အမေပေးတဲ့ အမွေ (၂)

nigimi77February 4, 20111min18013

သိမ်ကြီးဈေးရှိ  Club တစ်ခုတည်းတွင်ပင် အဆိုပါ အလုပ်နှင့် အသက်မွေးဝမ်းကျောင်းသော မိန်းကလေးများ အယောက် ၂၀ဝ ကျော်ရှိသည်။ ရန်ကုန်မြို ့ရှိ တိတ်တိတ်ပုန်း Club များ အားလုံးပေါင်းနှင့် အနှိပ်ခန်းများ၊ KTV များ၊ စင်တင် ဘီယာဆိုင်များ၊ အထင်ကရ ကားဂိတ်နေရာများ၊ အားလုံးပေါင်းလိုက်လျင် ငွေကြေးဖြင့် အလုပ်ဖြစ်သော မိန်းကလေးများ လွန်စွာများပြားနေသည်။  ယခုတစ်လော ဝယ်သူတစ်ယောက် ရောင်းသူ တစ်ရာ ဖြစ်နေသောကြောင့် ဈေးအလွန်သက်သာပြီး တပ်ပျက်နေသည်။

ဘာကြောင့်လဲ ??? မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဆန်မှု၊ မြန်မာမိန်းကလေးပီသမှု၊ မြန်မာမြန်မာချင်းထပ်အောင် အသားကုန် အော်နေကျတဲ့ အထဲကကို ဘာလို ့ဒီလောက်များပြားလာတာလဲ။

အဓိက အဖြေကတော့ ငတ်လို ့ဖြစ်သည်။

ငတ်လျင် မြန်မာမိန်းကလေး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမိန်းကလေးပီသမှုဆိုတာတွေလဲ မကယ်နိုင်ပါ။

ယခုတလော နေရာတော်တော်များများ လမ်းတိုင်းလမ်းတိုင်းတွင် တရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။

လူများ လမ်းလျှောက်ရင်း အိပ်မက်မက်နေကြသည်။ မြန်မာနိုင်ငံသားများ  Patriot စိတ်ဓါတ် လုံးဝမရှိပါ။

တကိုယ်ရေကောင်းစားရေးကိုသာ ရှေးရှုပါသည်။ ဘာသာရေး၊ယဉ်ကျေးမှုဆိုသည်အား မိမိလိုရာဆွဲတွေးပြီး တပါးသူ အားနည်းချက်ကိုသာ မလွတ်တမ်းထောက်ပြတတ်ပြီး ပြုပြင် ဦးဆောင်လိုသည့် ခေါင်းဆောင်စိတ် မရှိတော့ပါ။  အနာဂါတ် လူရွယ် လူငယ် ဖိုမများ ငတ်လာသည်ကြောင့် ထွက်ပေါက်ရှာကြသည်။

ထွက်ပေါက်သည် မှန်ကန်သော ထွက်ပေါက်ဖြစ်ရန်လိုသည်။ ခွေးတိုးပေါက်ကဲ့သို ့ ထွက်လို ့ရရင်ပြီးရော ဆိုသည့် အတွေးဝင်လာရင် နိုင်ငံသည် လက်ရှိထက် ဆုတ်ယုတ်ဖို ့ပဲရှိသည်။

မိမိကိုယ်ကို မိန်းမကောင်းဟု အသားလွတ် ဂုဏ်ယူနေမည့်အစား အခြား သော မိန်းကလေးများ အားလုံးပါ ငတ်လို ့ လုပ်စားရတဲ့ အခြေအနေတွေ နည်းပါးသွားအောင် ဘာလုပ်နိုင်မလဲဆိုတာမျိုးကို စဉ်းစားကြည့်ပါ။

13 comments

  • kai

    February 4, 2011 at 10:25 am

    ဟိုးတခါက .. လွန်ခဲ့တဲ့ ဆယ်စုနှစ်၂ခုလောက်က ဘန်ကောက်ကို လေယဉ်ဆင်းတော့ .. လေယဉ်ပေါ်ပါတဲ့ ဘိုတွေတော်တော်များများ .. Sex Tour(လိင်လည်ပါတ်မယ်) လို့အော်ကြတာ မှတ်မိတယ်..။
    ဘန်ကောက်ဟိုတယ်မှာ ညအိပ်တည်းတော့လည် း.. ခဏခဏတခါးလာခေါက်နေတာပါပဲ.။
    ဓါတ်ပုံအယ်လ်ဘန်လေးနဲကို လာမေးနေကြတာ..။

    နောက် ၄-၅နှစ်လောက်မှာတော့ .. တခါအဲလိုဘန်ကောက်ဆင်းရပြန်ရော…။
    လေယဉ်ပေါ်မှာ တီးတိုးပြောနေကြတာ .. ဒရပ်( မူးယစ်ဆေးတွေအကြောင်း) ဖြစ်သွားတယ်..။
    ဟိုတယ်တွေမှာလည်း.. ဆေးမျိုးစုံ မှာလို့ရသွားတယ်..။
    အဲဒီအချိန်ကစလို့ .. ဘန်ကောက်က .. လိင်နဲ့မူးယစ်ဆေး ရောသမမွှေထားသလိုပဲလို့ သတိထားမိပါတယ်..။

    အခုနှစ်ပိုင်းမှာ .. မြန်မာပြည်က တိုးရစ်ဇင်အရမ်းတက်လာဖို့ရှိတယ်..။
    တစ်ဆမက တက်မှာပဲ..။
    ဒီအတိုင်းဆိုရင်တော့ … သိပ်တော့ ဟန်မဲ့ပုံမပေါ်ဘူး..။

  • search123

    February 4, 2011 at 10:38 am

    ငတ်လို့ဆိုတာထက်၊အလွယ်လမ်းကိုလိုက်ကြတာလို့ယူဆပါတယ်။
    ငတ်တိုင်းသာ ဒီလိုလုပ်နေကြမယ်ဆို ဘယ်လွယ်ပါ့မလဲ။
    သမ္မာအာဇီဝနဲ့လည်း လုပ်စားလို့ရနိုင်ပါတယ်။ထမင်းမဝရင်တောင်မှ ငတ်တော့မနေလောက်ပါဘူး။
    မိန်းကလေးတွေရဲ့ ပင်ကိုယ်အတွေးအခေါ်၊ပင်ကိုယ်ဗီဇနဲ့လည်း ဆိုင်ပါလိမ့်မယ်။

  • nigimi77

    February 4, 2011 at 10:50 am

    ဟန်ပုံမရတာတော့ သေချာတယ်။ Survey လုပ်ကြည့်မယ်ဆိုပြီး နဲနဲ အကုန်ခံပြီး သွားကြည့်တာ ဝင်ကြေးက ၅၀၀ဝ ပါ။ အထဲရောက်တော့ တစ်ခွက်တိုက်တယ်။
    ထိုင်ထိုင်ချင်း အုံလိုက်ကျင်းလိုက် ရောက်ချလာကြတာ နဲနဲတောင် ဖြုံသွားတယ်။
    တော်တော်လှကြတယ်။
    နိုင်ငံခြားသား တွေလဲ တော်တော်များတယ်။

    သူတို ့အထဲက တော်တော်ကိုငယ်သေးမဲ့ (၁၆နှစ်ခန် ့) မိန်းကလေးက ကျွန်တော်နားကိုကပ်ပါတယ်။

    ” …အကိုကြီးက ဘာလူမျိုးလဲ …? “..ငါ ဗမာပေါ့ ဘာနဲ ့တူလို ့လဲ…?
    “….နီဂရိုးနဲ ့တူလို ့…” “…နင်က နီဂရိုး မြင်ဖူးလို ့လား….?”
    “..မမြင်ချင်မှ အဆုံးပဲ….ခဏခဏတွေ ့နေတာ…”

    • Gipsy

      February 4, 2011 at 4:17 pm

      အတုမြင် အတတ်သင်….ဝတ်ချင်စားချင်….
      ပိုက်ဆံ အရလွယ်….
      ဒီတော့ ကိုယ့်လယ်ကွက်လေးနဲ့ ထွန်ယက်စိုက်ပျိုး ကြလေသတည်း..

