အမေက အမွေပေးတဲ့ လယ်တစ်ကွက်ကို ကားနဲ့ လဲကြတယ်တဲ့။
ကျောက်ခေတ်တုံးက ငါ့မှာရှိတာနဲ့  မင်းမှာရှိတာကို လဲကြသလိုပေါ့။
ဝမ်းနည်းစရာတော့ မရှိပါဘူး။  မိန်းကလေးတွေ အကုန်လုံး ဒီလို
လုပ်နေကြတာ မဟုတ်တော့။
သူ့ လိုအပ်ချက် အတွက် ကိုယ့်အမြင်မှာ မတန်ဘူးလို့ ထင်ပေမဲ့ သူကတော့ လဲပျော်တယ်လို့  ယူဆတယ်လေ။ ဒါဆို သူမှန်တာပေါ့။
သူ့ ရဲ့ လယ်ကွက်နဲ့ လဲရုံနဲ့ တော့ လွယ်လွယ်မရပါဘူး။
အသပြာ ပေါနေတဲ့ ဆရာများက တွေ့ ကရာ လယ်ကိုတော့ အလဲထပ် မလုပ်လောက်ဘူး။  တခုခုထူးခြားလို့ နေလို့ သာ။သူလဲ သူ့ အရည်အချင်းနဲ့ သူ။
Society ဆိုတာက ဒါမျိုးတွေ မလွဲမသွေတွေ့ ကြုံရမှာပဲ။
တခြားနိုင်ငံ ယဉ်ကျေးမှုကို အတုခိုးတာလို့  အသားလွတ်ပြောတာမျိုးကိုတော့
သဘောမတူပါ။  ငွေကြေးကျပ်တည်းရင် ထွက်ပေါက်ရှာမှာပဲ။
ကြိုက်လို့ လုပ်စားသူ ရှားပါတယ်။ သူတို့ တွေကို အပြစ်တင်ဝေဖန်ပုတ်ခတ်နေဖို့ 
မလိုပါ။ မိန်းမကောင်း မိန်းမပျက်လို့ ခွဲခြားပြောနေတာထက်၊ ဒီအလုပ်နဲ့  အသက်မွေးဝမ်းကျောင်းပြု တဲ့သူနဲ့  တခြားအလုပ်နဲ့  အသက်မွေး ၀မ်းကျောင်းပြုသူဆိုတာပဲ နှစ်မျိုးနှစ်စားကွဲပါတယ်။ ဒီနိုင်ငံမှာ လူတစ်ယောက်ဟာ လုံလောက်ပြည့်စုံတဲ့ အခြေခံလစာ မရရှိပါ။
အောင်လက်မှတ်သာရှိပြီး အရည်အချင်းလုံးဝ မရှိတဲ့ ဘွဲ့ လက်မှတ်တွေ အောင်လက်မှတ်တွေရထားတဲ့ သူတို့ 
ကိုယ် သူတို့  ဘွဲ့ ရ ပညာတတ်လို့  အတန်းအစား သတ်မှတ်နေတဲ့ သူတွေတောင် သက်ဆိုင်ရာ မေဂျာနဲ့ အလုပ်ရဖို့ ဝေးစွ တလကို လစာ တသိန်းတန်းမှာ ရဖို့ တောင် တော်တော်ခက်ပါတယ်။ ဘွဲ့ ရပြီး တလကို အခြေခံလစာ ၄သောင်းခွဲ လောက်နဲ့ လုပ်နေတဲ့ သူတွေတောင်ရှိပါတယ်။  လမ်းစာရိတ်နဲ့ တင်ကုန်တာပဲ။
စားစာရိတ်က မိဘကပြန်ကျွေးနေကြတာ။ ဟန်ကိုယ့်ဖို့ နဲ့  ဟိုအလုပ် လုပ်ပြီး အသက်မွေးဝမ်းကျောင်းဖို့ မဖြစ်နိုင်တော့ မိန်းမကောင်းဆိုပြီး သတ်မှတ်ကြသည်။ 
ဒါဆိုရင် အတန်းပညာမရှိ၊ မိဘ အမွေအနှစ်မရှိ အဖေ အမေက ကြုံရာကျဘမ်း အလုပ်လုပ်၊ မဆင်မချင် သားသမီးတွေ လွှတ်မွေး၊ အရွယ်ရောက်တော့ ကျောင်းတောင်မထားနိုင်၊ ပညာကမတတ်၊ နောက်နေ့ စားသောက်ဖို့ တောင် အသပြာက မရှိတော့ခက်ပြီ။ တကယ် ငတ်ဖူးသူများမှ သိလိမ့်မည်။
မငတ်သေးသူများကတော့ ကိုယ့်ထမင်းကိုယ်စားပြီး မေးငေါ့ကဲ့ရဲ့ မည်။ တကယ်တမ်း သူတို့ တွေအား မဆင်မခြင် မွေးဖွားပြီး မိခင်ဖခင်ဟု အမည်သာရှိသည့်  လူနှစ်ဦးသည် အဓိက တရားခံဖြစ်သည်။
မကျွေးနိုင်ပဲ မဆင်နိုင် မသင်နိုင်ပဲ အသိဥာဏ် ကင်းမဲ့စွာ  လိင်ဆက်ဆံကာ ဆက်ဆံတိုင်းမွေးကြသည်။
ကိုယ့်အိုးနဲ့ ကိုယ့်ဆန်တန်မတန် မသိကြ။
ငတ်တော့ နည်းလမ်းမရှိပြီ။ ထိုအလုပ်နဲ့  အသက်မွေးဝမ်းကျောင်းပြီး မိသားစုကို ထောက်ပံ့သည်။
အဲဒီလောက် ၀င်ငွေရရှိမှသာ သူတို့ ကိုယ်တိုင်လဲ နေထိုင်သာပြီး မိသားစုကို ထောက်ပံ့ဖို့ လောက်ငှတယ် ဆိုတဲ့
အချက်ကို မီးမောင်းထိုးပြနေပြီ။ သူတို့ ဟာ ကျေးဇူးရှိကြသည်။ နိုင်ငံ၏ အမှန်သရုပ်ကို မီးမောင်းထိုးပြနေကြတဲ့
ဇာတ်ရုပ်များဖြစ်သည်။ လူတိုင်း လူတိုင်းဟာ အခြေံလစာ ဘယ်လောက်ရမှသာ စားသောက်နိုင်သည်ဆိုသည်ကို ပြသနေသည်။  သတင်းစာမှာ မုဒိမ်းမှုတွေ ပြည့်နေတာတွေကို သူတို့ က နည်းပါးအောင်ဆောင်ရွက်ကြသည်။ သူတို့ ကျေးဇူးကြောင့် နွားသိုးကြီးများ မုဒိမ်း ကျင့်ရန်စိတ်မကူတော့။
မိဘ၏ အုပ်ချုပ်မှုမှ မကင်းလွတ်သေးသော မိန်းမပျိုများအား ကြံစည်ရန် အားမထုတ်တော့။
(ချွင်းချက်အနေနှင့် သူတို့ ချစ်သူရည်းစားနှင့်တော့ လိင်ဆက်ဆံကြမည်)
ကားပေါ်တွင် လမ်းပေါ်တွင် လက်ဆော့တတ်သောသူများ နည်းပါးသွားစေသည်။
About nigimi77
has written 108 post in this Website..