“လတ်တလော (၁)”

ကောင်းကင်မိုးသားဟာ ငါ့လောက်အရပ်မရှည်ဘူးဖြစ်နေတယ်

ရန်ကုန်ဆောင်းကို အပိုင်ဝယ်သိမ်းထားလိုက်နိုင်တယ်

ငါ့လက်တွေ မြန်မြန်ဆန်ဆန် ပြန်ပြီးရွေ့လျားလာတယ်

ငါလည်း ကိုလံဘတ်စ်တစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ်

လူငယ်ပီသနေတုန်းပဲ၊ အချစ်ရေးလည်းအဆင်ပြေတယ်

သူမဟာ ငါ့ရဲ့ “ဧဝ” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ်

အရင်လိုမဟုတ်ဘူး

၂၀၁၂ ကမ္ဘာပျက်သွားမှာကို သိပ်ကြောက်နေမိ ။

သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်

ဖေဖော်ဝါရီလ ၅ ရက် ၊ ၂၀၁၁ ခုနှစ်

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah