နယူးယောက်မြို့ရောက် U Kai ရဲ့ ဟာသဖြစ်ရပ်များ

manawphyulayFebruary 5, 20111min20720

မသိဘူး

နယူးယောက်မြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် U Kai လမ်းလျှောက်လာသည်။
အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။
“ဟေ့ U Kai၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´
“မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´

U Kai ဖြစ်ရပ် (၁)

တပ်သားU Kai ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ U Kai လှမ်းအော်ပြီး ပြောသည်။
“စကားဝှက်ပြော´´
“ကြက်ဖ´´
“အေး…. သွား´´
နောက်တစ်ယောက် ဖြတ်လာပြန်သည်။
“စကားဝှက်ပြော´´
“ကြိုးကြာ´´
U Kai က ပြောလိုက်သည်။
“ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး… သွား´´

U Kai ဖြစ်ရပ်(၂)

တပ်သား U Kai ကင်းစောင့်နေသည်။
“ရပ်လိုက်၊ ဘယ်သူလဲ´´
“ငါပါ။ တာဝန်ကြပ်ပါကွ။ ပုလင်းပါ ဆွဲလာတယ်ကွ´´
“တာဝန်ကြပ်သွား၊ ပုလင်းရပ်နေ´´

U Kai ဖြစ်ရပ် (၃)

နယူးယောက်မှ သင်တန်းပြီးသွားသော U Kai မွေးရပ်မြေသို့ ပြန်ရောက်လာသည်။
မိဘများက အပြစ်တင် စကားပြောသည်။

“ဟဲ့သား၊ နယူးယောက်မှာ သင်တန်းသွားတက်တဲ့ သုံးနှစ်လုံးလုံး တို့ဆီကို
ဘာဖြစ်လို့ စာတစ်စောင်မှ မရေးတာလဲကွ´´
“ဖေဖေတို့မှ လိပ်စာမပေးဘဲဟာ´´

20 comments

  • အာဖျံ ကွီး

    February 5, 2011 at 12:57 pm

    လူုမသိသူမသိ U Kai ဖြစ်ရပ် (နံပါတ်မရှိ)

    တပ်သား U Kai ကင်းစောင့်အလှည့်ကျသည်။
    အိပ်ငိုက်သည့်စိတ်ကို မထိမ်းနိင်တော့ …
    အသာလေး … တုတ်တုတ်မှမလှုပ်ပဲ … ငုတ်တုတ်မျက်စိမှိတ် အိပ်နေလိုက်သည်။
    (တုတ်တုတ်မှမလှုပ်ပဲ … ငုတ်တုတ်မျက်စိမှိတ် အိပ်နည်း … နည်းသိလိုလျင် U Kai ထံသွားမေး။ တရားစခန်းမှာအသုံးဝင်မည်)
    ခဏနေတော့ ခရစ်ယန်ဘာသာဝင်တပ်ကြပ်ရောက်လာသည်။
    တပ်ကြပ် ။ တပ်သား U Kai …. မင်းဘာလုပ်နေတာလဲကွ။
    U Kai ။ အာမင် … (မျက်စိအသာဖွင့်ပီး) … ဘုရားသခင်ရဲ.ဝိဉာဏ်တော်ကို အောက်မေ့ပီး ဆုတောင်းနေတာပါ .. တပ်ကြပ် …
    😀 😀 😀 😀 😀

  • manawphyulay

    February 5, 2011 at 1:31 pm

    အင်း ဒါလည်း ဂွတ်တာပဲ အာမင် အဲ ဟုတ်ပါဘူး ယောင်လို့….. 😛

  • zippo

    February 5, 2011 at 3:41 pm

    သူကြီးက points လျှော့မယ်…
    အသားရေဖျက်မှု နဲ့ တရားစွဲမယ် .. တဲ့…။

  • weiwei

    February 5, 2011 at 6:20 pm

    11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။

  • kai

    February 5, 2011 at 11:44 pm

    အမ်.
    မေတ္တာထားကြတယ်ပေါ့..
    မှတ်လောက်အောင် ..ကာလသားတွေမြောက်ပေးပြီး .. သီတင်းကျွတ်အမှီ ရွာသူအပျိုတွေ… ခိုးပြေးခိုင်းရမယ်..။
    ကဲ..
    စစ်ထဲဝင်မလား။ ယောကျာ်းယူမလား. အပျိုဂျိုးများဖြေပါ။ ?
    🙂 🙂 🙂

  • bigcat

    February 6, 2011 at 3:07 am

    ရွာသူအပေါင်းတို့ ရွာသဂျီးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/အပျိုဂျိုးကို ထုတ်ပြန်လိုက်ပြီ။ ဘာဆက်လုပ်ကြမလဲ။ စစ်ထဲမဝင်မလား၊ ကိုကြောင်ကြီးကိုယူမလား။ အရက်သမားကိုအောင်ပုတော့သွားမစဉ်းစားနဲ့ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရမယ်။

  • zippo

    February 6, 2011 at 4:04 am

    မှန်ပါတယ်ဗျို့…။…( ဒီတခါတော့ အပိုင်ဘဲ…ဟိဟိ )

    ဒီမှာလဲ တစ်ယောက်ရှိနေပါတယ် .

    ဆေးလိပ်၊ ကွမ်း၊ အရက် ကင်းရှင်းပါကြောင်း…။

  • ချစ်စ/ဆ ရာ ချစ်စ/ဆ ရာ

    February 6, 2011 at 5:33 am

    မှန်ပါ့ဗျာ
    ဒါ့ကြောင့် ကိုကြောင်ဂျီး (နှုတ်ခမ်းမွေးပေါက်တာဘယ်နှစ် နှစ်ရှိပြီလဲခင်ဗျ)
    ကို ကျွန်တော်လေးစားပြီးရင်းလေးစားမိပါတယ်ဗျာ
    ပညာရှိများတွေးသိလျှင် ပြေးကြည့်တာထက်မြန်သဗျ
    ကျွန်တော်ကတော့ ပညာမရှိလို ့ငုတ်တုတ်ဂျီးကို ထိုင်ကြည့်ခဲ့ရတာ
    ကျွန်တော်ပြောမယ်နားထောင်ပါခင်ဗျ
    အဲ့သည် ငအောင်ပုဆိုတဲ့ကောင်ကို
    မနောဖြူလေး သွားပြီးစိတ်မကူးလေနဲ ့
    မျက်ရည်နဲ ့ဒူးဆိုတာနည်းသေးတယ်
    ဒီကောင် ရဟန်းတက်တုန်းက
    ရဟန်းဆရာကမေးတယ်
    ဟေ့ကောင်အောင်ပု
    မင်းကြွေးမီးကင်းရဲ ့လား
    ဆိုတော့
    ခြောက်ပြားဆီမှာတော့ ထန်းရည်ဘိုး နည်းနည်းပါးပါးကျန်ပါတယ်ဘုရား
    ဆိုတော့
    ရဟန်းဆရာက သူ ့အဘဘက်လှည့်ပြီး
    ဘယ်လိုလဲဒါယကာဂျီး အောင်ပု ကြွေးမီးမကင်းပါလား
    လို ့မိန် ့တော့
    တပည့်တော်ဆပ်ပါ့မယ်ဘုရား လို ့
    သူ ့အဘက သူ ့ထန်းရည်ကြွေးကို ဝန်ခံပေးရတယ်
    အဲ့သည်လိုကောင် ဒါကြောင့် ဝေါင်ဝေါင်းရှေး ဘဲ
    ကျွန်တော်ကတော့ ဘုန်းကြီးလူထွက် လူပျိုကြီးစစ်ပါခင်ဗျ
    AIDS မရှိတာသေချာတယ်

  • cobra

    February 6, 2011 at 7:42 am

    အသက်က၂၀
    အရပ်ကမြင့်တယ်
    ရုပ်ကချောတယ်
    ကြိုက်ရင်လိပ်စာပေးမယ်
    ဆက်သွယ်လိုက်ကြပေါ့

  • intro

    February 6, 2011 at 9:25 am

    ဟိုက်ရှားပါး…. ရောင်းလိုအားတွေ တယ်များသကိုး… ဒီပုံစံနဲ့ဆိုရင်တော့ ဈေးကျကုန်တော့မှာပဲ… 😛

