ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သမ္မတ အဖြစ်ရွေးချယ်ခံရ

BayoteFebruary 4, 20111min18515

ဖေဖော်ဝါရီလ ၄ ရက်သောကြာနေ ့တွင်ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှ စစ်အစိုးရ အဖွဲ ့ဝင် ဗိုလ်ချုပ်ကြီး ဟောင်း တစ်ဦး ဖြစ်သူ ဝန်ကြီးချုပ် ဦးသိန်းစိန် အား မြန်မာ နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ် ခဲ့သည် ဟု သတင်းရရှိသည်။

15 comments

  • kai

    February 4, 2011 at 9:06 am

    နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်အား ရွေးချယ်တင်မြှောက်

    နိုင်ငံတော်သမ္မတလောင်းများ ဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦး အနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    နိုင်ငံတော်သမ္မတလောင်းများ ဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးမှာ ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သီဟသူရဦးတင်အောင်မြင့်ဦးတို့ဖြစ်ကြပြီး ၎င်းတို့ အနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

    ဦးသိန်းစိန်အား ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ဒေါက်တာစိုင်းမောက်ခမ်းအား ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ သီဟသူရဦးတင်အောင်မြင့်ဦးအား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့က ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

    အဆိုပါဒုတိယသမ္မတ သုံးဦးအနက် ဒုတိယသမ္မတ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရာတွင် ဦးသိန်းစိန်က ထောက်ခံဆန္ဒမဲ အများဆုံးရရှိကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

    ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရာတွင် ဦးသိန်းစိန်က ထောက်ခံမဲ ၄၀၈ မဲ၊ သီဟသူရဦးတင်အောင်မြင့်ဦးက ထောက်ခံမဲ ၁၇၁ မဲ၊ ဒေါက်တာစိုင်းမောက်ခမ်းက ထောက်ခံမဲ ၇၅ မဲ၊ ပယ်မဲ ငါးမဲ ဖြစ်ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ဝ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

    နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပြီး သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအစုအဖွဲ့တို့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့်လွှတ်တော် ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်း သည့်တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

    နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။

    ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

    Credit : http://www.news-eleven.com

  • kai

    February 4, 2011 at 9:18 am

    ပုံမှန်အတိုင်းဆိုရင်တော့ ..ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကရွေးရမှာဖြစ်တယ်..။
    အစိုးရအဖွဲ ့လည်း သူစိတ်ကြိုက်ခေါ်ရမှာပဲ..။
    ယူအက်စ်စံနစ်မှာတော့ .. သမ္မတက အစိုးရအဖွဲ ့ဝင်တွေကို . လွတ်တော်အမတ်ထဲကမဟုတ်ပဲလည်း ..ကြိုက်တဲ့သူရွေးတင်ပေးလို့ရတယ်..။
    တိုင်းပြည်ကို တကယ်စေတနာရှိတယ်ဆိုရင် ..လုပ်တတ်တဲ့ပညာရှင်တွေကို ဝန်ကြီးတွေခန့်ဖို့ကောင်းတယ်..။
    ပညာရေးနဲ့ကျမ်းမာရေးက အင်မတန်အရေးကြီးပါတယ်.။ နှိမ့်ကျတာလည်း ..အောက်ချေဂျိုးကပ်နေပြီ..။

    ယူအက်စ်နဲ့ဆက်ဆံရေးကောင်းချင်ရင်တော့ ..နိုင်ငံခြားရေးဝန်ကြီးကို .. ယူအက်စ်နဲ့ အဆင်ပြေမဲ့သူခန့်သင့်တယ်.။
    ကြည့်ရတာ .. ဒီမှာသံအမတ်လုပ်သွားတဲ့ ဦးသောင်းဖြစ်မလားတော့မသိ..။
    ကမ္ဘာအနှံ ့က သံအမတ်တွေကတော့ .. ပြုတ်ကိန်းမြင်နေကြပါပြီ..။
    သေချာပေါက်ကို လူလဲကြမှာကိုး…။

    ဘာပဲဖြစ်ဖြစ်…
    ဗိုလ်ချုပ်မှုးကြီးတယောက် ..နိုင်ငံရေးထဲရှိနေတော့မယ်မဟုတ်ဖူးလို့ထင်ပါကြောင်း..။
    (အခြေခံဥပဒေထဲ.. သမ္မတမှုးကြီးရာထူး..မရှိဘူးဆိုရင်ပေါ့..)