  • nigimi77

    February 4, 2011 at 11:07 am

    ဒီတော့ပြောချင်တာက
    တချို ့တွေက Condom မသုံးချင်ကျဘူး။ နဲနဲပါးပါး အီလိုက်ရင် ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး လက်ခံကြတယ်။ အဲဒါပြသာနာ။
    ဒီမှာ လိင်ပညာပေးဆိုတာ မပွင့်လင်းဘူး။ ထိမယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း
    မသိကျဘူး။ စနစ်တကျ ဆေးစစ်တာတွေလဲမရှိဘူး။
    ဒါမျိုးတွေက စနစ်တကျနဲ ့ တရားဝင်သတ်မှတ်ပေးမယ် ကြီးကြပ်ပေးဖို ့လိုအပ်တယ်။
    မဟုတ်ရင် လက်ရှိ နိုင်ငံခြားသားတွေ လှိမ့်ဝင်နေပုံနဲ ့တော့ သိပ်မကြာခင် မျိုးကန်းတော့မယ်။ တားမရတဲ့ အရာကို မတားပဲ ကာကွယ်မှုကိုပဲ ဦးစားပေး ဆောင်ရွက်နိုင်တဲ့ နည်းလမ်းပဲရှိတော့မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 4, 2011 at 11:18 am

    (လူများ လမ်းလျှောက်ရင်း အိပ်မက်မက်နေကြသည်။ မြန်မာနိုင်ငံသားများ Patriot စိတ်ဓါတ် လုံးဝမရှိပါ။
    တကိုယ်ရေကောင်းစားရေးကိုသာ ရှေးရှုပါသည်။ ဘာသာရေး၊ယဉ်ကျေးမှုဆိုသည်အား မိမိလိုရာဆွဲတွေးပြီး တပါးသူ အားနည်းချက်ကိုသာ မလွတ်တမ်းထောက်ပြတတ်ပြီး ပြုပြင် ဦးဆောင်လိုသည့် ခေါင်းဆောင်စိတ် မရှိတော့ပါ။ အနာဂါတ် လူရွယ် လူငယ် ဖိုမများ ငတ်လာသည်ကြောင့် ထွက်ပေါက်ရှာကြသည်။)
    အဲ့သည်စာပိုက်တွက်
    နောက်ထပ်စကားနည်းနည်းထပ်များကြည့်ဘို ့ တောင်းဆိုပါတယ်ဗျာ
    ကျုပ်ကတော့ကြိုက်တယ်
    တစ်ခါ သဂျီး အဲ့ဒါမျိုးနဲ ့ဆင်တူ မန်းဖူးတယ်
    ကျုပ်မူးနေလို ့ကောင်းကောင်း မမှတ်သားလိုက်ရဘူး
    ဘာတဲ့
    လူငယ်တွေ ဘာသာရေးဘာညာကွိဆိုပြီး အာရုံစိုက်လတ္တံ ့
    သို ့သော် မည်သည့်နေရာတွင်မှ
    သောတပန်တစ်ယောက်ပေါ်သည်ဟု မကြား
    တဲ့

  • draungkyawkyawoo

    February 5, 2011 at 4:26 am

    ဘာကြောင့်လဲ ??? မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဆန်မှု၊ မြန်မာမိန်းကလေးပီသမှု၊ မြန်မာမြန်မာချင်းထပ်အောင် အသားကုန် အော်နေကျတဲ့ အထဲကကို ဘာလို ့ဒီလောက်များပြားလာတာလဲ။ ဆိုတာတော့ ရှင်းပါတယ် … အဲ့လို အော်နေတဲ့အထဲမှာ မပါတဲ့ မိန်းမများကြောင့် ဒီလို များပြားနေရခြင်းပါ …။ ငတ်လို့ လုပ်တယ်ဆိုတာတစ်ခုထဲနဲ့ 100% မမှန်ပါဘူး… တစ်ချို့ အမျိုးသမီးတွေ ရှာပေါ်မြက်ပေါက်ချင်ပေါက်ပါစေ ဆိုပြီး ကိုယ့် သိက္ခာကိုယ်ထိန်းကြပါတယ် ။ ငတ်တယ်ဆိုလည်း တခြား အလုပ်တွေ ကြိုးစားလုပ်လို့ရပါတယ် …။ သူများထက် ပိုကြိုးစားရင် လိုချင်တဲ့ ငွေ ပမာဏရနိုင်ပါတယ် …တကယ်က ကိုယ်တိုင် အလုပ်လုပ်ချင်စိတ် ရှိဖို့ပါပဲ ။