    • nyimalay

      February 6, 2011 at 1:00 pm

      ရောင်းလိုအားတွေများပေမယ့် ဝယ်လိုအား မှမရှိတာ ငါ့အကိုတို့ရယ်………. 😛
      တွေ့တယ်နော်မမမနောပြောတာကို မယ်သီလရင်ဝတ်မယ်တဲ့ …. ဟိ.ဟိ
      မြှားနတ်မယ်လုပ်တယ်နော်……… 🙂

  • manawphyulay

    February 6, 2011 at 12:03 pm

    အန်တီဝေရဲ့ ပုဂိ္ဂုလ်ရေးစည်းကမ်းချက်ကတော့ ကာယကံရှင်ရဲ့အတွေးပေါ် မူတည်ပါတယ်။ ထိခိုက်စေအောင် ပြုမူတယ်မပြုမူဘူးဆိုတာ ပညာတွေရဲ့ အတွေးမှာ စဉ်းစားလိုက်ရင် ကွက်ကွက်ကွင်းကွင်း တွေ့ရှိမှာ ဖြစ်ပါတယ်။

    အဲ နောက် ထုတ်ပြန်လိုက်တဲ့စည်းကမ်းချက်အရ စစ်ထဲလည်းမဝင်၊ ဘယ်သူမှလည်း မယူ ကိုယ့်ဘာသာ မယ်သီလရင်ဝတ်မည် ဖြစ်ပါကြောင်း…….. ပြန်လည်ထုတ်ပြန်ကြေလိုက်သည်။
    (မှတ်ချက် – ခဏဝတ်မည် 😛 :D)

    • GreeNSheeP

      November 4, 2011 at 1:13 pm

      ပြောချင်တာကတော့ ၊ အိုးကမပူ စလောင်းက လာမပူနဲ ့လို ့ပြောချင်တာပေါ့ နော် ။
      ကော်ပီ ဆိုရင် ၊ ဖိုရမ် မှာ ရေးပါလို ့စည်းကမ်းလည်း တွေ ့ရသလိုဘဲ ။
      အခုဟာ က ဟိုဟာသရေးဆရာ ရဲ ့ဟာသတွေကို ခပ်တည်တည် နဲ ့ကိုယ်ရေးထားသလိုလို လုပ်ပြီး U Kai ကို ဇါတ်ကောင်လုပ် ၊ ခပ်တည်တည် နဲ ့home page မှာ တင်တယ် ဆိုတော့
      ပို ့စ်ပိုင်ရှင် ဟာ မျက်နှာတော်တော်ပြောင်တယ် လို ့ကောက်ချက်ချရမှာပါပဲ ။

      • etone

        November 4, 2011 at 2:46 pm

        ဟီးဟီး အခုမှပဲ ဖတ်မိဒေါ့တယ် …. မနောလည်း ရိုက်တတ်တာပဲကိုး …
        ပုံမှားလေ ..ဟီးဟီး 😀

  • koyinmaung

    November 2, 2011 at 4:03 pm

    မနောဖြူ ရဲ့ဟာသလေးက ကောင်းတယ်ဗျို့

  • rain pricess

    November 2, 2011 at 5:20 pm

    အမလေး ဒါမျိူးကျတော.သွက်လိုက်ကြတာနော်
    သူကြီးတော.အချွန်နှင်.မပြီ။
    သီလရှင်ဝတ်တာကောင်းပါသည် ရွာသူအပေါင်းတို.
    (အတွေးမမှားကြပါနှင်.)

    • manawphyulay

      November 4, 2011 at 11:27 am

      ဟီး ဒုတော့ ဝတ်တေးဝူးလေနော် နောက်မှ ဝတ်မယ်… 😛

  • GreeNSheeP

    November 4, 2011 at 12:53 pm

    ရေးစရာရှားချေပြီ တဲ့ U Kai ရေ

  • True Answer

    November 4, 2011 at 3:19 pm

    ယူအက်ရောက်ပြီး ဘဝင်တွေမြင့် ပြီး ဒို့ မြန်မာတွေ ဓလေ့ထုံးစံ တွေကို နှိမ်တဲ့ တဂျီး ကို ဆော်တဲ့ ပို့စ်တွေ များများတင်ပါဗျို့။

Leave a Reply