  • rocky

    February 4, 2011 at 9:26 am

    ဘာမှလုပ်လို့မရတော့ဘူး သူကpresident ဖြစ်သွားပြီဆိုတော့လဲ။သူဘာလုပ်မလဲ ကြည့်ရတော့မှာပေါ့။တိုင်းပြည်ကိုတော့
    အကျိုးပြုစေချင်ပါတယ်။သူတို့မကောင်းကြောင်းပြောရတာမောတောင်လာပြီ။ကိုယ်ဒေါသထွက်ရင် ကိုယ်ဘဲအကုသိုလ်
    ပွားတာ။

  • moethidasoe

    February 4, 2011 at 9:28 am

    လွှတ်တော် နာယကချုပ်ကြီးရာထူးကို အလိုအလျောက် ယူဦးမှာလား .. ကာကွယ်ရေးဦးစီးချုပ်မှူးကြီး လုပ်ဦးမှာလား .. တစ်ခုခုတော့ တစ်ခုခုပဲ

  • shwe

    February 4, 2011 at 10:09 am

    ( might be ” a chairperson of the advisory vote of the President ” )မဖြစ်ပါစေနဲ့ 🙂

  • the mandalay gazette

    February 4, 2011 at 2:03 pm

    “တိုင်းပြည်ကို တကယ်စေတနာရှိတယ်ဆိုရင် ..လုပ်တတ်တဲ့ပညာရှင်တွေကို ဝန်ကြီးတွေခန့်ဖို့ကောင်းတယ်..။
    ပညာရေးနဲ့ကျမ်းမာရေးက အင်မတန်အရေးကြီးပါတယ်.။ နှိမ့်ကျတာလည်း ..အောက်ချေဂျိုးကပ်နေပြီ..။”
    ပြောမှပြောတတ်ပလေနော်။ တိုင်းပြည်ကိုစေတနာရှိရင်တဲ့…
    အင်း..တိုင်းပြည်ကိုသာ စေတနာရှိရင်…
    ရင်မောရပါလားသားတို့ရယ်.. ဆိုတဲ့ စကားလေးသာ ကြားယောင်နေမိတော့တယ်။
    တို့မြန်မာနိုင်ငံကြီးကံကောင်းပါစေ။

  • intro

    February 4, 2011 at 2:21 pm

    စောင့်ကြည့်ရဦးမှာပဲ… ဘာတွေ ပြောင်းလဲလာမယ်ဆိုတာကိုတော့၊ ဒါထက် စစ်မှုထမ်းကိစ္စရော ကြားကြသေးလားဗျ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 4, 2011 at 4:55 pm

    ကျုပ်သံသယဖြစ်တာတစ်ခုရှိနေတယ်
    ဘိုးတော်ကြီးက ထွက်သေးတာမဟုတ်ဘူး
    သူက ဖွက်ဖဲလည်းမဟုတ်ဘူး
    လှန်ဖဲလည်းမဟုတ်ဘူး
    ကြာကူလီဖဲဖြစ်နေတယ်နော

  • thuyamon

    February 4, 2011 at 6:22 pm

    ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
    သူတို့ရဲ့အမှန်တကယ်ပိုင်ဆို်င်မှုကိုကော အမှန်တကယ်စစ်ဆေးခွင့်ရနိုင်ပါ့ မလား.. မဖြစ်နိုင်ဘူးထင်တယ် တခြားနိုင်ငံတော့မပြောတတ်ဘူးပေါ့… ဒီနိုင်ငံမှာတော့ အဲဒီလိုသာစစ်မယ်ဆိုရင် သမ္မတ မိသားစုတွေ လိုင်းကားစီးရမယ် ထင်တယ်…အခုအမှန်တကယ်ပိုင်ဆိုင်မှုတွေကိုစစ်တမ်းကောက်ပြီး ဝင်ငွေ /ထွက် ငွေနဲ့စစ်ဆေးတိုက်ဆိုင်လိုက်ရင် ကျွန်တော်တို့နိုင်ငံ့သမ္မတကြီးတော့ သမ္မတ သက်တမ်း ကုန်တာနဲ့ တရားရင်ဆိုင်ဖို့အသင့်ပြင်ရတော့မယ်ထင်တယ်… တခြားနိုင်ငံတွေမှာလိုမျိုးပေါ့…(ပြောသာပြောတယ် မထင်ပါဘူး အဲဒီလုပ်မှာကို) အခုသူတို့ပိုင်ဆိုင်တာ မြန်မာနိုင်ငံပိုင်ဆိုင်မှုနဲ့တွက်မယ်ဆိုရင် အနည်းဆုံး ၅% လောက်တော့ရှိမှာပေါ့….အရင်ကရတဲ့လစာကနေ ဒီလောက်ထိစုဆောင်း ထားနိုူင် တာကိုလေးစားရတော့မှာပေါ့… သမ္မတကြီး သက်တော်ရာကျော်ရှည် ပါစေဗျာ…