  • etone

    February 5, 2011 at 4:38 am

    ငတ်တဲ့ လူတိုင်း ဒါလုပ်စားကြလို့လား …. ။ တကယ်တန်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်ချင်စိတ်သာရှိမယ်ဆိုလျှင် CV ပို့လိုက် တစ်နေ့တစ်နေ့ ဆယ်ဦးထက်မနည်း အလုပ်ခန့်နေတယ် ။ လူကတော့ လက်ကြောတင်းတင်းအလုပ်လုပ်ဖို့လိုတာပေါ့ ။
    မိန်းမကောင်းဟုတ်မဟုတ်ဆိုတာ ပတ်ဝန်းကျင်က အဆုံးဖြတ်ပေးတာ ။ ရှင်ရော မိန်းမကောင်းလို့ အသံဟစ်ချင်လို့လား … ။

  • nigimi77

    February 5, 2011 at 5:18 am

    မိန်းမတွေ အကုန်လုံး ဒီအလုပ်ကို လုပ်စားကျတယ်လို ့ မဆိုလိုပါဘူး။ မြန်မာပြည် စုစုပေါင်း လူဦးရေနဲ ့ယှဉ်ကြည့်ရင် (မိန်းမဦးရေနဲ ့) နည်းသေးတယ်လို ့ပြောလို ့ရမဲ့
    ပြီးခဲ့တဲ့ ၂နှစ်ကာလနဲ ့ယှဉ်ကြည့်ရင် ကြောက်ဖို ့ကောင်းလောက်အောင် များလာတာကိုတော့ သိမှာပေါ့။ နာဂစ်အပြီးမှာ ပိုများလာတာကိုလဲ သတိထားမိမှာပေါ့။ ငတ်လို ့လုပ်စားတာဆိုတာဟာ ၁၀၀% မမှန်နိုင်ပေမဲ့ အဲဒီဒေသတွေက မိန်းကလေး အများစုဟာ ကျုပ်တို ့ အခုတွေ ့နေတဲ့ မိန်းကလေးတွေဆိုတာ သိမှာပေါ့။ ခက်တာက လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေဆိုတာက တကယ် အကြီးအကြယ် ဒုတ်ခ မရောက်သေးခင်တော့
    ပြောလို ့ကောင်းပါတယ်။ အဲဒီဒေသတွေကို ကိုယ်တိုင်သွားခဲ့ဖူးတော့ အခြေအနေကို ကောင်းကောင်းသိနေတယ်။ အထောက်အပံ့ဆိုတာလဲ ဒီနေ ့နဲ ့မနက်ဖြန်အတွက်ပဲ စဉ်းစားလို ့ရတာ။ နေစရာ အိမ်တောင် မရှိတော့တာ ရွေးစရာလမ်းသိပ်မရှိဘူးလေ။ အဲဒီကာလက အထည်ချုပ်လောကကို ဝင်လာသူ
    တွေလဲ အများကြီးပဲ။ သူတို ့ကတော့ ခင်ဗျားပြောသလိုပေါ့။ ပံ့ပိုးပေးနိုင်တဲ့ ဒီလောကကို ဝင်နိုင်တဲ့ အချက်အလက်တွေ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးတွေရှိရဦးမယ်။ လူတစ်ယောက်နဲ ့တစ်ယောက် အခြေအနေခြင်းမတူတော့ သူရွေးမဲ့လမ်းဟာ သူ ့အတွက် တတ်စွမ်းသလောက်ပဲ။ လူတိုင်းကတော့ ဂုဏ်သိတ်ခါရှိတဲ့ အလုပ်ကိုပဲ လုပ်စားချင်ကြတာပဲ။ ကြိုက်လို ့လုပ်စားသူ မတွေ ့သေးပါဘူး။ ကျုပ်ဟိုမှာနေတုံးက ငတ်ခဲ့ဘူးပါတယ်။ ဘယ်တော့မှ မလုပ်ဘူးလို ့ တွေးထားခဲ့တဲ့ အရာတွေလုပ်ခဲ့ဘူးတယ်။ အသေးဆုံး ဥပမာဗျာ….ဒီညမှ ဆေးလိပ်မသောက်ရရင် ကျွန်တော် အိပ်ပျော်မှာ မဟုတ်ဘူး။ ဆေးလိပ်လဲ မရှိဘူး။
    ပိုက်ဆံလဲ မရှိဘူး။ အကြိမ်ကြိမ် ချီတုန်ချတုန် စဉ်းစားခဲ့တယ်။ နောက်ဆုံးတော့ အမှိုက်ပုံးထဲမှာ ရှိတဲ့ ဆေးလိပ် အတိုအစ ကို ပြန်ရှာပြီးသောက်လိုက်တော့တယ်။

