အခုမှ ကြားဖူးတယ် အီးတီတဲ့လား ။ 2003 ကတောင် ဈေးက ကောင်းတော့ တော်ရုံလူ မကပ်နိုင်ဘူးထင်တယ်နော် …။ သူ့ သုံးလေးသောင်းကုန်မဲ့အစား မုန့်ပဲ အဝ ဝယ်စားတော့မယ် ။
    ကိုကြောင် ကြီးရေ … အခွင့်သာရင် ရေးပါ့မယ် ။

  • moethidasoe

    February 4, 2011 at 9:35 am

    ကြို့ပင်ကောက်က လေချွန်နတ်ကို ကြားဖူးကြမယ် ထင်ပါတယ် .. သူလဲ သူ့ကို တစ်ဘဝသော အခါက အမျိုးတော်ခဲ့တဲ့ နတ် လို့ဆိုတဲ့ တစ်ပါးက စောင့်တဲ့အတွက် သူက ကြည့်ပေးတာလိုပေါ့ ..
    နောက် သိခဲ့ဖူးတာက ကိုယ်စောင့်နတ်ကို မေးတာလို့ အဲဒါတွေကို လိုက်စားဖူးတဲ့ ဆရာဝန်တစ်ဦးကိုယ်တိုင် ပြောတာကို မှတ်သားဖူးတယ် ..
    အီးတီကလဲ ထို့နည်းတူ နတ် စောင့်တယ်လို့ ဆိုတယ် .. သူ့စကားကို နားလည်တဲ့ သူ့ ညီမက ဘာသာပြန်ပေးတယ် လို့ ဆိုတယ် တစ်ခါမှတော့ မမေးကြည့်မိဘူး
    နိုင်ငံခြားကတောင် ခေါ်ပြီးမေးတဲ့ အဆင့်မှာ ရှိတယ် ..
    အင်ဒိုနီးရှားသမ္မတ မြန်မာကိုလာတုန်းကလဲ မေးခဲ့တယ်လို့ ဆိုတယ် ..

  • naywoonni

    February 4, 2011 at 10:18 am

    မောင်တို့မယ်တို့ မလဲစာဖတ်အား အင်မတန်နဲသေးသကိုး။ “ဆန်းလွင်”ရဲ့ “ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း” ကိုဖတ်ကြည့်ရင်အားလုံးရှင်းသွားပါလိမ့်မယ်။ ရှိသမျှ ကိုးကွယ်ရာ ဘာသာအားလုံးကို ထယ်ထယ်ဝင်ဝင် လေ့လာပြီး ကောင်းကွက်တွေကော ဆိုးကွက်တွေတွေပါ မချွင်းမချန် ရေးသားထားတာပါ။ နောက်ဆုံး သူကိုယ်တိုင် သင်္ကန်းဝတ်နဲ့ သက်ဆုံးတိုင် ကျင့်ကြံသွားသူလို့ ဆိုပါတယ်။ တောင်ကြီး အနီးမှာပျံလွန်သွားပါပြီ။ ဘာသာရေးနဲ့ ဝေဝါးနေသူများဖတ်သင့် မှတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ ကျွန်တော်လည်းအရင်က ယောင်ဝါးဝါးနဲ့ ဟိုဟာဆိုလုပ် ဒီဟာဆိုလုပ်နဲ့ပဲ။ ဒါပေမဲ့ စောစောကစာအုပ် လည်း ဖတ်ပြီးရော အဲဒိလိုပညာတွေ တော်တော်များများကို လက်ခံလို့မရတော့ပါဘူး။

  • ဆူး

    February 4, 2011 at 2:28 pm

    တခါတုန်းက အီးတီမှာ သူငယ်ချင်းက ဗေဒင်မေးချင်လို့ အဖော်ခေါ်တယ်။
    ဘယ်လောက်လဲ မေးတော့ ရသောင်းတဲ့.. တော်ပါပြီ.. မတတ်နိုင်ဘူး မလိုက်ဘူး လို့ ပြောလိုက်တယ်။ ဘာပဲ ပြောပြော ဂေဇတ်မှာ ရသောင်းဖို့ ပြည့်ဖို့ အတော်လိုသေးတယ်လေ။ ဟီးဟီး..

  • Oo Oo

    February 6, 2011 at 4:56 pm

    ET ဗေဒင်ကိုနာမည်ကြီးလို့သွားမေးကြည့်ဖူးပါတယ်..သင်္ကန်းကျွန်းစံပြဆေးရုံနားမှာပါ
    ကျနော်မေးတုန်းကတော့လက်ကြားမှာဓါတ်လုံးမညှပ်ခိုင်းပါဘူး..အိပ်ထဲမှာပါသွားတဲ့ပိုက်ဆံအုပ်ထဲကငါးရာတန်အသစ်တရွက်ရဲ့နံပတ်ကို
    မှန်အောင်ပြောနိုင်ပါတယ်..ပြီးတော့အဲ့ဒီတရွက်ကိုဆောင်ထားခိုင်းပါတယ်(အဆောင်ဝါသနာမပါလို့ကျနော်ဆောင်မထားခဲ့ပါဘူး)..ဖြစ်ပြီးတာတွေဟော
    တာ(ကျနော့ချစ်သူရဲ့နာမည်နဲ့နေ့နံအပါအဝင်)အားလုံးမှန်ပါတယ်..အဲ့တုန်းကတစ်ပတ်လောက်ကဘွတ်ကင်ကြိုလုပ်ရတာပါ…ဘယ်နှစ်သောင်းလဲတော့မမှတ်မိတော့ပါဘူးး

  • manawphyulay

    February 7, 2011 at 12:57 pm

    အဲဒီတုန်းက နုနေတုန်းဆိုတော့ ခုက ရင့်သွားပြီးဆိုတဲ့သဘောလား ဒါဆို ခုက သိပြီလားဟင်…

  • fatty

    February 7, 2011 at 3:45 pm

    အဲဒီတုန်းက ၂ဝ ကျော် ၃ဝ လောက်လေ နုသေးတာပေါ့ အခုက ၅ဝ ကျော်ပြီ ရင့်လာပြီပေါ့။
    မည်ကဲ့သို့ပြုလုပ်ကြာင်းမပြောလိုပါ သီးခံပါခငိဗျား။

Leave a Reply