  • kai

    February 5, 2011 at 9:36 am

    မှတ်မိသလောက်ကတော့ ..အခြေခံဥပဒေထဲပြထားတာက… ကာကွယ်ရေးဦးစီးချုပ်ကို .. သမ္မတကရွေးရတာ..။
    နောက်တဖန်.. ဒုသမ္မတတွေကနေ ..သမ္မတပြန်ရွေးတော့ … ရွေးချယ်ရေးအဖွဲ့မှာကာကွယ်ရေးဦးစီးချုပ်ပါတယ်..။

    အခုဖြစ်နေတာတွေကြည့်ရရင်. .. ကာကွယ်ရေးဦးစီးချုပ်ကို အမည်ဖျောက်ထားပုံဖြစ်နေတယ်..။
    အဲဒါက.. ဘိုးတော်ကြီးကို်ယ်တိုင်ဖြစ်နိုင်တယ်..။

    ဆိုတော့ …
    သမ္မတက ပြန်ရွေးတဲ့အခါမှာ .. သူတော့ မဟုတ်နိုင်တော့တဲ့အဓိပါယ်..။
    ဒါကြောင့် နာမယ်ဖျောက်ထားတာဖြစ်မယ်..။
    ( ကြက်ဥနဲ့ကြက်မ အဖြေရှာသလို လည်နေတဲ့ ဇတ်လမ်းပဲ..) 🙂

  • thidakywewa1

    February 5, 2011 at 2:46 pm

    ကောင်းပါတယ် ။ဘယ်သူပဲ ဖြစ်ဖြစ် တိုင်းပြည်အေးချမ်းဖို့က အဓိကပါ။

  • phantom

    February 6, 2011 at 10:19 am

    ကျမ်းကျိန်တာများ အိန္ဒိယ ရုပ်ရှင်ထဲက ဟာနုမာန် တင်းပုတ်ကိုင်ပြီး လမ်းသလားနေသလား မှတ်ရတယ် 😛

  • kai

    February 6, 2011 at 10:42 am

    အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ

    အခြေခံဥပဒေတွင် အာဏာအရှိဆုံးအဖွဲ့သည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့တွင် စစ်တပ်မှ ၆ ဦး ပါဝင်သည့် အတွက် ထိုအဖွဲ့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်အားလုံးသည်ကို စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။

    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဓိက လုပ်ငန်းစဉ် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ပထမလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၃၄၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ရွေးချယ် အတည်ပြုပြီး သမ္မတက ခန့်အပ်မည် ဖြစ်ပါသည်။

    ဒုတိယလုပ်ငန်းမှာ နိုင်ငံတဝန်းလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၄၁ရ နှင့် ၄၁၈ အရ သမ္မတသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကာကွယ်ရေးဦးစီးချုပ်ထံ လွဲပြောင်းပေးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

    တတိယလုပ်ငန်းမှာ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေ ကာလတွင် တိုင်းပြည်ကို အများဆုံး ၂ နှစ်အထိ အုပ်ချုပ်မည် ဖြစ်ပြီး ထိုကာလ ကျော်လွန်သည့်အခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက အာဏာ ၃ ရပ်ကို သမ္မတကိုယ်စား ကျင့်သုံးမည်ဟု အခြေခံဥပဒေပုဒ်မ ၄၂၁၊ ၄၂ရ နှင့် ၄၃၁ တို့တွင် ပြဌာန်းထားပါသည်။

    စတုတ္ထလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲများကို ကျင်းပပေးရေး ဖြစ်သည်။

    Credit: Irrawaddy.org

  • မိုင်ပေါင်းကုဋေ

    February 6, 2011 at 11:54 am

    ဘိုးတော်ကြီး နေမကောင်းဘူး။ ဘွားတော်ကြီး ကိုကြည့်နေရတယ်။ မိန်းမရိုသေ အသက်ရှည်။ မိန်းမအားကိုး စီးပွားတိုး။ မိန်းမဦးချ အာဏာရ။

  • interesting this

    February 8, 2011 at 4:39 am

    ဘာပဲဖြစ်ဖြစ် စောင့်တော့ ကြည့်ရဦးမှာပေါ့… နောက်မှ ဆိုးတာကောင်းတာ ဆက်ဝေဖန်ကြတာပေါ့…

Leave a Reply