  • Foreign Resident

    February 5, 2011 at 6:40 am

    (လူများ လမ်းလျှောက်ရင်း အိပ်မက်မက်နေကြသည်။
    မြန်မာနိုင်ငံသားများ Patriot စိတ်ဓါတ် လုံးဝမရှိပါ။
    တကိုယ်ရေကောင်းစားရေးကိုသာ ရှေးရှုပါသည်။
    တပါးသူ အားနည်းချက်ကိုသာ မလွတ်တမ်းထောက်ပြတတ်ပြီး
    ပြုပြင် ဦးဆောင်လိုသည့် ခေါင်းဆောင်စိတ် မရှိတော့ပါ။
    အနာဂါတ် လူရွယ် လူငယ် ဖိုမများ ငတ်လာသည်ကြောင့် ထွက်ပေါက်ရှာကြသည်။)

    I agree,
    because, it’s logical.
    It’s neither emotional nor sentimental.

  • Foreign Resident

    February 5, 2011 at 6:53 am

    နာဂစ်အပြီးမှာ ပိုများလာတာကိုလဲ သတိထားမိမှာပေါ့။
    ငတ်လို ့လုပ်စားတာဆိုတာဟာ ၁၀၀% မမှန်နိုင်ပေမဲ့ အဲဒီဒေသတွေက မိန်းကလေး အများစုဟာ ကျုပ်တို ့ အခုတွေ ့နေတဲ့ မိန်းကလေးတွေဆိုတာ သိမှာပေါ့။
    ခက်တာက လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေဆိုတာက
    တကယ်အကြီးအကြယ် ဒုတ်ခ မရောက်သေးခင်တော့
    ပြောလို ့ကောင်းပါတယ်။

    Moreover, most of those girls were sacrificed
    not only for their starvation only,
    most of them also have to feed their siblings, parents, grunny & sometimes disable & sicked person.
    Who will take care of those children, oldies, disable & sicked persons.
    I do not say it’s noble,
    but, be considerate & be realistic.

  • Foreign Resident

    February 5, 2011 at 7:03 am

    For your information,

    In Australia, Government will take care
    those children, oldies, disable & sicked persons.

  • nyimalay

    February 7, 2011 at 6:29 am

    ဒီပိုစ့်လေးကိုဖတ်လိုက်ရတော့ ပိစိကွေးမေမေပြောတဲ့စကားတစ်ခွန်းကို သွားသတိရမိပါတယ်။ “လောကကြီးမှာ ဘယ်မိန်းမမဆို အကောင်းဆုံးဆိုတာကိုဖြစ်ချင်ကြတာပဲ…. ဒါပေမယ့် အရင်ဘဝက ကုသိုလ်ကံကြောင့်…. သူ့ဘဝအခြေအနေကြောင့် စသည်အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့် အကောင်းဆုံးဖြစ်ချင်ပေမယ့်လည်း အဆုံးဆုံးကိုရောက်နေရမှာပဲ… ဒီလိုလူမျိုးတွေကို ဘယ်တော့မှ အထင်မသေးရဘူး…. “တဲ့ မေမေကဆုံးမတယ်…. သူ့ဘဝမကောင်းတာကို အပြစ်ပြောနေမယ့်အစား သူဘာကြောင့် ဒီလိုဖြစ်ရလည်းအခြေအနေအရင်းအမြစ်ကိုကြည့်ပြီး စာနာပေးလိုက်ကြရင်မကောင်းဘူးလား……

Leave a Reply